အခန်း(၆၁၆) ၁၉၈၈ ခုနှစ်
Vol. 44 Ch. 616
အခန်း(၆၁၆) ၁၉၈၈ ခုနှစ်
ကမ္ဘာကြီးမှာ ကောင်းကင်ပြာပေါ်က တိမ်တိုက်များလို အမြဲတမ်း ပြောင်းလဲနေခဲ့သည်။ အချိန်ကလည်း မြင်းဖြူတစ်ကောင်၏ အရိပ် ကျောက်သားပေါ် ဟပ်သွားသလိုပင် မြန်ဆန်စွာ ကုန်လွန်သွားခဲ့သည်။
၁၉၈၆ ခုနှစ်နဲ့ ၁၉၈၇ ခုနှစ် ၂ နှစ်စလုံး မျက်စိတစ်မှိတ်အချိန်အတွင်း ကုန်လွန်သွားခဲ့သည်။ ဒီနှစ်က ၁၉၈၈ ခုနှစ်ထဲ ဝင်ရောက်လာပါပြီ။
လွန်ခဲ့သော ၂ နှစ်အတွင်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။
ဥပမာအားဖြင့် ၁၉၈၆ ခုနှစ်တွင် ရှုရှန့်ချမ်း အချုပ်ကျခဲ့သည်။ တခြားသူတွေနဲ့ ထပ်ပြီး ရန်ဖြစ်သောကြောင့်ဖြစ်ပါသည်။ ဒီတစ်ခေါက် တစ်ဖက်လူက ဆက်ကြေးလာတောင်းသောကြောင့် ဖြစ်ပါသည်။ ထိုကလေကချေများနဲ့ သူက တိုက်ခိုက်ခဲ့ပြီး ကလေကချေတစ်ယောက်ကို ရူးသွားသည့်တိုင်အောင် ရိုက်နှက်ခဲ့ပါသည်။
လူရှေ့တစ်ဝက် ကွယ်ရာတစ်ဝက် ပိုက်ဆံဖြင့် ရှင်းနိုင်ခဲ့သော်လည်း ရှုရှန့်ချမ်းကတော့ သံတိုင်နောက် ရောက်ခဲ့ပါသည်။ သူက အချိန်ဆိုးမှ ပြဿနာတက်ခဲ့သောကြောင့်ဖြစ်သည်။ သူ့ကို သာဓကတစ်ခုအဖြစ် အသုံးချပြီး ထောင် ၃ နှစ် ချခဲ့ပါသည်။
ဒီနှစ်က ၃ နှစ်ပြည့်ပြီဖြစ်သောကြောင့် သူလွတ်လာခါနီးပါပြီ။
ဒီမတော်တဆမှုဖြစ်ခဲ့သောအခါ ကျိုးမိသားစုက လူအားလုံးမျက်မှောင်ကြုတ်ခဲ့ကြသည်။ သို့သော်လည် မျက်မှောင်ကြတ်တာက လွဲပြီး တခြား တုန့်ပြန်မှုမရှိပါ။
သူတို့က မြို့တော်တွင် ရှိနေသောကြောင့် ရှုရှန့်မိန်က လာတောင်းပန်ရသည်။ အမေကျိုးကို ဖုံးကွယ်ထားဖို့လည်း မဖြစ်နိုင်ပါ။
ထို့ကြောင့် အမေကျိုး သိသွားခဲ့သည်။
သို့သော်လည်း ဒီတစ်ခေါက်တော့ အမေကျိုးက ထင်မထားလောက်စွာ ဆုံးဖြတ်ချက် ပြတ်သားနေပါသည်။ ဒီဘက်ကို လူရှေ့တစ်ဝက် ကွယ်ရာတစ်ဝက် ကူညီဖြေရှင်းခိုင်းလိုက်ပြီးနောက် အဆုံးသတ်သွားခဲ့သည်။ ဝမ်ယွမ်ကို အဆက်အသွယ်ရှာဖို့ အကူအညီမတောင်းတော့ပါ။
