← Chapters

အခန်း(၆၁၃) သဘောတူညီချက်

Vol. 44 Ch. 613

အခန်း(၆၁၃) သဘောတူညီချက်

Vol. 44 Ch. 613

အခန်း(၆၁၃) သဘောတူညီချက်

ဒီနှစ်အဘိုးဝမ်၏ အသက်အရွယ်ကြီးရင့်မှုက ပိုပြီး သိသာလာပါသည်။ သူ့ဆံပင်တွေလည်း အများကြီး ပိုဖြူလာခဲ့သည်။

အဖေကျိုးနဲ့ အမေကျိုးတို့ထက် ပိုပြီး အသက်ကြီးရင့်လာသည်။ ထို့အပြင် ချောင်းလည်း ဆိုးနေ၏။ ထို့ကြောင့် ကျိုးခိုင် သိပ်ပြီး စိတ်တိုင်းမကျခဲ့ပါ။

"မင်းမျက်နှာက ဘယ်လိုဖြစ်တာလဲ။ မင်းခေါင်းကိုင်အဘိုး ကျန်းမာရေးကောင်းပါတယ်ကွာ။ လူကြီးရောဂါတွေကြောင့်ပါ။ အငယ်ကောင်နဲ့လည်း စီစဥ်ထားတာရှိတယ်။ နောက်နှစ် နွေရာသီအားလပ်ရက်ကြရင် ခရီးဆက်ထွက်ကြမယ်။" အဘိုးဝမ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။

"ခေါင်းကိုင်အဘိုး ဖက်ထုပ်ဆိုင်မှာ သွားနေပါလား။ ကျွန်တော်တို့ အဲ့ဒီမှာ ဂရုစိုက်ပေးလို့ရတယ်လေ" ကျိုးခိုင်က အကြံပေးလိုက်ပါသည်။

"နောက်နှစ် မင်းဦးလေးတို့ မိသားစုက အိမ်ပြောင်းကြတော့မှာ။ အဲ့အခါကျရင် မင်းအဘိုးတို့အိမ်မှာ လူလွတ်သွားလိမ့်မယ်။ အဲ့ကျမှ မင်းတို့အဘိုးအဘွားတွေနဲ့ သွားနေလိုက်ပါ့မယ်" အဘိုးဝမ်က ပြောခဲ့သည်။

ကျိုးခိုင် ထိုစကားကိုကြားသောအခါ ပိုပြီး စိတ်အေးသွားပါသည်။ "အဲ့မှာနေရင် ဂရုစိုက်ခံရမှာပါ။"

"စားပြီးသွားပြီလား။" အဘိုးဝမ်က မေးလိုက်ပါသည်။

"အဘိုးကော" ကျိုးခိုင်က ပြောလိုက်၏။

"ငါစားပြီးပြီ။ မင်းမစားရသေးရင် အပြင်မှာ ထွက်စားကြမယ်။" အဘိုးဝမ်က ပြောလိုက်ပါသည်။

ကျိုးခိုင်က ခေါင်းခါလိုက်ပါသည်။ "ကျွန်တော်လည်း စားပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်စိတ်အေးဖို့ဆို ခေါင်းကိုင်အဘိုးကို ဆေးရုံမှာ ဆေးစစ်ဖို့ လိုက်ပို့ရမှဖြစ်မယ်။"

"ပိုက်ဆံဖြုန်းစရာမလိုပါဘူးကွာ။ ငါမကြာသေးခင်ကမှ စစ်ထားပြီးပါပြီ" အဘိုးဝမ်က လက်ရမ်းပြလိုက်ပါသည်။

ကျိုးခိုင်၏ တောင်းဆိုမှုအောက်တွင် နောက်ဆုံးတော့ အဘိုးဝမ် ကျိုးခိုင်နဲ့အတူ ဆေးရုံသို့ လိုက်လာခဲ့ရပါသည်။

"အဘိုးဝမ် ဘာလို့ ထပ်ရောက်လာပြန်တာလဲ။" ဒေါက်တာက ရွှင်ပျစွာ မေးလိုက်ပါသည်။

"ဒီကောင်လေးပေါ့။ သူပြန်လာတာနဲ့ ကျွန်တော်အအေးမိနေတယ်ကြားပြီး စိတ်ချရအောင် ဆေးရုံခေါ်လာတာပဲ။" အဘိုးဝမ်က ရှင်းပြလိုက်ပါသည်။

