← Chapters

အခန်း(၆၀၅) အရင်စေ့စပ်မည်

Vol. 44 Ch. 605

အခန်း(၆၀၅) အရင်စေ့စပ်မည်

Vol. 44 Ch. 605

အခန်း(၆၀၅) အရင်စေ့စပ်မည်

ရှုရှန့်မိန်က အမြဲတမ်း ကျန်းမေ့လျန်ကို မျက်စိ စပါးမွှေးစူးစရာဟု မြင်ပါသည်။

အရင်တစ်ခေါက်တုန်းက သူမကိုပါ ပိုက်ဆံ ပေးစေချင်တာ သိသာသည်။ နောက်ဆုံးမှာတော့ သူမနဲ့အတူတူ ယွမ် ၂,၀၀၀ ပေးပြီး အတင်းလျော်လိုက်ရပါသည်။ ထိုအခါမှ သူတို့ ယွမ် ၅,၀၀၀ အတူတူစုမိပြီး ပြဿနာရှင်းလိုက်နိုင်သည်။

သို့သောလည်း ဒီကိစ္စကိုတော့ သူမ မငြင်းပါ။

"ကလေးအရုပ်နဲ့ အဝတ်အစားတွေပဲ ပို့ပေးလိုက်ပေါ့။ သူတို့ဘက်မှာ ဘာမှလိုအပ်နေတာမှ မဟုတ်တာ" ရှုရှန့်မိန်က ပြောလိုက်ပါသည်။

သူမ သူတို့ဆီသွားပြီး ဆက်ဆံဖို့လိုပါသေးသည်။

ကျန်းမေ့လျန်က အိမ်ပြန်ပြီး ပြင်ဆင်လိုက်သည်။ သူမ ကလေးဝတ်အထည် ၅ စုံကို ပြင်ဆင်လိုက်ပြီး ရှုရှန့်မိန်ဆီသို့ ယူလာပေးလိုက်ပါသည်။

ရှုရှန့်မိန်က သူမနဲ့အတူ ယူလာခဲ့ပါသည်။

သူမ ရောက်လာတော့ ကျိုးချင်းပိုင် အလုပ်ဆင်းပြီး အိမ်မှာရှိနေတာနဲ့ ကြုံသွားပါသည်။ လင်းချင်းဟယ်ကတော့ အမေဝိန်ဆီသို့ သွားလည်ပါသည်။

"ဦးလေးနဲ့ ဒေါ်လေးတို့ ပြန်ရောက်နေကြတယ်ကြားလို့ ဖန်းဖန်းလေးကို ခေါ်လာတာ" ရှုရှန့်မိန်က ပြုံးကာ ပြောလိုက်ပါသည်။

သူမ တစ်ယောက်တည်း မလာခဲ့ပါ။ သူမသားကိုပါ ခေါ်လာခဲ့သည်။ ကျောက်ဖန်းဟု အမည်ရပါသည်။

"ဒါသမီးရဲ့ ဝမ်းကွဲညီမလေးအတွက် အရုပ်တွေပါ။ အဝတ်အစားတွေလည်း အထဲမှာပါတယ်။ အဲ့တာတွေကိုတော့ ချမ်းကျစ်မိန်းမ ပေးလိုက်တာ။ သမီးယူလာပေးတာပါ" ရှုရှန့်မိန်က အိတ်ကိုပေးကာ ပြုံးလိုက်ပါသည်။

ပြုံးပြသူတိုင်းကို ဘယ်သူက ရန်တွေ့မှာလဲ။ ကျိုးချင်းပိုင်က သူမလက်ထဲက မြေးတူကို ကြည့်ရင်း ပြောလိုက်ပါသည်။ "ဝင်ခဲ့လေ။"

"သမီး မဝင်တော့ပါဘူး။ ဒါ ချမ်းကျစ်နဲ့ သမီးတို့ လက်ဆောင်ပေးတာပါ။ ဦးလေး ကျေးဇူးပြုပြီး လက်ခံပေးပါ။" ရှုရှန့်မိန်က ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က ယူလိုက်ပြီး ထပ်ပြောလိုက်ပါသည်။ "ဝင်ခဲ့ပါ။"

ရှုရှန့်မိန်က သူမသားကိုချီပြီး လိုက်ဝင်သွားပါသည်။

မိမိလေးက လောလောဆယ် အိပ်နေပါသည်။ ကျိုးချင်းပိုင်က အလုပ်သမား လစာများကို ရှင်းနေပါသည်။ အလုပ်ရုံထဲမှာာ အလုပ်သမားအများကြီးရှိပြီး လဝက်အပိုလစာပါ ပေးရမည်ဆိုသဖြင့် ပမာဏက အတော်လေး များပြားပါသည်။

