← Chapters

အခန်း(၆၀၀) နင်နဲ့တူတယ် စတုတ္ထယောက်မ

Vol. 43 Ch. 600

အခန်း(၆၀၀) နင်နဲ့တူတယ် စတုတ္ထယောက်မ

Vol. 43 Ch. 600

အခန်း(၆၀၀) နင်နဲ့တူတယ် စတုတ္ထယောက်မ

သူတို့ မြို့တော်သို့ ပြန်မလာခင် တစ်ရက်က ကြိုတင်ပြီး ဖုန်းဆက်ခဲ့ပါသည်။ သူတို့ ဘယ်အချိန် ပြန်ရောက်မလဲဆိုတာကို အသိပေးခဲ့ပါသည်။

ကျိုးရွှမ်က သူ့ယောက်ဖ ဝမ်ယွမ်ထံမှ ကားသွားငှားပြီး စောင့်နေလိုက်ပါသည်။

သူက နာရီဝက်လောက် ကြိုရောက်နေခဲ့သည်။ ဒိနေ့ ရထားက နာရီဝက်လောက် နောက်ကျသဖြင့် သူနဲ့ ကျိုးကွေ့လိုင်တို့ တစ်နာရီလောက် စောင့်နေရပါသည်။

မအေးဘူးဟု မပြောနိုင်သော်လည်း ညီအစ်ကိုနှစ်ယောက်လုံး အမွေးပွအနွေးထည်များ ဝတ်ထားသည့် သူ့မိဘများက သူတို့ညီမလေးကို ပွေ့ချီကာ ရောက်လာကြသည်ကို မြင်သောအခါ နွေးထွေးသွားကြပါသည်။

ချက်ချင်းဆိုသလိုပဲ သူတို့ အမြန်သွားလိုက်ကြသည်။ သို့သော်လည်း သူတို့ စကားမပြောနိုင်ခင်မှာပင် သူတို့အဖေ ဆုံးမတာကို ခံလိုက်ရပါသသည်။

"လမ်းမြန်မြန်ပြပေး။ မိမိလေး အအေးမိနေဦးမယ်။"

"ကား ဘယ်မှာလဲ။" လင်းချင်းဟယ်ကလည်း မေးလိုက်သည်။

မတတ်နိုင်ပါ။ သူတို့ ရထားထဲမှာရှိနေတုန်းက မသိသာသော်လည်း အခု ထွက်လာသောအခါ တကယ်ပဲ အေးစက်ပါသည်။

ထိုအချိန်တွင် မြို့တော်က ဆောင်းရာသီမှာ တကယ်ပဲ ရေခဲနဲ့ နှင်းကမ္ဘာကြီးဖြစ်နေပါပြီ။

"ကျွန်တော်နဲ့ လိုက်ခဲ့ပါ" ကျိုးရွှမ်က ပြန်ပြောလိုက်ပါသည်။

သူတို့ကို ကားဆီခေါ်သွားလိုက်သည်။ ကားထဲဝင်ပြီး တံခါးပိတ်လိုက်မှ သက်သာရာရသွားကြသည်။

ကျိုးရွှမ်က အိမ်ပြန်မောင်းလာခဲ့သည်။ ကျိုးကွေ့လိုင်က နောက်ခုံတွင် သူ့အဖေနဲ့ ထိုင်နေသည်။ လင်းချင်းဟယ်ကတော့ ရှေ့ခရီးသည်ခုံတွင် ထိုင်နေပါသည်။

ထိုအချိန်တွင် လောင်စန်းက သူ့ညီမလေးကို ကြည့်ဖို့ အဆင်ပြေနေသည်။

"လှလိုက်တာကွာ။" လောင်စန်းက မနေနိုင်ဘဲ ချီးကျူးလိုက်မိသည်။

"လောင်အာ့ ထားလိုက်စမ်းပါ။ နင် ကားမောင်းတာကိုပဲ အာရုံစိုက်ချေ။" လင်းချင်းဟယ်က သတိပေးလိုက်ပါသည်။

