အခန်း(၆၁၉) ကောင်းမွန်ကြွယ်ဝသော ဘဝတစ်ခုကို ပျော်ပျော်နေရမည်
Vol. 45 Ch. 619
အခန်း(၆၁၉) ကောင်းမွန်ကြွယ်ဝသော ဘဝတစ်ခုကို ပျော်ပျော်နေရမည်
သူတို့ စားသောက်ခါနီး ကန်းကျစ်က သုံးဘီးဖြင့် ပြန်လာခဲ့သည်။
"မျက်နှာသစ် လက်ဆေးပြီး လာစားတော့" လင်းချင်းဟယ်က ပြောလိုက်သည်။
"ဟုတ်ကဲ့" ကန်းကျစ်က ပြုံးလိုက်သည်။
မိသားစု အတူတူစားသောက်ခဲ့ကြသည်။ မကြာခဏ ဧည့်သည်များက ဖက်ထုပ်လာစာကြသည်။ ကျိုးကွေ့လိုင်က သူတို့အတွက် ထချက်ပေးလိုက်ပါသည်။
"ကြက်ကြော်က တကယ်အရသာရှိတာပဲ" ကျန်းကမ်းက ပြောလိုက်သည်။
"တကယ်အရသာရှိတယ် ဦးလေးကြော်တာလား" ကန်းကျစ်က မေးလိုက်သည်။
"ငါကြော်တာ" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။ "မင်းတို့နှစ်ယောက် သောက်မလား။”
ကျန်းကမ်းက သောက်ချင်စိတ် အနည်းငယ် ထုတ်ပြလိုက်သည်။ ကျိုးကွေ့လိုင်က သူ့အတွက် နည်းနည်းလေး ငှဲ့ပေးလိုက်ပါသည်။ သူ့အတွက်သူလည်း ငှဲ့ကာ သူ့အဖေအတွက်လည်း ငှဲ့ပေးလိုက်ပါသည်။
ကြက်ကြော်နဲ့ တွဲဖက်လိုက်သောအခါ အလွန်ကောင်းမွန်ပါသည်။
"မသောက်တော့ပါဘူး။ ငါပြီးရင် ဆိုင်ဖွင့်ရဦးမယ်" သူ ကန်းကျစ်အတွက် တစ်ခွက်ငှဲ့ပေးဖို့ ပြင်လိုက်စဥ် ကန်းကျစ်က ခေါင်းခါလိုက်သည်။
"မင်း ဘာလို့ ဒီလောက် အလုပ်တွေကြိုးစားနေတာလဲ။" ကျိုးကွေ့လိုင်က မေးလိုက်သည်။
ဟူကျစ်တစ်ယောက်တည်း အစွမ်းကုန်ကြိုးစားနေတာမဟုတ်ဘဲ ကန်းကျစ်လည်း ပါပါသည်။ သူတို့ မနက်မှ ညအထိ အလုပ်လုပ်ကြသည်။
"ဒီနေ့လည်း မနားဘူးလား။" လင်းချင်းဟယ်ကပါ ဝင်ပြောလိုက်သည်။ ဟူကျစ်ကော ကန်းကျစ်ကော ဒီတူနှစ်ယောက်စလုံးက အတော်လေး စိတ်ဓာတ်တက်ကြွကြသည်။
"မပင်ပန်းလို့ပါ။ ဆိုင်စောင့်ရုံပဲကို နားဖို့ မလိုပါဘူး။" ကန်းကျစ်က ပြုံးလိုက်ပါသည်။
သူ့အစ်ကိုကြီးက မြို့တော်မှာ အခြေချပြီးပြီ ဖြစ်သည်။ သူ့မှာ အိမ်တစ်လုံး မိန်းမတစ်ယောက် သမီးတစ်ယောက် ရှိနေပါပြီ။ သူ ဘယ်လောက်တောင် ပျော်နေသလဲ ဖော်ပြလို့ မရနိုင်ပါ။
