← Chapters

အခန်း(၆၁၈) သမီးလည်း သွားချင်တယ်

Vol. 45 Ch. 618

အခန်း(၆၁၈) သမီးလည်း သွားချင်တယ်

Vol. 45 Ch. 618

အခန်း(၆၁၈) သမီးလည်း သွားချင်တယ်

လွန်ခဲ့သော ၂ နှစ်အတွင်း ကျိုးမိသားစု၏ တိုးတက်မှုက စီးပွားရေးအပိုင်းမှာသာမကဘဲ အဆက်အသွယ်အပိုင်းမှာပါရှိပါသည်။

၎င်းတို့ထဲက တစ်ခုက သူ့အစ်ကိုကြီး၏ အလားအလာကောင်းမွန်မှုကြောင့် ဖြစ်ပါသည်။ သူ အရင်နှစ်က ရာထူးတိုးခဲ့ပြီး ဒီနှစ် လစာတိုးမည်ဖြစ်သည်။

ဒီနှစ် ရာထူးတိုးမှုက ကြီးမားလိမ့်မည်ဟု ခန့်မှန်းရပါသည်။

သူ့အစ်ကိုကြီး အသက်ဘယ်လောက်ရှိသေးလို့လဲ။ အခုမှ အသက် ၂၄ နှစ်သာရှိပါသေးသည်။ ဒီလို အလားအလာမျိုးကို ဘယ်သူက အထင်သေးရဲမည်နည်း။

ဒုတိယတစ်ခုက သူ့အစ်ကိုလတ် ဖြစ်သည်။ မနှစ်က သူ့ဒုတိယအစ်ကိုလတ် ကောင်မလေးရခဲ့သည်။ အစ်ကိုကြီး လက်ထပ်ပြီးသွားသောအခါ သူ့အလှည့်ရောက်တော့မည်။ ထိုကောင်မလေးက အစ်ကိုလတ်ကို တော်တော်လေး စွဲလမ်းနေပါသည်။

သူမအဖေက နိုင်ငံရေးဝန်ထမ်းအရာရှိတစ်စိတ်တစ်ပိုင်းဖြစ်သည်။ သူမက ငယ်ငယ်ချောချော သူဌေးမလေးတစ်ယောက်ဖြစ်သည်။ သို့သော် သူ့အစ်ကိုလတ်ရှေ့မှာတော့ လုံးဝ မောက်မာမှု မရှိပေ။ သူမ နှစ်သစ်ကူး လာလည်တော့ အထူးတလည် ယဥ်ကျေးပြီး ရိုးသားခဲ့ပါသည်။

အမှန်ပင်။ သူ့အစ်ကိုလတ်ကလည်း တစ်ဖက်အိမ်သို့ သွားခဲ့ပြီးပါပြီ။ တစ်ဖက်လူတွေကလည်း သူ့အစ်ကိုလတ်ကို အတော်လေး ကျေနပ်အားရကြပါသည်။ နောက်ပိုင်းတွင် သူ့အစ်ကိုလတ်က စာသင်ဖို့ မလိုတော့ဘဲ သူ့ယောက္ခမ၏ အဆက်အသွယ်များနောက် လိုက်ဖို့သာ လိုလိမ့်မည်။ နိုင်ငံရေးလောကထဲ ဝင်လောက်ပါသည်။

အလားအလာကောင်းသည့် အစ်ကိုကြီးနှစ်ယောက် ရှေ့မှာရှိနေသဖြင့် ဘယ်သူက အခု ကျိုးမိသားစုကို အထင်သေးရဲတော့မည်နည်း။ ဝမ်မိသားစုလို့ အဆင့်မြင့်သည့် မိသားစုတစ်ခုတောင် လွန်လွန်ကျူးကျူး တစ်ခုခု မလုပ်ခင် နှစ်ခါ ပြန်စဥ်းစားရမည်။

အမှန်ပင်။ ဝမ်ယွမ်က လွန်ခဲ့သော ၂ နှစ်တာအတွင်း ဝင်ငွေကောင်းမှုကြောင့် အများကြီး ပြောင်းလဲသွားခြင်း မရှိပါ။