"ကျွန်တော် အိမ်ပြန်ရောက်မှ ကြည့်လို့ရတာပဲ။ အလျှင်မလိုပါဘူး။" ကျိုးရွှမ်က ခေါင်းငြိမ့်လိုက်သည်။

"အဖေ ကျွန်တော် ချီဦးမယ်။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"ဖယ်စမ်းပါ။" ကျိုးချင်းပိုင်က ငြင်းလိုက်သည်။ သူ့သမီးလေး အခုအိပ်ပျော်နေသဖြင့် သူချီထားတာ ပိုကောင်းပါသည်။

လင်းချင်းဟယ်က ရွှင်ပျစွာဖြင့် ပြောလိုက်သည်။ "သူငိုမှ မကြောက်သွားကြနဲ့နော်။"

"မကြောက်ပါဘူး။ ဒါက ကျွန်တော်တို့ မိသားစုရဲ့ ရတနာလေးပဲကို။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က ထိုအဖြေကို ကျေနပ်သလိုလိုရှိသည်။ လင်းချင်းဟယ်တော့ စည်းကမ်းတင်းကြပ်သည့် အမေတစ်ယောက် တကယ် လုပ်ရတော့မည်ဟုထင်မိသည်။ ဒီလူတွေကြောင့် သူမ သမီးအလိုလိုက်ခံရလို့ မဖြစ်ပါ။

ရှန်ဟိုင်းမြို့တော်တွင် ကျိုးချင်းပိုင်တစ်ယောက်တည်းသာ ရှိခဲ့သည်။ တောင်းဆိုချက် အားလုံးကို သူဖြည့်ဆည်းပေးခဲ့၏။ သူ့သမီးလေး ကုတင်ပေါ်မှာ ဂျီကျသောအခါ ချက်ချင်း ချော့မြူတတ်ပါသည်။

အခုတော့ မြို့တော်ကို ပြန်ရောက်လာပြီး အစ်ကိုတွေ အများကြီး ရှိနေသဖြင့် လင်းချင်းဟယ်တစ်ယောက် စည်းကမ်းတင်းကြပ်သည့်အမေ လုပ်သင့်သည်ဟု ထင်မိပါသည်။

လာမည့်နေ့ရက်များတွင် မိမိလေးက သူ့အမေ ပြင်းပြင်းထန်ထန် ဆုံးမသင်ကြားတာကို ခံရပေလိမ့်မည်။ သို့သော် သူ့အဖေနဲ့ သူ့အစ်ကိုများက ခိုးပြီး ချော့မြူပေးပါလိမ့်မည်။

သို့သော်လည်း အသုံးမဝင်ပါ။ သူမ၏ အားကောင်းသော တောင်တန်းကြီးများက သူတို့၏ အမေကို ရန်မစရဲကြပါ။

သူတို့ အဖေကျိုးနဲ့ အမေကျိုးတို့ အိမ်ကို လာခဲ့ကြပြီး ညစာ အတူတူ စားခဲ့ကြပါသည်။ ညစာစားချိန် ရောက်နေပြီ ဖြစ်သည်။ သူတို့ဦးလေးနဲ့ ဒေါ်လေးတို့ ဝမ်းကွဲညီမလေးကို ခေါ်ကာ ပြန်လာတော့မည်ဟု သိထားသဖြင့် ဟူကျစ်နဲ့ ကန်းကျစ်တို့က အကောင်းဆုံး ကြိုးစားပြီး စောစောပြန်လာကြပါသည်။

မိသားစုဝင်အားလုံး ရှိနေကြပါသည်။ ကံကောင်းစွာဖြင့် အိမ်က ကြီးနေသည်။ မဟုတ်ပါက ဒီလောက်လူတွေအများကြီးနဲ့သာဆို ထိုင်ဖို့နေနေသာသာ ထဖို့ပင်နေရာရှိမှာမဟုတ်တော့ပေ။

