← Chapters

အခန်း(၆၀၈) ပျော်စရာကိစ္စတွေ အများကြီးပဲ

Vol. 44 Ch. 608

အခန်း(၆၀၈) ပျော်စရာကိစ္စတွေ အများကြီးပဲ

Vol. 44 Ch. 608

အခန်း(၆၀၈) ပျော်စရာကိစ္စတွေ အများကြီးပဲ

ပစ္စည်းများကို သိုလှောင်ဖို့ ဂိုထောင်ဆီသို့ ကျိုးချင်းပိုင်ကိုယ်တိုင် ပို့ဆောင်လိုက်ပါသည်။

သူဖက်ထုပ်ဆိုင်ကို လာခဲ့ပြီး ဘော့စ်ကို ဖုန်းဆက်လိုက်သည်။ "နောက်တစ်သုတ်လောက် ထပ်ပို့ခိုင်းလိုက်ပါ။ ဒီတစ်ခေါက် အရည်အသွေးအတိုင်းပဲ။"

"ခင်ဗျားတို့ အဲ့လောက် အများကြီး ထပ်လိုချင်သေးတာလား" ပင်လယ်စာဘော့စ်က အံ့သြစွာဖြင့် မေးလိုက်ပါသည်။

"ဟုတ်တယ် စျေးလျှော့ပေးပါဦး။ ခင်ဗျားတို့ရဲ့ ဘယ်ဖောက်သည်ကမှ ကျွန်တော်တို့လောက် အများကြီး မယူကြဘူးမလား။" ကျိုးချင်းပိုင်က ပြန်မေးလိုက်ပါသည်။

"ဒါပေါ့ လျှော့ပေးမှာပါ။ ဒီစျေးကို တော်တော် နိမ့်တယ်လို့တောင် ပြောလို့ရပါတယ်" ပင်လယ်စာဘော့စ်က ပျော်ရွှင်စွာ ပြန်ပြောလိုက်ပါသည်။

"ကျွန်တော်တို့ တာ့လျန်ဆီသွားကြည့်သေးတယ်။ အဲ့ဒီမှာလည်း ပစ္စည်းတွေ တော်တော် ရှိတာပဲ" ကျိုးချင်းပိုင်က ပြောလိုက်၏။

"ညီလေး ကျွန်တော်တို့ စက်ရုံက ခင်ဗျားတို့ကို ပို့တဲ့ ပစ္စည်းတွေက တကယ့်ကို စျေးအနိမ့်ဆုံးတွေပါပဲ။ ခင်ဗျားတို့က ကျွန်တော့်ရဲ့ ဖောက်သည်ကြီးတွေပါဗျာ။ တခြားသူတွေကို လျှော့စျေးမပေးရင်တောင် ခင်ဗျားတို့ကို မပေးဘဲနေပါ့မလား။ ဒီလိုလုပ်ရအောင် ကင်းမွန်ခြောက်တွေအတွက် ဆင့်ငါးဆယ်စီ လျှော့ပေးမယ်။ ကျန်တာတော့ ဘာမှ လုပ်လို့မရဘူးဗျာ" ပင်လယ်စာဘော့စ်က ကမ်းလှမ်းလိုက်ပါသည်။

မြို့တော်မှ ဖောက်သည်ကြီးကို သူ မဆုံးရှုံးချင်ပါ။ သူက အကြီးဆုံးမဟုတ်သော်လည်း သူမှာယူသည့် ပမာဏများက အကြီးဆုံးထဲက ပါသည်။

ထို့ကြောင့် သူ့ကို ဆက်ပြီး ထိန်းသိမ်းထားချင်ပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့မြို့တော်ကသာ တာ့လျန်ဆိပ်ကန်းမှ ပစ္စည်းများယူလျှင် သေချာပေါက် သူက အဓိက ဖောက်သည်ကြီး  တစ်ယောက် ဆုံးရှုံးပါတော့မည်။

