← Chapters

အခန်း(၆၁၀) သားကြီးနဲ့ မိန့်ကျားတို့ ပြန်ရောက်လာခြင်း

Vol. 44 Ch. 610

အခန်း(၆၁၀) သားကြီးနဲ့ မိန့်ကျားတို့ ပြန်ရောက်လာခြင်း

Vol. 44 Ch. 610

အခန်း(၆၁၀) သားကြီးနဲ့ မိန့်ကျားတို့ ပြန်ရောက်လာခြင်း

အကြီးဆုံးမရီးက လင်းချင်းဟယ်နဲ့ ဖုန်းချလိုက်ပြီး သူမ၏ စိတ်ပူပင်မှုများလည်း ပုံမှန် ပြန်ဖြစ်သွားပါပြီ။

သူမ အိမ်ပြန်ရောက်သောအခါ မျက်နှာကတော့ သိပ်မကောင်းသေးပေ။

သူမ၏ အငယ်ဆုံးသား ကျိုးဝမ်က ပြောလိုက်သည်။ "အမေ စိတ်ညစ်စရာမလိုပါဘူး။ အဲ့ဒါ ဒုတိယမိသားစု ကိစ္စလေ။ သားတို့မိသားစုနဲ့ ဘာမှမဆိုင်ဘူး။ အရင်တစ်ခေါက် ဒုတိယယောက်ဖ ရောက်လာတုန်းကလည်း လျို့နီ ပြဿနာရှာခဲ့တာပဲ။ ဒုတိယယောက်ဖက ဂရုမစိုက်ခဲ့ဘူးလေ။"

ဒါကြောင့် အကြီးဆုံးမရီး စိတ်တိုနေတာပဲ မဟုတ်လား။

ဒီဒုတိယ မိသားစုက ကောင်းကောင်းမွန်မွန် မနေနိုင်ကြပါ။  ဒုတိယသားမက် ရောက်လာတုန်းက လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရသည့်သတင်းထွက်လာပြီး တစ်ရွာလုံး ပြန့်နှံ့သွားခဲ့သည်။

ထိုအချိန်တုန်းက အကြီးဆုံးမရီး၏ မျက်နှာ လုံးဝ နီရဲနေခဲ့ပါသည်။

မိသားစုတွေ ခွဲနေကြတာ ဆိုရင်တောင် သူတို့က ကျိုးမိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ ဒီလိုပြဿနာ ကြီးကြီးမားမား ဖြစ်ခဲ့သည်။

ကံကောင်းစွာဖြင့် ဒုတိယသားမက်က ဘာမှ ဂရုမစိုက်ခဲ့ဘဲ အဆင်ပြေခဲ့ပါသည်။

ထို့ကြောင့် အကြီးဆုံးမရီးက သူ့သားမက် ပြန်လာစဥ်  ဒုတိယမိသားစု၏ ပြဿနာရှာမှုကို စိတ်ထဲမထားတော့ပေ။ ဒီတစ်ခေါက် တတိယသားမက်က သူမ တတိယသမီးနဲ့ ပြန်လာမည်ဖြစ်ပြီး သူတို့ကတော့ မပြီးနိုင်ကြသေးပါ။

အကြီးဆုံးမရီး စိတ်မတိုဘဲနေပါတော့မလား။

ဒုတိယမရီးက သူမဆီလာပြီး အကူအညီတောင်းခဲ့သည်။ "အကြီးဆုံးမရီး ဒီကိစ္စကို ကူညီပေးပါဦး။ မြောင်မြောင်ကို ကူညီဖျောင်းဖြေပေးပါဦး။ ဒီအိမ်ထောင်ရေးက ကွဲလို့ မဖြစ်ဘူး။"

ကွာရှင်းလိုက်ပါက သူမ မျက်နှာပျက်ရလိမ့်မည်။ သူမ၏ အကြီးဆုံးသားက မြို့တော်က မိန်းမတစ်ယောက်ကို ယူနိုင်ခဲ့ပြီး သူမ မျက်နှာရခါစရှိသေးသည်။ ဒီရွာထဲမှာ သူမ ခေါင်းထောင်နိုင်ခဲ့၏။ သူတို့ ကွာရှင်းလို့ ဖြစ်ပါ့မလား။ ကွာရှင်းလိုက်ပါက သူတို့မိသားစု မိုးပြိုပါလိမ့်မည်။