လင်မယားနှစ်ယောက်သား မြို့တော်က ထွက်လာတာ နှစ်ဝက်ကျော်နေပြီဖြစ်ပါသည်။ ဒီတစ်ခေါက် ပြန်လာသောအခါ နွေးနွေးထွေးထွေး ကြိုဆိုခံကြရပါသည်။

မိမိလေးက တစ်လမ်းလုံး အိပ်လာခဲ့သည်။ အခုတော့ သူ နိုးသွားပါသည်။ လူစိမ်းတွေ အများကြီး သူမကို ဝိုင်းကြည့်နေကြသဖြင့် ကြောက်လန့်ပြီး ငိုမိတော့မလိုပင် ဖြစ်သွားပါသည်။ ကံကောင်းစွာဖြင့် သူမအဖေ ရှိနေတာကို သိသဖြင့် မငိုခဲ့ပါ။ သို့သော်လည်း သူမအဖေ ပွေ့ဖက်ထားတာကိုသာ အတင်းတိုးဝှေ့နေပါသည်။ အတွေ့အကြုံရှိသူတိုင်းက သူမ ဗိုက်ဆာနေတာကို ပြောနိုင်ပါသည်။

ကျိုးချင်းပိုင်က ကလေးကို သူ့မိန်းမထံသို့ ပေးလိုက်သည်။ လင်းချင်းဟယ်က ကလေးကို ခေါ်ပြီး အခန်းထဲဝင်သွားပါသည်။ ကျိုးရှောင်မိန်က အနောက်က လိုက်လာပြီး ပြောလိုက်သည်။ "စတုတ္ထယောက်မ နင့်ကိုယ်လုံးကိုယ်ပေါက်က လှလိုက်တာ။ လုံးဝ ဝမလာပါလား။ ဘာတွေ စားလို့လဲ။"

လင်းချင်းဟယ်က သူမနဲ့ အလွန်ရင်းနှီးသော်လည်း သူမကိုကျောခိုင်းပြီးသာ နို့တိုက်ပါသည်။ လင်းချင်းဟယ်က ပြန်ပြောလိုက်၏။ "ဘာတွေ မနာလိုဖြစ်စရာလိုလို့လဲ။ ငါက သိပ်မစားနိုင်လို့ အများကြီး မစားတာပဲရှိတာလေ။"

"ငါ့မှာတော့ စတုတ္ထယောက်မလိုမျိုး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ ကလေးမွေးပြီးတော့ ငါ့စားချင်စိတ်က ရေကန်ကြီးတစ်ကန်စာလောက်ရှိတယ်။ အလွယ်တကူရပ်လို့ကို မရတော့ဘူး။" ကျိုးရှောင်မိန်က သက်ပြင်းချလိုက်ပါသ်ည။

သူမ အမြဲတမ်း ဝိတ်ကျချင်သည်ဟု ပြောခဲ့သည်။ သို့သော်လည်း ဖြစ်လာအောင် တစ်ခါမှ မလုပ်နိုင်ခဲ့ပါ။

လင်းချင်းဟယ်က ပြုံးလိုက်သည်။ "နင့်ယောကျာ်း တာ့လင်းက ဒီတိုင်းပဲ သဘောကျမှာပါ။ နှင်းထူတဲ့နေ့တွေမှာ ဝါဂွမ်းစောင်ကို ဖက်ထားရသလိုပဲ။ ဘယ်လောက်ဇိမ်ရှိလိုက်မလဲ။"

ကျိုးရှောင်မိန်က ပြောလိုက်၏။ "လောင်တက ဒီနှစ် နှစ်သစ်ကူးပြန်လာမယ်လို့ပြောတယ်။ နင့်တို့ဆီကို ဖုန်းဆက်သေးလား။"