"ရပါတယ်။ လာပို့ရင် ကျွန်တော့်အလုပ်အချိန်အတွင်း ဖုန်းဆက်လို့ရတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ရှိမှာမဟုတ်ဘူး" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။

"ဒါဆိုဘော့စ် ခင်ဗျားဘယ်အချိန်တွေရှိတတ်လဲ ပြောပါဦး" ပင်လယ်စာဘော့စ်က ပြန်ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က သူ့အလုပ်ချိန်များကို ပြောပြလိုက်ပါသည်။ ဘော့စ်က ရေးမှတ်ထားလိုက်ပြီိး ပြောလိုက်ပါသည်။ "ကိစ္စမရှိဘူး။ သူတို့ ရောက်လာရင် ထပ်ပို့ခိုင်းလိုက်မယ်"

"၂၀ ရက်နေ့မတိုင်ခင်ရောက်ရင် အဆင်ပြေပါပြီ' ကျိုးချင်းပိုင်က ပြောလိုက်သည်။

"ကောင်းပါပြီ" ပင်လယ်စာဘော့စ်က ရွှင်ပျစွာ မှတ်သားလိုက်ပါသည်။

ကျိုးချင်းပိုင်က ဖုန်းချလိုက်ပြီး အိမ်ပြန်သွားပါသည်။ လင်းချင်းဟယ်က သမီးလေးနဲ့အတူ အိပ်စက်နေသည်။ သို့သော်လည်း အငယ်ဆုံး သမီးလေးက မအိပ်ပါ။ တစ်ယောက်တည်း ကစားနေသည်။

အသံကြားသောအခခါ လင်းချင်းဟယ် နိုးလာပြီး မေးလိုက်ပါသည်။ "အားလုံးပြီးသွားပြီလာား"

"အင်း ဆက်အိပ်လိုက်ပါဦး" ကျိုးချင်းပိုင်က ပြန်ပြောလိုက်ပါသည်။

"ရှင်အိပ်ပါ" လင်းချင်းဟယ်က သန်းဝေလိုက်ပါသည်။ သူမ တစ်နာရီကျော်တောင် အိပ်ပြီးသွားသဖြင့် လုံလောက်ပါသည်။

ကျိုးချင်းပိုင်က သူ့သမီးလေးကို ကြည့်လိုက်သည်။ သူ့သမီးလေးက တကယ့် ပါးနပ်သော ကောင်မလေး ဖြစ်သည်။ သူမအဖေပြန်လာတာကို သိသွားပြီး စကားများ ဗလုံးဗထွေး ပြောနေပါသည်။ သူမကို ချီစေချင်နေတာ ဖြစ်မှန်း သိသာပါသည်။

"သူက ရှင်ပြန်မလာရင် လိမ္မာတယ်။ ရှင်ပြန်လာတာနဲ့ ဆိုးလာတော့တာပဲ" လင်းချင်းဟယ်က စိတ်ပျက်လက်ပျက်ပြောလိုက်ပါသည်။ ဒီကောင်မလေးက အလွန်ပါးနပ်သည်။ သူမ အခုဘာမှန်းနားမလည်သေးသော်လည်း သူမ၏ ပင်ကိုယ်အသိစိတ်ကြောင့် အံ့သြရပါသည်။

ကြည့်ရတာ သူမအပေါ် ဘယ်သူက သဘောကောင်းသလဲဆိုတာ ခံစားနိုင်ကာ ထိုလူ့ကို ဆိုးသွမ်းပြနိုင်သည်။

ကျိုးချင်းပိုင်က ကုတ်အင်္ကျီကိုချွတ်လိုက်ပါသည်။ သူ့သမီးလေးကို မချီသော်လည်း လှဲလျောင်းလိုက်ပြီး စကားပြောလိုက်ပါသည်။

