အခန်း(၆၁၂) အကြီးဆုံးမြေး
Vol. 44 Ch. 612
အခန်း(၆၁၂) အကြီးဆုံးမြေး
ညနေခင်းတွင် ဝိန်မေ့ကျားက သူတို့အိမ်မှာပဲ ညစာစားခဲ့ပါသည်။ ခမ်းခမ်းနားနား ညစာကို စားသောက်ပြီးနောက် ကျိုးခိုင်က သူမကို ကားဖြင့် ပြန်လိုက်ပို့ပေးခဲ့သသည်။
သူလည်း အိမ်ကို အလောတကြီး မပြန်ခဲ့ပါ။ ဝိန်မိသားစုအိမ်မှာ လက်ဘက်ရည်သောက်ဖို့ ထိုင်ပြီးမှ ပြန်လာခဲ့ပါသည်။
အိမ်ပြန်ရောာက်သောအခါ ကျိုးခိုင်က ဝိန်ကော်တုန်းနဲ့ စစ်နီတို့၏ကိစ္စအကြောင်းကို မေးခဲ့ပါသည်။
သူတို့မိသားစု အိမ်စီးကားဝယ်သည့် ကိစ္စကို မေးစရာ မလိုတော့ပါ။ သူ့မိဘတွေမှာ လုပ်ငန်း ဘယ်နှခုရှိသလဲဆိုတာ သူသိပြီးသား ဖြစ်ပါသည်။
"သူတို့ နောက်နှစ်လောက်ဆို လက်ထပ်လောက်တယ်။ အဲ့တာကြောင့် နင်နဲ့ မေ့ကျားတို့ကတော့ နောက်နှစ်ကို မေ့လိုက်ကြတော့။ အတူတူ လက်ထပ်တာ မကောင်းဘူး။ နင်တို့မှာ တခြားအစီအစဥ်တွေ ရှိကြသေးလာား။" လင်းချင်းဟယ်က မေးလိုက်သည်။
"ဒါဆို အရင်စေ့စပ်မယ်လေ။" ကျိုးခိုင်က သူ့ညီမလေးကို ချီရင်း ပြန်ဖြေလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။ ဒါ သူမ အကြံနဲ့ တူပါသည်။ လက်မထပ်ရသေးသော်လည်း စေ့စပ်ထားလို့ ရပါသည်။
"မနက်ဖြန်ကျရင် ငါ အစ်မဝိန်ကို စကားသွားပြောလိုက်မယ်။ ဒီနှစ်အကုန်ကျရင် နင်တို့အတွက် စေ့စပ် ဧည့်ခံပွဲတစ်ခု ကျင်းပပေးမယ်။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ကျိုးခိုင်က မကန့်ကွက်ပါ။ သူ့လက်ထဲက ညီမလေးလည်း နိုးသွားပါပြီ။ သူ့ကို မျက်လုံးပြူးပြူးလေးဖြင့် ကြည့်နေသည်။ သူ့ညီငယ်ကို လှမ်းမေးလိုက်သည်။ "ညီမလေးပုံတွေကိုကော ရိုက်ထားသေးလား။"
"ရိုက်ထားတာပေါ့။" သားငယ်က ပြန်ဖြေလိုက်သည်။
"နင်ခရီးအရှည်ကြီးလာရတာ ပင်ပန်းနေမှာပေါ့။ သွားနားလိုက်ဦး။" လင်းချင်းဟယ်က ပြောလိုက််သည်။
ကျိုးခိုင်က ပြန်ပြောလိုက်ပါသည်။ "မပင်ပန်းပါဘူး။ သူ့ကို ထပ်ချီထားလိုက်ဦးမယ်။"
သူ မပင်ပန်းသော်လည်း မိမိလေးကတော့ တိတ်ဆိတ်စွာ သန်းဝေနေပါသည်။ ကျိုးခိုင် မျက်တောင်ပင် မခတ်နိုင်ပါ။ "ချစ်ဖို့ကောင်းလိုက်တာ။ အဲ့တာကြောင့်လည်း အဖေက သမီးလေး လိုချင်တာကိုး။"