အကြီးဆုံးမရီးကျိုးက သူမကို အတော်လေး စိတ်ရှုပ်နေပြီး ပြောလိုက်ပါသည်။ "ဒုတိယမရီး နင်ငါ့ကို အရမ်းအထင်ကြီးနေပြီ။ နင့်ချွေးမ လက်ထပ်ပြီးကတည်းက ဒီအိမ်ကို ခြေတစ်လှမ်းတောင် မလှမ်းဖူးဘူးလေ။ သူ့စိတ်ကို မသိတဲ့လူတွေက သူ့ကို မင်းသမီးတစ်ယောက်လို့တောင် ထင်မှာပဲ။ ယောက္ခမဖြစ်တဲ့ နင်တောင် သူ့မျက်လုံးထဲမှာ ဘာရာထူးမှ မရှိဘူးမဟုတ်လား။ ငါ့ကို ဒါတွေလာပြောလို့ ဘာတတ်နိုင်မှာလဲ။"

အကြီးဆုံးမရီးက ဒုတိယမရီးကို စိတ်ရှုပ်ရုံသာမကဘဲ ကျိုးရှား၏ မိန်းမကိုလည်း တော်တော်လေး  သဘောမကျပါ။ ကိစ္စတော့ မရှိပေ။ မိသားစုတိုင်းက ကိုယ့်ဘဝနဲ့ ကိုယ်သာ နေကြပြီး တစ်ယောက်ကို တစ်ယောက် မနှောင့်ယှက်ကြပါ။

သို့သော် သူမကို လာပြီး ကြားဝင်စေ့ပေးဖို့ အကူအညီလာတောင်းရင်တော့ မဖြစ်နိုင်ပါ။ သူမဆီကို ဘာမဟုတ်တာအတွက်နဲ့ ပြဿနာများ ဆွဲမခေါ်နိုင်ပေ။

"ဒုတိယမရီး ဘာမှ ပြောစရာမရှိတော့ရင် ပြန်ပါတော့။ ငါအလုပ်များနေလို့ပါ။" အကြီးဆုံးမရီးက သွေးအေးစွာ ပြောလိုက်ပါသည်။

ဒုတိယမရီးလည်း ပြန်သွားရုံသာ ရှိတော့သည်။ သို့သော်လည်း သူမ တော်တော် မကျေမနပ်ဖြစ်နေပါသည်။ အခု ပထမမိသားစုက မြို့တော်မှာ သားမက်ရှိနေပြီဆိုတော့ သူမတို့ ဒုတိယမိသားစုကို အမျိုးလို့တောင် မသတ်မှတ်ဘဲ ဒီလိုကိစ္စသေးသေးလေးကိုတောင် မကူညီချင်ကြတော့ပေ။

အကြီးဆုံးမရီးက ဒုတိယမရီး၏ အတွေးများကို မသိခဲ့ပါ။ သိရင်တောင် ဂရုမစိုက်အားပေ။ အားလုံးက ဒီအသက်အရွယ်တောင် ရောက်နေကြပြီဖြစ်သည််။ အရမ်း အထိမခံဖြစ်ဖို့ လိုအပ်ပါ့မလား။

သူတို့ အဆင်ပြေနိုင်ရင် ဆက်ဆံမည်။ မပြေပါက ဒီတိုင်းထားလိုက်မည်။

တတိယသားမက်လောင်း ရောက်လာမည်ဖြစ်သောကြောင့် အကြီးဆုံးမရီးက အကြီးဆုံးအစ်ကိုကို ကောင်တီမြို့သို စက်ဘီးဖြင့် လိုက်ပို့ခိုင်းသည်။