လင်းချင်းဟယ်က အိပ်ယာထကာ ရေနွေးတစ်ခွက်သောက်လိုက်ပါသည်။ ထို့နောက် ပန်းသီးတစ်လုံးစားလိုက်ပြီး သူမ၏ ဘာသာပြန်လုပ်ငန်းကို စတင်လိုက်ပါသည်။

ကျိုးချင်းပိုင်က အထဲမှာ သူ့သမီးလေးနဲ့အတူ ကစားရင်း အိပ်ပျော်သွားသည်။ သူ့သမီးလေးကိုလည်း သူချော့သိပ်ခဲ့၏။ သူမ နို့မစို့ရသေးပါ။

ကျိုးရွှမ်နဲ့ ကျိုးကွေ့လိုင်တို့ ပြန်လာကြသည်။ ကျိုးကွေ့လိုင်က ဖက်ထုပ်ဆိုင်သို့ တန်းသွားခဲ့ပြီး ဆိုင်ဖွင့်ဖို့ ပြင်ခဲ့ပါသည်။

ကျိုးရွှမ်ကတော့ သူ့ညီမလေးကိုထိန်ကျောင်းဖို့ အိမ်မှာပဲနေခဲ့ပါသည်။ လင်းချင်းဟယ်က အမိန့်ပေးလိုက်၏။ "နင့်အဖေကို နှိုးလိုက်တော့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကျပြီ။”

လေ့ကျင့်ခန်းကို အိမ်မှာလည်း ပြုလုပ်လို့ရပါသည်။ အိပ်ထမတင်၊ ဒိုက်ထိုး စသည်တို့ဖြစ်သည်။ ထိုလေ့ကျင့်ခန်းများက အာနိသင်ရှိပါသည်။

မိမိလေးက ဗိုက်ဆာလာသဖြင့် ခေါ်ဖို့ မလိုတော့ပါ။ သူမ နိုးလာပြီး စတင် ဂျီကျလေသည်။ ကျိုးချင်းပိုင်က သူမ၏ သေးခံများကို လဲပေးလိုက်ပြီး ချော့လိုက်သည်။ ထို့နောက် သူ့မိန်းမကို ခေါ်ပြီး နို့တိုက်ခိုင်းလိုက်ပါသည်။

"လေ့ကျင့်ခန်းသွားလုပ်။ တစ်ရက်တောင် မနားနဲ့နော်" လင်းချင်းဟယ်က ပြောလိုက်သည်။

ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပါသည်။ သူ အပြင်ထွက်သွားပြီး ကြည့်လိုက်သည်။ ဒီအချိန် အပြင်ဘက်မှာ နှင်းများကျနေပါသည်။ အပြေးလေ့ကျင့်ခန်းလုပ်ဖို့ မသင့်တော်ပါ။ မဟုတ်ပါက သူအပြေးလေ့ကျင့်ခန်း ထွက်လုပ်မည်ဖြစ်သည်။

အိမ်မှာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ပင်ပန်းပြီး မျက်နှာက နီရဲနေပါပြီ။

"အဖေ့ သက်လုံက အခုတော်တော် ဆိုးနေပြီပဲ။ အရင်တုန်းကဆို ဒီလေ့ကျင့်ခန်းတွေလုပ်ပြီးရင် ဟောဟဲတောင် ဆိုက်တာမဟုတ်ဘူး" ကျိုးရွှမ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။

သူက သူ့အဖေ၏ ခြေထောက်ကို ကိုင်ထားပေးရ၏။

ကျိုးချင်းပိုင်က သူ့ကိုစိုက်ကြည့်လိုက်သည်။ သူဝန်မခံချင်သော်လည်း ဝန်ခံရပါမည်။ ဘာပဲဖြစ်ဖြစ် သူအသက်ကြီးလာလေပြီ။ သူ အသက် ၂၀ ဝန်းကျင်တုန်းက အချိန်တွေနဲ့ နှိုင်းယှဥ်လို့မရတော့ပေ။