"ကျွန်တော် မှတ်မိတယ်။ ဒါ ခင်ဗျားရဲ့ အကြီးဆုံးမြေး မလာား။ အငယ်နှစ်ယောက်ထပ် အရပ်ရှည်တာပဲ" ဒေါက်တာက ပြုံးကာ ပြောလိုက်သည်။

အဘိုးဝမ်လည်း ပြုံးလိုက်သည်။ ကျိုးခိုင်က ပြောလိုက်၏။ "ဒုက္ခပေးရဦးမယ်ဗျာ ဒေါက်တာ"

"ဘာဒုက္ခမှ မရှိပါဘူး" ဒေါက်တာက ရွှင်ပျစွာ ပြန်ပြောရင်း အဘိုးဝမ်ကို ထပ်ပြီး ဆေးစစ်ပေးလိုက်ပါသည်။ ဘာမှ ပြင်းပြင်းထန်ထန် မဟုတ်ပါ။ လူကြီးရောဂါသာဖြစ်သည်။ "အရင်တုန်းက ရောဂါဟောင်းကို ဒီလိုထိန်းသိမ်းထားနိုင်တာ တော်တော်လေး ကောင်းပါတယ်။”

ထိုအခါမှ ကျိုးခိုင် စိတ်အေးသွားလေသည်။ သူ့ခေါင်းကိုင်အဘိုးကို အနားယူရန် အိမ်သို့ ပြန်ခေါ်လာခဲ့ပါသည်။

"အငယ်ကောင်က ငါ့ကို နေ့တိုင်း စွတ်ပြုတ်လာပို့တယ်လေ။ ငါကောင်းကောင်းစား ကောင်းကောင်းနေနိုင်တာပဲ။ အဲတာကြောင့် ဘာပြဿနာမှမရှိဘူး။ အသက်ကြီးတဲ့လူတိုင်း ဒီရောဂါတွေတော့ ရှိမှာပေါ့" အဘိုးဝမ်က ပြောလိုက်သည်။

"မနက်ဖြန်ကျရင် အဘိုးတို့ကို ရေပူစမ်းလိုက်ပို့ပေးမယ်" ကျိုးခိုင်က ပြောလိုက်သည်။

အဘိုးဝမ်က ရေပူစမ်းကို သဘောကျသဖြင့် ပြန်ပြောလိုက်ပါသည်။ "ဒါဆို မနက်ဖြန်ကျရင် မင်းတို့ အဘိုးအိမ်သွားပြီး စောင့်နေလိုက်မယ်။"

"ဒီနေ့ ကျွန်တော်တို့ အဘိုးအိမ်မှာ လာစားပါလာား။ ကျွန်တော့်ကောင်မလေးကို နေ့လည်ကျရင် ခေါ်လာမလို့။ ခေါင်းကိုင်အဘိုးလည်း သူ့ကို တွေ့ရတာပေါ့" ကျိုးခိုင်က ပြောလိုက်ပါသည်။

"ငါသိပါတယ်။ ကော်တုန်းရဲ့ ညီမလေးမလား။ ဝိန်မိသားစုက နောက်ကြောင်းရာဇဝင်ရှင်းပြီး သူ့မိဘတွေကလည်း အမြင်ကျယ်ပါတယ်။ ဒီလိုမိသားစုက ပျိုးထောင်ထားတဲ့ သမီးက မဆိုးနိုင်ပါဘူး။" အဘိုးဝမ်က ခေါင်းငြိမ့်လိုက်ပါသည်။

"ကျွန်တော် ဒီနှစ် စေ့စပ်ဖို့ စီစဥ်ထားတယ်။" ကျိုးခိုင်က ရွှင်ပျစွာ ပြောလိုက်သည်။

"ဒါဆို ခေါင်းကိုင်အဘိုးက မင်းတို့နှစ်ယောက်ကို လက်ဖွဲ့များများ ပေးရမှာပေါ့။" အဘိုးဝမ်က အပျော်လွန်သွားပါသည်။