ဒီလိုအရာမျိုးဖြစ်တာ ပထမဆုံးအကြိမ် မဟုတ်သောကြောင့်ဖြစ်ပါသည်။ ဒီတစ်ခေါက် အရင်စတာ ကလေကချေများ ဖြစ်သော်လည်း တစ်ဖက်လူကို အရူးဖြစ်အောင် ထိုးကြိတ်ခဲ့တာ သူဖြစ်ပါသည်။ ကိုယ့်အမှန်က အမှားဖြစ်သွားတတ်သည်ဟူသော စကားအတိုင်းပင်။
ထို့ကြောင့် နောက်ဆုံးမှာတော့ သူ ထောင် ၃ နှစ်ကျခဲ့ပါသည်။ သူ့ကို အထဲမှာသာ နေခိုင်းလိုက်ပါ။ အချိုးပြေဖို့ နေရာကောင်းတစ်ခုဟု ဆိုကြ၏။ ကိုယ်တိုင်က ဘယ်လောက်ဆိုးဆိုး အထဲဝင်ပြီး ပြန်ထွက်လာသောအခါ အချိုးပြေသွားတတ်သည်။
ထိုမတော်တဆမှုကြောင့် ပထမအစ်မနဲ့ ပထမယောက်ဖတို့က ကျေးရွာမှ အထူးတလည် အလောတကြီး မြို့တက်လာခဲ့ပြီး တောင်းပန်ခဲ့ပါသည်။ သူတို့က ရှုရှန့်ချမ်းတစ်ယောက် ထောင်ဒဏ်မှ လွတ်ကင်းအောင် အဆက်အသွယ်များ ရှာချင်ခဲ့သည်။
အမေကျိုးက သူမ၏ အကြီးဆုံးသမီးကို အသိစိတ်ဝင်အောင် ပြောဆိုခဲ့သည် ။ သူ့ကို ဒီတိုင်း လွှတ်ထားလို့ မရတော့ဘူးဟု ဆို၏။ သင်ခန်းစာကောင်းကောင်းမပေးပါက အနာဂတ်မှာ ပိုဆိုးသည့် ကပ်ဆိုက်လာနိုင်သည်ဟု ပြောလိုက်ပါသည်။
သို့သော်လည်း ပထမအစ်မက သူ့သား ထောင်ကျနေတာကို သည်းမခံနိုင်ခဲ့ပါ။ သူ့နာမည် ပျက်ရတော့မည်။
ပထမအစ်မက မွေးရပ်မြေကနေ ဝေးနေသဖြင့် မသိနိုင်ခဲ့ပါ။ ရှုရှန့်မိန်က ဖုန်ဆက်ခဲ့ပြီး လာကယ်ခိုင်းခဲ့ခြင်းဖြစ်ပါသည်။ သူမ အမေကို လာခိုင်းလိုက်ပြီး သူ့မောင်ကို ကယ်ဖို့ ကျိုးမိသားစုကို အကူအညီတောင်းခိုင်းခဲ့သည်။
ပထမအစ်မ ရောက်လာရင်တောင် ဘာမှ အသုံးမဝင်ပါ။
ကျိုးမိသားစုက ထပ်ပြီး ဝင်မပါတော့ပေ။ တကယ်တော့ ကျိုးချင်းပိုင်ကတောင် သူ့တူကို ထောင်ထဲ နှစ်အနည်းငယ်လောက် နေခိုင်းတာ ဘာမှမထိခိုက်ဘူးဟု ထင်သွားပါသည်။
နောက်ဆုံးမှာတော့ ပထမအစ်မက ဒေါသထွက်လွန်းသဖြင့် ရက်စက်သည့် စကားများ ပြောခဲ့သည်။ ကျိုးမိသားစုက နှလုံးသားမဲ့ပြီး ကိုယ့်မြေးအရင်းကိုတောင် ဘာမှမကူညီဘဲ ထောင်ထဲထည့်ခွင့်ပေးလိုက်သည်ဟု ဆိုသည်။ ထိုအချိန်ကစပြီး သူမမှာ ဒီလိုဆွေမျိုး မရှိတော့ဘူးဟု ဆိုခဲ့၏။
ဆွေမျိုး အဆက်အသွယ်ဖြတ်ခြင်းနဲ့ ညီမျှသည်။ အမေကျိုးက ဒေါသထွက်လွန်းသဖြင့် ဆေးရုံ ၂ ရက်လောက် တင်ခဲ့ရပါသည်။
နောက်ဆုံးမှာတော့ ရှုရှန့်ချမ်းက ၃ နှစ်ထောင်ကျခဲ့သည်။ ဒီနှစ် သူပြန်လွတ်လာတော့မည်။
