အခန်း(၆၂၁) မြေကို လဲလှယ်နိုင်ပြီ
Vol. 45 Ch. 621
အခန်း(၆၂၁) မြေကို လဲလှယ်နိုင်ပြီ
"အဲ့ဒီမြေက တော်တော်လေးကောင်းတယ်။ ကိုယ်တို့ ဝယ်လို့ရမယ်ထင်တယ်" ကျိုးချင်းပိုင်က သူ့မိန်းမကိုကြည့်ရင်း ပြောလိုက်ပါသည်။
လင်းချင်းဟယ်က မျက်ခုံးပင့်ကာ သူ့ကို ပြန်ကြည့်လိုက်သည်။ "ဘယ်လိုဝယ်ရမှာလဲ။ ကျွန်မတို့ မိသားစုမှာ အဲ့လောက်ပိုက်ဆံအများကြီးမှ မရှိတာ။"
"ငွေချေးမှာပေါ့။" ကျိုးချင်းပိုင်က သူ့မိန်းမကို ဆက်ပြီး တည်ငြိမ်စွာ ကြည့်နေပါသည်။
တိုးတက်လာပြီးနောက် လူတစ်စု အရင်ဆုံး ချမ်းသာလာအောင် တွန်းအားပေးနေသည်။ ထိုအခါတခြားလူများလည်း အတူတူကြွယ်ဝလာနိုင်၏။ ထို့ကြောင့် ချေးငွေ အခြေအနေများက အလွန်အဆင်ပြေချောမွေ့သည်။ အစွမ်းအစရှိပါက ချေးငွေရယူနိုင်ပါသည်။
မိသားစုတွင် ပိုင်ဆိုင်မှုများစွာရှိနေရင်တောင် လိုအပ်သည့် ပမာဏက အလွန်များပြားသောအခါ ချေးယူနိုင်သည်။
လင်းချင်းဟယ်က သူ့ယောက်ျား၏ အကြိုက်က အသက်ကြီးလာလေလေ ပိုများလာလေလေဖြစ်မည်ဟု မထင်ထားခဲ့ပါ။ ဒီမြေတစ်ကွက်အတွက် ချေးငွေယူဖို့ပင် စဥ်းစားမိသည်။
လင်းချင်းဟယ်လည်း စဥ်းစားချင့်ချိန်ကြည့်လိုက်၏။ တွန့်ဆုတ်မှုတချို့တော့ ရှိနေပါသည်။ ဘာပဲဖြစ်ဖြစ် လိုအပ်သည်ငွေက မနည်းပါ။
"ဒါက ရှားပါးအခွင့်အရေးနော်။ ချေးငွေက ဖြည်းဖြည်းချင်း ပြန်ဆပ်လို့ရပါတယ်။" ကျိုးချင်းပိုင်က ဆက်ပြီး တိုက်တွန်းသည်။
သူတို့ နောက်ပိုင်းမှ ဝယ်ယူချင်ပါက မဖြစ်နိုင်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် စျေးကြီးလွန်းသောကြောင့်ပင်။ ဘယ်လိုလုပ် အလွယ်တကူ ဝယ်ယူနိုင်တော့မည်နည်း။
သူတို့ ဝယ်ယူချင်ပါက အခု ဝယ်ယူမှ ဖြစ်ပါမည်။
"အဲ့အချိန်ကျရင် ဟိုင်းနန်က ဝင်ငွေကောင်းပြီး အများကြီး တိုးတက်လာမှာလေ။" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ရွှင်ပျစွာ ပြန်ပြောလိုက်သည်။ "အဲ့မြေက အဲ့လောက်တောင်ကောင်းလို့လား။"
"စိုက်ပျိုးရေးအတွက်သုံးမယ်ဆိုရင် မဆိုးပါဘူး။" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပါသည်။