"ဦးလေး ဝမ်းကွဲညီမလေး အိပ်နေတာလား။" ရှုရှန့်မိန်က ရွှင်ပျစွာ ပြောလိုက်ပါသည်။

"အေး" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်ပါသည်။ သူမကိုကြည့်ကာ ပြောလိုက်သည်။ "အခု ကလေးက ဒီအရွယ်တောင်ရောက်နေပြီဆိုတော့ ကိုယ့်ဘဝကိုကိုယ် ကောင်းကောင်း နေတော့"

"သမီးသိပါတယ် ဦးလေးရဲ့ စိတ်မပူပါနဲ့။ အားလုံး အဆင်ပြေပါတယ်" ရှုရှန့်မိန်က ပြန်ပြောလိုက်ပါသည်။ "အခု ပျော်ဖို့ကောင်းနေပြီပေါ့။ ဦးလေးမှာ သားတွေကော သမီးကော ရှိနေပြီ။ သမီးရဲ့ ညီမဝမ်းကွဲလေးက ကံကောင်းတာပဲ။ မိသားစုအခြေအနေတွေ ကောင်းနေခါမှ ရောက်လာတာပဲ။"

ကျိုးချင်းပိုင်က သူမကို ခေတ္တထိုင်ခိုင်းလိုက်ပြီး သူမ ပြန်သွားခဲ့ပါသည်။ ရှုရှန့်မိန်က ကိုယ့်ဖာသာကိုယ်ပြန်သွားခြင်းဖြစ်ပါသည်။ သူမ လာလည်တာ မကြာပါ။

လင်းချင်းဟယ်ပြန်လာတော့ စားပွဲပေါ်က ပစ္စည်းများကို မြင်ပြီး မေးလိုက်ပါသည်။ "ဘယ်သူ လာလည်သွားတာလဲ။"

"ရှန့်မိန်က သူ့သားနဲ့ လာလည်တာ။ ဒါတွေက သူနဲ့ သူ့မောင်လက်ဆောင်ပေးတာ" ကျိုးချင်းပိုင်က ပြန်ပြောလိုက်ပါသည်။

လင်းချင်းဟယ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ကျိုးချင်းပိုင်က ပြောလိုက်၏။ "ကလေးအဝတ်အစားနဲ့ အရုပ်နည်းနည်းပါ။"

လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။ "ကျွန်မသမီးမှာ အဲ့တာတွေ လိုအပ်နေလို့လား။ သူ့ကို ကိုယ့်ဘဝကိုယ်ပဲ စိတ်ပူဖို့ ပြောလိုက်စမ်းပါ။ ကျွန်မလည်း သူ့ဘဝကို မနှောင့်ယှက်ဘူး။"

သူမက အလွန်သိတတ်နေသလို ဖြစ်ကာ လင်းချင်းဟယ်က သဘောထားသေးသိမ်သလို ဖြစ်သွားစေပါသည်။ ထို့ကြောင့်လည်း သူမကို သဘောမကျခြင်း ဖြစ်ပါသည်။

"ကိုယ်ခဏနေရင် သွားတော့မယ်။" ကျိုးချင်းပိုင်က ချော့မြူကာ ပြောလိုက်ပါသည်။

လင်းချင်းဟယ်က သူ့ကိုလွှတ်ထားလိုက်ပါသည်။ သူမ အထဲဝင်သွားပြီး သမီးလေးကို ကြည့်ရင်း ညွှန်ကြားလိုက်ပါသည််။ "ဝက်သားတွေက မလောက်သေးဘူး။ ထပ်မှာလိုက်ဦး။"

"ဒီနှစ်အများကြီး လုပ်မှ ဖြစ်မှာလား။" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။

"သားကြီး နှစ်သစ် ပြန်လာရင် ၁၀ ကျင်းလောက် ပြန်ယူသွားရမယ်။ ကျွန်မတို့ မိဘတွေကို ၅ကျင်း ပေးမယ်။ ကျွန်မတို့လည်း စားပြီး အစ်မဝိန်ကိုလည်း နည်းနည်းပေးရမယ်။ သေချာပေါက် လုံလောက်မှာ မဟုတ်ဘူး။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။ "မနက်ဖြန် ထပ်မှာလိုက်ပါ့မယ်။"

လင်းချင်းဟယ်က သူမယူလာာသည့် အိတ်ကို ချလိုက်ကာ အထဲက အဝတ်အစားသေးသေးလေးများကို ထုတ်လိုက်ပါသည်။ အားလုံးကို အမေဝိန် ပေးလိုက်ခြင်း ဖြစ်သည်။ ၇ လ ၈ လသားအတွက် အဆင်ပြေသည်။ ထိုအချိန်ကျရင်လည်း နွေရာသီရောက်မှာဖြစ်သဖြင့် ပြည့်စုံပါသည်။

