← Chapters

အခန်း(၆၀၉) ကွာရှင်းချင်သည်

Vol. 44 Ch. 609

အခန်း(၆၀၉) ကွာရှင်းချင်သည်

Vol. 44 Ch. 609

အခန်း(၆၀၉) ကွာရှင်းချင်သည်

ချန်းမိသားစုက ပျော်ပျော်ကြီး ကူညီပေးချင်ပါသည်။ ဘာပဲဖြစ်ဖြစ် သားမက်တို့မိသားစုက မြို့တော်မှ မဟုတ်ကြပေ။ ထို့ကြောင့် သူတို့ ကူညီပေးမှဖြစ်ပါမည်။

အထူးသဖြင့် သူတို့သမီး ချန်းရှန်ရှန်၏ အနာဂတ်နဲ့လည်း သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဟူကျစ်က သူတို့ကို အိမ်ရှာပေးဖို့ လာရောက်အကူအညီတောင်းသောအခါ သူ့ယောက္ခမ လီယုဖန်းက ကတိပေးလိုက်ပါသည်။ "စိတ်မပူပါနဲ့။ ဒေါ်လေး ဒီတာဝန်ယူလိုက်ပါ့မယ်။ သေချာပေါက် မင်းနဲ့ ရှန်ရှန်တို့အတွက် နေရာကောင်းတစ်ခု ရှာပေးပါ့မယ်။ မင်းတို့အတွက် စိတ်ရှုပ်စရာ အိမ်နီးချင်းတွေ မရှိစေရဘူး။"

ထို့နောက် သူမ၏ယောက္ခမ အဘွားရှုနဲ့ အတူ ပတ်ဝန်းကျင်တွင် စပြီး စုံစမ်းခဲ့ပါသည်။

ပြောရမည်ဆိုလျှင် ဒီအဘွားအိုများက အစွမ်းအစရှိကြသည်။ ရက်နည်းနည်းလောက် စုံစမ်းလိုက်ရုံနဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့ကြသည်။ ဒီနေရာနဲ့ နည်းနည်းဝေးသော်လည်း အရမ်းကြီးတော့ မဝေးပါ။ သူတို့ ရပ်ကွက်မှ မိနစ် ၂၀ လောက် လမ်းလျှောက်ရပါသည်။

"အဲ့ဒီမိသားစုက ချမ်းသာပြီး သူတို့အိမ်က သေးလို့ သဘောမကျကြဘူး။ အဲ့တာကြောင့် သူတို့ အိမ်ကြီးကြီးတစ်လုံးဆီပြောင်းသွားတော့ ဒီအိမ်ကို ရောင်းချင်နေတာလေ။ ဒေါ်လေး မင်းအတွက် သွားစစ်ပေးပြီးသွားပြီ။ ကျယ်ပါတယ်။ မင်းနဲ့ ရှန်ရှန်တို့ လက်ထပ်ပြီး နေဖို့ထိုင်ဖို့ လုံလောက်တယ်။ အခုက အရင်တုန်းကလိုမျိုး မဟုတ်တော့ဘူး။ မိသားစုဦးရေ ကန့်သတ်မှုတွေ ရှိလာပြီလေ" လီယုဖန်းက ဟူကျစ်ကိုပြောကာ သွားစစ်ဆေးကြည့်လိုက်ကြပါသည်။

ထို့နောက် ဟူကျစ်ကို သူမ မေးလိုက်၏။ "နင့်ဒေါ်လေးရဲ့ အငယ်ဆုံးသမီးလေးကော အိမ်ထောင်စု စာရင်း ရသွားပြီလား။ သူ လူဦးရေ ကျော်လွန်ပြီး မွေးဖွားလို့ ဒဏ်ငွေ ဘယ်လောက်ပေးလိုက်ရလဲ။"

"မသိပါဘူး။ ဒါပေမယ့် စျေးတော့ မပေါလောက်ဘူး။" ဟူကျစ်က ပြန်ပြောလိုက်ပါသည်။

မင်းသမီးလေး မိမိက သူတို့အိမ်ထောင်စု စာရင်းထဲတွင် စာရင်းသွင်းပြီးသွားပြီဖြစ်ပါသည်။ သူတို့ပြန်လာပြီး ၃ ရက်မြောက်နေ့တွင် သူမ ဝိန်ကော်တုန်းကို အကူအညီတောင်းလိုက်ခြင်းဖြစ်၏။ လူဦးရေလွန် မွေးဖွားခြင်းအတွက် ဒဏ်ကြေးကိုလည်း ပယ်ထားလို့ မရပါ။