သူထောင်အစားအစာ စားရခြင်းက ကျိုးမိသားစုကို ဘာမှမထိခိုက်ပါ။ သူတို့ ကိုယ့်ဘဝနဲ့သာ ကိုယ်ဆက်နေကြသည်။
လွန်ခဲ့သည့် ၂ နှစ်အတွင်း လင်းချင်းဟယ်က ဆက်တိုက် တိုးတက်လာခဲ့သည်။ သူမ၏ လက်ဖက်ရည်ဆိုင်လုပ်ငန်းက ၁၉၈၆ ခုနှစ်မှာ စတင်ခဲ့သည်။ ၁၉၈၆ ခုနှစ်မှ ဒီနှစ်အတွင်း လက်ဖက်ရည်ဆိုင်ခွဲ ၁၅ ဆိုင်အထိ ဖွင့်နိုင်ခဲ့သည်။ ဆိုင်ခွဲများက နေရာပေါင်းစုံတွင်ရှိနေသည်။
လက်ဖက်ရည်ဆိုင်လုပ်င၈န်းက အလွန်ကောင်းမွန်ပါသည်။ စုစုပေါင်း အိမ်ဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းလောက် ရှိသည်။ ကျန် ၄၀ ရာခိုင်နှုန်းက ကျန်လုပ်ငန်းများမှ ဖြစ်၏။ အထည်ဆိုင်၊ ဖက်ထုပ်ဆိုင်၊ ဖျော်ရည်ဆိုင်၊ ကုန်ခြောက်ဆိုင်နဲ့ စီးကရက်ဆိုင်တို့ ဖြစ်သည်။
ဆိုင်အရေအတွက် များပြားသောကြောင့် ကုန်ဝယ်ယူရသည့် ပမာဏကလည်း မြင့်မားခဲ့ပါသည်။ လင်းချင်းဟယ်က တောင်ပိုင်းက လက်ဖက်ရည်ဆိုင် ဆယ်ဆိုင်ကျော်လောက်နဲ့ အလုပ်တူတူ ပူးပေါင်းခဲ့ရသည်။ မနှစ်ကတည်းက သားငယ်ဖြစ်သည့် ကျိုးကွေ့လိုင်က ကုန်သွင်းစီမံရေးအတွက် တာဝန်ယူလိုက်ပါသည်။
သူ ဘွဲ့ရပြီးသောအခါ သူ့မိသားစုက လုပ်ငန်းများကို စတင်ကိုင်တွယ်လာပြီဖြစ်သည်။ သားလတ်ကတော့ သူ့ပညာရေးကိုသာ ဆက်ပြီးသင်ကြားမည်ဖြစ်သည်။ ဒီနှစ် သူက ဘွဲ့လွန်ကျောင်းသား ဖြစ်လာပါတော့မည်။
လင်းချင်းဟယ်က သူ့ကို ပါရဂူဘွဲ့ယူမယ့်အထိ ဆက်တက်စေဖို့ ရည်ရွယ်ထား၏။ သူသာ ဆောင်ရွက်နိုင်ပါက မိသားစု၏ မျက်နှာပန်းလှစေနိုင်ပါသည်။
"အမေ အစ်ကိုကြီးက ဖုန်းဆက်ပြီး ပင်လယ်မျှော့ခြောက် ကီလိုဂရမ်နည်းနည်းလောက် ပို့ပေးဖို့ ပြောတယ်။" သားငယ် အိမ်ပြန်ရောက်လာတော့ ပြောလိုက်သည်။
"မေ့ကျားက စားချင်လို့တဲ့လား" လင်းချင်းဟယ်က ဘာသာပြန်ရင်း တန်းလန်း ခေါင်းမမော့ဘဲ ပြန်ဖြေလိုက်ပါသည်။
"အစ်ကို ကော်လျန်ကို ပေးဖို့ဖြစ်မယ်။ သူ့မိန်းမက ဗိုက်ကြီးနေတာ မဟုတ်လား" သားငယ်က သူ့အတွက်သူ လက်ဖက်ရည်ငှဲ့လိုက်သည်။ ကျိုးကွေ့လိုင်က လက်ဖက်ရည်ငှဲ့နေတုန်း ရေဒီယိုကို ဖွင့်လိုက်ပြီး ရေပန်းစားသည့် သံစဥ်များကို နားထောင်လိုက်သည်။
