အခန်း(၆၀၂) စီးပွားရေး
Vol. 43 Ch. 602
အခန်း(၆၀၂) စီးပွားရေး
ကျိုးရွှမ်နဲ့ တခြားသူများ ကျောင်းသွားဖို့ သိပ်မကြာလိုက်ပါ။ ဒေါ်လေးမာက ရောက်လာသည်။ ဒီနေ့ ကျိုးချင်းပိုင်တို့ဆီကို ဆိုင်ပြန်အပ်ဖို့အတွက် ဖက်ထုပ်ဆိုင် မဖွင့်ပါ။
ကျိုးချင်းပိုင်က ပြန်ယူလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် အရင်ကတည်းက ပြောထားပြီးသားဖြစ်သည်။ ယာယီ သူမကို ဖွင့်ခိုင်းထားခြင်းသာဖြစ်၏။
"ဒီနှစ် စီးပွားရေး ဘယ်လိုရှိလဲ။" လင်းချင်းဟယ်က ဒေါ်လေးမာကို ရွှင်ပျစွာဖြင့် မေးလိုက်ပါသည်။
"တကယ်ကောင်းပါတယ်။" ဒေါ်လေးမာက ပွင့်လင်းသော အပြုံးဖြင့် ပြောလိုက်ပါသည်။
ပြောစရာမလိုအောင် လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့လည်း ဖက်ထုပ်ဆိုင်၏ စီးပွားရေး အကြောင်းကို သိပါသည်။ ဘာမှ ဖုံးကွယ်ထားဖို့ မလိုအပ်ပါ။
ဖက်ထုပ်ဆိုင်ကို နှစ်ဝက်ကျော်ကျော်လောက် ငှားယူထားပြီးနောက် ဒေါ်လေးမာ သူ့ချွေးမနဲ့ ပိုက်ဆံရှာနိုင်ခဲ့ပါသည်။ တစ်လကို ဝင်ငွေ ယွမ် ၁၀၀ ကျော်က ကောင်းမွန်ပါသည်။
"ကောင်းတာပေါ့" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။
သို့သော်လည်း စီးပွားရေးလုပ်ရခြင်း၏ အရသာကို မြည်းစမ်းပြီးသွားပြီဖြစ်သောကြောင့် ဒေါ်လေးမာက သူ့ချွေးမနဲ့ အတူတူ ဆိုင်တစ်ဆိုင် ဖွင့်ချင်နေပါသည်။ သူမ ရှက်လည်း ရှက်မိပါသည်။
သူမ ပြောစကားကို နားထောင်ပြီးနောက် လင်းချင်းဟယ်က စိတ်မရှိကြောင်း ပြန်ပြောလိုက်ပါသည်။ "ဒေါ်လေး ဖွင့်ချင်ရင် ဖွင့်လိုက်ပါ။ အဆင်ပြေပါတယ်။"
စီးပွားရေးလုပ်ရခြင်း၏ အကျိုးအမြတ်ကို မြင်သွားသူတိုင်း စိတ်လှုပ်ရှားသွားတတ်ကြပါသည်။ ဒေါ်လေးမာက ကိုယ်ပိုင်ဆိုင်ဖွင့်ချင်သည် ဆိုသဖြင့် ဒီဆိုင်မှာ ပန်းကန်ဆေးဖို့ နောက်ထပ် လူသစ်ငှားရတော့မည်။ လွယ်ပါသည်။
"ဒါဆိုလည်း ကောင်းပါပြီ။ ငါသေချာပေါက် ဆိုင်ကို ခပ်ဝေးဝေးမှာ ဖွင့်မှာပါ။" ဒေါ်လေးမာက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ဘာမှမပြောခဲ့ပေ။
ဒေါ်လေးမာက ဟွမ်ရှောင်းလျို့ကို အိမ်ပြန်ခေါ်လာခဲ့သည်။ ထိုအခါ လင်းချင်းဟယ်က ပြောလိုက်၏။ "မာချန်းမင်လည်း အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မလား မသိဘူး။"
ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။ "သူ့ကိုခေါ်ပြီး မေးလိုက်ပေါ့။"
လင်းချင်းဟယ်က မာချန်းမင်ကို သွားခေါ်လိုက်ပါသည်။ မာချန်းမင်က ခေါင်းခါ၏။ "ကျွန်တော့်ကို အလုပ်မထုတ်သေးသ၍ ကျွန်တော်ဆက်လုပ်ဖို့ စီစဥ်ထားပါတယ်။"