ဟူကျစ်က အသေးစိတ်တော့ မသိထားပေ။ သူ့ဦးလေးနဲ့ ဒေါ်လေးတို့ကလည်း ဘာမှမပြောကြပါ။ ဒီလိုဆို လူတိုင်း လူဦးရေလွန် မွေးဖွားလို့ မဖြစ်မှန်း သိနိုင်ပါသည်။

"နင်တို့တွေလည်း ကလေးအများကြီး မမွေးကြနဲ့။ အခု လူနေမှုပုံစံက အသစ် ဖြစ်နေပြီ။ သားတစ်ယောက်ဖြစ်ဖြစ် သမီးတစ်ယောက်ဖြစ်ဖြစ် အတူတူပဲ။ အဓိကအချက်က ပညာရေးပဲ။ ပညာရေးကောင်းရင် သမီးတွေလည်း ပါရမီရှိနိုင်တာပဲ။ ပညာရေးကို ကောင်းကောင်း မကိုင်တွယ်ရင် သားတစ်ယောက်လည်း ပျက်စီးသွားနိုင်တာပဲ။" လီယုဖန်းက ပြောလိုက်ပါသည်။

"ဒေါ်လေးပြောတာ မှန်ပါတယ်။" ဟူကျစ်က ပြုံးလိုက်ပါသည်။

တရားဝင် လက်မထပ်ခင် သူမကို ဒေါ်လေးဟုသာ ခေါ်ပါသည်။ ချန်းရှန်ရှန်နဲ့ လက်ထပ်ပြီးတာနဲ့ သူ့ကို အမေဟု ပြောင်းလဲခေါ်ရတော့မည်ဖြစ်သည်။

လီယုဖန်းနဲ့ အဘွားရှုတို့ ရှာတွေ့ထားသည့် တိုက်ခန်းက တကယ်ပဲ သင့်တော်ပါသည်။ ဟိုဘက်ဒီဘက် အိမ်နီးချင်းများကလည်း အလုပ်နဲ့အကိုင်နဲ့ ဖြစ်ကြ၏။ ဘာမှ အရှုပ်အရှင်း မရှိကြပေ။

အရေးအကြီးဆုံး အချက်ကတော့ ၃၀ စတုရန်းမီတာ ကျော်နေခြင်း ဖြစ်သည်။ အတော်လေး ကောင်းမွန်သည်။ မိသားစု ၃ ယောက် နေထိုင်ဖို့ ပြီးပြည့်စုံပါသည်။

"လက်ထပ်ပြီးလို့ ရှန်ရှန် ကလေးမွေးဖွားတဲ့အခါ ငါလာပြီး ပြုစုပေးမယ်။ နင် ဘာမှ စိတ်ပူစရာ မလိုပါဘူး။ ကလေးကို နို့ဖြတ်ပြီးတာနဲ့ ရှန်ရှန် နင်နဲ့အတူ ပိုက်ဆံအတူတူ ရှာဖို့ အလုပ်လုပ်လို့ ရပြီ။ ဒေါ်လေးက မင်းတို့အတွက် ကလေးထိန်းပေးမှာပေါ့" လီယုဖန်းက သူမသားမက် တိုက်ခန်းကို အလွန်ကျေနပ်နေတာကို မြင်ပြီး ရွှင်ပျစွာပြောလိုက်ပါသည်။

"ကျေးဇူးတင်ပါတယ် ဒေါ်လေး" ဟူကျစ်၏ မျက်လုံးများ ဝိုင်းစက်သွာား၏။

သူ့ယောက္ခမသာ ကူညီဆောင်ရွက်ပေးချင်နေလျှင် သူနဲ့ ရှန်ရှန်တို့အတွက် သေချာပေါက် အများကြီး ပိုလွယ်ကူသွားပါလိမ့်မည်။

"ကျေးဇူးတင်ဖို့ မလိုပါဘူး။" လီယုဖန်းက ပြုံံးကာ ပြောလိုက်ပါသည်။ "ဒီနေရာကို ဘယ်လို သဘောရလဲ။ သိပ်ပြီး မဆိုးပါဘူး ဟုတ်တယ်မလား။"