ထိုလေ့ကျင့်ခန်းများကို လုပ်ခဲ့တုန်းက မပင်ပန်းခဲ့ပါ။ အခုတော့ သူ့သက်လုံစွမ်းအင်မှာ တော်တော်လေး ကျဆင်းသွားလေပြီ။

"အဖေ ရေသွားချိုးမလား" ကျိုးရွှမ်ကမေးလိုက်ပါသည်။

"သွားမယ်လေ" ကျိုးချင်းပိုင် ရေမချိုးတာ ရက်ပိုင်းလောက်ရှိပါပြီ။ သူ့မိန်းမက အသန့်ကြိုက်သည်။ သူရေမချိုးပါက ကုတင်ပေါ်တောင် တက်ရမှာ မဟုတ်ပါ။

သူ့မိန်းမကို အသိပေးပြီးနောက်  ကားဖြင့် ရေချိုးအိမ်သို့လာခဲ့သည်။ ရေချိုးပွတ်တိုက်ပြီးသွားသောအခါ သူ လုံးဝ လန်းဆန်းသွားပါသည်။

သားအဖနှစ်ယောက် ပြန်လာသောအခါ လင်းချင်းဟယ်က ပြောလိုက်သည်။ "ရှင်တို့သားအဖနှစ်ယောက် ရေပူစမ်း သွားချင်ကြလား။ အရင်တစ်ခေါက်တုန်းက ကျွန်မလည်း အစ်မဝိန်၊ ရှောင်မိန်၊ အာ့နီတို့နဲ့ အတူတူ သွားခဲ့သေးတယ်။ အရမ်းဇိမ်ရှိတာပဲ။"

"အစ်ကိုကြီးပြန်လာတဲ့အချိန်ထိစောင့်ပြီးမှ အတူတူ သွားကြတာပေါ့" ကျိုးရွှမ်က ပြန်ပြောလိုက်ပါသည်။

လင်းချင်းဟယ်လည်း သားကြီး ပြန်လာမှာကို မျှော်နေမိပါသည်။ သူမ၏ အသားဆားနယ်များကိုလည်း မှာယူထားပါသည်။ ကျိုးချင်းပိုင်ကို သူမ ညွှန်ကြားလိုက်သည်။ "အချိန်ကျရင် ဝက်သားဆိုင်ပိုင်ရှင်ဆီမှာ ဝက်ကလီစာ နည်းနည်းထပ်မှာလိုက်ဦး။"

"နှစ်တိုင်းစားနေရတာ အစ်ကိုကြီး စိတ်မကုန်သေးဘူးလား" ကျိုးရွှမ်က ရွှင်ပျစွာ မေးလိုက်ပါသည်။

"တစ်နှစ်ကို ဒီအချိန်ပဲ စားရတာလေ။ ဒီတစ်ခေါက် သူအာဟာရဖြစ်ဖို့ ငါးကြီးဆီလည်း ချက်ကျွေးရမယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

နောက်ပိုင်နေ့ရက်များတွင်လည်း နှင်းများ ထူထဲစွာ ကျခဲ့ပါသည်။ နေ့ရက်များစွာ ဆက်ခဲ့ပါသည်။

ဟူကျစ်နဲ့ ကန်းကျစ်တို့ ဆိုင်သွားမဖွင့်နိုင်တော့ပါ။

ဟူကျစ်က သူ့ဒေါ်လေးကို သွားတွေ့ခဲ့သည်။ အဓိက အကြောင်းအရာကတော့ အိမ်တစ်လုံး အရင်ဝယ်ရမလား ဆိုင်တစ်ဆိုင်အရင်ဝယ်ရမလား ဆွေးနွေးဖို့ဖြစ်ပါသည်။