သူလျှောက်ကြည့်ဖို့ ကားဖြင့်သွားခဲ့တုန်းက မြင်ခဲ့ခြင်းဖြစ်ပါသည်။ အနည်းငယ် ချောင်ကျသော်လည်း စိုက်ပျိုးရေးအတွက် သုံးမည်ဆိုပါက မဆိုးရွားနိုင်ပါ။ ဘာပဲဖြစ်ဖြစ် အခုဆို လမ်းမများကို နေရာများစွာတွင် ခင်းကျင်းပြီးပြီဖြစ်သည်။ လမ်းမများရှိလျှင် အနာဂတ်မှာ ထိုနေရာသို့သွားဖို့ မခက်ခဲနိုင်တော့ပါ။
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။ "ရှင် ဝမ်ယွမ်နဲ့ အတူတူတွဲလုပ်မယ်ထင်ထားတာ။ သူက အရမ်းချမ်းသာတာကိုး။"
"ကိုယ်တို့ဖာသာလုပ်လည်း အဆင်ပြေပါတယ်။" ကျိုးချင်းပိုင်က ပြန်ပြောလိုက်ပါသည်။ သူ့စီးပွားရေးကို တခြားသူတွေနဲ့ မရောနှောချင်ပေ။
ထို့အပြင် သူတို့မိသားစုကလည်း ဒီမြေကို မယူနိုင်တာ မဟုတ်ပါ။ ဝေမျှဖို့ မလိုအပ်ပေ။
လင်းချင်းဟယ်က ပြောလိုက်သည်။ "မနက်ဖြန် ကျွန်မကိုလိုက်ပြ။”
"ဟုတ်ပြီ" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပါသည်။
နောက်တစ်နေ့ သူ့သမီးကို မူကြိုလိုက်ပို့ပြီးနောက် သူ့မိန်းမကို ဆင်ခြေဖုံးသို့ လိုက်ပို့လိုက်သည်။
ဒီမြေက တကယ်ပဲ ချောင်ကျပါသည်။ ကျယ်တော့ အလွန်ကျယ်ဝန်းလှသည်။ ဒီမြေက စိုက်ပျိုးရေးလုပ်နိုင်ဖို့ အလားအလာရှိသည်။ လင်းချင်းဟယ်လည်း အလွန်ကောင်းမွန်သည်ဟု ခံစားမိပါသည်။
"ရှင် ဘယ်လို ရှာတွေ့သွားတာလဲ။" လင်းချင်းဟယ်က အတူတူလမ်းလျှောက်ရင်း မေးလိုက်၏။
"ကိုယ်ဘာမှလုပ်စရာမရှိလို့ အပြင်ထွက်ပြီး လေ့လာရင်းနဲ့ ရှာတွေ့သွားတာလေ။" ကျိုးချင်းပိုင်က ရှင်းပြလိုက်ပါသည်။
လွန်ခဲ့သော ၂ နှစ်နီးပါးလုံးလုံး တခြားကိစ္စများကို ဘာမှ ထွေထွေထူးထူး မလုပ်ရပါ။ တခြား နာမည်ကြီးနေရာများရှိ နေရာကောင်းများတွင် အိမ်ခြံမြေကောင်းကောင်းများစွာ ဝယ်ယူခြင်းသာ ရှိသည်။ စက်ရုံများစွာနဲ့ အိမ်များလည်း ပါဝင်ပါသည်။
လင်းချင်းဟယ်က သူ့ကိုပင် စနောက်ခဲ့သေးသည်။ များလွန်းသဖြင့် ဝယ်ထားသည့် အိမ်များကိုပင် မေ့နေပြီလားဟူ၍ ဖြစ်သည်။
ကျိုးချင်းပိုင်က သူမကို စာအုပ်တစ်အုပ်ပြလိုက်၏။ ထိုအိမ်ခြံမြေများကို သူ့စာအုပ်ထဲတွင် ရှင်းလင်းစွာ မှတ်သားထားပါသည်။ ပိုင်ဆိုင်မှုစာချုပ်ကဲ့သို့ သက်ဆိုင်ရာစာရွက်စာတမ်းများလည်း ရှိပါသည်။ သူတို့ ဒါကိုမေ့လို့ဖြစ်ပါ့မလား။