"စျေးနှုန်းကကော" ဟူကျစ်က မေးလိုက်သည်။

"၅,၃၀၀ ယွမ်။ အစကတော့ ယွမ် ၅,၆၀၀ နဲ့ရောင်းတာ။ ငါ သူတို့ကို သွားတွေ့ပြီး ယွမ် ၃၀၀ စျေးလျှော့ခိုင်းလိုက်တယ်လေ။ ဒီ့ထက်တော့ ပိုလျှော့လို့ မဖြစ်တော့ဘူး" လီယုဖန်းက ပြောလိုက်ပါသည်။ "နင့်မှာ ပိုက်ဆံ လုံလုံလောက်လောာက်ကော ရှိရဲ့လား။ မရှိရင် ငါ့မှာ နည်းနည်းရှိတယ်။ နင်တို့ကို အရင်ချေးထားပေးလို့ရတယ်။"

သူ့သားမက် အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ဖို့ ပိုက်ဆံအများကြီး ကုန်ကျထားတာာ သူမ သိပါသည်။

ဒီနှစ် ဟူကျစ် အစွမ်းကုန်ကြိုးစားခဲ့သည်။ အထူးသဖြင့် ဒီနှစ် နွေရာသီမှာဖြစ်သည်။ အိမ်မှ စောစောစီးစီး ထွက်သွားပြီး နောက်ကျမှ ပြန်လာခဲ့ပါသည်၊။ နေ့တိုင်း အထည်များစွာ ရောင်းထွက်ပြီး ဖက်ထုပ်တချို့နဲ့ ပေါက်စီတချို့သာ စားပါသည်။ ထို့ကြောင့် ပိုက်ဆံအများကြီး ဝင်ငွေရှိခဲ့သည်။

"လုံလောက်ပါတယ်ဗျာ။ ဒါပေမယ့် စျေးတော့ မနည်းဘူးပဲ။" ဟူကျစ် သက်ပြင်းချလိုက်သည်။

"စျေးနှုန်းကတော့ အပြင်မှာလည်း ဒီတိုင်းပဲ။ ပြီးတော့ ဝယ်ဖို့ လွယ်တာမဟုတ်ဘူး။ ရှန်ရှန်ရဲ့ အဘွား သတင်းအရကောင်းလို့ပေါ့။  မဟုတ်ရင် ရက်ပိုင်းလောက်နဲ့ တခြားသူတွေ ဝယ်သွားလောက်တယ်။ သူတို့ ပြောင်းသွားတာ ရက်နည်းနည်းတောင်ကြာနေပြီ။” လီယုဖန်းက ပြောလိုက်ပါသည်။

ဒီအချိန်တွင် အိမ်ရာစီမံရေးဌာနက အားလပ်ရက်အတွက် မပိတ်သေးပါ။ ထို့ကြောင့် ဟူကျစ် သူ့ဒေါ်လေးဆီမှ ပိုက်ဆံ လာယူခဲ့ပါသည်။

လင်းချင်းဟယ်က သူ့ကို ပိုက်ဆံများ ပြန်အပ်ခဲ့သည်။ တစ်ပြားတစ်ချပ်တောင် မလျော့ပါ။ "နင့်မှာ စာတိုက်အကောင့်ရှိတယ်မလား။ နင့်စာတိုက်အကောင့်မှာ သွားထည့်လိုက်ချေ။"

ဟူကျစ်လည်း မငြင်းပါ။ ပထမဆုံး အိမ်ရာ ဝယ်ယူရေးကိစ္စကို ကိုင်တွယ်ပြီး ငွေချေလိုက်သည်။ ထို့နောက် ကျန်ငွေအနည်းငယ်ကို ထုတ်ပြီး ငွေသွင်းလိုက်ပါသည်။

ကျန်တာကိုတော့ ပရိဘောဂ အသစ်များ ဝယ်ယူဖို့ အသုံးပြုမည်။

ဟူကျစ်နဲ့ ချန်းရှန််ရှန်တို့ ဒီကိစ္စများကြောင့် အလုပ်များနေစဥ် ကန်းကျစ်က ပြောလိုက်ပါသည်။ "ဒေါ်လေး ကျွန်တော် ဒီနှစ် အိမ်ပြန်ဖို့ စီစဥ်ထာားတယ်။ အစ်မစစ်နီနဲ့ အစ်ကိုကော်တုန်းတို့ကော ဘယ်တော့ ပြန်မှာလဲမသိဘူး။ ကျွန်တော် သူတို့နဲ့ အတူတူ ပြန်ချင်လို့။”