"ဒါဆိုလည်း ပို့ပေးလိုက်ပေါ့။ ဒီနှစ် နင့်အစ်ကိုကြီး မင်္ဂလာဆောင်ရမယ့်အလှည့်ပဲ။ ဝိန်ညီအစ်ကိုနှစ်ယောက်က တစ်ယောက်ပြီး တစ်ယောက် လက်ထပ်ကြတောာ့ နင့်အစ်ကိုကြီးက အချိန်အကြာကြီး စောင့်ပေးခဲ့ရတာမဟုတ်လား။" လင်းချင်းဟယ်က ပြောလိုက်သည်။
သူ အချိန်အကြာကြီး သည်းခံခဲ့ရသည် မဟုတ်ပါလား။ အစကတော့ ကျိုးခိုင်က ၁၉၈၆ ခုနှစ်တွင် ရာထူးတိုးဖို့ အစီအစဥ်ရှိခဲ့သည်။ ထို့ကြောင့် ဝိန်မေ့ကျားကို လက်ထပ်ဖို့အတွက် ချက်ချင်း မင်္ဂလာခွင့်တင်ခဲ့ပါသည်။
သို့သော်လည်း လူပျိုကြီး ဝိန်ကော်တုန်းက အချစ်ပန်းပွင့်လာသောကြောင့် သူနဲ့ ကျိုးစစ်နီတို့ကိုသာ အရင်လက်ထပ်ခိုင်းနိုင်ခဲ့ပါသည်။
၁ နှစ်လောက်သာ နောက်ဆုတ်လိုက်ရသဖြင့် အဆင်ပြေလိမ့်မည်ဟု သူထင်ခဲ့ပါသည်။ ထင်မထားစွာဖြင့် ဝိန်ကော်တုန်းနဲ့ သူ့ကောင်မလေးကလည်း လက်ထပ်ကြတော့မည်။ နောက်ဆုံးမှာတော့ သူနဲ့ ဝိန်မေ့ကျားတို့ အခုအထိ လက်မထပ်ရသေးပေ။
"ဒီနှစ် လက်ထပ်ဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အစ်ကိုကြီးရဲ့ အချစ်ရေးခရီးလမ်းက ခက်ခဲပြီး ဒုက္ခများတယ်လို့ ပြောလို့ရတယ်။" ကျိုးကွေ့လိုင်က ပြုံးလိုက်ပါသည်။
"နင့်အဖေ အထဲမှာအိပ်နေတယ်။ စပီကာ အသံတိုးလိုက်ဦး။ သူ့ကိုမနှောင့်ယှက်နဲ့" လင်းချင်းဟယ်က သတိပေးလိုက်ပါသည်။
လောလောဆယ် မတ်လပိုင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်၏ နှစ်သစ်ပြီးသွားတာ မကြာသေးပါ။ ရာသီဥတုက အေးနေဆဲဖြစ်ပါသည်။
ကျိုးကွေ့လိုင်က ရေဒီယိုအသံတိုးလိုက်ပြီး ပြောလိုက်ပါသည်။ "အခု ဘယ်အချိန်ရှိနေပြီလဲ။ အဖေက ဘာလို့အိပ်နေတာလဲ။ ညီမလေးကို ကျောင်းသွားကြိုရမယ့်အချိန်တောင် ရောက်တော့မယ်။”
နှစ်အလိုက်တွက်ကြည့်လျှင် မိမိလေးက ၂ နှစ်ခွဲလောက် ရှိပါပြီ။ အသက် အမှန်တကယ် တွက်ကြည့်ရင်တော့ ၄ နှစ်လောက် ရှိပြီဟု ဆိုနိုင်ပါသည်။
အစပိုင်းတော့ ကျိုးချင်းပိုင်က သူ့သမီးလေးကို မူကြိုလွှတ်ဖို့ တွန့်ဆုတ်ခဲ့သည်။ သို့သော်လည်း သူ့သမီးလေးက သွားချင်သဖြင့် ဆွဲမထားနိုင်တော့ပါ။