ထိုအိမ်ခြံမြေများကို ကိုင်တွယ်ခြင်းအပြင် ကျန်အချိန်များတွင်ကျိုးချင်းပိုင်က ဟိုနား ဒီနား လျှောက်သွားတတ်သည်။ သူက မြေနေရာ အကြီးကြီးတစ်ခု ဝယ်ချင်ပြီး သူ့မိန်းမ အနာဂတ်မှာ စီစဥ်ထားသည့်အစီအစဥ်အတွက် သိမ်းထားခြင်း၏။ အော်ဂဲနစ် ဟင်းသီးဟင်းရွက်စိမ်း စိုက်ပျိုးရေးခြံဖွင့်ဖို့ ဖြစ်ပါသည်။
တကယ်တော့ မနှစ်ကတည်းက သူဒီမြေကွက်ကို သဘောကျနေခဲ့သည်။ သို့သော်လည်း မနှစ်က မြေများကို ဝယ်ယူရောင်းချခွင့် မပြုသေးပါ။ ဒီနှစ်မှ မူဝါဒအသစ်ကို သတ်မှတ်လိုက်သည်။ မြေများကို လှဲလှယ်နိုင်ပါပြီ။
ထို့ကြောင့် ကျိုးချင်းပိုင် စိတ်လှုပ်ရှားသွားပြီး ချေးငွေအကြံကိုပင် စဥ်းစားမိလိုက်ခြင်း ဖြစ်ပါသည်။
လင်းချင်းဟယ်က သူနဲ့ အတူတူ လမ်းလျှောက်ကြည့်ပြီးနောက် ပြန်လာကာ ပြောလိုက်ပါသည်။ "ဟိုင်းနန်ကို အရင်သွားကြရအောင်"
"အင်း" ကျိုးချင်းပိုင်ကလည်း မကန့်ကွက်ပါ။ သူက မကြာခဏ သတင်းစာဖတ်တတ်ပြီး ထိုဘက်က ဖွံ့ဖြိုးတိုးတက်မှုဘယ်လောက် မြန်သလဲ သိပါသည်။ ထို့ကြောင့် သူတို့အလည်သွားပြီး စစ်ဆေးကြည့်ရမည်။
ဘာပဲဖြစ်ဖြစ် ဒါက အခွင့်ကောင်း ဖြစ်ပါသည်။
"မိမိလေးကို ခေါ်သွားချင်လား။" လင်းချင်းဟယ်က မေးလိုက်ပါသည်။
"ခေါ်သွားရမှာပေါ့။ အိမ်မှာ သူတို့ကို ကြည့်ခိုင်းထားရမှာ စိတ်မချဘူး။" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်ပါသည်။
သူ့သမီးလေး မွေးလာကတည်းက မူကြိုသွားသည့်အချိန်ကလွဲပြီး တစ်ခါမှ မခွဲဖူးပါ။ သူမကို ထားခဲ့နိုင်ပါ့မလား။ သားငယ်ကို ကြည့်ထားခိုင်းရမှာလား။ အဲ့ဒီအကျင့်မကောင်းတဲ့ ကောင်လေးက သူ့ကို ဘာတွေ သင်ပေးမလဲ မသိနိုင်ဘူးလေ။
ထို့ကြောင့် သူတို့ ဟိုင်းနန်ကိုသွားရင်တောင် သူမကို ခေါ်သွားရပါမည်။
"သူက အရမ်းငယ်သေးတာကို တော်တော် အလိုလိုက်တာပဲ။" လင်းချင်းဟယ်က မကျေနပ်စွာ ပြောလိုက်ပါသည်။
"ကိုယ့်သမီးကို ပင်ပန်းအောင် မလုပ်ပါဘူး။" ကျိုးချင်းပိုင်က နှစ်သိမ့်ပေးလိုက်သည်။ သူ အကုန် တာဝန်ယူပေးပါမည်။