အရင်တုန်းကထက် သူ့အဆင့်က အများကြီး  ပိုမြင့်လာသော်လည်း ကျိုးမိသားစုကိုတော့ ဝမ်ယွမ် အရင်အတိုင်းပဲ ဆက်ဆံဆဲဖြစ်ပါသည်။

ကျိုးကွေ့လိုင်က လက်ဂျာစာအုပ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မနက်ဖြန်ကျရင် ကျွန်တော် အစ်ကိုလတ်ကို သွားတွေ့ပြီး စာရင်းရှင်းလိုက်မယ်။”

လင်းချင်းဟယ်က ကျိုးအာ့နီကို ပြောလိုက်သည်။ "စစ်နီကော ဘယ်လိုနေလဲ။”

ကျိုးစစ်နီက ဝိန်ကော်တုန်းနဲ့ ၁၉၈၆ မေလတွင် လက်ထပ်ခဲ့ပါသည်။ နှစ်ကုန်ခါမှ သူမ ကိုယ်ဝန်ရခဲ့ပါသည်။

သူမ ကိုယ်ဝန်မရနိုင်တာ မဟုတ်ပါ။ ကျိုးစစ်နီက ကျောင်းတက်ချင်သေးသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သူမ ဝိန်ကော်တုန်းနဲ့ တိုင်ပင်ခဲ့ပြီး ကြိုတင်ကာကွယ်ခဲ့ပါသည်။

လွန်ခဲ့သောနှစ်က သူမ ပညာသင်ပြီးသွားသဖြင့် အခု ကိုယ်ဝန်ရှိနေပါပြီ။

သို့သော်လည်း သူမ၏ ကိုယ်ဝန်ဆောင်ဝေဒနာက အရင်တစ်ခေါက် လင်းချင်းဟယ်နဲ့ ယှဥ်လို့ရပါသည်။ တကယ် ခက်ခဲသည်။ မစားနိုင်လောက်သည့်အထိတောင် အန်ထွက်ပါသည်။

ကျိုးအာ့နီက ရွှင်ပျစွာ ပြန်ဖြေလိုက်ပါသည်။ "မနက်ပိုင်း နေလို့မကောင်းတာပဲ ရှိပါတယ်။ ကျန်တာ အဆင်ပြေပါတယ်။”

"ငါမြင်သလောက်တော့ ဒီနှစ် သူအလုပ်မလုပ်နိုင်လောက်ဘူး။ သူ့ကို သေသေချာချာ နားခိုင်းပြီး အလုပ်အကြောင်း မစဥ်စားခိုင်းနဲ့။” လင်းချင်းဟယ်က ပြောလိုက်သည်။

သူမလည်း အရင်တုန်းက ခံစားဖူးပါသည်။ သူမ ကိုယ်ဝန်ရှိတော့ ဝမ်ယွမ်၏ အထည်စက်ရုံကို မသွားခဲ့ပါ။ သို့သော်လည်း ကိုယ်ဝန်ဆောင် နေ့ရက်များက အလွန်ပျင်းဖို့ ကောင်းပါသည်။ အလုပ်လုပ်ရင်း မွေးမည့်အချိန်ကို စောင့်ရတာ ပိုကောင်းသည်။

စစ်နီ၏ စရိုက်ကို သူမသိသည်။ သူမ ငြိမ်ငြိမ်ထိုင်မနေနိုင်ပါ။ တကယ်တော့ သူမ လက်ထပ်ပြီးကတည်းက အားသည့်အချိန်တိုင်း သူမ အလုပ်လုပ်ပါသည်။ အမှန်ပင်။ နေ့တိုင်း ထမင်းသုံးနပ်ကိုတော့ သေချာပြင်ပေးပါသည်။

အဖေဝိန်နဲ့ အမေဝိန်တို့က ကိုယ်တိုင်ချက်ပြုတ်ဖို့ မလိုတော့ပါ။ ကျိုးစစ်နီ ချက်ပြုတ်ပြီးသောအခါ ဝိန်ကော်တုန်းကို ဟင်းများ ဗူးတစ်ဗူးထဲ ထည့်ခိုင်းလိုက်ပြီး အထည်ဆိုင်ကို ပို့ခိုင်းလိုက်ပါသည်။ အဝေးကြီး မဟုတ်ပါ။

