အခန်း (၆၀၆) - ကောင်းကောင်း ဆုံးမရဦးမည်
Vol. 44 Ch. 606
အခန်း (၆၀၆) - ကောင်းကောင်း ဆုံးမရဦးမည်
ကျိုးခိုင်ဘာမှ မပြောနိုင်ခင် သူ့အဖေ ဖုန်းချသွားပါသည်။
ကျိုးချင်းပိုင်က အလုပ်များနေပါသည်။ သူနဲ့ စကားပြောဖို့ အချိန်သိပ်မပေးနိုင်ပါ။ လူများစွာက ဝင်လာပြီး ဖက်ထုပ်များမှာနေကြပါသည်။ သူတို့အတွက် အချိန်မှီအောင် လုပ်ပေးဖို့ လိုသည်။
ကျိုးခိုင်က နှာခေါင်းကို ပွတ်လိုက်ပါသည်။ သူ့အမေနဲ့ စကားပြောချင်သည်။ သူ့အမေနဲ့သာဆို နာရီဝက်ကျော်လောက် စကားပြောနိုင်သော်လည်း အဖေနဲ့ဆိုရင်တော့ တစ်ခွန်းနှစ်ခွန်းပြောပြီး ဖုန်းချသွားတတ်ပါသည်။
သူ့ညီမလေးနဲ့လည်း ဖုန်းပြောချင်ပါသေးသည်။
ကျိုးချင်းပိုင်က အလုပ်များလွန်းနေပါသည်။ သူပြန်လာရင်လည်း တွေ့ရမှာပဲမဟုတ်ဘူးလား။
သူမွန်းတည့်ချိန်အထိ အလုပ်လုပ်ခဲ့ပါသည်။ ကလေးများ ထိုနေရာမှာ နေ့လည်စာစားနေကြတာကို အခွင့်ကောင်းယူပြီး ကျိုးချင်းပိုင်က အနည်းငယ်ထုပ်ပိုးပြီး သူ့မိန်းမဆီသို့ ယူလာပါသည်။
လင်းချင်းဟယ်က ပြောလိုက်သည်။ "ကျွန်မတို့ကားကို ထုတ်ဖို့ အချိန်ကျပြီ။"
"သားငယ်က နေ့လည်ခင်း အတန်းတစ်တန်းပဲ တက်စရာရှိတယ်။ သူ့ကိုပြန်လာခိုင်းပြီး ဆိုင်စောင့်ခိုင်းထားလိုက်" ကျိုးချင်းပိုင်က ပြောလိုက်သည်။
သူနဲ့ သူ့မိန်းမတို့ မြို့ပြင်သို့ သွားရမည်။ တစ်ခုခု ဖြစ်လာပါက အချိန်မှီ ဖြေရှင်းနိုင်အောင် ဖြစ်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။
နေ့လည်ခင်း ၃ နာရီတွင် ကျိုးကွေ့လိုင်က သူ့ညီမလေးကို ထိန်းဖို့ ပြန်လာသည်။ သူ့မိဘများ ဘာလုပ်ကြမလို့လဲဆိုတာကိုတော့ မမေးတော့ပါ။ သူ့ညီမလေးကိုသာ ဂရုစိုက်လိုက်ပါသည်။
သို့သော်လည်း သူမလေးက အိပ်နေသဖြင့် ဘာမှ သိပ်ပြီးလုပ်စရာမလိုခဲ့ပါ၊။ ထို့ကြောင့် အိမ်ကိုသာ စောင့်နေပါသည်။
လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ မြို့ပြင်သို့ ဘတ်စ်ကားစီးသွားကြပြီး ဘယ်သူမှ မရှိသည့် နေရာတစ်ခုကိုရှာကာ ကားကို ထုတ်ယူခဲ့လိုက်ပါသည်။ လင်မယားနှစ်ယောက်သား ကားမောင်းရင်း အိမ်ပြန်လာခဲ့ပါသည်။
