အခန်း(၆၁၅) လှပသော နှစ်တစ်နှစ်
Vol. 44 Ch. 615
အခန်း(၆၁၅) လှပသော နှစ်တစ်နှစ်
ဒီနှစ်ကုန်ခြောက်ဆိုင် ရောင်းအားက တကယ်ပဲ ကောင်းမွန်ပါသည်။ အရင်နှစ်တုန်းကထက် အများကြီး ပိုကောင်းမွန်သည်။
ကျိုးကွေ့လိုင်နဲ့ ကျိုးရွှမ်တို့က မနက်စောစောမှ မွန်းတည့်ချိန်အထိ အလုပ်လုပ်ခဲ့ကြသည်။ သူတို့ နေ့လည်စာစားဖို့ ပြန်လာသောအခါ ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။ "အမေ ကျွန်တော်တို့ ဒီနှစ်ကုန်ရင် လက်ဆောင်ဗူး ထုတ်လုပ်သူတစ်ယောက်လောက် ရှာမှထင်တယ်။ ဒီအိတ်တွေက သိပ်မကောင်းဘူး။"
"ဒါပေါ့။ နောက်နှစ်ကစပြီး တစ်သုတ်မှာလို့ရတယ်။ အဲ့အချိန်ရောက်လာရင် ရှာဖို့က နင့်တာဝန်ပဲ။" လင်းချင်းဟယ်က ပြောလိုက်သည်။
"အစ်ကိုလတ်ကို ရှာခိုင်းလိုက်ပါလား။" ကျိုးကွေ့လိုင်က အပျင်းထူချင်သည်။
"နင်က အနာဂတ်မှာ စီးပွားရေး လုပ်မှာ မဟုတ်ဘူးလား။ ဒါတွေကို သင်ယူမှ ဖြစ်မှာပေါ့၊။, နင့်အစ်ကိုလတ်က နင်နဲ့ လမ်းချင်း မတူဘူး" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ကျိုးကွေ့လိုင်က ပြန်ချေပစရာ စကားမရှိတော့ဘဲ လက်ခံလိုက်ရပါသည်။
သူတို့ နာမည်အောက်က လုပ်ငန်းအားလုံး အနက် ဖျော်ရည်ဆိုင်နဲ့ ကုန်ခြောက်ဆိုင်များကိုသာ ဖွင့်ထားသည်။ ကျန်ဆိုင်များကို ပိတ်ထားခဲ့ပါသည်။
အားလပ်ရက် ပိတ်ရက်များကိုတော့ ပေးရမည်။ ပေးသင့်သည့် လစာ ၂ ဆ ကိုလည်း ပေးထားသည်။ သူတို့ နှစ်သစ်ကူးညအထိ အလုပ်များခဲ့ကြပြီးမှ ပြီးဆုံးသွားလေသည်။
မနက်ခင်းတွင် ရောင်းအားတချို့ရှိပါသေးသည်။ သို့သော် ၁၂ နာရီကျော်ရင်တော့ ဝယ်သူ မရှိတော့ပါ။
ထို့ကြောင့် လီအိုက်ကော်နဲ့ ကျိုးစန်းနီတို့ သန့်ရှင်းရေး လုပ်လိုက်ကြပြီး သူတို့သားလေး ဖန်ဖန်နဲ့အတူ အဖေကျိုးနဲ့ အမေကျိုးတို့ အိမ်သို့ နှစ်သစ်ကူးညစာအတွက် လာခဲ့ပါသည်။
ဒီနှစ်ဝိန်ကော်တုန်းနဲ့ ကျိုးစစ်နီတို့က ကျေးရွာ ပြန်သွားကြသည်။ အိမ်မှာ အဖေဝိန်၊ အမေဝိန်နဲ့ ဝိန်မေ့ကျားတို့သာ ကျန်သဖြင့် သူတို့ အတူတူလာစားကြရပါမည်။
လူများလေလေ ပိုစည်ကားလေလေဖြစ်ပါသည်။ သူတို့ ဖက်ထုပ်ဆိုင်သို့ လာစားခဲ့ကြပါသည်။
သားလတ်ကို အဘိုးအဘွားများအိမ်သို့ ဒီဘက်အိမ်က ကိုယ်စားလှယ်အဖြစ် သွားစားခိုင်းခဲ့သည်။