ချစ်ဖို့ အကောင်းဆုံးအချက်က နောက်မှ ဖြစ်သည်။ လောလောဆယ် ကလေးမလေးက ဗိုက်ဆာနေသဖြင့် သူ့ရင်ခွင်ထဲ အတင်းတိုးဝင်နေပါသည်။ ကျိုးခိုင် လန့်သွား၏။ ထို့နောက် ရယ်မောလိုက်သည်။ "သူ ဗိုက်ဆာနေပြီလား။"
"ဟုတ်တယ်။ အစ်ကိုကြီး အင်္ကျီလှန်ပြီး တိုက်လိုက်လေ။" ကျိုးကွေ့လိုင်က နောက်လိုက်သည်။
"ခွေးကောင်" ကျိုးခိုင်က ရွှင်ပျစွာ ငေါက်လိုက်သည််။ သူ့ညီမလေး တကယ်ဗိုက်ဆာနေတာကို မြင်သောအခါ သူ့အမေကို ပြန်ပေးလိုက်ပါသည်။
လင်းချင်းဟယ်က သူမကို အထဲခေါ်သွားပြီး နို့တိုက်လိုက်ပါသည်။ ထို့နောက် ချော့သိပ်လိုက်သည်။ ခဏလောက်ကြာသောအခါ သူမ အိပ်ပျော်သွားပါသည်။
ကျိုးချင်းပိုင်က သူ့သားကြီးကို လှမ်းကြည့်လိုက်ပါသည်။ "အထဲဝင်ပြီး သွားနားတော့လေ။"
ကျိုးခိုင် ဒီတစ်ခေါက်တော့ မငြင်းတော့ပါ။ သူတကယ်ပဲ ပင်ပန်းနေပါပြီ။ ထို့ကြောင့် အခန်းထဲမှာ သွားအိပ်လိုက်ပါသည်။ လင်းချင်းဟယ် ကျိုးချင်းပိုင်နဲ့ တခြားသူများက တီဗီကြည့်နေကြသည်။ ၉ နာရီကျော်သောအခါ တီဗီပိတ်လိုက်ကြပြီး အိပ်ယာဝင်ခဲ့ပါသည်။
နောက်တစ်နေ့ကျိုးခိုင်က မနက်စောစော လေ့ကျင့်ခန်း လုပ်ဖို့ အပြင်ထွက်လာခဲ့သည်။ သားငယ်ကလည်း ဆိုင်ကို သွားဖို့ ပြင်နေသည်။ သန်းဝေရင်း သူမေးလိုက်သည်။ "အစ်ကိုကြီး ရှားရှားပါးပါး ပြန်လာရတာကို နည်းနည်းလောက် ဆက်နားပါဦးလား။ ဦးလေးတို့ဆီက ပြန်လာတာလား။"
"အေး" ကျိုးခိုင်က လက်ထဲမှာ ဆီစိမ်စက္ကူထုပ်များကို ကိုင်ရင်း ဘန်းမုန့်များ စားနေပါသည်။ "စားဦးမလား။"
"စားမယ်" ကျိုးကွေ့လိုင်က သွားတိုက်လိုက်ပြီး တစ်လုံး ယူလိုက်ပါသည်။ "အစ်ကိုကြီး မင်းအချိန်ရရင် အစ်မမေ့ကျားကို အဘွားတို့ဆီခေါ်သွားလိုက်ဦး။ သူ တစ်ချိန်လုံး ပြောနေတာ။ အစ်မမေ့ကျားကို သေချာမမြင်ရသေးဘူးတဲ့။"
"ဟုတ်ပါပြီ။ ဒီနေ့ သွားလိုက်မယ်။" ကျိုးခိုင်က ခေါင်းငြိမ့်လိုက်ပါသည်။
"ငါတို့ အခု ကိုယ်ပိုင်ကားရှိနေပြီ။ အပြင်ထွက်တာ အရမ်းအဆင်ပြေတယ်။ ဒီနေ့ ရေပူစမ်းသွားချင်လား။ အရင်ကတော့ သွားမလို့ပဲ။ အစ်ကိုလတ်က မင်းပြန်လာမှ အတူတူ သွားစိမ်ကြမယ်လို့ ပြောလို့လေ" ကျိုးကွေ့လိုင်က ဘန်းမုန့်စားရင်း ပဲနို့သောက်လိုက်ပါသည်။