ကားကိုပြန်သယ်လာဖို့ စုစုပေါင်း ၁ နာရီဝန်းကျင်လောက် ကြာမြင့်ခဲ့သည်။
ကျိုးကွေ့လိုင်က အဆိုပါကားကို မြင်သောအခါ အံ့သြသွားသည်။ "ရောင်းလိုက်ပြီ မဟုတ်ဘူးလား” ပြန်မယူလာဘဲ ရောင်းလိုက်ပြီဟု သူထင်နေခြင်းဖြစ်ပါသည်။
"မရောင်းပါဘူး။ နင့်အဖေက ပင်စင်ယူပြီး ဒီလို ပို့ဆောင်ရေးတွေကို လုပ်တဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ သိတယ်လေ။ ကားနည်းနည်းရှိလို့ အတူတူ ပြန်သယ်လာခဲ့တာ" လင်းချင်းဟယ်က ရှင်းပြလိုက်ပါသည်။
ကျိုးကွေ့လိုင်က ဘယ်လိုသယ်လာသလဲ ဂရုမစိုက်ပါ။ သူ ဂရုစိုက်တာက သူတို့မိသားစုမှာ ကားရှိနေပြီဆိုတာပင်။
သူအောက်ထပ်သို့ ပြေးဆင်းသွားပြီး ကားကို တန်းကြည့်လိုက်သည်။ သူအလွန်စိတ်လှုပ်ရှားနေ၏။ သူကားမောင်းတတ်သော်လည်း ကားမောင်းလိုင်စင်မရသေးပါ။
သားလတ်ပြန်လာတော့ ကားကိုမြင်သွားပြီး ခေတ္တကြက်သေသေသွားခဲ့ပါသည်။ "ကား ဘယ်တုန်းက ပြန်ရောက်နေတာလဲ။"
"အဖေ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်က ပြန်သယ်ဖို့ ကူညီပေးတာတဲ့။ အစ်ကိုလတ် လုပ်ပါ ငါ့ကို မောင်းပို့စမ်းပါ။ အဘိုးနဲ့ အဘွားတို့ဆီကို သွားကြွားရမယ်လေ။" ကျိုးကွေ့လိုင်က ရွှင်မြူးစွာ ပြောလိုက်ပါသည်။
"ငါအပေါ်တက်ပြီး အဖေ့ဆီက သော့သွားတောင်းလိုက်ဦးမယ်" ကျိုးရွှမ်က ပြန်ပြောလိုက်သည်။ သူလည်း မောင်းကြည့်ချင်နေပါသည်။
ကျိုးချင်းပိုင်က သူတို့ကို မတားဘဲ ကားသော့ ပေးလိုက်ပါသည်။
ညီအစ်ကိုနှစ်ယောက် ကားကို လျှောက်မောင်းပြီးမှ အဘိုးအဘွားများဆီသို့ မောင်းသွားခဲ့ပါသည်။
အဖေကျိုးနဲ့ အမေကျိုးတို့ ကားကိုမြင်သောအခါ ကြက်သေသေသွားကြပါသည်။ "ဒါနင်တို့ ဒုတိယယောက်ဖရဲ့ ကား မဟုတ်ဘူးလား။ ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ။"
"အဖေ ဝယ်လိုက်တာ။ ရှန်ဟိုင်းမြို့တော်မှာ ဝယ်ခဲ့တာလေ။ ပြန်ရောင်းလိုက်ပြီလို့ ကျွန်တော်တို့က ထင်ထားတာ။ ဒါပေမယ့် တစ်ယောက်ယောက်က ဒီကို လာပို့ပေးတာတဲ့" ကျိုးကွေ့လိုင်က ပြုံဂကာ ပြောလိုက်သည်။ "အဘိုး မနက််ဖြန် ခေါင်းကိုင် အဘိုးနဲ့အတူ ရေပူစမ်းသွားကြရအောင်။"