လင်းချင်းဟယ်က သူ့ကိုလုပ်ချင်သလိုသာ လုပ်ခိုင်းလိုက်ပါသည်။ သူတို့အိမ်ပြန်ရောက်တော့ ကျိုးချင်းပိုင်က ဖက်ထုပ်ဆိုင်သွားဖွင့်သည်။ လင်းချင်းဟယ်က အမေဝိန်တို့အိမ်ကို တစ်ယောက်တည်း ကားဖြင့် မောင်းသွား၏။
အမေဝိန်က လွန်ခဲ့သော ၂ နှစ်စလုံး သူမ၏ အထည်ဆိုင်ကို ဖွင့်ထားခဲ့ပါသည်။ လွန်ခဲ့သော ၂နှစ်တုန်းကနဲ့ ယှဥ်ကြည့်လျှင် သိသာလှပါသည်။ အမေဝိန်က အခုဆို အောင်မြင်သည့် အမျိုးသမီးတစ်ယောက်လို ဝတ်စားထားပြီး ပိုမိုအားအင်တက်ကြွကာ ယုံကြည်ချက် ပြည့်ဝသည့်ပုံပေါက်နေပါသည်။
ကျိုးစစ်နီကလည်း ထိုဘက်တွင် ကူညီပေးသည်။ ဘာပဲဖြစ်ဖြစ် သူမက နေရမခက်ဘဲ စတုတ္ထဒေါ်လေကို ဒုက္ခမပေးချင်၍ ဖြစ်ပါသည်။ အလုပ်ဆက်မလုပ်ခင် သူမ နေကောင်းသည့်အထိ စောင့်နေပါသည်။
"စတုတ္ထဒေါ်လေး" သူမကိုမြင်သောအခါ ကျိုးစစ်နီက ပျော်ရွှင်စွာနှုတ်ဆက်လိုက်ပါသည်။
"မနက်ပိုင်းနေထိုင်မကောင်းတာတွေ သက်သာနေပြီလား။" လင်းချင်းဟယ်က မေးလိုက်ပါသည်။
"လွန်ခဲ့တဲ့ ၂ ရက်တုန်းကစပြီး အများကြီး ပိုသက်သာလာပါတယ်။ ပထမ ၃ လ ကျော်သွားရင် အဆင်ပြေသွားမယ် ထင်တာပဲ။" ကျိုးစစ်နီက ပြန်ပြောလိုက်ပါသည်။
"သူက အလုပ်ပြန်လုပ်ဖို့ စိတ်ဖိစီးနေတာလေ။" အချိန်ယူပြီး အမေဝိန်က ကတ်စတမ်မာများကို ဧည့်ခံရင်း ပြောလိုက်ပါသည်။
ကောင်မလေးငယ်ငယ်တစ်ယောက်ကို ဆိုင်တွင် ငှားထားသည်။ သူမလည်း ရှိသဖြင့် လုံလောက်ပါသည်။ ကတ်စတမ်မာများတချို့က အထည်ရွေးနေသဖြင့် သူမအလုပ်လုပ်နေပါသည်။
"ဘာတွေ လောနေတာလဲ။ မနေ့က နင့်အမေကို ဖုန်းဆက်ပြီး ဒီအကြောင်းပြောခဲ့တယ်။ နင့်ကိုယ်နင် အရင်ဂရုစိုက်သင့်တယ်။ အဆင်ပြေတဲ့အချိန်ထိ နားလိုက်ပါ။ မပြီးခင် အချိန်လိုသေးတယ်။ နင့်အမေတို့အတွက်ပဲ အလုပ်လုပ်သင့်တယ်။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"ကျွန်မလည်း အဲ့လိုပဲပြောတာပဲ။ ကျွန်မလည်း ဒီမှာ အကူအညီလိုနေတာပဲ။" အမေဝိန်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ကျိုးစစ်နီဘက်ကိုလှည့်လိုက်ပါသည်။ ကျိုးစစ်နီက ပြုံးကာ ပြောလိုက်သည်။ "သမီးစတုတ္ထဒေါ်လေးနဲ့ အလုပ်လုပ်ရတာကို အသားကျနေတုန်းမို့လို့ပါ။"