လောလောဆယ် ခြေအိတ်လေးများက အစ အားလုံးပြီးပြည့်စုံနေပါသည်။ အမေဝိန်က စဥ်းစားပေးထားခြင်းဖြစ်သည်။

ထို့ကြောင့် လင်းချင်းဟယ်က ရှုရှန့်မိန် ယူလာသည့် ပစ္စည်းများကို ဂရုမစိုက်ပါ။ မောင်နှမနှစ်ယောက် ကိုယ့်ဘဝနဲ့ကိုယ်နေရင် လုံလောက်ပါပြီ။ ဒီကိုလာစရာမလိုပါ။

ဒါတောင် သူမ ရှိနေကြောင်း လာပြသေးသည်။

လင်းချင်းဟယ်က ကျိုးချင်းပိုင် တွက်ချက်နေတာကိုကြည့်ရင်းပြောလိုက်ပါသည်။ "မပြီးသေးဘူးလား။"

"ပြီးတော့မယ်" ကျိုးချင်းပိုင်ကခေါင်းငြိမ့်လိုက်ပါသည်။ အလုပ်ရုံငယ်လေးကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ကုန်ကျစရိတ်က များပြားနေပါသည်။

ဘာပဲဖြစ်ဖြစ် လတစ်ဝက်စာ အပိုငွေ ဖြစ်ပါသည်။ ပေါင်းလိုက်သောအခါ အလွန်များပါသည်။ သို့သော်လည်း ပေးရပါမည်။ ဘာပဲဖြစ်ဖြစ် ဒါက ဖြတ်သိမ်းစာ လျော်ကြေးလည်း ဖြစ်ပါသည်။

ပိုရက်ရောလိုက်ပါက အချင်းချင်း အပြစ်မြင်မှာ မဟုတ်တော့ပါ။

မိမိလေး၏ ငိုသံအထဲမှ ထွက်လာခဲ့သည်။ လင်းချင်းဟယ်က အထဲဝင်ပြီး ကလေးကို ခေါ်လာလိုက်ပါသည်။

"သေးခံတွေ စိုနေပြီထင်တယ်" ကျိုးချင်းပိုင်က ချီလိုက်ပြီးပြောလိုက်ပါသည်။ သူမကို အခန်းထဲ ပြန်ချီသွားပါသည်။ သေးခံများ တကယ်စိုနေခြင်းဖြစ်သည်။ ဘာမှတွန့်ဆုတ်မနေဘဲ သေးခံကို လဲလိုက်ပြီး ကလေးပေါင်ဒါ ဖြူးလိုက်သည်။ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ အပြင်ကို ပြန်ချီလာခဲ့ပါသည်။

လင်းချင်းဟယ် အိမ်ကထွက်သွားတာ ၂ နာရီသာ ရှိသေးသဖြင့် ဗိုက်သိပ်မဆာသေးပါ။ ထို့ကြောင့် နို့မတိုက်ခဲ့ပေ။

ကလေးမလေးက အခု ပိုပိုပြီး ကြီးလာပါပြီ။ သူမ နိုးနေသည့်အချိန်များက ပိုကြာသည်။  အခုတော့ သူမအဖေ၏ လက်ထဲမှာ တိတ်ဆိတ်စွာနေရင်း ကမ္ဘာကြီးကိုမျက်လုံးများ ဖွင့်ကာကြည့်နေပါသည်။ ငိုလည်းမငို ဂျီလည်း မကျပါ။

"သူမငိုရင် သူ့ဖာသာသူထားလိုက်စမ်းပါ။ ရှင်သူ့ကို ဒီတိုင်းချီနေရင် ကြီးလာတဲ့အခါကျ ဒုက္ခရောက်မယ်နော်" လင်းချင်းဟယ်က သူမကို မျက်စောင်းရွယ်လိုက်ပါသညည်။

"သူကြီးလာလည်း ချီထားဦးမှာပဲ" ကျိုးချင်းပိုင်က သူ့သမီး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟူသော မျက်နှာထားမျိုးဖြင့် ပြောလိုက်ပါသည်။

လင်းချင်းဟယ်က ဒီအပြုအမူကို ဆက်မကြည့်နိုင်တော့ပေ၊။ သူမ တီဗီဖွင့်လိုက်ပြီး ကြည့်လိုက်ပါသည်။ သူမ ပန်းသီးတစ်လုံး ယူစားလိုက်သည်။ ကမ္ဘာကြီးကို နာရီဝက်လောက် လေ့လာနေသော မိမိလေးက ဗိုက်ဆာလာပြီး သူမအဖေ၏ ရင်ဘတ်ထဲသို့  အတင်းတိုးဝင်နေသည်။

ဒီအပြုအမူကိုမြင်ပြီး ကျိုးချင်းပိုင်ရယ်မောလိုက်ပါသည်။ "မိန်းမရေ သမီးလေး ဗိုက်ဆာနေပြီထင်တယ်။"