အဖေကျိုးက အပြင်ပိုင်းမှာတော့ တည်ငြိမ်နေသည့်ပုံပေါ်ကာ ပြောလိုက်ပါသည်။ "ကားက ဘယ်လောက်ပေးရလဲ။"
"ယွမ်သောင်းကျော်တာပေါ့" ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်ပါသည်။ ဒီကာားက အရည်အသွေးမြင့်ကားတစ်စီးဖြစ်ပါသည်။ ယွမ် ၂၀,၀၀၀ - ၃၀,၀၀၀ လောက်တော့ရှိလိမ့်မည်။
အမေကျိုး နာကျင်သွားပြီး ပြောလိုက်သည်။ "စျေးကြီးလိုက်တာ ဒီလောက်ပိုက်ဆံအများကြီးကို။ ပြီးတော့ ဝယ်လည်း ဘာမှသုံးလို့မရဘူး။ ထရပ်ကားတစ်စီးရှိတာပဲမဟုတ်ဘူးလား။"
"ထရပ်ကားက ဒီလိုအိမ်စီးကားနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ။ ထရပ်ကားက ပစ္စည်းတင်ဖို့လေ။ လူတွေသယ်လို့မှမရတာ။ အိမ်စီးကားက ပိုကောင်းတယ်။ အဆင့်မြင့်ပြီး မိုက်လည်းမိုက်တယ်။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။
"ယွမ်လည်း သောင်းချီကုန်တယ်လေ။" အမေကျိုးက ပြောလိုက်ပါသည်။
"ပိုက်ဆံရှာတာ သုံးဖို့ပဲ မဟုတ်ဘူးလား။ ဒါပေမယ့် ဒီကားကို ဝယ်ဖို့ အဖေ စုထားတာတွေ တော်တော်ပြောင်သွားတာ" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
"ပိုက်ဆံဖြုန်းတယ်လို့ ပြောတာပါ။ ဒီလောက်ပိုက်ဆံအများကြီးနဲ့ မလုပ်နိုင်တာ ဘာရှိလို့လဲ။ ဒီလို တန်ဖိုးကြီး ကားမျိုးကို ဝယ်မှဖြစ်မှာလား။" အမေကျိုးက ပြောလိုက်သည်။
"အဘွား။ ဘာလို့ အဲ့ပိုက်ဆံကို အရမ်းဂရုစိုက်နေတာလဲ။ အဘွားပိုက်ဆံကို သုံးတာလည်း မဟုတ်ဘဲနဲ့" ကျိုးကွေ့လိုင်က ပြုံးကာ ပြန်ပြောလိုက်ပါသည်။
"တော်တော့ ကားထဲဝင်။ အဘွားရဲ့ သားနဲ့ ချွေးမတို့က ကားတစ်စီးကို အောင်အောင်မြင်မြင် ဝယ်ခဲ့ပြီးပြီ။ အဘွားတို့ ကျေနပ်ဖို့ပဲ လိုတော့တယ်။ ကျန်တာ ဘာမှ စိတ်မပူနဲ့။ အဘွားတို့ကို ကားနဲ့လိုက်ပို့ပေးမယ်။ ပန်းခြံသွားပြီး အဘွားရဲ့ အသုံးကြီးတဲ့ သားအကြောင်း အဘွားအိုတွေကို သွားပြောလိုက်ပေါ့။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
အမှန်ပင်။ ပန်းခြံကို သွားပြီး ကြွားရပါဦးမည်။