သူ့မှာတော့ ဘာမှမရှိသေးပေ။ အမှန်ပင်။ သူ့စတုတ္ထဝမ်းကွဲယောက်ဖကို သူ့အတွက် အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းပေးဖို့ တောင်းဆိုခဲ့သည်။ ထို့ကြောင့် ပိုက်ဆံအများကြီးလည်း ကုန်ကျခဲ့သည်။ အခုက အိမ်ကို အခြေချဖို့ အချိန်ဖြစ်သ်ည်။ သူ့အစ်ကို၏ အိမ်လောက် နည်းမှာ မဟုတ်ပါ။ အားလုံးက ပိုက်ဆံအများကြီး ကုန်ကျပါမည်။
သူ့မိဘများထံသို့ ပို့ပေးသည့် ပိုက်ဆံကလွဲပြီး သူ လောလောဆယ် ယွမ် ၁၀,၀၀၀ လောက် စုထားပြီးပါပြီ။
အတော်လေးများသော်လည်း သူ့အစ်ကို၏ ယောက္ခမက သူ့အတွက် အိမ်တစ်လုံးရှာပေးခဲ့ပြီး ယွမ် ၁၀,၀၀၀ လောက် ကုန်ခဲ့သည်။ အများကြီးလည်း မကြီးဘဲ အနည်းငယ် ဟောင်းပါသည်။ သူသဘောမကျပါ။
သူ့ဒေါ်လေးက သူ့ကိုငွေဆက်စုခိုင်းပါသည်။ လောစရာမလိုပေ။ လုပ်ငန်းအိမ်များကို စတင် ပြန်လည်ဆောက်လုပ်နေပြီဖြစ်သည်။ လုပ်ငန်းအိမ်များ စျေးကျသည့်အချိန်အထိ စောင့်ဖို့ ပြောထားပါသည်။
သို့သော်လည်း ပိုက်ဆံအများကြီးတော့ လိုအပ်သည်။ ကန်းကျစ်က စိတ်မပူပါ။ သူ့ဒေါ်လေးစကားကို နားထောင်ရင် ဘာမှမမှားနိုင်ဘူးဟု ခံစားမိပါသည်။ ထို့ကြောင့် ဒီလုပ်ငန်းအိမ်များကို ဝယ်ဖို့ စီစဥ်ထားသည်။
ထို့ကြောင့် အခုက အလုပ်ကြိုးစားဖို့ အချိန် ဖြစ်ပါသည်။
အခုအခါ စီးပွားရေးက အရင်တုန်းကထက် ပိုကောင်းနေပြီဖြစ်သောကြောင့် အလုပ်ကြိုးစားပါက တစ်လကို ယွမ် ၁,၀၀၀ ကျော်လောက် ရနိုင်နေပြီဖြစ်သည်။
လောလောဆယ်တော့ နွေဦးရာသီစသည့်အချိန်အထိ စောင့်ရဦးမည်ဖြစ်သည်။ ရာသီအသစ် အဝတ်အစားများ ထွက်လာလိမ့်မည်။ ထိုအခါ အလွန်ရေပန်းစားကြပါလိမ့်မည်။
လင်းချင်းဟယ်က သူ့ကို မတားခဲ့ပါ။ ဒီတိုင်း ပြောလိုက်သည်။ "ကြက်စွပ်ပြုတ်တွေ အများကြီး ရှိသေးတယ်။ ပြီးရင် များများ ထပ်သောက်ဦး။”
"ဟုတ်ကဲ့ပါ။” ကန်းကျစ်က ပြုံးလိုက်ပါသည်။ စားစရိတ်က တစ်လကို ယွမ် ၂၀ ပေးရသည်။ ဒီအစားအစာများကို ဘာမှ အပြစ်ဆိုစရာမရှိပါ။ အလွန်အမင်း ကောင်းမွန်ပါသည်။
နေထိုင်စရိတ်ကလည်း ဘာမှ မကုန်ပါ။ အခု သူက ဖက်ထုပ်ဆိုင်၏ ဒုတိယထပ်မှာ တစ်ယောက်တည်း နေပါသည်။
"အစ်ကိုဟူကျစ်က အခုတလော ဆိုင်တစ်ဆိုင် ရှာနေတယ်လို့ ကြားတယ်နော်။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