သူက တည်ငြိမ်သောဘဝကိုသာ သဘောကြသည်။ မသေချာမှုများနှင့် ပြည့်နှက်နေသော ဘဝမျိုးကို မကြိုက်ပါ။
လင်းချင်းဟယ်က သူ့ကို လစာမြင့်မြင့် ပေးထားသည်။ သူ့မိသားစု ဘဝကောင်းကောင်း နေနိုင်ပြီး စုလည်း စုဆောင်းနိုင်သည်။
မာချန်းမင်၏ အသက်အရွယ်တွင် တည်ငြိမ်မှုကိုသာ လိုချင်ပါတောာ့သည်။
သူ့အမေက သူ့မိန်းမနဲ့အတူတူ ဖက်ထုပ်ဆိုင်ဖွင့်ချင်သည့် ကိစ္စကိုတော့ မာချန်းမင် မတားမြစ်ခဲ့ပါ။ သူ့အမေနဲ့ သူ့မိန်းမတို့ ဖက်ထုပ်ဆိုင်ဖွင့်ချင်ခြင်းသာဖြစ်သည်။ သူ့တည်မြဲသည့် လစာကိုလည်း ဆက်ပြီး ထိန်းသိမ်းနိုင်ဦးမည်ဖြစ်သဖြင့် မိသားစုအခြေအနေ ဘယ်လိုပဲ ဖြစ်လာပါစေ စိတ်ပူဖို့မလိုပါ။
"ဒါဆိုလည်း ပြဿနာမရှိပါဘူး။ ရှင်လစာကို လာမယ့်နှစ်ကျရင် ယွမ် ၁၀၀ အထိ တိုးပေးလိုက်မယ်။ ရှင် ကြိုးစားပါ။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
မာချန်းမင်က ရွှင်ပျစွာဖြင့် အသိအမှတ်ပြုလိုက်ပါသည်။ တခြားသူတွေရဲ့ လစာကိုတော့ လင်းချင်းဟယ် တိုးပေးဖို့ အစီအစဥ်မရှိသေးပါ။ နောက်နှစ်အထိ စောင့်ကြည့်ပါဦးမည်။
၂ နှစ်အတွင်း လစာတစ်ခေါက် တိုးပါမည်။
မာချန်းမင်ပြန်သွားပြီးနောက် လင်းချင်းဟယ်က ဒီနှစ် ငွေစာရင်းများကို စတင်တွက်ချက်လေသည်။ သို့သော်လည်း တွက်ချက်နေရင်း သူ့သမီးလေး နိုးလာခဲ့သည်။ ကျိုးချင်းပိုင်က သေးခံသွားလဲပြီး အောက်ပိုင်းကို ဆေးကြောပေးလိုက်သည်။ ဆေးကြောပြီးကာမှ ငိုတော့မည့် ဗိုက်ဆာနေသည့် သမီးလေးကို ချီလာခဲ့ပါသည်။
လင်းချင်းဟယ်လည်း မတတ်နိုင်ဘဲ ဒုက္ခများသည့် သမီးလေးကို အထဲခေါ်သွားကာ နို့တိုက်လိုက်ပါသည််။
ကျိုးချင်းပိုင်က ဒီနှစ်အတွက် လယ်ဂျာစာအုပ်များကို စတင်စစ်ကြည့်သည်။ သူ့သားများက အမှားမလုပ်တတ်သော်လည်း တစ်ကြောင်းချင်းစီကို သေသေချာချာ စစ်ကြည့်နေပါသည်။
လင်းချင်းဟယ်က နို့တိုက်ပြီးနောက် ဒီသမီးလေးကို ခေါ်လာခဲ့ပြီး ကျိုးချင်းပိုင်ဘေးမှာ ချပေးလိုက်ပါသည်။ သူမဖာသာသူမ လှဲလျောင်းသွား၏။
"ကျွန်မ ကျောင်းသွားလိုက်ဦးမယ်။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"ကောင်းပြီ" ကျိုးချင်းပိုင်ကခေါင်းငြိမ့်လိုက်သည်။ သူကတော့ အိမ်မှာပဲနေပြီး သမီးထိန်းရင်း ငွေစာရင်းစာအုပ်များကို ဆက်စစ်ကြည့်ပါမည်။
ဖက်ထုပ်ဆိုင်ကတော့ ယနေ့ ယာယီပိတ်ထားသည်။ သူမအတွက် အသားကျပြီးမှ ပြန်ဖွင့်ဖို့ ဆုံးဖြတ်ပါမည်။