ထို့ကြော်င့ အဖေကျိုးနဲ့ အမေကျိုးတို့ နှစ်ယောက်စလုံးကို ကားထဲဝင်ပြီး လိုက်စီးကြသည်။ ထို့နောက်မှ အဘိုးအဘွားများကို အိမ်ပြန်လိုက်ပို့ခဲ့ပါသည်။
ဟိုဘက်အိမ်က အဘွားဟူ ထွက်လာပြီး ကားကို မြင်သောအခါ အံ့သြသွား၏။ "ဒီကားက ရှင့်ဒုတိယမြေးသားမက်ပိုင်တာ မဟုတ်ဘူးလား။"
"ကျွန်မသားအငယ်ဆုံး ဝယ်ထားတာလေ။ တကယ်ပါပဲ သူကတော့ ဒီလိုမျက်နှာပန်းလှတဲ့ ပစ္စည်းတွေ တော်တော်ကြိုက်တာ။ ဒီကားကို ဝယ်ဖို့အတွက် သူများတွေဆီက ပိုက်ဆံတောင် ချေးခဲ့ရတယ်။ သူလာရင် ကောင်းကောင်း ဆူပစ်ရဦးမယ်" အမေကျိုးက သူမကိုပြောလိုက်ပါသည်။
အဘွားဟူက ချက်ချင်း မနာလို ဖြစ်လာသည်။ သူမ ကားကိုကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ရှင့်ရဲ့ သားအငယ်ဆုံးက တကယ်အလားအလာရှိတာပဲ။ ကားနှစ်စီးတောင် ပိုင်ထားတယ်။"
"ဘာကို အလားအလာ ရှိတာတုန်း။ အသုံးအဖြုန်းကြီးတဲ့ လက်တွေနဲ့။ တစ်ပြားတစ်ချပ်တောင် မကျန်တော့ဘူး။ ဒါတွေအတွက်ပဲ သုံးနေတယ်။ ပြောစမ်းပါ သူတို့မှ ထရပ်ကားရှိပြီးသားကို ဒီလို ကားသေးလေး ဝယ်ဖို့ လိုသေးလို့လား။ နောက်နှစ်နွေဦးရာသီရောက်ရင် ကျွန်မတို့ကို ရေပူစမ်းနဲ့ တခြားနေရာတွေကို လိုက်ပို့ပေးဦးမယ်လို့ပါ ပြောသေးတယ်။" ဟု အမေကျိုးက ဆက်ကြွားသည်။
အဖေကျိုးက သူ့မိန်းမ ကြွားဝါနေတာကို နားမခံနိုင်တော့ဘဲ ပြောလိုက်ပါသည်။ "အထဲမြန်မြန်ဝင်ပါ အရမ်းအေးနေတာကို"
အမေကျိုးက အနည်းငယ် ကြွားချင်နေဆဲဖြစ်ပါသည်။ သို့သော်လည်း သူမ၏ မြေးနှစ်ယောက်ကို လှည့်ကာပြောလိုက်ပါသည်။ "ပြန်ကြတော့လေ။ နင်တို့အဖေကို မနက်ဖြန် လာခိုင်းလိုက် ငါဆူမလို့"
"ဟုတ်ကဲ့" ကျိုးရွှမ်က သားငယ်နဲ့အတူ ပြန်မောင်းသွာားပါသည်။
ဟိုဘက်အိမ်က အဘွားကျူးလည်း ထိုအချိန်ထွက်လာပြီး ထွက်သွားသည့်ကားကို မြင်သွားပါသည်။ အဖေကျိုးနဲ့ အမေကျိုးတို့က အိမ်ထဲဝင်သွားကြပြီဖြစ်သည်။
"ဘာဖြစ်တာလဲ။ ဘယ်သူ ကားဝယ်လိုက်တာလဲ။" အဘွားကျူးက မေးလိုက်ပါသည်။
"သူ့သားအငယ်ဆုံးက တကယ်အလားအလာရှိတာပဲ။ အရင်တုန်းက ထရပ်ကားကြီး ဝယ်ခဲ့တယ်။ အခုလည်း ဒီအိမ်စီးကား ဝယ်လိုက်ပြန်ပြီ" အဘွားဟူက အားတက်သရော သူမကို ပြန်ဖြေလိုက်ပါသည်။