"အင်း ဖုန်းဆက်ပါတယ်။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။

သူမ အခု အသားနည်းနည်းလောက် ဝယ်ပြီး ပြင်ဆင်ထားချင်သည်။ အချိန်တန်လို့ သူမသားကြီး ပြန်သွားရသောအခါ ယူသွားပြီး စားနိုင်ပါသည်။

စစ်တပ်ဆေးရုံ၏ ကန်တင်းတွင် နွှေးလိုက်လို့ ရပါသည်။ အလွန်အရသာရှိပါလိမ့်မည်။

လင်းချင်းဟယ်က ရှန်ဟိုင်းမြို့တော်က သူမ၏ ဘဝအကြောင်းကို ပြောပြလိုက်ပါသည်။

"နင်ခေါင်းကိုင်ဆွေမျိုးတွေပါ ရခဲ့တာလား။"

"အင်း ရှောင်ကမ်းလည်း ရှိတယ်။ လူတော်လေးပါဟယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။

"တော်ပါတယ်။ သူ့ကြည့်ရတာ တက်ကြွတဲ့ ကလေးတစ်ယောက်လိုပဲ” ကျိုးရှောင်မိန်က ပြောလိုက်သည်။ "ဒေါ်လေးကျန်းနဲ့ အမေတို့လည်း စကားပြောလို့အဆင်ပြေကြတယ်။"

"အမေ တော်တော်ပြန်သက်သာနေပြီမဟုတ်လား။" လင်းချင်းဟယ်က သူ့ယောက္ခမအကြောင်းကို မေးလိုက်ပါသည်။

သူမ လက်ထဲက သမီးလေးကတော့ ခုနက အသည်းအသန် နို့စို့နေပြီး အသက်ရှူဖို့ ခဏလောက် နားနေသည်။ ထို့နောက် ခဏလောက် ထပ်စို့လိုက်သည်။ ဒီပုံစံက ရယ်ချင်စရာ ကောင်းပါသည်။

အားသွန်ခွန်စိုက်ဆိုတာ ဒါကိုပြောတာဖြစ်ရမည်။

"အမေ့ခန္ဓာကိုယ်ကို စိတ်မပူပါနဲ့။ စိတ်ပူပန်နေတာတွေ များလို့ ဖြစ်တာပါဟယ်။ ဒီလောက်လူတွေ အများကြီး ရှိနေတာ တစ်ခုခုဖြစ်တိုင်း ဒီလို တုန့်ပြန်ဖို့ လိုလို့လား။ ဘာမှလည်းမဟုတ်ဘဲ ကိုယ်ပဲ ပင်ပန်းတယ်။" ကျိုးရှောင်မိန်က ပြောလိုက်သည်။

အားလုံးကို ဇဝေဇဝါဖြစ်စေခဲ့သည်။ ရှုရှန့်ချမ်းတို့ဘက်ကော သူမ အမေတို့ဘက်ကိုကော ဖြစ်ပါသည်။

"သူအဆင်ပြေရင် ပြီးတာပါပဲ" လင်းချင်းဟယ်က ကျန်တာကို ဂရုမစိုက်ပေ။ "ဘန်းမုန့်ဆိုင်ကကော ဘယ်လိုနေလဲ။"

"စီးပွားရေးကတော့ အရင်အတိုင်းပါပဲ။ ဒါပေမယ့် အခု သိုးသားခေါက်ဆွဲပါ ရနေပြီ။ ရောင်းအား တော်တော်လေး ကောင်းတယ်" ကျိုးရှောင်မိန်က ပြုံးလိုက်သည်။ "နောက်ဆုံးတော့ ကျန်တဲ့ အကြွေးတွေ ဆပ်နိုင်ပြီလေ။”

အရင်တစ်ခေါက် သူတို့ အကြွေးကို အနည်းငယ် ဆပ်နိုင်ခဲ့သော်လည်း အပြည့်အဝ မဆပ်နိုင်သေးပါ။ ဒီတစ်ခေါက် သူမ၏ စတုတ္ထယောက်မအပေါ် တင်နေသော အကြွေးများအားလုံးကို ဆပ်နိုင်သွားပြီဟု မှတ်ယူနိုင်ပါသည်။