သူတို့ အိပ်ယာခင်း အသစ်နှစ်ခု ဝယ်ရမည်။ ဘယ်သူမှ မသုံးဖူးသည့် အရာမျိုး ဖြစ်၏။

ထို့အပြင် တတိယမရီး၏ ဆိုင်ကိုလည်း ဝင်ခဲ့ပါသည်။

အခုနှစ်ကုန်ဖြစ်နေပြီ။ ဒီက စီးပွားရေးက အလွန်အမင်း ကောင်းမွန်သည်။ ဘာပဲဖြစ်ဖြစ် အားလုံးက နှစ်သစ်ကူးအတွက် ပြင်ဆင်ကြရသည်။ ဒီကာလ၏ အထွတ်အထိပ်အချိန် ပြီးဆုံးသွားပါပြီ။

တတိယမရီးက သူမတို့ ဘာကြောင့် လာတာလဲဟု မေးခဲ့သည်။

အကြီးဆုံးမရီးက သူမကို ကျိုးစစ်နီ  ကောင်လေးနဲ့ ပြန်လာမည့်အကြောင်း ပြောပြခဲ့သည်။ တတိယမရီးက ဝမ်းသာစွာ ပြောလိုက်ပါသည်။ "ကောင်းတာပေါ့။ အာ့နီနဲ့ စစ်နီတို့ နှစ်ယောက်စလုံး  မြို့တော်က လူတွေနဲ့ လက်ထပ်နိုင်ကြတာပေါ့။"

ထိုသို့ပြောရင်း တတိယမရီး အနည်းငယ် မနာလိုဖြစ်မိပါသည်။ သူမသမီးဝူနီကိုလည်း မြို့တော်က လူနဲ့ အိမ်ထောင်ကျစေချင်သည်။ သို့သော်လည်း သူမက နားမထောင်ပေ။ သူမ မြို့ကြီးပြကြီးကို မသွားချင်ဘူးဟု ဆို၏။ ဒီ ကောင်တီမြို့ငယ်လေးမှာသာ စာသင်ချင်ပါသည်။

အကြီးဆုံးမရီးကျိုးက ဒုတိယမိသားစု၏ ဆိုးရွားသော ပြဿနာများအကြောင်း ပြောပြခဲ့ပါသည်။ မာမြောင်မြောင်၏ ဘဝင်မြင့်သောစိတ်ကြောင့် ဒီကိစ္စကတော့ ဒီအတိုင်း ဆက်ရှိနေဦးမည်။

တတိယသားမက်ရောက်မလာခင် ဒီကိစ္စ အမြန်ပြေလည်သွားပါစေဟု မျှော်လင့်မိပါသည်။

တတိယမရီးလည်း သတင်းကြားလိုက်ရပါသည်။ သူမက ရွာမှာ မနေတော့သဖြင့် ထိခိုက်မှုက မကြီးမားပေ။ သို့သော်လည်း သူတို့ ရွာမှာနေပြီး သားမက်တစ်ယောက် လာမည့်အချိန်ကျမှ ဒီလိုသတင်းမျိုး ပြန့်သွားလျှင်  သူမလည်း စိတ်ဆိုးမိပါလိမ်ိ့မည်။

"ဒီတိုင်း စကားလာပြောတာပါ။ ငါ အခု အိပ်ယာခင်းတွေ စောင်တွေ သွားဝယ်လိုက်ဦးမယ်။" အကြီးဆုံးမရီးက ပြောလိုက်သည်။

"သွားပါ" တတိယမရီးက ပြောလိုက်သည်။

ထို့နောက် သူမ တတိယအစ်ကိုကို ထိုအကြောင်း ပြန်ပြောခဲ့ပါသည်။ တတိယအစ်ကိုက နေ့တိုင်း ပစ္စည်းများ ပို့ဆောင်နေရသဖြင့် ထိုအကြောင်းကို သိပြီးပါပြီ။ သူ ပြောလိုက်သည်။ "အရင်တုန်းက ရှားရှားရဲ့ ကောင်မလေးကို တစ်ခါမြင်ဖူးတယ်။ ပေါင်းသင်းဆက်ဆံဖို့ တော်တော်လေး ခက်တဲ့လူတစ်ယောက်ပဲ။ လျို့နီကို ဒူးထောက်တောင်းပန်စေချင်တာလား။ လျို့နီက အဲ့လိုလိုက်လုပ်ရင် ထူးဆန်းနေမှာပေါ့။"