အဘွားကျူးက ထိုအကြောင်းကိုကြားသောအခါ သွေးအန်ချင်သွားသည်။
သူမ၏ မြေးမလေး ကျူးကျန်းကျန်းက လက်ထပ်ပြီးပါပြီ။ သို့သော်လည်း အဆင်တော့ သိပ်မပြေပါ။ အထူးသဖြင့် ဒီနှစ်ထဲ သူမ၏ မြေးသားမက်က အလုပ်ထုတ်ခံလိုက်ရသည်။
သူမ၏ မြေးမလေးကလည်း ကိုယ်ဝန်ရှိနေသည်။ အခု မြေးသားမက်က အလုပ်မရှိတော့သဖြင့် ဘယ်လိုနေထိုင်ကြမည်နည်း။
မြေးမလေး၏ ဘဝက အလွန်ခက်ခဲနေပါသည်။ ဒီကျိုးမိသားစုကတော့ ကြွယ်ဝမှုများဖြင့် ပြည့်ဝနေပါသည်။ သူမ၏ မြေးမလေးသာ အရင်တုန်းက ကျိုးခိုင်နဲ့ လက်ထပ်နိုင်ခဲ့ပါက သူမတို့ဘဝ အခုလောက်ဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
ထရပ်ကားတစီးနဲ့ အိမ်စီးကားတစ်စီး။
သို့သော်လည်း ဒီလိုကံကြမ္မာမျိုး မရှိတော့ပါ။
အဘွာားကျူးတောင် အခုကျိုးမိသားစု ပိုပိုကြွယ်ဝလာတာာကိုမြင်ပြီး ကံမကောင်းဘူးဟု မပြောနိုင်တော့ပါ။
နေ့ရက်များ လျှင်မြန်စွာ ကုန်ဆုံးသွားပြီး အလုပ်ရုံငယ် ဖျက်သိမ်းသည့်နေ့သို့ ရောက်ရှိလာခဲ့ပါသည်။
လင်းချင်းဟယ်က လစာပေးလိုက်သည်။ အားလုံး၏ လစာက ယွမ် ၇၀ ဖြစ်ပါသည်။ ဒါက အခြေခံလစာ ဖြစ်၏။ လဝက် လစာပေါင်းလိုက်သောအခါ ၁၀၅ ယွမ် ဖြစ်ပါသည်။
ပေးရသော ပိုက်ဆံက အလွန်များပြားပါသည်။
သို့သော် လင်းချင်းဟယ်ကတော့ မနာကျင်ပါ။ အလုပ်ရုံငယ်အား အခုချိန်အထိ ဖွင့်နိုင်ခဲ့ပြီး အကျိုးအမြတ်လည်း ရခဲ့ပါသည်။
လစာများကို ပေးပြီးသောအခါ အားလုံး အနည်းငယ် စိတ်ဓာတ်ကျသွားကြသည်။ ဘာမှပြောစရာတော့ မရှိကြပါ။ လင်းချင်းဟယ်က အလွန်သဘောကောင်းပါသည်။
ငါအလုပ်လုပ်တုန်းကလည်း လစာကောင်းကောင်း ရခဲ့ပြီး အခု အလုပ်ထွက်တော့ လဝက်လစာတောင် ပိုရခဲ့တယ်။ ဘာပြောဖို့ လိုသေးလို့လဲ။
ဒီအပ်ချုပ်စက်တွေကိုလည်း စျေးပေါပေါနဲ့ ရောင်းချပေးခဲ့သည်။ ဒါကိုတော့ ကျပန်းကံစမ်းမဲနှိုက်ကာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော်လည်း အခြေအနေကောင်းနေဆဲ ဖြစ်သည်။ ဒီခေတ်ကပစ္စည်းများက ခိုင်ခန့်ပါသည်။ အဟောင်းပစ္စည်းများက စျေးမကြီးပေ။