ကျိုးခိုင်က သူ့ခေါင်းကိုင်အဘိုးနဲ့ ၁ နာရီလောက် စကားပြောပြီးနောက် ပြန်လာခဲ့ပါသည်။ ကျိုးချင်းပိုင်နဲ့ ကျိုးရွှမ်တို့လည်း နိုးလာကြပါပြီ။

လင်းချင်းဟယ်ကတော့ အိပ်နေဆဲဖြစ်သည်။ အငယ်ဆုံးသမီးလေးလည်း အိပ်နေပါသည်။

အဘယ့်ကြောင့်ဆိုသော် သူမ  မနက် ၄ နာရီလောက် ကလေးကို သေးခံလဲပေးပြီး နို့တိုက်ဖို့ အိပ်ယာထခဲ့ရသောကြောင့်ဖြစ်ပါသည်။ ပြီးခါမှ ပြန်ချော့သိပ်ပြီး အိပ်ယာပြန်ဝင်ခဲ့ရပါသည်။

ကျိုးခိုင်က အထဲဝင်ပြီး ကြည့်လိုက်သည်။ ထို့နောက် ဝိန်မိသားစုတို့ အိမ်ကို သွားပြီး ဝိန်မေ့ကျားကို သွားခေါ်ဖို့ ပြင်လိုက်သည်။

သို့သော်လည်း ကျိုးချင်းပိုင်က သူ့ကို တားလိုက်ပါသည်။ ကျိုးချင်းပိုင်က သူ့သားကြီးကို အောက်ထပ်လာပြီး တိုက်ခိုက်ဖို့ ခေါ်လိုက်ပါသည်။

"အဖေ သားကို အားသုံးစေချင်တာလား" ကျိုးခိုင်က ပြုံးလိုက်သ်ည်။

ကျိုးချင်းပိုင်က သူ့ကိုကြည့်ပြီး လက်သီးဖြင့် ထိုးလိုက်သည်။ သားအဖနှစ်ယောက် အောက်ထပ်မှာ လက်ရည်စမ်းနေကြပါသည်။

ကျိုးချင်းပိုင်ကိုလည်း အထင်သေးလို့မဖြစ်ပါ။ သူက အသက် ၄၀ ဝန်းကျင်ရှိနေသဖြင့် မကိုင်တွယ်နိုင်ဘူးဟု ထင်လို့မရပါ။ သူသိပ်ပြီး မလေ့ကျင့်တော့သော်လည်း သူ့စွမ်းရည်များကတော့ ကျန်နေဆဲဖြစ်ပါသည်။

ကျိုးရွှမ်က ဘေးက ကြည့်နေ၏။

တခြား လမ်းသွားလမ်းလာများလည်း သားအဖနှစ်ယောက် လက်ရည်စမ်းနေကြတာကို မြင်သွားကြပါသည်။ ကျိုးမိသားစုကို ဘယ်သူမှ အနိုင်မကျင့်ရဲကြတော့တာကိုတော့ ဝန်ခံရပါမည်။

အမျိုးသမီးကျန်းကလည်း ဟင်းချက်ပစ္စည်းများဝယ်ပြီး အိမ်ပြန်လာသောအခါ သားအဖနှစ်ယောက် တိုက်ခိုက်နေတာကို မြင်သွားပါသည်။

ဒီလို ထင်ရှားသည့် ပြသမှုကြောင့် အမျိုးသမီးကျန်းတစ်ယောက် မြင်မြင်ချင်း စိတ်ထဲမကောင်း ဖြစ်သွားပါသည်။ ထို့ကြောင့်လည်း ဒီသားအဖနှစ်ယောက်က သူမ၏ ညီအစ်မများးကို သဘောမကျတာ ဖြစ်သည်။ မျက်နှာတင်မဟုတ်ဘဲ တိုက်ခိုက်စွမ်းအားကြောင့်လည်းပါပါသည်။

တခြားလူများတောင် ထွက်ကြည့်ကုန်ကြလေပြီ။ ယောက်ျားသားများက အားကျကုန်သည်။ အမျိုးသမီးများကတော့ မနာလိုဖြစ်ကုန်၏။ ဒီလို သားမျိုး ယောက်ျားမျိုးရထားတာကို ဘယ်သူက မနာလိုမဖြစ်ဘဲ နေမည်နည်း။