အမှန်ပင်။ မာမြောင်မြောင်က ကျိုးလျို့နီကို ဒူးထောက် တောင်းပန်စေချင်သည်။ မဟုတ်ပါက ဒီကိစ္စ ပြီးမှာ မဟုတ်တော့ပါ။

သို့သော်လည်း ကျိုးလျို့နီက သူမကို အရေးမစိုက်ပါ။ ကလေးပျက်ကျသွားတာတောင် ကျိုးလျို့နီက လက်ခုပ်တီးခဲ့သေးသည်။ ပြဿနာအကြီးကြီးတက်ဖို့ ခြေတစ်လှမ်းသာ လိုပါတော့သည်။

မာမိသားစု၏ မိဘများက ရောက်လာကြသည်။ သူတို့ သဘောထားကတော့ ကောင်းမွန်သည်။ ဘာပဲဖြစ်ဖြစ် ဒုတိယမရီးက မြေပေါ်သို့ ခေါင်းထိကာ တောင်းပန်ခဲ့ပြီး သူတို့ကို တက်နင်းခိုင်းမလိုတောင် လုပ်ခဲ့ပါသည်။ သူတို့သမီး၏ စိတ်ဓာတ်ကိုလည်း သူတို့ သေချာသိသည်။

ရိုးသားမှုနဲ့ လက်မှုပညာစွမ်းရည်ကြောင့်ပဲ သူတို့ ကျိုးရှားကို သားမက်အဖြစ် သတ်မှတ်ခြင်း မဟုတ်ပါ။ သူတို့သမီး ဘယ်လိုပုံစံလဲ ဆိုတာကိုလည်း သိနေသောကြောင့်ဖြစ်ပါသည်။ မာမြောင်မြောင်က သူမကိုယ်ဝန်ရှိနေကြောင်း မသိခဲ့ပေ။ မဟုတ်ပါက ဒီလိုဖြစ်နေမှာ မဟုတ်ပေ။

ထို့အပြင် သူမ ငယ်ပါသေးသည်။ သူတို့ စိတ်ထဲမထားဘဲ ဒီကိစ္စကို ပြေလည်ပေးဖို့ စီစဥ်လိုက်ပါသည်။

သို့သော်လည်း မာမြောင်မြောင်က လက်မခံပါ။ သူမ ကျိုးလျို့နီကို ဒူးထောက်တောင်းပန်ခိုင်းသည်။ မဟုတ်ပါက ကွာရှင်းပါမည်။

ပထမမိသားစုကော တတိယမိသားစုကော ဒီကိစ္စမှာ ဝင်မပါကြပါ။ ဒုတိယမိသားစုကိုသာ ကိုယ့်ပြဿနာကိုယ်ရှင်းခိုင်းလိုက်သည်။ ဘာပြောစရာလိုသေးလို့နည်း။

ကျွေးရွာမှာ ပြဿနာပေါင်းစုံတက်နေချိန် ကျိုးခိုင်နဲ့ ဝိန်မေ့ကျားတို့က မြို့တော်သို့ ပြန်မည့် ရထားပေါ် ရောက်နေကြပြီဖြစ်ပါသည်။

စခန်းမှ မြို့တော်သို့ သွားဖို့ အတော်လေး ကွာဝေးသည်။ မြို့တော်ရောက်ဖို့ ၃ ရက်လောက် ကြာခဲ့ပါသည်။

"ငါ့အိမ်အရင်သွားမလား။ နင့်အိမ်အရင်သွားကြမလား။" ကျိုးခိုင်က ဘူတာသို့ရောက်သောအခါ မေးလိုက်ပါသည်။

"ဒေါ်လေးလင်းနဲ့ နင့်ညီမလေးကို အရင်သွားတွေ့မယ်လေ။ ပြီးမှ ငါ့ကိုကားမောင်းပြန်လိုက်ပို့ပေါ့။" ဝိန်မေ့ကျားက ပြန်ဖြေလိုက်သည်။