ကျိုးစစ်နိ လက်ထပ်ပြီးကတည်းက အမေဝိန် ချက်ပြုတ်ဖို့ မလိုတော့ဘူးဟု ဆိုနိုင်ပါသည်။ ကျိုးစစ်နီက တာဝန်ယူသွားပါသည်။

အမေဝိန်က လင်းချင်းဟယ်ရှေ့တွင် ကျိုးစစ်နီကို မကြာခဏ ချီးကျူးတတ်ပါသည်။ ထို့အပြင် မကြာခဏ အကြီးဆုံးမရီးနဲ့ အကြီးဆုံးအစ်ကိုတို့ထံကိုလည်း အဝတ်အစားများ ပို့ပေးတတ်ပါသည်။

အကြီးဆုံးမရီးက ပျော်ရွှင်ပါသည်။ သူမ သမီးက သူမ၏ အမျိုးများနဲ့ အဆင်ပြေရင် ကျေနပ်ပါပြီ။

ကလေးစောစော မယူသည့်အတွက် ကျိုးစစ်နီကို သူမ မကြာခဏ ဆူဖူးသည်။ အမေဝိန်ကို ပြောပြလိုက်ပြီး အမေဝိန်ကလည်း သဘောတူမှ ပြီးဆုံးသွားပါသည်။

လင်းချင်းဟယ်က ကျိုးအာ့နီ၏ စကားကို ကြားသောအခါ ဘာမှမပြောခဲ့ပါ။ သူမ စစ်နီ၏ အတွေးများကို နားလည်ပါသည်။ အလုပ်တစ်ခုရှိခါမှ လုံခြုံသလိုခံစားရသည်။ အထူးသဖြင့် အခု လစာများက အတော်လေး မြင့်မားနေပါပြီ။ လင်းချင်းဟယ်လက်အောက်က ဝန်ထမ်းများအတွက် လစာက ယွမ် ၁၇၀ အထိတောင် တက်သွားပါပြီ။ အလွန်မြင့်မားသော လစာအဆင့် ဖြစ်သည်။

ဝိန်ကော်တုန်း၏ လစာကလည်း မနိမ့်ပါ။ ယွမ် ၂၀၀ ဝန်းကျင်ဖြစ်သည်။ သူတို့နှစ်ယောက်သာ အတူတူ အလုပ်လုပ်ကြပါက တစ်လကို ယွမ် ၄၀၀ နီးပါးအထိ ရနိုင်ပါသည်။ အတော်လေး မြင့်မားသည့် မိသားစုဝင်ငွေဟု ဆိုနိုင်သည်။

ကျိုးအာ့နီက လုပ်ငန်းအကြောင်း ပြောပြီးသောအခါ အိမ်ပြန်လာခဲ့သည်။ လင်းချင်းဟယ်က အချိန်ကိုမြင်ပြီး ဖက်ထုပ်ဆိုင်မှာ ညစာစာားဖို့ လာခဲ့ပါသည်။

ကျိုးရွှမ်က ပြန်လာမစားပါ။ ကန်းကျစ်အပါအဝင် ကျန်သောလူများတော့ ရှိနေကြပါသည်။

ဟူကျစ်နဲ့ ချန်းရှန်ရှန်တို့က ၁၉၈၆ ခုနှစ်မှာ လက်ထပ်ခဲ့ကြသည်။ ထိုအချိန်ကတည်းက သူတို့နှစ်ယောက် ကိုယ့်ထမင်းကိုယ်ချက်စားကြသည်။ ချန်းရှန်ရှန်လည်း လက်ထပ်ပြီး သိပ်မကြာခင် ကိုယ်ဝန်ရခဲ့သည်။ သူတို့ ကလေးလေးက အခု ၁ နှစ်ကျော်နေပါပြီ။

ကလေးကို ချန်းရှန်ရှန်၏ အမေက ထိန်းကျောင်းပေးသည်။ ဟူကျစ်က စျေးရောင်းထွက်၏။ လက်ထပ်ပြီးနောက် သူက အလုပ်ပိုကြိုးစားလာပါသည်။ ချန်းရှန်ရှန်ကလည်း သူမ၏ အထည်ဆိုင်မှာ အလုပ်လုပ်နေဆဲ ဖြစ်သည်။