အကြာကြီး တိုက်ခိုက်ပြီးနောက် သားအဖနှစ်ယောက်သား ရပ်တန့်လိုက်ကြသည်။

ကျိုးချင်းပိုင်တစ်ယောက် သူ အသက်ကြီးလာပြီဆိုတာကိုတော့ တကယ်ဝန်ခံရပါမည်။ လွန်ခဲ့သည့် ၅ နှစ်တုန်းကဆို သူ့သားကြီး အမောဆို့နေလောက်ပြီ။ အခုအချိန်မှာတော့ ကျိုးခိုင်ကတော့ ဟောဟဲပင် မစိုက်ပါ။

၅ နှစ်လောက် ကြာသည့်အခါမှာတော့ ကျိုးချင်းပိုင်က ဟောဟဲစိုက်နေလေပြီ။ သားကြီးလည်း အနည်းငယ် မောပန်းသော်လည်း အားအင်အများကြီး သိပ်မသုံးရသေးတာ သိသာပါသည်။

၅ နှစ်အချိန်သာ ကွာဟသည်။ ကျိုးချင်းပိုင် အလွန်စိတ်မကောင်းဖြစ်သွားပါသည်။

ယောက်ျားတစ်ယောက် အသက် ၄၀ သို့ ရောက်လာသောအခါ ခန္ဓာကိုယ်မှာ နှစ်တိုင်း ပိုပို ဆိုးရွားသွားလိမ့်မည်။ ထို့ကြောင့် လေ့ကျင့်ခန်း ပိုလုပ်ဖို့ လိုအပ်ပါသည်။

ထိုအချိန်တွင် လင်းချင်းဟယ် အိပ်ယာာထလာခဲ့ပါသည်။ ကလေးမလေးက စပြီး ဂျီကျလာသောကြောင့် ဖြစ်ပါသည်။

"ရှင်တို့ ဘယ်သွားကြတာလဲလို့ တွေးနေတာ" လင်းချင်းဟယ်က လက်ထဲမှာ သေးခံကိုကိုင်ရင်း ပေြာလိုက်သည်။

"ကိုယ်လုပ်ပေးမယ်" ကျိုးချင်းပိုင်က ပြောလိုက်သည်။

"ရပါတယ်။ နည်းနည်းလောက် သွားနားလိုက်ပါဦး။ ဘယ်လောက်တောင် မောနေလဲကြည့်ပါဦး။" သူ့စကားကြောင့် ကျိုးချင်းပိုင် ရင်နာသွားတာကို လင်းချင်းဟယ် မသိလိုက်ပါ။ သူမ သမီးလေး၏ သေးခံကို လဲပေးလိုက်ကာ ပေါင်ဒါဖြူးပေးလိုက်သည်။

ဒီနေ့က သမီးလေးကို ရေချိုးအိမ်ခေါ်သွားပြီး ရေချိုးပေးရမည့်အချိန်ဖြစ်ပါသည်။

"သားကြီး ဘယ်မှာလဲ။" လင်းချင်းဟယ်က မေးလိုက်သည်။

"ဝိန်မိသားစု အိမ်ကို သွာားတယ်" ကျိုးရွှမ်က ပြန်ဖြေလိုက်သည်။

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ သူမလည်း ဝိန်မိသားစုအိမ်ကို သွားပြီး စေ့စပ်ပွဲကိစ္စ ပြောရဦးမည်။ သမီးလေးကို နို့တိုက်ပြီးနောက် အဖေဖြစ်သူဆီသို့ ပေးလိုက်ပါသည်။

လင်းချင်းဟယ်က မနက်စာစားသောက်ပြီးနောက် အမေဝိန်ကို လာတွေ့ခဲ့ပါသည်။

ကျိုးခိုင်နဲ့ ဝိန်မေ့ကျားတို့ နှစ်ယောာက်စလုံးလည်း အမေဝိန်၏ အထည်ဆိုင်တွင် ရှိနေကြသည်။

"နင်တို့ ဒီမှာရှိနေမှာ ထင်သားပဲ။" လင်းချင်းဟယ်က ရယ်မောလိုက်ပါသည်။

"ချင်းဟယ် အချိန်မှန်ရောက်လာတာပဲ။ ရှင်နဲ့ ဆွေးနွေးစရာရှိလို့" အမေဝိန်က ပြုံးလိုက်ပါသည်။