လင်းချင်းဟယ် ဘာတတ်နိုင်ဦးမှာလဲ။ သူမ နို့တိုက်ဖို့သာ ရှိသည်။ ဒီကလေးမလေးရှိနေသောကြောင့် အပြင်ထွက်ရင်တော့ အမြန်သွားရပြန်ရသည်။ အပြင်မှာ အကြာကြီး မနေရဲပါ။

နို့တိုက်ပြီးနောက် သူမအဖေဆီသို့ ပြန်ပေးလိုက်ပြီး ပြောလိုက်ပါသည်။ "သားကြီး ဖုန်းဆက်သေးလား။"

"သူ လကုန်ရင်ပြန်လာလိမ့်မယ်" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။

အဝေးတွင်ရှိနေသောာ ကျိုးခိုင်က အခု အထုပ်အပိုးများကို ပြင်ဆင်နေပါပြီ။ သူ ၂၀ ရက်နေ့မှာ ပြန်သွားနိုင်ပါသည်။ ထို့ကြောင့် ၁၀ ရက်ကျော်ကျော်သာ ကျန်တော့သည်။ ဒီနှစ်ထဲ လဝက်ကျော်ကျော်လောက် နေနိုင်ပါလိမ့်မည်။ အရင်အတိုင်းပဲဖြစ်ပါသည်။

"မြို့က နို့မှုန့်တွေက တော်တော်ကောင်းတယ်။ နင်ပြန်ဝယ်သွားချင်လား" ထိုနေ့ သူသွားလည်တော့ ဝိန်မိန့်ကျားက သူ့ကိုမေးလိုက်သည်။

"ငါ အကုန်ဝယ်ပြီးသွားပါပြီ။" ကျိုးခိုင်က ခေါင်းငြိမ့်လိုက်ပါသသည်။

"ဟုတ်ပါပြီ" ဝိန်မိန့်ကျားက ပြောလိုက်သည်။ "ငါနင့်ထက် ၃ ရက် စောစော ပိတ်ရက် ရတယ်။"

"ဒါဆို ငါ့ကိုစောင့်လေ။ အတူတူပြန်ကြရအောင်။ အချိန်ပိုလုပ်တယ်လို့ သဘောထားလိုက်ပေါ့" ကျိုးခိုင်က ပြုံးကာပြောလိုက်ပါသည်။

"အမေ့ကို ဖုန်းဆက်ပြီးပြီ။ အမေက ငါတို့ ဒီတစ်ခေါက်ပြန်လာရင် စေ့စပ်ထားနှင့်မလားတဲ့။" ဝိန်မိန့်ကျားက သူ့ကိုကြည့်ကာ ပြောလိုက်ပါသည်။

ကျိုးခိုင်က ပြန်ပြောလိုက်၏။ "ပြန်ရင် စေ့စပ်ကြတာပေါ့။"

ဝိန်မိန့်ကျား၏ မျက်နှာပေါ်က ဝမ်းသာမှု တိုးမြင့်သွားပါသည်။

"နောက်နှစ်ထဲ ငါရာထူးထပ်တိုးလောက်တယ်။ ငါရာထူးတိုးတာနဲ့ လက်ထပ်မယ့်ကိစ္စကို တင်ပြလိုက်မယ်။" ကျိုးခိုင်က သူမကိုငေးကြည့်ရင်း ပြောလိုက်ပါသည်။

"အင်း" ထိုစကားကိုကြားတော့ ဝိန်မိန့်ကျား မျက်နှာ နီရဲသွားပါသည်။

ပြောစရာမလိုအောင် သူမ ပျော်ပါသည်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူမ လက်ထပ်ရတော့မည်။

ကျိုးခိုင်ပြန်သွားတော့ ဖက်ထုပ်ဆိုင်ကို ဖုန်းဆက်ခဲ့ပါသည်။ သူ ဖုန်းမဆက်တာ ကြာပြီဖြစ်ကာ သူ့မိဘများ မြို့တော်ဘယ်တော့ပြန်ကြမှာလဲဟု မေးချင်ခြင်းဖြစ်သည်။

ဖုန်းချိတ်သွားတာနဲ့ ဖုန်းကိုင်တာက သူ့အဖေ ဖြစ်နေပါသည်။ ကျိုးခိုင် အံ့သြသွား၏။ "အဖေ ဘယ်တုန်းက မြို့တော်ကို ပြန်ရောက်တာလဲ။"

"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ။" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်ပါသည်။ "မင်းကော ဘယ်တော့ အားလပ်ရက်ရမှာလဲ။"

ကျိုးခိုင်က သူ့ကို အချိန်ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။ "မင်းအမေကို ငါပြန်ပြောလိုက်မယ်။”

All Chapters