"ခေါင်းကိုင်အမေနဲ့ အစ်ကိုငယ်တို့"  လင်းချင်းဟယ်နဲ့ သားငယ်တို့ ညစာစားဖို့ ဖက်ထုပ်ဆိုင်သို့ ရောက်လာသောအခါ ခေါင်းကိုင်သားဖြစ်သူ ကျန်းကမ်း ကြိုဆိုတာကို ခံလိုက်ရပါသည်။

ကျန်းကမ်းက မနှစ်ကတည်းက တက္ကသိုလ်တက်ဖို့ မြို့တော်သို့ ရောက်နေခဲ့ပါပြီ။ သူ့ကိုယ်ပိုင် အစွမ်းအစနဲ့ တက္ကသိုလ်ဝင်ခွင့်ရခဲ့ပါသည်။

"လာလည်ဖို့ အချိန်ရှိတယ်ပေါ့" လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။ ဒီနေ့က ဗုဒ္ဓဟူးနေ့ဖြစ်သည်။ ကျန်းကမ်းက ပုံမှန်ဆို သောကြာနေ့ ညနေခင်း လာနေတတ်ပြီး တနင်္ဂနွေနေ့ နေ့လည်ခင်းမတိုင်ခင်အထိ ဆက်နေကာ ကျောင်းပြန်တက်သည်။

"ကျောင်းမှာ ပျင်းဖို့ ကောင်းလို့ အတန်းလစ်လာတာ။ မနက်ဖြန်မနက် ဘတ်စ်ကား စီးပြီး ပြန်သွားဖို့ပဲ လိုတယ်" ကျန်းကမ်းက ပြုံးလိုက်ပါသည်။

"ဒါဆို မင်းတော့ ဒီနေ့ကံကောင်းတာပဲဲ။ ဒီနေ့ ကြက်ဖကြီကြီးတစ်ကောင် ဝယ်ခဲ့တယ်။ ငါတို့ ညနေကျရင် အရန်ဟင်း စားရတော့မယ်" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

ကျန်းကမ်းက ရွှင်ပျစွာ ပြောလိုက်သည်။ "အစ်ကိုငယ် ဒီနှစ် တောင်ပိုင်းကို လက်ဖက်ခြောက်ယူဖို့ သွားမှာလား။ ကျွန်တော့်ကိုလည်း ခေါ်သွားပါဦး။”

သူ့အစ်ကိုငယ် ကြွားတာကို ကြားဖူးပါသည်။ သူက တစ်နိုင်ငံလုံး ခရီးထွက်ဖူးသည်ဟု ဆိုသည်။ ထို့ကြောင့် မနာလိုဖြစ်မိပါသည်။ သူ အဝေးဆုံးသွားဖူးသည့် နေရာဆိုလို့ မြို့တော်ကို လာတာသာ ရှိပါသည်။ ဒါကလည်း ခေါင်းကိုင်အဖေ နဲ့ ခေါင်းကိုင်အမေတို့ကြောင့် ဖြစ်သည်။ မဟုတ်ပါက သူ ဘယ်တော့မှ ရှန်ဟိုင်းမြို့တော်ပြင်ပသို့ ခြေလှမ်းနိုင်မှာ မဟုတ်ပေ။

"ငါက အလုပ်အတွက် သွားမှာကွ။ ပြီးတော့ မင်းက နွေရာသီအားလပ်ရက်ကျရင် ရှန်ဟိုင်းမြို့တော်ကို ပြန်ရမှာ မဟုတ်ဘူးလား။ ငါမင်းကို တောင်ပိုင်းခေါ်သွားရင် မိန်းမလှတစ်ယောက်က ငါ့ကို ဆူလိမ့်မယ်။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