"မနှစ်ကလည်း စားခဲ့တယ်။ ဒီနှစ်လည်း လာစားရပြန်ပြီ။ ကျွန်မ အများကြီး သက်သာတာပေါ့ရှင်" အမေဝိန်က ယမကာတချို့ သောက်လိုက်ပြီး ရွှင်ပျစွာ ပြောလိုက်ပါသည်။
"နှစ်တိုင်း ဒီလိုပဲ ပျော်ရွှင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘယ်လောက်တောင် သက်ဝင်လိုက်သလဲ" လင်းချင်းဟယ်က ပြောလိုက်သည်။
"ဖြစ်နိုင်ရင် ကျွန်မလည်း ကျင်းပချင်ပါတယ်။” အမေဝိန်လည်း ပျော်ရွှင်ပါသည်။
"ဘာတွေပြောနေတာလဲ ဒေါ်လေးဝိန်။ ဒေါ်လေး ဆန္ဒရှိရင် ဘာပြဿနာမှ မရှိဘူးလေ" ကျိုးကွေ့လိုင်က ဝိုင်နည်းနည်း သောာက်လိုက်ပြီး စကားပြောပြီးနောက် နှုတ်ခမ်းကို ကျေနပ်စွာ ပွတ်လိုက်ပါသည်။
သူက ဒီနှစ်သစ်ကူးအပြီးတွင် အသက် ၁၈ နှစ်ပြည့်ပြီးပြီဖြစ်ပါသည်။ ထို့ကြောင့် လင်းချင်းဟယ်က သူ့ကို မတားမြစ်ဘဲ သောက်ခွင့်ပေးလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်း စီးပွားရေးလောကထဲ ဝင်ချင်ရင် လူတွေနဲ့ ဆက်ဆံတတ်ရမည်။ အောင်ပွဲခံ ခွက်ချင်းတိုက်တာတွေလည်း လုပ်လာရနိုင်သည်။
"သားငယ် အများကြီး မသောက်နဲ့" အမေဝိန်က ရယ်မောလိုက်ပါသည်။
"ဟုတ်ကဲ့ပါ ကျွန်တော် အများကြီး မသောက်ပါဘူး။ ဒါပေမယ့် ဦးလေးဝိန်နဲ့ ဒေါ်လေးဝိန်တို့နဲ့ အရင်ခွက်ချင်း တိုက်လိုက်ဦးမယ်။ နှစ်တိုင်း အကောင်းဆုံး ဖြတ်သန်းနိုင်ကြပြီး ပိုပို ငယ်ရွယ်လာကြပါစေလို့ ဆုတောင်းပါတယ်ဗျာ" ကျိုးကွေ့လိုင်က ဆုတောင်းပေးလိုက်သည်။
အဖေဝိန်က ပျော်ရွှင်စွာဖြင့် သူနဲ့ ခွက်ချင်း တိုက်လိုက်ပါသည်။ "မင်းလည်း မကြာခင် ကောင်မလေး ရပါစေလို့ ဆုတောင်းပေးပါတယ်ကွာ။"
အမေဝိန်က ယမကာခွက်နဲ့ တိုက်ပြီး ထိုသို့ပဲ ပြောကာ ပျော်ရွှင်စွာဖြင့် သောက်လိုက်ပါသည်။
ကျိုးခိုင်က ပြောလိုက်၏။ "အဖေ ညီငယ် ဘွဲ့ရပြီးရင် သူ့ကို သူ့ဖာသာသူ တခြားလုပ်ငန်းတွေ ထွက်လုပ်ခိုင်းလိုက်။ သူ့ကို ပိုပြီးလေ့ကျင့်ခိုင်းလိုက်ပါ။”
"သေချာတာပေါ့။ မင်းပြောစရာမလိုပါဘူး။ ငါဘွဲ့ရတာနဲ့ ငါ့ဖာသာငါ အတွေ့အကြုံတွေ ထွက်ယူမှာကွ။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
"မင်းက အနာဂတ်မှာ ဘာလုပ်ချင်တာလဲ။" အဖေဝိန်က မေးလိုက်ပါသည်။