"ရက် ၂၀ ဝန်းကျင်လောက် သွားကြလိမ့်မယ်။ နင် အတူတူ ပြန်ချင်တယ်ဆိုရင် အတိအကျ သွားမေးလိုက်ပေါ့။ ကော်တုန်းကို သွားတွေ့ပြီး လက်မှတ် ကူဖြတ်ခိုင်းလိုက်။ အခု ဝယ်ဖို့ မလွယ်တော့ဘူး။ သူက အတွင်းလူတွေအတွက် လက်မှတ် ရှိတယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ကန်းကျစ်က စစ်နီကို သွားတွေ့ခဲ့သည်။ ကျိုးစစ်နီနဲ့ ဝိန်ကော်တုန်းတို့က ၂၅ ရက်နေ့တွင် ပြန်ဖို့ စီစဥ်ထားသည်။ ဇန်နဝါရီလ ၇ ရက်နေ့အထိ နေပြီးမှ ပြန်လာကြမည်ဖြစ်ပါသည်။

ကျိုးစစ်နီက ဝိန်ကော်တုန်းကို အသိပေးပြီး သူမအမေကို ဖုန်းဆက်ခဲ့ပါသည်။

အကြီးဆုံးမရီးက ပြောလိုက်သည်။ "ငါလည်း ဒီနေ့ နင့်စတုတ္ထဒေါ်လေးကို ဖုန်းဆက်တော့မလို့ပဲ။ နင့်စတုတ္ထဒေါ်လေးကို ဖုန်းဆက်ဖို့ အချိန်ရှိလားလို့ မေးပေးပါလား။"

"အရေးကြီး ကိစ္စတစ်ခုခုဖြစ်လို့လား။" ကျိုးစစ်နီ ကြောင်သွားပါသည်။

"မဟုတ်ပါဘူး။ နင့်စတုတ္ထဒေါ်လေးနဲ့ စကားပြောချင်လို့ပါ။" အကြီးဆုံးမရီးက ပြန်ပြောလိုက်သည်။

ကျိုးစစ်နီက စတုတ္ထဒေါ်လေးကို သွားတွေ့ခဲ့ပါသည်။ ထိုအကြောင်းကိုကြားသောအခါ တစ်ခုခုဖြစ်နေသည်ဟု လင်းချင်းဟယ်ခံစားလိုက်ရသည်။ မဟုတ်ပါက သူမကို အထူးတလည် ခေါ်မှာ မဟုတ်ပေ။ ထို့ကြောင့် သူမ ဖက်ထုပ်ဆိုင်သို့ လာခဲ့ပြီး ဖုန်းပြန်ဆက်ခဲ့ပါသည်။

အကြီးဆုံးမရီးက ရွာအုပ်ချုပ်ရေးမှူးအိမ်မှာ ရှိနေဆဲဖြစ်ပြီး ချက်ချင်း ဖုန်းမြည်လာတာနဲ့ ကိုင်လိုက်ပါသည်။

"အကြီးဆုံးမရီး အိမ်မှာ အခုတလော အခြေအနေ ဘယ်လိုရှိလဲ" လင်းချင်းဟယ်က ရွှင်မြူးစွာ ပြောလိုက်သည်။

"ငါ့မိသားစု၊ တတိယမောင်တို့မိသားစု၊ ပြီးတော့ နင့်တတိယမောင်လေးလင်းတို့ မိသားစု အားလုံး အဆင်ပြေကြပါတယ်။ ဘာမှ စိုးရိမ်စရာ မလိုပါဘူး" အကြီးဆုံးမရီးက ပြုံးကာ ပြန်ဖြေလိုက်ပါသည်။

လင်းချင်းဟယ်က ဒုတိယမိသားစု တစ်ခုခု ဖြစ်ပြန်ပြီလားဟု တွေးလိုက်မိပါသည်။

"ချင်းဟယ်ရေ၊ လျို့နီက ရှားရှားရဲ့ မိန်းမကို ဆောင့်တွန်းလိုက်တာ ကလေးပျက်ကျသွားတယ်" အကြီးဆုံးမရီးက တီးတိုးပြောလိုက်ပါသည်။

