အခန်း(၆၀၇) ငွေရှာခြင်း
Vol. 44 Ch. 607
အခန်း(၆၀၇) ငွေရှာခြင်း
အဖေကျိုးနဲ့ အမေကျိုးတို့ဘက်ကလည်း အလုပ်ရုံငယ် ဖျက်သိမ်သည့် သတင်းကို ကြားခဲ့ကြပါသည်။
ကျိုးရှောင်မိန် ရေချိုးအိမ်အတူတူသွားဖို့ စတုတ္ထယောက်မကို လာတွေ့တော့ မေးလိုက်ပါသည်။ "အလုပ်ရုံငယ်ကို ရုတ်တရက်ကြီး ဘာလို့ ဖျက်သိမ်းလိုက်တာလဲလို့ အမေက မေးနေတယ်။"
"နောက်နှစ်ကျရင် လက်ဖက်ရည်ဆိုင်ဖွင့်မလို့လေ။ ငါတို့ ဂိုထောင်တစ်လုံး လိုတယ်။ အဲ့တာကြောင့် ရှင်းလင်းပြီး ဂိုထောင်အဖြစ်သုံးမလို့လေ။" လင်းချင်းဟယ်က ရှင်းပြလိုက်ပါသည်။
ကျိုးရှောင်မိန်က မနာလိုစွာ ပြောလိုက်သည်။ "စတုတ္ထယောက်မ နင်က လုပ်ငန်းအသစ်လုပ်ဦးမှာလား။”
"ဒါဆို နင်က ပါတနာလုပ်ချင်လို့လား" လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်သည်ဓ။
ကျိုးရှောင်မိန် မျက်လုံးများ ဝိုင်းစက်သွားပါသည်။ ဆိုင်ခွဲတစ်ခုအတွက်တော့ တွဲလုပ်နိုင်တယ်။ တောင်ဘက်လမ်းက ဆိုင်တစ်ဆိုင်ပေါ့။ နင်ဆန္ဒရှိရင် ရှယ်ယာ ရင်းနှီးမြှုပ်နှံလိုက်။ ငါနင့်ကို အမြတ် ၃၀ ရာခိုင်နှုန်း ပေးမယ်။ ပစ္စည်းဝယ်ယူမှု စီမံရေးတွေကိုလည်း နင်စိတ်ပူစရာမလိုဘူး။ လစဥ် အစုပေါ်အမြတ် ရမယ့်အချိန်ကိုပဲ စောင့်နေလိုက်" လင်းချင်းဟယ်က ရှင်ပြလိုက်ပါသည်။
"ငါ ရင်းနှီးမြှုပ်နှံမယ်လေ။ ငါ ရှယ်ယာဝင် လုပ်မယ်" ကျိုးရှောင်မိန်က ပြတ်သားစွာ ပြောလိုက်ပါသည်။
"သတိတော့ ကြိုပေးထားမယ်နော်။ ဒီလုပ်ငန်း အဆင်ပြေမယ်လို့တော့ အာမမခံနိုင်ဘူး။ လက်ဖက်ရည်လုပ်ငန်းဆိုတာ အချိန်ယူရတယ်။" လင်းချင်းဟယ်က ပြောလိုက်ပါသ်ည။
"ရပါတယ်။ ငါစတုတ္ထယောက်မရဲ့ အမြင်ကို ယုံပါတယ်" ကျိုးရှောင်မိန်က ပြောလိုက်သည်။
လင်းချင်းဟယ်က ရေချိုးအိမ်ကို သူမနဲ့အတူ လာခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံဖို့ သိပ်ပြီး မလိုအပ်ပါ။ ယွမ် ၃,၀၀၀ လောက်ဆို လုံလောက်ပါပြီ။ သို့သော်လည်း ဝင်ငွေကတော့ အနာဂတ်မှာ မဆိုးရွားနိုင်ပါ။
ဒါက ကျိုးရှောင်မိန်နဲ့ ရင်းနှီးနေတာကြောင့် ဖြစ်ပါသည်။ မဟုတ်ပါက ဒီလုပ်ငန်းထဲကို တခြားသူတွေအား ဝင်ပါခွင့် လင်းချင်းဟယ် ပေးမှာ မဟုတ်ပါ။
"မနက်ဖြန်သဘက်ခါကျရင် အစ်မဝိန်နဲ့ ရေပူစမ်းကို သွားမလို့။ နင်ကော လိုက်ဦးမလား” လင်းချင်းဟယ်က ကျိုးရှောင်မိန်ကို ကိုယ်လက်သန့်စင်နေရာသို့ ရောက်သောအခါ မေးလိုက်ပါသည်။