"ကျွန်တော် ဖက်ထုပ်စက်ရုံတစ်ခု ထောင်ချင်တာခ။" ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်ပါသည်။
"ဖက်ထုပ်စက်ရုံဟုတ်လား။ အဲ့တာက စီးပွားရေးလား ရှားပါးတာလည်း မဟုတ်ပါဘူး။" အမေဝိန်က ပြောလိုက်သည်။
"ရှားပါးတာမဟုတ်လို့ မလွယ်ကူဘူး။ ဖြည်းဖြည်းချင်း အစီအစဥ်ချရမှာပေါ့။ အဲ့ဒီအစီအစဥ်ရှိတယ်။ နောက်ပိုင်း ပိုပြီးသင့်တော်တာ ရှိမလား ရှာရမှာပေါ့။ ဘယ်အရာမှ မသေချာဘူးလေ။" ကျိုးကွေ့လိုင်က လေလုံးကြွားလိုက်ပါသည်။
"အထည်ဆိုင်လုပ်ငန်းက အတော်လေး ကောင်းတယ်ထင်တယ်။ ဘာလို့ အဲ့တာပဲ မလုပ်တာလဲ။" အမေဝိန်က ပြောလိုက်သည်။
"ဒေါ်လေးဝိန် ဒီနှစ် ဝင်ငွေဘယ်လိုလဲ။" ကျိုးကွေ့လိုင်က ပြုံးကာ ပြောလိုက်ပါသည်။
အမေဝိန်က ပြုံးလိုက်၏။ "တော်တော်လေး အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ဆိုင်တည်း ရှိတာဆိုတော့ နင့်အမေရဲ့ ဆိုင်တွေအများကြီးနဲ့ ယှဥ်လို့မရဘူးပေါ့။"
"တူညီတာတွေချည်းပဲလုပ်လို့ သိပ်မကောင်းဘူးဗျ။ အဲ့တစ်ခုတည်းက ပိုက်ဆံမရဘူးဆိုရင် ဘယ်လောက်တောင် ဖိအားများလိုက်မလဲ။ တခြား လုပ်ငန်းတွေကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားရမှာပေါ့။ ဒီတစ်ခု အလုပ်မဖြစ်တဲ့အခါကျ နောက်ထပ်နှစ်ခု သုံးခုလောက်ရှိလာမှာပေါ့။ အဲ့အခါကျမှ ပိုပြီး တည်ငြိမ်မှု ရှိလာမှာလေ။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
ထိုစကားလုံးများ ထွက်လာသောအခါ လင်းချင်းဟယ်က သူမ၏ သားငယ်ကို အံ့သြစွာ ကြည့်လိုက်ပါသည်။
သူ့မှာ ဒီလိုတွေးနိုင်ခေါ်နိုင်ပြီး ဒီလောက်အထိ စဥ်းစားနိုင်လောက်သည့် ဦးနှောက်မျိုး ရှိသည်ဟု မထင်ခဲ့ပါ။
"သူပြောတာ နားထောင်မနေနဲ့။ အကုန်လေလုံးကြွားနေတာ။ များများစားကြပါ" ကျိုးချင်းပိုင်က သူ့သမီးလေးကို ချီထားရင်း အဖေဝိန်နဲ့ အမေဝိန်တို့ကို ပြောလိုက်ပါသည်။
အဖေဝိန်က ပြုံးလိုက်ပြီး သူ့ကိုခွက်တစ်ခွက် တိုက်ပေးလိုက်ပါသည်။
ဒီစားသောက်ပွဲက အလွန်အားရဖို့ ကောင်းပါသည်။ သူတို့ စားသောက်နေရင်းတန်းလန်း သားလတ်ပြန်လာပြီး ဝင်စားလေသည်။
မိသားစုတစ်စုလုံး ပြန်လုံပေါင်းစည်းသွားပြီး နှစ်သစ်ကူး ညစာကို ပျော်ရွှင်စွာ စားခဲ့ကြပါသည်။