"မနက်ဖြန် သဘက်ခါမှ သွားကြမယ်။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည််။
"ဟုတ်ပြီ" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။ မနက်စာစားပြီးနောက် ဆိုင်သွားဖွင့်ခဲ့ပါသည်။
တကယ်တော့ ဒီအချိန်မှာ ၆ နာရီတောင် မကျော်သေးပါ။ မနက်ခင်းတွင် ရောင်းအား သိပ်မကောင်းပေ။ ၇ နာရီ ၈ နာရီနောက်ပိုင်းမှသာ တဖြည်းဖြည်း ရောင်းကောင်းလာမည်ဖြစ်ပါသည်။
ကျိုးခိုင်က ဘန်းမုန့်နဲ့ ပဲနို့များ ချန်ထားလိုက်သည်။ နောက်မှ ပြန်နွှေးပြီး စားလိမ့်မည်။ သူ့အဘိုးအဘွားများထံသို့ လာခဲ့ပါသည်။
အဖေကျိုးနဲ့ အမေကျိုးတို့လည်း နိုးနေကြပြီ။
သူတို့အားလုံး ဒီနှင်းထူသည့် ရာသီဥတုတွင် နောက်ကျသည့်အထိ အိပ်ကြပါသည်။
စုချန်းနဲ့ စုရွှမ်းတို့လည်း အခု ဘန်းမုန့်ဆိုင်မှာ မိဘများကို ကူညီပေးနေကြပါသည်။ သူတို့က မငယ်တော့ပါ။ သူတို့ အများကြီး ကူညီပေးနိုင်ပါသည်။
"လောင်တ ဘယ်တုန်းက ပြန်လာတာလဲ။” အမေကျိုး သွားတိုက်ပြီးနောက် သူမ၏ အဖိုးတန် အကြီးဆုံးမြေးကို မြင်လိုက်ရပါသည်။ သူမ အတိုင်းအထက်အလွန် ပျော်ရွှင်သွားပါသည်။ သူမစကားလုံးများ တစ်ခါတည်းနဲ့ ထွက်လာခဲ့သည်။
"အဘွား မနေ့ကမှ ပြန်ရောက်တာပါ။ နောက်ကျနေလို့ မလာခဲ့တာ။ အဲ့ဒါကြောင့် ဒီနေ့မနက်မှ လာခဲ့တာပါ။" ကျိုးခိုင်က ပြုံးကာပြောလိုက်သည်။
"မနက်စာ စားပြီးပြီလား။ ဘန်းမုန့်စားဦးမလား။” အမေကျိုးက သူ့မြေးကြီး၏ လက်ကို ကိုင်လိုက်ပါသည်။
"စားပြီးပါပြီ။ ဦးလေးတို့ဆိုင်က စားတာ" ကျိုးခိုင်က ရွှင်ပျစွာ ပြန်ဖြေလိုက်ပါသည်။ သူ့အဘွားကို အထဲသို့ ပြန်လိုက်ပို့သည်။ ပြောရမည်ဆိုလျှင် လူကြီးနှစ်ယောက်၏ အသက်က တော်တော်လေး ကြီးနေပါပြီ။ အရင်ကလို မသွက်လက်ကြတော့ပေ။
နှစ်တိုင်း သူပြန်လာသည့်အခါတိုင်း သူ့အဘိုးအဘွားများ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာကြတာကို ကျိုးခိုင် မြင်နိုင်ပါသည်။ ပြောင်းလဲမှုက အရမ်းသိသာလွန်းသည်။