"ဟုတ်တယ်။" ကန်းကျစ်က ခေါင်းငြိမ့်လိုက်သည်။
"တွေ့သွားပြီလား။ ဆိုင်တွေက အခု စျေးမနည်းဘူးနော်။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
ဆိုင်တစ်လုံးကို ယွမ် ၁၀,၀၀၀ မှ စသည်။ တည်နေရာ ကောင်းမွန်ပြီး ကျယ်ဝန်းပါက စျေးပိုများသည်။
"တစ်ဆိုင်တော့ တွေ့ထားတယ်။ တည်နေရာက အဆင်ပြေပေမယ့် ယွမ် ၁၈,၀၀၀ တောင် ကုန်ကျလိမ့်မယ်။ ငါ့အစ်ကိုက ထားလိုက်တော့တဲ့" ကန်းကျစ်က ပြောလိုက်သည်။
ယွမ် ၁၈,၀၀၀ တောင် အလွန်စျေးကြီးပါသည်။
“တည်နေရာကောင်းရင် ဟူကျစ်ကို ဝယ်ခိုင်းလိုက်" လင်းချင်းဟယ်က ထိုစကားများကို ကြားပြီးသောအခါ အကြံပေးလိုက်သည်။
"စျေးကြီးလွန်းပါတယ်။"ကန်းကျစ်က ပြောလိုက်၏။
"တည်နေရာကောင်းရင် စျေးက အဲ့လောက်ကို ကြီးတယ်လို့ မဆိုသာဘူး။ လတ်တလော လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဆိုင်စျေးတွေက ပိုပို တက်လာတာနော်။” လင်းချင်းဟယ်က ပြောလိုက်သည်။
တကယ်တော့ အခု အိမ်စျေးများတက်တာ မမြန်ပေ။ တကယ် မြန်တာက နောက်ပိုင်းမှဖြစ်သည်။ ညတွင်းချင်း ၂ ဆတိုးသွားနိုင်သည်။ ဒါမှ တကယ့်ပြဿနာဖြစ်ပါသည်။ လွန်ခဲ့သော ၂ နှစ်က အနည်းငယ်စီ တိုးလာသော်လည်း စျေးမကြီးသေးပါ။
အမှန်ပင် လစာစားသမားများအတွက်တော့ မိုးထိုးနေသည့် စျေးဖြစ်တာ ပြောစရာ မလိုပါ။ အတော်ကို စျေးကြီးပါသည်။
အခုခေတ်တွင် လစာက အများကြီး တိုးလာပါသည်။ သို့သော် ယွမ် ၁၀၀ ဝန်းကျင်လောက်သာ ဖြစ်သည်။ ဥပမာအားဖြင့် ကုန်ခြောက်ဆိုင်တွင် အလုပ်လုပ်သောာ လီအိုက်ကော်နဲ့ ကျိုးစန်းနီတို့အား လင်းချင်းဟယ်က ယွမ် ၃၀၀ ပေးပါသည်။ နေထိုင်စရိတ်များကို နုတ်လိုက်သောအခါ တစ်နှစ်ကို အများကြီး စုနိုင်ကြသည်။
ဒါကို နှစ်ဖက်ဝင်ငွေရှိသော မိသားစုဟု သတ်မှတ်နိုင်သည်။ အများစုက ဝင်ငွေတစ်ခုသာ ရှိကြသည်။
သို့သော်လည်း ဒီနှစ်ကုန်သောအခါ လီအိုက်ကော်နဲ့ ကျိုးစန်းနီတို့က အကြွေးများကို ဆပ်နိုင်တော့မည်ဖြစ်သည်။ ဆိုင်ဝယ်တုန်းက အကြွေးဖြစ်သည်။ ယခု ဆိုင်ကို ငှားထားဆဲဖြစ်သည်။ သူတို့ စီးပွားရေးကို စမလုပ်ကြရသေးပါ။ သို့သော်လည်း သူတို့ဘဝက သိပ်ပြီး မဆိုးလှပေ။