"နင် လက်ထပ်ဖို့ စီစဥ်နေပြီလား" လင်းချင်းဟယ်က မေးလိုက်သည်။

"နောက်နှစ် လက်ထပ်ဖို့ စီစဥ်ထားတယ်" ဟူကျစ်က ပြုံးလိုက်ပါသည်။

"တကယ်တော့ ဆိုင်တစ်ဆိုင် အရင်ဝယ်ဖို့ အကြံပေးမလို့။ ဒါပေမယ့် နင်က လက်ထပ်တော့မှာဆိုတော့ အိမ်တစ်လုံး အရင်ဝယ်လိုက်တာ ပိုကောင်းမယ်။ လက်ထပ်ပြီးရင် အိမ်တစ်လုံးတော့ ရှိမှဖြစ်မယ်။ ငါတို့တိုက်ခန်းနဲ့ တူတာမျိုးကို ဝယ်ပေါ့။ နင် ငါ့ဆီမှာ စုထားတာက ယွမ် ၂,၀၀၀ နီးပါးလောက်ရှိတယ်။ နင့်မှာ ဘယ်လောက်ရှိလဲ" လင်းချင်းဟယ်က ပြောလိုက်သည်။

"ကျွန်တော် ယွမ် ၄,၀၀၀ ကျော်လောက် စုထားမိပါတယ်" ဟူကျစ်က ပြန်ပြောလိုက်ပါသည်။

"အခု အိမ်တွေက အရင်တုန်းကထက် ပိုပြီး စျေးကြီးနေပြီ။ သေးသေးဝယ်လည်း အဆင်ပြေပါတယ်" လင်းချင်းဟယ်က အကြံပေးလိုက်သည်။ "နင့်ရဲ့ ယောက္ခမနဲ့ တခြားသူတွေကို အကူအညီ သွားတောင်းလိုက်။ သူတို့မှာ အဆက်အသွယ်ကောင်းတွေ ရှိတယ်။ ဖြစ်နိုင်ရင် ဝယ်လိုက်တော့။ ဒါဆို ရှန်ရှန်နဲ့နင် နောက်နှစ် လက်ထပ်နိုင်ပြီး နင်တို့နှစ်ယောက် ကိုယ့်အသိုက်အမြုံနဲ့ ကိုယ် နေနိုင်ပြီ။ ကျန်တာတော့ ဆက်ပြီးကြိုးစားပေါ့။"

ဟူကျစ်က ခေါင်းငြိမ့်လိုက်ပါသည်။ သူ့ရင်ထဲမှာတော့ ပျော်ရွှင်နေမိပါသည်။ လက်ထပ်ရမှာကို မပျော်သည့် လူငယ် မရှိပါ။ အထူးသဖြင့် သူရင်းနှီးနေတာကြာပြီဖြစ်သည့် ဇနီးလောင်း ချန်းရှန်ရှန်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

"အစ်ကို မင်းက မကြာခင် လက်ထပ်တော့မှာဆိုတော့ အဲ့ဒီအိမ် ငါငှားမယ်" ကန်းကျစ်က ပြောလိုက်သည်။

"ကော်တုန်းနဲ့ စစ်နီတို့လည်း နောက်နှစ်လက်ထပ်ကြလောက်တယ်။ အဲ့ကျရင် ဖက်ထုပ်ဆိုင်ရဲ့ ဒုတိယထပ်က ဘယ်သူမှ မရှိတောာ့ဘူး။ နင် ဆူညံသံတွေ မကြောက်ရင် အဲ့မှာ သွားနေပေါ့။ မိန်းမရမှ ပြောင်းနေလိုက်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"ဒါဆို အစ်မစစ်နီ လက်ထပ်ပြီးရင် ပြောင်းနေလိုက်မယ်" ကန်းကျစ်က ရွှင်ပျစွာ ခေါင်းငြိမ့်လိုက်ပါသည်။ "နောက်နှစ်ထဲ ပျော်စရာကိစ္စတွေ အများကြီးပါပဲလား။”

All Chapters