"လောာင်တ ပြန်လာပြီဟေ့" အဖေကျိုးက အဝတ်အစားများ လဲနေရင်း အသံကြားလိုက်သည်။ ထွက်လာတော့ အကြိးဆုံးမြေးကို မြင်ကာ အပျော်လွန်သွားပါသည်။
"အဘိုး" ကျိုးခိုင်က ဂါဝရပြုလိုက်ပါသည်။
"မနက်စာစားပြီးပြီလား မင်းဦးလေးရဲ့ သိုးသားခေါက်ဆွဲက အရမ်းကောင်းတာ" အဖေကျိုးလည်း မေးလိုက်ပါသည်။
"စားပြီးပါပြီဗျာ" ကျိုးခိုင်က ပြန်ပြောလိုက်သည်။
"စားပြီးပြီဆိုရင်တောင် ထပ်စားဦး။ အဘိုးကြီး အိုးတစ်အိုးယူပြီး နည်းနည်းသွားယူလာခဲ့။ လောင်တလို အရပ်ရှည်ရှည်လူမျိုးအတွက် များများစားမှဖြစ်မှာပေါ့" အမေကျိုးက တိုက်တွန်းပါသည်။
ကျိုးခိုင်က ပြုံးလိုက်သည်။ သို့သော် လူကြီးနှစ်ယောက်၏ ဆန္ဒကို ထပ်ပြီး မငြင်းဆန်တော့ပါ။ နည်းနည်းလောက် ပိုစားလိုက်ရုံပဲရှိပါသည်။
အဖေကျိုးက အိုးတစ်လုံးကိုင်ပြီး ထွက်သွားသည်။
အမေကျိုးက သူ့ရဲ့ အားအင်ပြည့်ဝနေသော မြေးနားသာကပ်နေပြီး စခန်းက အဖြစ်အပျက်များအကြောင်း မေးမြန်းခဲ့ပါသည်။ ကျိုးခိုင်က သူမကို ပြန်ပြောပြသည်။ ထိုအကြောင်းများ ကြားလိုက်သောအခါ အမေကျိုးက စိတ်အေးသွားပါသည်။
"နင် ကော်တုန်းရဲ့ ညီမလေးနဲ့ တွဲနေတယ်လို့ အဘွားကြားတယ်။ ကော်တုန်းကိုတော့ မကြာမကြာတွေ့ပေမယ့် သူ့ညီမလေးကို မမြင်ဖူးသေးဘူး။" အမေကျိုးက ပြောလိုက်ပါသည်။
"ဒီနေ့ တွေ့ရအောင် ခေါ်လာပေးပါ့မယ်။ မနေ့က ဒီနှစ် စေ့စပ်ဖို့ စီစဥ်ထားတယ်လို့ အမေ့ကိုပြောခဲ့တယ်။ အစ်ကိုကော်တုန်းက နောက်နှစ် လက်ထပ်မှာဆိုတော့ တစ်ပြိုင်တည်း မဖြစ်ဘူး။ လာမယ့်တစ်နှစ်ကျော်မှ မင်္ဂလာဆောင်တော့မယ်" ကျိုးခိုင်က ပြောလိုက်သည်။
"အရင်စေ့စပ်ထားတာ ကောင်းပါတယ်။ မိန်းကလေးကောင်းတစ်ယောက်နဲ့ တွေ့ရင် စောစော စေ့စပ်ထားသင့်တယ်။" အမေကျိုးက သဘောတူသည်။
ကျိုးခိုင်က ရွှင်ပျစွာ ပြောလိုက်သည် ။ "ကျွန်တော်ပြန်မလာတာ ၁ နှစ်ပဲရှိသေးတာကို အိမ်မှာ အများကြီး ပြောင်းလဲသွားပြီပဲ။"
ညီမလေးတစ်ယောက် အပိုရောက်လာသည်။ ဟူကျစ်နဲ စစ်နီတို့လည်း လက်ထပ်ကြတော့မည်။ ဒီပြောင်းလဲမှုများက အကြီးစားပြောင်းလဲမှုများဖြစ်ပါသည်။