"အေး အတူတူသွားကြမယ်လေ။" ကျိုးရှောင်မိန်က ရွှင်ပျစွာ သဘောတူလိုက်ပါသည်။
"ဒါဆို အချိန်ကျရင် နင်လာမှဖြစ်မယ်။ နင်တို့ဆီတော့ ငါမလာနိုင်ဘူး" လင်ချင်းဟဘ်က ပြောလိုက်ပါသည်။
"စတုတ္ထယောက်မ အမေ ကားကိစ္စ ပွစိပွစိလုပ်မှာ ကြောက်နေတာကိုး" ကျိုးရှောင်မိန်က ရယ်မောလိုက်သည်။
လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။ "ငါဝယ်ခိုင်းတာမှ မဟုတ်တာ။ နင့်စတုတ္ထအစ်ကိုကသာ အသည်းအသန်လို ချင်နေတာာ။ ငါလည်း စျေးအရမ်းကြီးတယ်လို့ ထင်ခဲ့တာပဲ။"
"အမေက အစပိုင်းပဲ စကားနည်းနည်းများတာပါ။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ခဏခဏ ပန်းခြံသွားပြီး ပန်းခြံထဲက အဘွားအိုတွေကို သွားသွားကြွားနေတာ" ကျိုးရှောင်မိန်က ပြောပြလိုက်သည်။
"အဲ့တာက ပြဿနာ မဟုတ်ဘူး။ အဓိက အကြောင်းအရင်းက အဲ့ဒီရေပူစမ်းက တစ်ယောက်ကို ၂၅ယွမ် ပေးရတာလေ။ အမေ လက်ခံနိုင်မှာ မဟုတ်ဘူး" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။ "အမေ့ကို မပြောနဲ့။ နင်တစ်ယောက်တည်းသာ လာခဲ့လိုက်ချေ။”
"အေးပါ" ကျိုးရှောင်မိန်က ပြန်ပြောလိုက်ပါသည်။
ယောက်မနှစ်ယောက် ဇိမ်ရှိရှိ ရေချိုးလိုက်ကြပြီး စက်ဘီးများဖြင့် အိမ်ပြန်လာခဲ့ကြပါသည်။
ပြန်ရောက်လာသောအခါ ကျိုးရှောင်မိန်က အလုပ်ရုံငယ်အကြောင်း သူမအမေကို ပြန်ရှင်းပြလိုက်ပါသည်။ "စတုတ္ထယောက်မက နောက်ထပ် အစီအစဥ်ရှိပါတယ်။ သူ့အမြင်နဲ့ဆို ဘာမှ မလွဲနိုင်ဘူး။"
"လက်ဖက်ရည်ရောင်းဖို့က လွယ်လို့လား။ မြက်ပင်တွေပဲ မဟုတ်ဘူးလား" အမေကျိုးက သံသယဖြစ်စွာ ပြောလိုက်ပါသည်။
"ဘယ်က မြက်ပင်ကမှာလဲ။ အဲ့တာ လက်ဖက်ခြောက်လေ ခေါင်းဆောင်ကြီးတွေပဲ သောက်နိုင်တာမျိုးကွ။" အဖေကျိုးက ပြောလိုက်သည်။
"ဒါဆိုလည်း ခေါင်းဆောင် ဘယ်လောက်များများ ရှိမှာမို့လို့လဲ။ နေ့တိုင်း အများကြီး ရောင်းနိုင်မှာ မဟုတ်ဘူး။" အမေကျိုးက ဝေဖန်လိုက်၏။
"မြို့တော်ကို ငါတို့ ရွာလိုများ ထင်နေလား။ ဒီလက်ဖက်ခြောက်က အရမ်းစျေးမကြီးပါဘူး။ ဝယ်နိုင်တဲ့ လူတွေများပါတယ်" အဖေကျိုးက ပြန်ချေပသည်။