"ဘာလို့ ဒီကိစ္စကို စိတ်ပူနေတာလဲ။" လင်းချင်းဟယ်က ပြောလိုက်သည်။

"အကြွေးယူပြီးရင် ပြန်ဆပ်ရမယ်ဆိုတာ သဘာဝပဲလေ။" ကျိုးရှောင်မိန်က ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။ "ပြီးတော့လည်း ပြန်ဆပ်လိုက်တော့ ငါအကြွေးကင်းပြီး ရင်အေးရတာပေါ့။ နောက်ပိုင်း တာ့လင်းနဲ့ ငါတို့ မိသားစုလေးယောက်အတွက် ပိုက်ဆံတွေ စုထားလို့ရပြီ။"

"ကောလိပ်ကျောင်းသားကြီး ၄ ယောက် ပျိုးထောင်ချင်တယ်ပေါ့လေ" လင်းချင်းဟယ်က ရယ်ကာမောကာ ပြောလိုက်ပါသည်။

"ကောလိပ်ကျောင်းသား ၄ ယောက်စလုံးလို့တော့ မတွေးရဲပါဘူး။ သူတို့ လေးယောက်စလုံး စာသင်ချင်ပြီး စာသင်နိုင်တယ်ဆိုရင်တော့ တာ့လင်းနဲ့ ငါက ထောက်ပံ့ပေးမှာပါ" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

လင်းချင်းဟယ်ကလည်း မကန့်ကွက်ပါ။ သို့သော်လည်း လင်းချင်းဟယ်က ကျိုးရှောင်မိန်အား အနာဂတ်တွင် လုပ်ငန်းအိမ်များ ပေါ်လာမည့်အချိန်အထိစောင့်ပြီး ငွေပိုငွေလျှံရှိလျှင် ဝယ်ထားဖို့ အကြံပေးခဲ့ပါသည်။

တချို့ကိစ္စများကို လျစ်လျူရှုလိုက်သောအခါ နောက်ပိုင်းမျိုးဆက်များ၏ ကောလိပ်ကျောင်းသားများက မြို့တော်လို နေရာမျိုးမှာ အိမ်ဆောက်နိုင်ဖို့ ရုန်းကန်ကြရလိမ့်မည်။ တစ်ဘဝလုံးတောင် ရုန်းကန်ကြရနိုင်သည်။

သို့သော်လည်း လင်းချင်းဟယ်က လောလောဆယ် ဘာမှမပြောသေးပါ။ မိမိလေးကို နို့တိုက်ပြီးနောက် ချော့သိပ်လိုက်သည်။ ထိုအခါမှ လင်းချင်းဟယ် သူမကို ကုတင်ပေါ်တင်လိုက်ပြီး ကိုယ့်ကိုယ်ကို အနားပေးလိုက်ပါသည်။

သို့သော်လည်း သူမကို အမြဲတမ်းလိုလို မချီထားနိုင်ပေ။ မဟုတ်ပါက အကျင့်ပါသွားနိုင်သည်။

"သူက တော်တော့်ကို လှတာပဲ။ သေချာပေါက် ကြီးလာရင် မိန်းမချောလေး ဖြစ်လာလိမ့်မယ်။ နင်နဲ့တူတာပေါ့ စတုတ္ထယောက်မ" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

"ငယ်တုန်းကတော့ လှပေမယ့် ကြီးလာရင် လှချင်မှ လှမှာပါ။" လင်းချင်းဟယ်က ပြုံးလိုက်သည်။

"ဒီလိုမျက်နှာပေါက်မျိုးနဲ့ ရုပ်မဆိုးနိုင်ပါဘူး။" ကျိုးရှောင်မိန်က တိကျစွာ ထင်ကြေးပေးလိုက်ပါသည်။

All Chapters