သူတို့ ဟူကျစ်နဲ့ ကန်းကျစ်တို့လောက် ဖွံ့ဖြိုးတာ မမြန်ရုံသာရှိသည်။
လင်းချင်းဟယ်က မေးခဲ့ပါသည်။ သို့သော်လည်း ကျိုးစန်းနီ၏ အဖြေကတော့ မလောသေးဘူးဟုသာဖြစ်သည်။ သူတို့ အချိန်ယူကြမည်။ အနာဂတ်တွင် အခွင့်အလမ်းများ ပိုရှိလာနိုင်ပါသည်။ ထို့ကြောင့် လောလောဆယ် စိတ်မပူသေးပါ။
နောက်ပိုင်း အခွင့်အလမ်းများစွာ သေချာပေါက်ရှိပါသည်။ အများကြီး စိတ်ပူဖို့ မလိုအပ်ပါ။ ထို့ကြောင့် လင်းချင်းဟယ်က ဘာမှမပြောခဲ့ပေ။
ဆိုင်ကို ဝယ်ထားသည်။ အိမ်ကို ပရိဘောဂ စုံလင်စွာဖြင့် ဝယ်မည်။ ထို့နောက် ကောင်းမွန်ပြီး ကြွယ်ဝသည့် ဘဝကို ပျော်ပျော်ကြီး နေမည်။ အခွင့်အလမ်းများစွာ ရှိပါသည်။
ကျိုးစန်းနီနဲ့ လီအိုက်ကော်တို့ ကိစ္စကို ဘေးဖယ်လိုက်ပြီး ဟူကျစ်သဘောကျသည့် ဆိုင်ကို ဝယ်နိုင်သည်ဟု လင်းချင်းဟယ် ခံစားမိပါသည်။
ဟူကျစ် လမ်းဘေးဆိုင်သွားခင်းတော့ သူ့အစ်ကိုကို ထိုအကြောင်း ပြောခဲ့ပါသည်။ "ငါတို့ညစာစားရင်း ပြောခဲ့ကြတယ်။ ဒေါ်လေးက တည်နေရာကောင် ဝယ်လိုက်တဲ့။ တွန့်ဆုတ်မနေနဲ့တဲ့။”
သူ ညဘက် အိမ်ပြန်တော့ ဟူကျစ်က ချန်းရှန်ရှန်ကို ပြန်ပြောခဲ့ပါသည်။
လောလောဆယ် ဟူကျစ် စုထားတာ အများကြီး ရှိပါသည်။ သို့သော်လည်း ယွမ် ၁၈,၀၀၀ က စျေးအလွန်များသည်။ မိသားစုတစ်စုလုံးကို ပြောင်သလင်းခါသွားစေလောက်သည်။
အမှန်ပင်။ တချို့တဝက်တော့ ကျန်ပါဦးမည်၊။ သူတို့နှစ်ယောက်မှာ သမီးလေးရှိသည်။ ချန်းရှန်ရှန်၏ အမေ လီယုဖန်းကို ခက်ခက်ခဲခဲ ကလေးထိန်းပေးသည့်အတွက် တစ်လ ယွမ် ၃၀ ပေးပါသည်။
ကျန်တာက ဟူကျစ်၏ စျေးထွက်ရောင်းခြင်းနဲ့ ချန်းရှန်ရှန်၏ လစာ ဖြစ်သည်။ အမှန်ပင် သူ့မိဘများအတွက် အိမ်ကို အနည်းငယ် ပို့ပေးသည်။ အများကြီးဖြစ်ဖို့ မလိုပါ။ ထို့ကြောင့် များများစားစား စုမိပါသည်။
သို့သော်လည်း ယွမ် ၁၈,၀၀၀ ကတော့ များလွန်းပါသည်။
"ဝယ်လိုက်ပါလား။ ဒေါ်လေးအမြင်က အကောင်းဆုံးပဲနော်။ ဒေါ်လေး အမြင်ကို နားထောင်တာ မှန်ကန်တဲ့ နည်းလမ်းပဲ" ချန်းရှန်ရှန်က ပြောလိုက်ပါသည်။