"မိသားစုက ဖွံ့ဖြိုးတိုးတက်မှုကောင်းဆီ ဦးတည်နေတာ။ နင် အိမ်မှာ မရှိတုန်း ဘာမှ စိတ်ပူဖို့ မလိုဘူးနော်။ အားလုံး အဆင်ပြေပါတယ်" အမေကျိုးက ပြန်ပြောလိုက်ပါသည်။ ခဏလောက် ကြာသောအခါ အဖေကျိုးက သိုးသားခေါက်ဆွဲတစ်အိုးဖြင့် ပြန်လာခဲ့ပါသည်။
"ခေါက်ဆွဲအရင်စားလိုက်ပါဦး။ ပျော့မသွားစေနဲ့။" အဖေကျိုးက ပြောလိုက်သည်။
ကျိုးခိုငက သူ့အဘိုးအဘွားများနဲ့အတူတူ မနက်စာ ထပ်စားလိုက်ပါသည်။ သူအိမ်မှာ ဗိုက်တစ်ဝက်လောက်ပဲပြည့်အောင်စားလာခဲ့သည်။ အခု ဒီကိုလာပြီး ထပ်စားလို့ အဆင်ပြေပါသည်။
"များများစားနော်။ အပြင်ဘက်မှာ မလွယ်ကူဘူး။ ဒီနှစ်ဘယ်လောာက်တောင် ပိန်သွားလဲကြည့်ပါဦး" အမေကျိုးက သူမအကြီးဆုံးမြေးအတွက် သိုးသားများ ခပ်ပေးရင်း ပြောလိုက်ပါသည်။
ကျိုးခိုင်က အကုန်စားလိုက်သဖြင့် အမေကျိုး ကျေနပ်သွားပါသည်။
သိပ်မကြာဘဲ စုထျန်နဲ့ စုယတို့ညီအစ်မများလည်း နိုးလာကြသည်။ သူတို့ ဝမ်းကွဲအစ်ကိုကြီး ကျိုးခိုင်ကို မြင်သွားပါသည်။
သူတို့ မှတ်မိကြပါသေးသည်။ ထို့အပြင် သူတို့အကြီးဆုံးအစ်ကိုကြီးကို အားကျကြသည်။ သူတို့ မျက်နှာသစ်ပြီးနောက် မနက်စာ အတူတူ စားခဲ့ကြသည်။
ကျိုးခိုင်က သူ့အဘိုးအဘွားများနဲ့ အတူတူစားသောက်ပြီးနောက် ကျောင်းဆီသွားခဲ့ပြီး ခေါင်းကိုင်အဘိုးကို သွားတွေ့ခဲ့ပါသည်။
အဘိုးဝမ်က ချောင်းအနည်းငယ်ဆိုးနေ၏။ ဆောင်းရာသီရောက်လာကတည်းက အာဟာရ ပြည့်ဝအောင် စားသောက်ခဲ့သော်လည်း နှစ်အစောပိုင်းများတုန်းက ပါလာသည့် အဖျားရောဂါ အမြစ်တစ်ခု ရှိနေပါသည်။ ထို့ကြောင့် ဆောင်းရာသီရောက်တိုင်း အနည်းငယ် ထိခိုက်လွယ်သည်။
"ပြန်လာပြီလား" အဘိုးဝမ်က သူ့ခေါင်းကိုင်မြေးကို မြင်လိုက်ရသဖြင့် အပျော်လွန်သွားပါသည်။
"ခေါင်းကိုင်အဘိုး ချောင်းဆိုးတာကို စစ်ဖို့ ဆေးရုံသွားပြီးပြီလား။" ကျိုးခိုင်က မျက်မှောင်ကြုတ်လိုက်ပါသည်။
"သွားပြီးပါပြီ။ အလတ်ကောင် လိုက်ပို့ပေးတယ်။ အငယ်ကောင်ကလည်း နောက်ပိုင်းဆေးစစ်ဖို့ လိုက်ပို့ပေးတယ်။ အားလုံးက လူကြီးရောဂါတွေပါပဲ။ ကြီးကြီးမားမား ပြဿနာမရှိဘူး။ အဲ့တာကြောင့် စိတ်မပူပါနဲ့။" အဘိုးဝမ်က ပြန်ပြောလိုက်ပါသည်။