အိမ်မှာ ကလေးတစ်ယောက်ရှိနေသဖြင့် လင်းချင်းဟယ်က အကြာကြီး အပြင်မထွက်ခဲ့ပါ။ ခရီးက တစ်နာရီလောက်သာ ကြာသည်။ သူမ ပြန်လာသောအခါ စာအုပ်များစွာကို ယူလာခဲ့သည်။ အားလုံးက ဘာသာပြန်ဖို့ လိုအပ်နေသော စာအုပ်များ ဖြစ်ကြပါသည်။
"အများကြီးပါလား" ကျိုးချင်းပိုင်က စာရင်စစ်တာ ပြီးလုနီးနေပြီဖြစ်ပြီး စာအုပ်အထပ်ကြီးကိုကြည့်ကာ ပြောလိုက်ပါသည်။
"အဲ့ဒီကို ခဏခဏမသွားရအောင်လို့ပါ။ ဒါတွေ ပြန်ယူလာခဲ့တာလေ။ တစ်လကို တစ်ခေါက်လောက် သွားရင်လုံလောက်ပြီ" လင်းချင်းဟယ်က ပြန်ပြောလိုိက်၏။ "မနက်ဖြန်ကစပြီး ရှင့်ဖက်ထုပ်ဆိုင်ကို ပြန်ဖွင့်လို့ရပြီ။"
"ကောင်းပြီ" ကျိုးချင်းပိုင်က ခေါ်းငြိမ့်လိုက်သည်။ သို့သော်လည်း စာရွက်တစ်ရွက် ယူလိုက်ပြီး ဆိုင်ဖွင့်ချိန်များကို ရေးသားလိုက်ပါသည်။
မနက် ၆ နာရီခွဲကနေ မနက် ၉ နာရီအထိ ဖွင့်မည်။ ထို့နောက် ၁၁ နာရီခွဲမှ ၂ နာရီအထိ၊ ထို့နောက် ၄ နာရီခွဲမှ ၇ နာရီခွဲအထိ ဖွင့်မည်။
ပေါင်းကြည့်လိုက်သောအခါ တစ်ရက်ကို ၈ နာရီဝန်းကျင် ရှိပါသည်။
လင်းချင်းဟယ်က ကြည့်လိုက်ပြီး ဘာပြဿနာမှ မရှိဘူးဟု ထင်မိပါသည်။ တစ်ရက်ကို ၈ နာရီ အလုပ်ချိန်က မနည်းပါးပါ။ သူမ ပြောလိုက်သည်။ "ပန်းကန်ဆေးဖို့ကိုတော့ အရင်တုန်းက ယာယီအလုပ်သမားကို မေးကြည့်လိုက်ပေါ့။ သူ့အလုပ်လုပ်ပုံက အရမ်းလေးနက်ပြီး ဒီအလုပ်ကိုလည်း ချစ်မြတ်နိုးတယ်။"
ကျိုးချင်းပိုင်က ပြောလိုက်သည်။ "မိန်းမ မိမိလေးကို ကြည့်ထား။ ကိုယ် သူနဲ့ စကားသွားပြောလိုက်မယ်။”
လင်ချင််းဟယ်က ဘာမှ မကန့်ကွက်ပါ။ အခု ဆိုင်ဖွင့်ချိန်က အလွန်နည်းပါးသဖြင့် လစာကတော့ အရင်ကလောက် မမြင့်တော့ပါ။ ယွမ် ၅၀ ဖြစ်သည်။
ဒေါ်လေးမာတောင် ထိုလစာမျိုးရဖို့ နှစ်တွေအများကြီး အလုပ်လုပ်ခဲ့ရပါသည်။
ဒါက တဖြည်းဖြည်းနဲ့ တိုးလာလိမ့်မည်။ သို့သော်လည်း ယွမ် ၅၀ က မနည်းပါးပါ။ ဒီနှစ် လစာ ပြန်လည် ပြုပြင်ပြောင်းလဲပြီးတာတောင် ယွမ် ၂၀ - ၃၀ လောက်သာ ရသည့် အလုပ်များရှိနေကြဆဲ ဖြစ်သည်။
ထို့ကြောင့် ယွမ် ၅၀ ဆိုတာ မနည်းပါ။
ကျိုးချင်းပိုင်က သွားလိုက်သည်။ ထိုအဘွားဟူက ချက်ချင် လက်ခံလိုက်ပါသည်။ ယွမ် ၅၀ ဆိုရင်တောင် သူမ လုပ်ပါမည်။
အစတော့ အိမ်ကအခြေအနေများက အလွန်ဆင်းရဲပါသည်၊။ သူမနဲ့ သူမယောက်ျားတို့မှာ အလုပ်မရှိပေ။ ထို့ကြောင့် သူတို့နဲ့ အတူတူ ကပ်နေရသော ချွေးမနှစ်ယောက်က အထင်သေးသည့် အကြည့်မျိုးဖြင့် ကြည့်ကြသည်။
"ကျွန်တော်က ဆိုင်ကို ၆ နာရီခွဲ ဖွင့်တာ။ ဒေါ်လေးဟူက ၇ နာရီမှ လာလည်း ရပါတယ်” ကျိုးချင်းပိုင်က ပြောလိုက်သည်။
"ကောင်းပါပြီ မှတ်ထားပါ့မယ်။" အဘွားဟူက ရွှင်ပျစွာ ပြောလိုက်ပြီး သူ့ကို လိုက်ပို့လိုက်ပါသည်။