"အဲ့တာ နင့်ညီမလေးပဲလေ။" ကျိုးခိုင်က ပြန်ပြောလိုက်သည်။

ပြုံးရင်း ဝိန်မေ့ကျား သူနဲ့အတူတူ ဘတ်စ်ကားစီးကာ ဖက်ထုပ်ဆိုင်သို့ တန်းလာခဲ့ပါသည်။

သူတို့ ပြန်မလာခင် ဖုန်းမဆက်ခဲ့ကြပေ။ ထို့ကြောင့် သူတို့စုံတွဲ ဖက်ထုပ်ဆိုင်သို့ ရောက်လာကြသောအခါ အားလပ်ရက် စတာနဲ့ ဖက်ထုပ်ဆိုင် တာဝန်ယူထားသော သားငယ် လန့်သွားပါသည်။ "မနေ့က မင်းတို့ အိမ်ပြန်လာကြပြီလားလို့ အမေ တွေးနေတာာ။ ဒီနေ့ရောက်လာမယ်လို့ ထင်မထားဘူး။"

"ဘာမှ ပြောမနေနဲ့တော့။ ငါတို့ကို ဖက်ထုပ် တစ်ပန်းကန်စီ ချပေးစမ်းပါ" ကျိုးခိုင်က ခရီးဆောင်အိတ်ကို ချလိုက်ပြီး ပြောလိုက်ပါသည်။

"အကြီးဆုံးမရီး ဘာစားချင်လဲ။ သိုးသား ဖက်ထုပ်စားမလား။" ကျိုးကွေ့လိုင်က မေးလိုက်ပါသည်။

ဝမ်းမိန်ကျားက  သူ့ကို မျက်စပစ်လိုက်သည်။ "စကားအရမ်းမများနဲ့။”

"သိုးသားဖက်ထုပ် ရှိတယ်။ မှိုနဲ့ အသားဖက်ထုပ်ရှိတယ်။ ကြက်ဥနဲ့ အသားဖက်ထုပ် ရှိတယ်။ တရုတ်နံနံဖက်ထုပ် ရှိတယ်။ ဘာစားချင်လဲ" ကျိုးကွေ့လိုင်က ပြုံးလိုက်သည်။

"တရုတ်နံနံဖက်ထုပ်" ဝိန်မေ့ကျားက ရွှင်ပျစွာ  ပြန်ဖြေလိုက်ပါသည်။

"ငါ့ကို သိုးသားဖက်ထုပ်ပေး" ကျိုးခိုင်က ပြောလိုက်သည်။

"မင်းတို့ သွားထိုင်ကြဦးလေ။" ကျိုးကွေ့လိုင်က သွက်လက်စွာ ဖက်ထုပ်များကို ချက်လိုက်ပါသည်။

ကျိုးခိုင်က သူ့ကိုမေးလိုက်သည်။ "ငါ့ညီမလေးက လိမ္မာလား။ ဂျီကျတတ်လား။"

"လိမ္မာပါတယ်။ သူဗိုက်ပြည့်ပြီး သန့်ရှင်းနေရင် မငိုဘူး။ သူက နည်းနည်း လူကပ်ပေမယ့် တခြားသူတွေကို မဟုတ်ဘူး။ အဖေ့ကိုပဲကပ်တာ။ သူက အဖေနဲ့ဆို ဆိုးတယ်" ကျိုးကွေ့လိုင်က ရယ်မောလိုက်ပါသည်။

ကျိုးခိုင်က ထိုအကြောင်းကြားသောအခါ သူ့ညီမကို ချီချင်လာသလို ခံစားလိုက်မိပါသည်။ ကျိုးကွေ့လိုင်က ပြောလိုက်သည်။ "ဘာတွေ လောနေတာလဲ။ အရင်စားကြပါဦး။ စားပြီးရင် ရေချိုးအိမ်သွားပြီး ရေချိုးလိုက်။ ပြီးမှ ပြန်လာမှ ချီပေါ့။ မဟုတ်ရင် အဖေက ချီခွင့်ပေးမှာ မဟုတ်ဘူးနော်။"

All Chapters