စားသောက်ပြီးနောက် ကျိုးခိုင်က ဝိန်မေ့ကျားကို လမ်းလျှောက်ဖို့ ခေါ်ထုတ်သွားခဲ့သည်။ ကျိုးရွှမ်နဲ့ ကျိုးကွေ့လိုင်တို့က သန့်ရှင်းရေးလုပ်နေကြ၏။ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က အဖေဝိန်နဲ့ အမေဝိန်တို့အား လက်ဖက်ရည်သောက်ပြီး နှစ်သစ်ကူးပွဲတော် ကြည့်ရှုဖို့ တစ်ထပ်အိမ်သို့ ခေါ်လာခဲ့ကြသည်။
အမေဝိန်က မိမိလေးကို ချီရင်း ပြောလိုက်ပါသည်။ "အသက် ၄၀ မှာ ကလေးမွေးရတာ ဖိအားအရမ်းများမယ်လို့ ထင်ထားတာ။ ဒါပေမယ့် သမီးလေးတစ်ယောက်ရလိုက်တော့ တော်တော်လေး ကောင်းမယ့်ပုံပဲ။"
"ကောင်းပါတယ်။ တာဝန်လည်း ကြီးတယ်။ ကျန်တဲ့လူတွေက အတောင်စုံပြီး ပျံလို့ရပြီ။ သူကတော့ အခုမှ ဥကပေါက်လာတာ" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
အမေဝိန်က ပြုံးကာ ပြန်ပြောလိုက်ပါသည်။ "အခု အခြေအနေတွေက ကောင်းပြီး ခေတ်ကလည်း ပွင့်လင်းလာပြီ ဆိုတော့ ပျိုးထောင်ဖို့ မခက်ခဲလောက်ပါဘူး။ ဒါမှမဟုတ် ကလေးထိန်းရှာလို့ ရတာပဲ။ တစ်လကို ယွမ် ၆၀ နဲ့ ကလေးထိန်း ငှားကြတဲ့လူတွေရှိတယ်။ အိမ်မှုကိစ္စတွေ အကုန်လုံးအတွက်ပါ ပါတယ်။”
"ချင်းပိုင် ကိုင်တွယ်ပါစေ။ သူ လုပ်ပျော်ပါတယ်။" လင်းချင်းဟယ်က ပြုံးကာ ပြန်ပြောလိုက်သည်။
ကျိုးခိုင်းပိုင်ကလည်း ပြန်ပြောလိုက်၏။ "မခက်ခဲပါဘူး။ ဘာအလုပ်ရှုပ်စရာမှလည်း မရှိဘူးလေ။ ကျွန်တော် သူ့ကို ကြည့်ပေးလို့ ရပါတယ်။"
သူ့သမီးလေးကို ကလေးထိန်းနဲ့ ထားခဲ့ရမှာလည်း စိတ်မချပါ။ ထို့အပြင် အလုပ်များစရာလည်း တကယ်ဘာမှမရှိပါ။ နောက်နှစ် နွေဦးရာသီစတင်သောအခါ သမီးလေး ပိုအသက်ကြီးလာပြီး ပိုနားလည်လာလိမ့်မည်။
ခဏလောက်ကြာသောအခါ ကျိုးရွှမ်နဲ့ ကျိုးကွေ့လိုင်တို့ ပြန်လာကြသည်။ လီအိုက်ကော်နဲ့ ကျိုးစန်းနီတို့လည်း ဖန်ဖန်လေးနဲ့ လာလည်ကြပါသည်။
ဆိုင်ကို မနက်ဖြန် ဆက်ဖွင့်တော့မည်ဖြစ်သောကြောင့် ရှားရှားပါးပါး လာရောက်ခြင်း ဖြစ်ပါသည်။
"ဖန်ဖန်လေးကို ကောင်းကောင်း ကျွေးမွေးထားတာပဲ အစ်မစန်းနီ" ကျိုးကွေ့လိုင်က ဖန်ဖန်လေးကို ချီရင်း ပြောလိုက်ပါသည်။
သူက ကြံ့ခိုင်ပြီး ချစ်ဖို့ကောင်းပါသည်။ လီအိုက်ကော်ကလည်း သူ့သားကို အရမ်းချစ်ပြီး ပြုံးကာ ပြောလိုက်ပါသည်။ "သူက အစားကြီးတယ်။ နည်းနည်းပဲ ကျွေးရင် မကျေနပ်ဘူး။"