ကျိုးချင်းပိုင်က ဖုန်းသွားဆက်ပြီး သူ့သိုးသားနဲ့ ဝက်သား ထောက်ပံ့သူများကို စျေးအကြောင်း မေးကြည့်လိုက်ပါသည်။ ဒီနှစ်ကုန်တွင် ဆယ်ဆင့် တက်သွားခဲ့ပါသည်။
သို့သော်လည်း ကျိုးချင်းပိုင်က အမြောက်အများ မှာယူခဲ့သည်။ ဒီလိုရာသီဥတုမျိုးနဲ့ ရေခဲသေတ္တာတစ်လုံးပါ ရှိနေလျှင် ကြာရှည်ခံဖို့ ပြဿနာမရှိနိုင်ပါ။
အလုပ်ပြန်လုပ်ရတော့မည့် ကျိုးချင်းပိုင်မှာ အလွန်စိတ်ရွှင်နေပါသည်။ သူတို့မိသားစုက ဖက်ထုပ်ဆိုင်၏ အမြတ်ငွေများကို မလိုအပ်သော်လည်း လူတစ်ယောက်အနေဖြင့် စိတ်တည်ငြိမ်မှုကို လိုအပ်သည်။
အိမ်ကိုလည်း အလောတကြီး မပြန်ခဲ့ပါ။ ထို့အစား ကားကိုလျှောက်မောင်းရင်း သူတို့နာမည်အောက်က အိမ်များကို လိုက်စစ်ကြည့်လိုက်ပါသည်။
ကုန်ခြောက်ဆိုင်သို့ ရောက်လာသောအခါ ငါးကြီးဆီနဲ့ ပင်လယ်မျှော့ ၂ ကျင်းလောက် ယူခဲ့သည်။ အားလုံးက သူ့မိန်းမအတွက် ဖြစ်ပါသည်။
"စတုတ္ထဦးလေး စတုတ္ထဒေါ်လေးက အာလူးချို ကြိုက်တယ်။ မနက်က သမီးစျေးကနေ ဝယ်လာတာ။ မွှေးပြီး ချိုနေတာပဲ။ စတုတ္ထဒေါ်လေးက သေချာပေါက် ကြိုက်မှာပဲ။ နည်းနည်းလောက် ယူသွားပါလား။” ကျိုးစန်းနီက အာလူးချို တစ်အိတ်ယူလာပြီး ပြောလိုက်ပါသည်။
"ကောင်းပါပြီ" ကျိုးချင်းပိုင်က သူ့တူမ၏ စေတနာကို မငြင်းခဲ့ပါ။ သူလက်ခံလိုက်ပြီး မေးလိုက်ပါသည်။ "ငါ တခြားဆိုင်တွေကို သွားကြည့်ထားတာ။ ငါဖြတ်သွားတော့ နင်တို့ဆိုင်ကို ငှားထားတာမြင်တယ်နော်။”
"ဟုတ်တယ်။ လောလောဆယ် စီးပွားရေး မလုပ်ချင်သေးလို့ပါ။ ခဏနားထားတာ" ကျိုးစန်းနီက ပြန်ပြောလိုက်သည်။
ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့ဆိုင် ဝယ်ပြီးသား ဖြစ်သည်။ နောက်မှ ဖွင့်လည်း အဆင်ပြေပါသည်။
သူအိမ်ပြန်ရောက်လာတော့ သမီးလေးက မနိုးသေးပါ။ လင်းချင်းဟယ်က ဘာသာပြန်အလုပ်ထဲ နစ်မြောနေပြီဖြစ်သည်။
"မိန်းမ လမ်းလျှောက်ထွက်ကြမလား။" ကျိုးချင်းပိုင်က မေးလိုက်သည်။
"လျှောက်မှာပေါ့" လင်းချင်းဟယ်က ရွှင်မြူးစွာဖြင့် သူ့ကို မျက်စောင်းရွယ်လိုက်ပါသည်။ အခုသူတို့ ပြန်ရောက်လာပြီဖြစ်သဖြင့် ဘာပဲဖြစ်ဖြစ် လမ်းတော့ လျှောက်ကြရပါမည်။
သို့သော်လည်း အခုတော့မဖြစ်နိုင်ပါ။ မိမိလေး နိုးလာအောင်စောင့်ပြီး နို့တိုက်ပြီးမှ ထွက်လို့ရနိုင်မည်။ ဒီလိုမှ သူတို့စိတ်အေးနိုင်ပါလိမ့်မည်။
"အားလုံးပြီးပြီလား" လင်းချင်းဟယ်က မေးလိုက်သည်။
"အင်း" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက််သည်။ ကြီးကြီးမားမား ကိစ္စမဟုတ်ပါ။