"ဟင်" လင်းချင်းဟယ် မျက်မှောင်ကြုတ်သွားပါသည်။

အကြီးဆုံးမရီးက အဖြစ်အပျက်ကို ပြန်ပြောခဲ့သည်။

ကျိုးရှား၏ မိန်းမ မာမြောင်မြောင်က သဘောကောင်းသည့်လူမျိုး မဟုတ်ပါ။ အိမ်မှာ ဘဝင်မြင့်တတ်သည်။ သူမ၏ ယောက္ခမကိုလည်း ကျွန်တစ်ယောက်လို ခိုင်းစေနေသည်။

ကျိုးလျို့နီက သူမ အမေအိမ်ကို ပြန်လာပြီး သူမ၏ ယောက်မကို စိတ်ကျေနပ်အောင် လုပ်ပေးချင်ခဲ့သည်။ သို့သော်လည်း မာမြောင်မြောင်က လက်မခံပါ။

သူမကို ဖားယားဖို့ အသုံးမဝင်တာကို မြင်သောာအခါ ကျိုးလျို့နီက သူမဆီသွားပြီး ရန်ရှာခဲ့ပါသည်။

သူမ၏ ယောက္ခမကို နွားလို မြင်းလို ခိုင်းစေသောကြောင့် ရိုင်းစိုင်းသည်ဟု ရန်တွေ့ခြင်းဖြစ်သည်။ သူမ၏ မိသားစု သင်ပြမှုအတွက် အပြစ်တင်ဝေထန်သည်။ သူမကလည်း ချွေးမတစ်ယောက် ဖြစ်သော်လည်း သူမ ယောက်ျားအိမ်မှာ ဒီလောက် မရိုင်းစိုင်းရဲပါ။

အကျဥ်းချုပ်ပြောရလျှင် ကြားမကောင်းလှပါ။ မာမြောင်မြောင်က သူမကို ပါးရိုက်သည်။ ကျိုးလျို့နီလည်း သည်းမခံနိုင်တော့ဘဲ သူမကို တွန်းခဲ့ပါသည်။

နောက်ဆုံးမှာတော့ မာမြောင်မြောင် သတိလွတ်သွားပြီး လဲကျသွားကာ ဒီလိုနဲ့ ကလေးပျက်ကျသွားပါသည်။

"အခု ရှားရှားရဲ့ မိန်းမက ကွာရှင်းချင်နေပြီ။ ဒီကိစ္စ ဘယ်လိုဖြစ်သွားလဲ ကြည့်ပါဦး။ အခုတော့ ငါ့မှာတောင် ပြစရာမျက်နှာမရှိတော့ဘူး" အကြီးဆုံးမရီးက ပြောလိုက်ပါသည်။

ဒီအချိန် ကျိုးစစ်နီက ဝိန်ကော်တုန်းကို ပြန်ခေါ်လာပြီး ဝိန်ကော်တုန်းတစ်ယောက် နားလည်မှုလွဲသွားမှာကို သူမ စိုးရိမ်နေတာမှန်း လင်းချင်းဟယ် နားလည်ပါသည်။

"မိသားစုတွေ ခွဲနေကြတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ။ ကျွန်မတို့ မျိုးရိုးနာမည် ကျိုးမျိုးနွယ်ချင်း တူနေရင်တောာင် ကျန်တာ ဘာမှ မသက်ဆိုင်ဘူး။ စိတ်မပူပါနဲ့။ အကြီးဆုံးမရီး ကော်တုန်းက အမြင်မကျဥ်းပါဘူး။ ရှင့်ရဲ့ တတိယသားမက်ကလည်း ဒုတိယသားမက်လိုပဲ မဆိုးပါဘူး။" လင်းချင်းဟယ်က အာမခံလိုက်ပါသည်။

အကြီးဆုံးမရီးက အခုမှ အနည်းငယ် စိတ်အေးသွားကာ ပြောလိုက်ပါသည်။ "သူ ဘာမှ မထိခိုက်တာ ကောင်းပါတယ်။ အဲ့အကြောင်း စိုးရိမ်လွန်းလို့ စားတောင် မစားနိုင်ဘူး။"

All Chapters