လွန်ခဲ့သော ၂ နှစ်အတွင်း  မိသားစုနှစ်စုအကြားက ဆက်ဆံရေးမှာ ပိုမို နီးစပ်လာခဲ့သည်။ ကျိုးကွေ့လိုင်က ဒီနှစ်အစောပိုင်း သူ့အဖေ၏ ဆိုင်များကို ပြန်ယူဖို့ ရှန်ဟိုင်းမြို့တော်သို့ ပြန်သွားခဲ့ပါသည်။ ဒီနှစ်ထဲ ရှန်ဟိုင်းမြို့တော်မှာ လက်ဖက်ရည်လုပ်ငန်းဖွင့်လှစ်ဖို့ စီစဥ်ထားပါသည်။ ထိုဆိုင်များ၏ တည်နေရာက အားလုံးကောင်းမွန်သည်။ ထို့ကြောင့် သူတို့လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖွင့်ဖို့ စီစဥ်ထားပါသည်။

"ဘာလို့  ကျွန်တော့်အမေက ဆူရမှာလဲ။ အစ်ကိုငယ်ဆီက ပိုသင်ယူဖို့ ပြောထားတယ်။” ကျန်းကမ်းက ပြောလိုက်သည်။

"ငါ့ကို လာမလိမ်နဲ့။ ဦးလေးကျန်းက သူ့လမ်းအတိုင်း မင်းကိုလိုက်စေချင်တာ။ မင်းဘွဲ့ရတာနဲ့ စစ်တက္ကသိုလ်ထဲဝင်ရမှာ။ အစ်ကိုကြီးက မင်းကို ထောက်ခံစာရေးပေးလိမ့်မယ်" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"ကျွန်တော်မှ အဲ့လိုမလုပ်ချင်တာ။” ကျန်းကမ်းက သက်ပြင်းချလိုက်သည်။

"အရင်တစ်ခေါက် မင်းက သင့်တော်တယ်လို့ အစ်ကိုကြီးပြောသွားတယ် မဟုတ်ဘူးလား။ မင်းက မကောင်းတဲ့လူကို အပြစ်ပေးပြီး ကောင်းတဲ့လူကို ချီးမြှင့်ချင်တာ မဟုတ်လား။ မင်းနဲ့ လိုက်ဖက်ပါတယ်ကွာ။" ကျိုးကွေ့လိုင်က ပြုံးကာ ပြောလိုက်ပါသည်။

"ရှောင်ကမ်းကို အပြင်ခေါ်သွားတာ ကောင်းပါတယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။

"သမီးလည်း လိုက်ချင်တယ်။" မိမိလေးက သူမ အစ်ကိုငယ်၏ ခြေထောက်ကို ဖက်ရင်း ပြောလိုက်ပါသည်။

သူမက ၂ နှစ်ခွဲသာ ရှိသေးသော်လည်း သူမ၏ ခံစားချက်ဖော်ပြနိုင်စွမ်းက အတော်လေး ကောင်းမွန်ပါသည်။ သူမ ဘာလိုချင်သလဲ ဘာမလိုချင်ဘူးလဲ ကောင်းကောင်း သိပါသည်။

"ဟုတ်ပြီ။ အဖေသဘောတူရင် ခေါ်သွားပေးမယ်။ အဖေ့ကို သွားမေးလိုက်သွား" ကျိုးကွေ့လိုင်က ရယ်မောလိုက်ပါသည်။

မိမိလေးက သူ့အဖေကို သွားပူဆာသည်။ ကျိုးချင်းပိုင်က အမိန့်ပေးလိုက်၏။ "သားငယ် ဟင်းလာချက်စမ်း။”

သူ့သမီးလေးကို သူချီလိုက်သည်။

"ရှောင်ကမ်း မင်းသွားလိုက်" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"ကျွန်တော် ဖက်ထုပ်ပဲလုပ်လိုက်မယ်" ကျန်းကမ်းက မသွားပေ။ သူ မီးလောင်အောင် လုပ်မိမှာ စိုးရိမ်နေပါသည်။

ထို့ကြောင့် ကျိုးကွေ့လိုင်သာ ချက်ပြုတ်လိုက်ရသည်။ လင်းချင်းဟယ်က လက်ဆေးလိုက်ပြိး ဖက်ထုပ်ထုပ်ဖို့ ကူညီပေးလိုက်သည်။ သူ့မ၏ ခေါင်းကိုင်သားကို ပညာရေးအကြောင်း မေးကြည့်လိုက်သည်။ ကျန်းကမ်းက အားလုံး ပြောပြခဲ့ပါသည်။

All Chapters