ဒီလက်ဖက်ရည်လုပ်ငန်းကို သေချာပေါက် လုပ်နိုင်လိမ့်မည်ဟု သူခံစားမိပါသည်။ သူ ပန်းခြံသွားပြီး အဘိုးကြီးများနဲ့ စစ်တုရင် ကစာားတိုင်း ထိုအဘိုးကြီးများက လက်ဖက်ရည်ကရားထဲက လက်ဖက်ရည်များ သောက်တတ်ကြသည်။
အမေကျိုးကတော့ အနည်းငယ် စိတ်ပူနေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ကျိုးစစ်နီနဲ့ အမြွှာနှစ်ယောက်နဲ့ အတူတူ ဝမ်ယွမ် ရောက်လာသောအခါ ဝမ်ယွမ့်ကို မေးလိုက်ပါသည်။
အမေကျိုးက ဝမ်ယွမ်ကို ယုံသည်။ ဘာပဲဖြစ်ဖြစ် သူက ဘော့စ်တစ်ယောက် မဟုတ်ပါလား။
"စိတ်မပူပါနဲ့။ စတုတ္ထဒေါ်လေးရဲ့ လက်ဖက်ရည်လုပ်ငန်းက သေချာပေါက် အဆင်ပြေမှာပါ။ အပြင်ဘက်မှာလည်း လက်ဖက်ရည်ဆိုင် များများစားစား မရှိဘူး။ သေသေချာချာ ကိုင်တွယ်မယ်ဆိုရင် အထည်ဆိုင်တွေထက်တောင် ပိုပြီး အမြတ်များနိုင်သေးတယ်။" ဝမ်ယွမ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
အမေကျိုးက အစိုးရိမ်လွန်နေခြင်းသာ ဖြစ်ပါသည်။ ရှေးခေတ်ကတည်းက လက်ဖက်ရည်၊ ပိုးချည် စတာတွေက အလွန်အကျိုးအမြတ်များသောအရာများ ဖြစ်သည်။ ဘယ်လိုလုပ်ပြီး အဆင်မပြေဘဲနေမလဲ။
လက်ရှိ သူ့စီးပွားရေးလုပ်ငန်းများမှာလည်း နေ့စဥ် လက်ဖက်ရည်က မရှိမဖြစ် ဖြစ်နေပါသည်။ သူက ဒီလိုထင်ပြီး တခြားသူတွေလည်း ဒီတိုင်းပဲ ဖြစ်ပါသည်။
သူတို့သာ လက်ဖက်ရည်လုပ်ငန်းကို အတည်တကျ လုပ်ကိုင်နိုင်ပါက သေချာပေါက် မဆိုးရွားနိုင်ပါ။
သူပြောတာကို ကြားခါမှ အမေကျိုး စိတ်အေးသွားပြီး ပြောလိုက်ပါသည်။ "ရောင်းမကောင်းမှာ စိတ်ပူလို့ပါ။"
"ဘာမှစိတ်ပူဖို့ မလိုပါဘူး အဘွား။ စတုတ္ထဒေါ်လေးက ဘာစီးပွားရေးပဲလုပ်လုပ် သေချာ ဆုံးဖြတ်တယ်။ ပြီးတော့လည်း သူ အခု ဆိုင်တွေအများကြီး ဖွင့်ထားပြီးသားလေ။ သူအရှုံးပေါ်တာ မြင်ဖူးလို့လား။ စတုတ္ထဒေါ်လေးလိုမျိုး စီးပွားရေးအမြင်ရှိတဲ့ အမျိုးသမီးမျိုးက ရှားတယ်။" ဝမ်ယွမ်က ပြောလိုက်ပါသည်။
ဒါက စစ်မှန်သော ချီးကျူးစကားဖြစ်ပါသည်။ လင်းချင်းဟယ် အခု လုပ်ငန်းဘယ်နှမျိုးလောက်တောင် လုပ်နေပြီလဲ။
အထည်လုပ်ငန်း၊ ဖျော်ရည်လုပ်ငန်း၊ အစားအသောက်လုပ်ငန်း၊ ပင်လယ်စာလုပ်ငန်း၊ စီးရက်လုပ်ငန်းများရှိသည်။ အခုတော့ လက်ဖက်ရည် လုပ်ငန်းပါ လာတော့မည်။ ဒါက လုပ်ငန်းအသစ်ဖြစ်ပါသည်။ ပြောရမည်ဆိုလျှင် တကယ်ပဲ မျိုးကွဲအသစ်ဖြစ်ကာ တစ်ချိန်တည်းမှာပဲ ပိုက်ဆံမရနိုင်မှာမျိုး မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် လက်ဖက်ရည်က အလွန်လူကြိုက်များသောကြောင့် ဖြစ်သည်။