ဟူကျစ်က မဲ့ပြုံးပြုံးလိုက်ပါသည်။ "ဒေါ်လေး စကားနားထောင်ရင် မမှားနိုင်တာ သိပါတယ်။ ဒါပေမယ့် စျေးကြီးလွန်းတယ်လေ။”
"စျေးကြီးပေမယ့် ရှင် ဒီတိုင်းပဲ လမ်းဘေးဆိုင် ဖွင့်နေလို့မှမဖြစ်တာ။ အနာဂတ်အတွက် ကိုယ်ပိုင်ဆိုင်ရှိထားတော့ ပိုကောင်းတာပေါ့။" ချန်းရှန်ရှန်က တိုက်တွန်းလိုက်ပါသည်။
သူမ လင်းချင်းဟယ်ကို ဆိုင်ကြည့်ပေးဖို့ ကူညီသည်။ သူမ၏ ကိုယ်ပိုင်ဆိုင်ရှိလာပါက တံခါးဖွင့်ပြီး စီးပွားရေးလုပ်လို့ရပါပြီ။ ထို့နောက် သူမ၏ ဝမ်းကွဲနှစ်ယောက်ကို ဆိုင်ကြည့်ခိုင်းလို့ရသည်။ သူမက မန်နေဂျာလုပ်မည်။ ထို့နောာက် ဒေါ်လေး၏ ဆိုင်ကိုလည်း ကြည့်ပေးပါမည်။ ကြီးကြီးမားမား ပြဿနာ မဟုတ်ပေ။
"ဆိုင်ဝယ်လိုက်ပါ။ ကျွန်မတို့ အနာဂတ်မှာ ကိုယ်ပိုင်စီးပွားရေး လုပ်မှာပဲကို။ စီးပွားရေးက ကောင်းတဲ့အခါ ပိုက်ဆံပြန်ရမှာပါ။" ချန်းရှန်ရှန်က ဆက်ပြောလိုက်သည်။
နောက်ဆုံးတော့ ဟူကျစ်ခေါင်းငြိမ့်လိုက်ပြီး နောက်တစ်နေ့ ဆိုင်ပိုင်ရှင်ကိုသွားတွေ့ခဲ့ပါသည်။ ယွမ် ၁၈,၀၀၀ အတိအကျဖြစ်ပြီး တစ်ပြားတစ်ကျပ်မှ မလိုခဲ့ပါ။
ဟူကျစ်က အံကြိတ်ရင်း ပိုင်ဆိုင်မှုစာရင်းကို လွှဲယူလိုက်သည်။ ဒီတစ်ခေါက် မူလစုထားသည့် ငွေများ ၉၀ ရာခိုင်နှုန်းလောက်အထိ ကြုံ့သွားပြီဖြစ်ပါသည်။ အထူးသဖြင့် ဆိုင်ကို သူကိုယ်တိုင် ပြန်လည်ပြင်ဆင်ရသောကြောင့် ယွမ် ၂၀၀ - ၃၀၀ လောက် ကုန်ကျသွားပါသည်။
ဟူကျစ်နဲ့ ချန်းရှန်ရှန်တို့ ဆိုင်ဝယ်လိုက်ပြီး လင်းချင်းဟယ်ကို လာအသိပေးပါသည်။
လင်းချင်းဟယ်က ဝမ်းသာပါသည်။ "ဝယ်တာ မှန်ပါတယ်။ ကန်းကျစ်အတွက်လည်း မျက်စိစွင့်ထားပေးကြ။ သင့်တော်တာရှိရင် ကန်းကျစ်လည်း တစ်ဆိုင်ဝယ်လိုက်ပေါ့။”
"ကျွန်တော် မဝယ်ချင်သေးပါဘူး။ အိမ်တစ်လုံးတောင် မရှိသေးဘူး။ အိမ်အရင်ဝယ်ချင်သေးတယ်။ ပိုက်ဆံစုပြီးမှ လုပ်ငန်းအိမ်တစ်လုံး ဝယ်ရမယ်။” ကန်းကျစ်က ပြောလိုက်သည်။
သူ့ဒေါ်လေး၏ ပြောစကားကို ကြာားပြီး လုပ်ငန်းအိမ်များက အဆင့်မြင့်ရုံးများလိုဖြစ်သည်ဟု ခံစားမိပါသည်။
ထို့ကြောင့် ဆိုင်တစ်လုံး အလျှင်စလိုဝယ်ဖို့ မလိုအပ်ပါ။ သို့သော်လည်း သူ့လုပ်ငန်းအိမ်ကို အရင်ဆုံး ဝယ်ချင်ပါသည်။