"၃ နှစ်ပြည့်ရင် မူကြိုသွားလို့ရပြီနော်။" လင်းချင်းဟယ်က ပြောလိုက်သည်။
"၃ နှစ်က မငယ်လွန်းဘူးလား။" ကျိုးစန်းနီက ပြန်ပြောလိုက်ပါသည်။
"မငယ်ပါဘူး။ ဒါပေမယ့် သူ့ကို အဲ့ဒီကို ပို့ဖို့ ၄ နှစ်သားလောက်အထိ စောင့်လို့ရတယ်။ ဒါပေမယ့် ၅ နှစ်တော့ မကျော်စေနဲ့။" လင်းချင်းဟယ်က အကြံပေးလိုက်ပါသည်။
"ဟုတ်ကဲ့ သူ့ကို ၄ နှစ်ပြည့်အောင်စောင့်ပြီးမှ မူကြိုပို့လိုက်ပါ့မယ်။ သူ့ကို နောက် ၂နှစ်လောက် ဆက်ထိန်းလိုက်ဦးမယ်။" ကျိုးစန်းနီက ပြုံးလိုက်ပါသည်။
သားတစ်ယောက်မွေးပြီးမှ ဘဝကို နားလည်လာခြင်း ဖြစ်ပါသည်။ စိုးရိမ်ပူပန်မှုများနဲ့ မျှော်လင့်ချက်များ ရှိလာသည်။ ထို့ကြောင့်ပဲ နေ့တိုင်း အားအင်များ ရှိနေခဲ့ပါသည်။
သူမ စတုတ္ထဒေါ်လေး၏ ပိုက်ဆံကို နောက်ပိုင်း ပြန်ဆပ်ပြီးသွားသောအခါ သူမနဲ့ အိုက်ကော်တို့ ကိုယ်ပိုင် ဆိုင်တစ်ဆိုင် စမ်းဖွင့်ကြည့်ပြီး စီးပွားရေးအခြေအနေကို စမ်းကြည့်နိုင်သည်။
ထိုနေရာတွင် ၉ နာရီဝန်းကျင်လောက်အထိ နေခဲ့ကြပြီး ကျိုးရွှမ်က အားလုံးကို အိမ်သို့ ကားမောင်းကာ ပြန်လိုက်ပို့လိုက်ပါသည်။
လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့လည်း အိပ်ယာဝင်ဖို့ အသင့်ဖြစ်နေပါပြီ။
"ချင်းပိုင် ကျွန်မတို့ မိသားစု ဘဝက နှစ်တိုင်း ပိုပိုပြီး ကောင်းမွန်လာပြီ။ ရှင် ဘာပြောချင်တာရှိလဲ" လင်းချင်းဟယ်က ပြောလိုက်သည်။
"မိန်းမကောင်းကောင်းရတော့ မျိုးဆက်အထိပါ ကံကောင်းတာပေါ့" ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။
လင်းချင်းဟယ်က သူ့ကို ရွှင်ပျစွာ မျက်စပစ်လိုက်သည်။ "အပြောတော့ ကောင်းတယ်နော်။ ကျွန်မကို ပျော်အောင်လုပ်နိုင်မယ်လို့တော့ မထင်နဲ့။ ဒီနေ့ည ဝေးဝေးမှာနေ"
"နေလို့မရဘူးလေ။ အိပ်ယာကတစ်ခုပဲရှိတာ။” ကျိုးချင်းပိုင်က သမီးလေးကို သူမအတွက် လုပ်ပေးထားသည့် ပုခက်ထဲထည့်လိုက်ပြီး အဝတ်အစားချွတ်လိုက်ပါသည်။
ခဏလောက်ကြာသောအခါ သူ့မိန်းမကို ပွေ့ဖက်လိုက်ပါသည်။ လင်းချင်းဟယ်က သူ့ကို ခပ်ပါးပါးလေး ရိုက်လိုက်သည်။ "အကျင့်မကောင်းတဲ့ အဘိုးကြီး"
လင်းချင်းဟယ်က ရယ်မောလိုက်ပြီး သူ့မိန်းမကို ပွေ့ဖက်ရင်း အိပ်ယာဝင်ခဲ့ပါတော့သည်။
ဒီလိုနဲ့ လှပသော ၁၉၈၅ ခုနှစ်ကုန်ဆုံးသွားခဲ့ပါသည်။