"နင့်စတုတ္ထဒေါ်လေးကတော့ တကယ်လည်တာပဲ" အမေကျိုးက ရွှင်ပျစွာ ပြောလိုက်ပါသည်။
ဝမ်ယွမ်က ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှမပြောတော့ပါ။
ကျိုးရှောင်မိန်က စတုတ္ထယောက်မနဲ့ အလုပ်တူတူ တွဲလုပ်မည့်အကြောင်း သူမကို မပြောခဲ့ပါ။ စုတာ့လင်းကိုသာ ညအိပ်ခါနီး ပြောပြခဲ့ပါသည်။
စုတာ့လင်းက အံ့အားသင့်သွားခဲ့သည်။ "စ... စတုတ္ထယောက်မက... ခွင့်... ခွင့်ပြုတယ်လာား"
"စတုတ္ထယောက်မက ကျွန်မကို ရင်းနှီးမြှုပ်နှံခွင့်ပဲ ပေးတာပါ။ အပြင်ဘက်မှာ လျှောက်ပြောမနေနဲ့နော်" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
"မ...မပြောပါဘူး" စုတာ့လင်းက ခေါင်းငြိမ့်လိုက်ပါသည်။ ထို့နောက် ဝမ်းသာစွာဖြင့် ဆက်ပြောလိုက်သည်။ "စတုတ္ထယောက်မက... မင်း...မင်းအပေါ် သဘောကောင်းတာပဲ။"
ကျိုးရှောင်မိန်က သူ့ရင်ခွင်ထဲ ကျေနပ်စွာ တိုးဝင်ရင်း ပြုံးလိုက်ပါသည်။ "စတုတ္ထယောက်မ ကျွန်မအပေါ်ကောင်းတာ ကျွန်မသိပါတယ်။ အဲ့တာကြောင့် စတုတ္ထယောက်မ ကျွန်မတို့ကို အကြံပေးတဲ့အခါ ကျွန်မတို့ နားထောင်သင့်တယ်။ စတုတ္ထယောက်မက ကျွန်မတို့ကို ဂရုမစိုက်ဘူးဆိုရင် ဘာမှတောင် ပြောမှာမဟုတ်ဘူး။"
"အင်း" စုတာ့လင်း ခေါင်းငြိမ့်လိုက်ပါသည်။
ကျိုးရှောင်မိန်ကို ဆိုင်မှာ ရင်းနှီးမြှုပ်နှံခိုင်းလိုက်သည့် လင်းချင်းဟယ်၏ ဆုံးဖြတ်ချက်က ရုတ်ခြည်း ဆုံးဖြတ်ချက် ဖြစ်ပါသည်။ အစကတော့ ဒီလိုလုပ်ဖို့ အစီအစဥ်မရှိပါ။ သို့သော် ကျိုးရှောင်မိန် အားကျ မနာလိုဖြစ်နေသည်ကိုမြင်သောကြောင့် ပြောလိုက်ရခြင်း ဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် သူမမှာ ကလေး ၄ ယောက်တောင် ရှိပါသည်။ ဒီလောက်များများ မမွေးထားပါက ကလေး ၄ ယောက်၏ ကုန်ကျစရိတ်ကို နားလည်မှာ မဟုတ်ပေ။ အထူးသဖြင့် ကလေး ၄ ယောက်ကို ကောလိပ်ကျောင်းသားများ ဖြစ်သည့်အထိ ပျိုးထောင်ပေးဖို့ ရည်ရွယ်ထားပါက ပိုဆိုးပါသည်။ သူတို့ ဘန်းမုန့်ဆိုင်တစ်ဆိုင်တည်းကိုသာ အားကိုးပါက နောက်ပိုင်း အလွန်ခက်ခဲလာနိုင်ပါသည််။