လင်းချင်းဟယ်လည်း ပြုံးကာ ပြောလိုက်ပါသည်။ "ကျွန်မကောပဲ"

သူမတို့နှစ်ယောက် အချင်းချင်း ကြည့်လိုက်ကာ ကျိုးခိုင်နဲ့ ဝိန်မေ့ကျားတို့ကို ပြန်ကြည့်လိုက်ပြီး နှစ်ယောက်စလုံး ရယ်မောလိုက်ကြပါသည်။ သူတို့က ရင်းနှီးလွန်းသဖြင့် ဘာမှအားနာဖို့ မလိုတော့ပေ။

"ချင်းပိုင်ကို မနေ့က ပြက္ခဒိန်ကြည့်ခိုင်းထားတယ်။ မနက်ဖြန် သဘက်ခါက သင့်တော်တယ်တဲ့။ နေ့ရက်ကောင်းပဲ။ အဲ့တာကြောင့် ကျွန်မသူတို့ကို အရင်စေ့စပ်ပေးထားမလားလို့။ လက်ထပ်ဖို့ကတော့ ငယ်ပါသေးတယ်။ ဖြည်းဖြည်းချင်း ဆောင်ရွက်လည်း ကိစ္စမရှိပါဘူး။" လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။

အမေဝိန် အတွေးလည်း အတူတူပဲဖြစ်ပါသည်။

နောက်နှစ် သူမ၏ သားကြီးက လက်ထပ်တော့မည်။ တစ်နှစ်ထပ် နှစ်မင်္ဂလာဆောင်တာ မကောင်းပါ။ ထို့အပြင် အငယ်ဆုံးသမီးကလည်း ငယ်ပါသေးသည်။ ထို့ကြောင့် သူမ၏ အစ်ကိုကြီးကို အရင် မင်္ဂလာဆောင်ခွင့်ပေးလိုက်မည်။

ဘာပဲဖြစ်ဖြစ် ဒီလူပျိုကြီးက နောက်ဆုံးတော့ အချစ်ပန်းပွင့်လာပြီဖြစ်သည်။ ထို့ကြောင့် စောစော လက်ထပ်ပြီး စစ်နီ သူ့ကို မကြိုက်ဘဲ လက်မထပ်တော့တာမျိုးကို ရှောင်ရှားတာ ကောင်းပါသည်။

ရထားပေါ်တက်သွားသည့် ဝိန်ကော်တုန်းကတော့ သူ့ကို ဒီလိုအထင်သေးနေကြတာ မသိလိုက်ပါ။

မိသားစုနှစ်စုက တစ်ယောက်စိတ်ကို တစ်ယောက်နားလည်ကြသည်။ ထိ့ကြောင့် အတူတူ သဘောတူပြီး မနက်ဖြန် သဘက်ခါကျရင် ကလေးနှစ်ယောက်အတွင် စေ့စပ်ဧည့်ခံပွဲကျင်းပဖို့ အသင့်ဖြစ်နေကြပါပြီ။

ဒီကိစ္စကို အဆုံးသတ်ပြီးသွားသောအခါ လင်းချင်းဟယ်က သားကြီးကို မေ့ကျားအား အဘိုးအဘွားများထံသို့ လိုက်ပို့ဖို့ ပြောလိုက်ပါသည်။ သူမကတော့ နေခဲ့ပြီး အမေဝိန်အာား မွေးရပ်မြေက ကိစ္စများကို ပြောပြခဲ့ပါသည်။

"ခမည်းခမက်တို့အမေ အဲ့တာတွေ စိတ်ပူဖို့ မလိုပါဘူး။ ခမည်းခမက်တို့အမေကို သူတို့မိသားစုက ခွဲနေပြီးသားလို့ ပြောလိုက်ပါ။ အားလုံးက ကိုယ့်ဘဝနဲ့ ကိုယ်နေကြရတာ။ အခုက လူမှုနေထိုင်မှုပုံစံ အသစ်ကို ရောက်နေပြီ။ အရင်ကလို မဟုတ်တောာ့ဘူး" အမေဝိန်က ပြောလိုက်ပါသည်။

All Chapters