မူကြိုကလည်း အဝေးကြီးမဟုတ်ပေ။ ကားဖြင့် ၅ မိနစ်သာ သွားရ၏။ အလွန်ကောင်းမွန်သော မူကြိုကျောင်းတစ်ခု ဖြစ်ပါသည်။ မိမိလေးတစ်ယောက်တည်း သွားတာ မဟုတ်ဘဲ ကျိုးအာ့နီ၏ အမြွှာနှစ်ယောက်နဲ့ ကျိုးစန်းနီ၏ ဖန်ဖန်လေးတို့လည်း သွားကြပါသည်။
သူတို့သုံးယောက်က မိမိလေးထက် ပိုကြီးကြသော်လည်း အချင်းချင်း တွေ့သောအခါ ဒေါ်လေးဟု ခေါ်ကြပါသည်။
ဝမ်ယွမ်၏ အမြွှာနှစ်ယောက်က မိမိ၏ အမည်ကို ကူးကူးဟုထင်နေသည်။
သူမက ငယ်သေးပြီး ၂ နှစ်ခွဲသာ ရှိသေးသဖြင့် သူမ အနိုင်ကျင့်ခံရမှာကို ကျိုးချင်းပိုင် စိတ်ပူနေပါသည်။ သူက ဖန်ဖန်လေးနဲ့ အမြွှာနှစ်ယောက်ကို သူတို့၏ ဒေါ်လေးအား ကာကွယ်ဖို့ ပြောထား၏။
လင်းချင်းဟယ်က ဒီဖြစ်စဥ်တစ်ခုလုံးကို ခပ်တည်တည်ဖြင့်သာ ကြည့်နေသည်။ အကဲပိုလွန်းခြင်းသာ ဖြစ်သည်။ သူမက ဒီတိုင်းသွားကစားရုံသာဖြစ်သည်။ အနိုင်ကျင့်တာမျိုး ရှိရင်တောင် လမ်းလျှောက်တတ်ခါစ ကလေးများက ဘယ်လိုခွန်အားမျိုး ရှိမှာလဲ။
သားအမိနှစ်ယောက် စကားပြောနေတုန် ကျိုးချင်းပိုင်က ထလာပြီး ကားသော့ကိုယူကာ သူ့သမီးကို သွားကြိုဖို့ ပြင်လိုက်ပါသည်။
"နာရီဝက်တောင်လိုသေးတယ်လေ။ ရှင်စောင့်ရမှာ မပင်ပန်းဘူးလား။" လင်းချင်းဟယ်က မကျေနပ်စွာ ပြောလိုက်ပါသည်။ "ကျွမ်ကို လီမွန်ပျားရည်တစ်ခွက် ဖျော်ပေးစမ်းပါဦး။"
ကျိုးချင်းပိုင်က သူမအတွက် တစ်ခွက်ဖျော်ပေးလိုက်ပြီး သူ့အတွက် သူလည်း တစ်ခွက် ဖျော်လိုက်ပါသည်။ ထို့နောက် ပြောလိုက်၏။ "မိန်းမ ကိုယ်တို့ခရီးသွားကြမလား။”
သူမိန်းမက ဟိုင်းနန်သို့ သွားဖို့ စီစဥ်ထားတာ ကြာပါပြီ။ ဒီနှစ်တော့ သွားနိုင်လောက်သည်။
လင်းချင်းဟယ်က သောက်လိုက်ရင်း ပြန်ဖြေလိုက်၏။ "ရှင့်သမီးလေးကို ခေါ်သွားချင်လား။"
"ခေါ်သွားရမှာပေါ့။" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
ကျိုးကွေ့လိုင်က ပြောလိုက်ပါသည် "အဖေနဲ့ အမေ ပြန်သွားကြမလို့လဲ။ အိမ်မှာ လုပ်ငန်းတွေ အများကြီးရှိနေတာကို။”
"မင်းရှိနေတာပဲ မဟုတ်ဘူးလား။" သူ့အဖေက သူ့ကို စိုက်ကြည့်လိုက်ပါသည်။