သူမ ကျိုးချင်ပိုင်ကို ထိုကိစ္စအကြောင်း ပြောပြလိုက်သောအခါ ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။ "မင်းပဲ ဆုံးဖြတ်လိုက်ပါ။"
လင်းချင်းဟယ်က ပြောလိုက်သည်။ "မနက်ဖြန်ကျရင် ကုန်ခြောက်ဆိုင် ပစ္စည်း ထပ်ရောက်မယ်။ ဂိုထောင်ထဲကိုပဲ တန်းပို့လိုက်။ ဒီနှစ် စီးပွားရေးတွေ အရင်နှစ်ကထက် ပိုကောင်းလောက်တယ်။”
မနှစ်က နှစ်သစ်တွင် ကုန်ခြောက်ဆိုင်ကို ဖွင့်လှစ်ခဲ့တုန်းက ရောင်းရခဲ့ပါသည်။ လူများစွာက သူတို့မိသားစုအတွက် သို့မဟုတ် လက်ဆောင်များအဖြစ် ဝယ်ယူကြပါသည်။
ရောင်းဖို့ပင် မလောက်တော့ပါ။
ထို့ကြောင့် ဒီနှစ် လင်းချင်းဟယ်က ပစ္စည်းများ စတင်သိုလှောင်သည်။
သူတို့က ပြန်မလာခင် နောက်တစ်သုတ်ပို့တတ်ပါသည်။ သို့သော်လည်း လင်းချင်းဟယ်က ဖုန်းဆက်ပြီး ကိုယ်တိုင် မှာယူ၏။ ဒီတစ်ခေါက် နောက်ထပ် ၅,၀၀၀ ယွမ်ဖိုး ယူဦးမည်။
ယွမ် ၂,၀၀၀ ဖိုးလောက်ကိုလည်း တာ့လျန်ဘက်မှ မှာယူခဲ့သည်။ ဒါက မပြီးဆုံးသေးပါ။ ဒီတစ်သုတ် ရောက်လာသောအခါ သူမ နောက်တစ်သုတ် မှာယူချင်နေဆဲ ဖြစ်ပါသည်။
ဒီနှစ် ကုန်ခြောက်ဆိုင်နဲ့ ငွေရှာဖို့ သူမ စီစဥ်ထားပါသည်။
ကျိုးရွှမ်နဲ့ တခြားသူများက အတန်းရှိသဖြင့် ကျိုးချင်းပိုင်က ပစ္စည်းများကို ကိုယ်တိုင်သွားယူရပြီး သေသေချာချာ ရေတွက်ခဲ့ပါသည်။ အဓိက ဖောက်သည်ကြီးများဖြစ်သဖြင့် ပစ္စည်းများအားလုံးကလည်း အရည်အသွေး ကောင်းမွန်ကြသည်။ ဘာပြဿနာမှ မရှိမှန်း သေချာမှ ကျိုးချင်းပိုင် ပိုက်ဆံရှင်းလိုက်ပါသည်။
"ခင်ဗျားတို့ဘက်က တော်တော်အေးတာပဲဗျ" ယန်ချန်းမှ တောင်ပိုင်းသားများ နှင်းမြင်ဖူးတာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူတို့ ဒီကို အရင်တုန်းကလည်း ပစ္စည်းများ ပို့ဖူးပါသည်။ သို့သော်လည်း မြောက်ပိုင်းက တော်တော်လေးကို အေးစက်သည်ဟု ခံစားမိပါသည်။
"ဒီလိုပါပဲ" ကျိုးချင်းပိုင်က ပြုံးကာ ပြောလိုက်ပါသည်။ "ခင်ဗျားတို့ကို နေ့လည်စာ ဖိတ်ကျွေးမယ်လေ။"
"အခုတော့ မဖြစ်သေးပါဘူးဗျာ။ နောက်ပိုင်း အခွင့်အရေး ရလာမှာာပါ။”
အခု သူတို့မှာ ပိုက်ဆံအများကြီး ရှိနေပြီဖြစ်သဖြင့် အေးအေးဆေးဆေး လျှောက်လည်နိုင်ပါဦးမလား။ ပိုက်ဆံများကို အရင်ပြန်ပို့ဖို့က ပထမဦးစားပေး ဖြစ်ပါသည်။ အထူးသဖြင့် ဒီမှာ အေးလွန်းသဖြင့် သူတို့ ခံနိုင်ရည် မရှိကြပါ။