သူမ ယောက္ခမ သူမကို ဆက်ဆံသည့် ပုံစံအား အပြစ်ပြောစရာမရှိပါ။ သို့သော်လည်း သူမ စတုတ္ထဒေါ်လေးဘက်မှာသာ အလုပ်လုပ်ရတာကို ပိုသဘောကျပါသည်။ ထိုဘက်က အခြေအနေများကို ပိုပြီး သဘောကျသည်။ အမှန်ပင်။ အဓိက အကြောင်းပြချက်ကတော့ ထိုဘက်နဲ့ ပိုပြီး ကျွမ်းဝင်သောကြောင့် ဖြစ်ပါသည်။
သူမ ယောက္ခမနဲ့ ဆက်ဆံရေး ကောင်းမွန်သော်လည်း အနည်းငယ် စည်းခြားပြီး ဒီအထည်ဆိုင်မှာ အတူတူ အလုပ်မလုပ်တာ ပိုကောင်းပါလိမ့်မည်။
သူမ၏ ဒုတိယအစ်မကလည်း သူမ ဒုတိယခဲအို၏ အထည်စက်ရုံကိုတောင် မသွားပါ။ ထို့အစား စတုတ္ထဒေါ်လေးအတွက် လက်ဖက်ရည်လုပ်ငန်းကိုသာ စီမံပေးနေသည်။
"ဗိုက်ကြီးနဲ့ ဘယ်အဆင်ပြေမလဲ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"အဆင်ပြေပါတယ်။ ဘတ်စ်ကားစီးပြီး ဂိတ်ရောက်ရင် ဆင်းလိုက်ရုံပဲကို။ ဒီတိုင်း ကိုယ်ဝန်ရှိနေတာပဲကို။ သမီးအစ်မအကြီးဆုံးဆို ကိုယ်ဝန်ရှိတုန်းက လယ်ထဲ ဆင်းတာတောင် မြင်ဖူးတယ်။" ကျိုးစစ်နီက ပြန်ပြောလိုက်ပါသည်။
"နင့်အမေ ကြမ်းကြမ်းတမ်းတမ်း ပျိုးထောင်ပေးထားတာကို နင်အသားကျနေတာပါ။ ပြီးတော့ ကိုယ်ဝန်ရှိနေတာလေးပဲကိုဆိုပြီး ပြောနိုင်သေးတယ်။ ဖြစ်ကတတ်ဆန်း မနေနဲ့။ သေချာ ဂရုစိုက် နားလည်လား။ ဆန်ပြုတ်နဲ့အတူ ယူလာတဲ့ ပင်လယ်မျှော့တွေကိုကော ချက်စားသေးလား။" လင်းချင်းဟယ်က မေးလိုက်သည်။
"စားပါတယ်။" ကျိုးစစ်နီက ခေါင်းငြိမ့်လိုက်ပါသည်။ သူမစတုတ္ထဒေါ်လေးက ထိုအရာများကို စားပါက ကလေးအတွက် ကောင်းသည်ဟု ဆိုသည်။ ထို့ကြောင့် သူမ စားပါသည်။
အမြွှာနှစ်ယောက်၊ ဖန်ဖန်နဲ့ မိမိလေးတို့ကို ကြည့်ပါဦး။ တစ်ယောက်ချင်းစီတိုင်းက ထက်မြက်ကြသည် မဟုတ်ပါလား။ ဒါက ဗိုက်ထဲမှာ ရှိနေစဥ်ကတည်းက ကောင်းကောင်း စားသောက်ခဲ့သောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် သူမ အရသာကို မကြိုက်ရင်တောင် အားတင်းပြီး စားရပါသည်။
"ငါးသိုင်းစွပ်ပြုတ်တို့ ဘာတို့လည်း သောက်ဦး။" လင်းချင်းဟယ်က အကြံပေးလိုက်ပါသည်။
"သောက်ပါတယ်။ ဒါပေမယ့် သမီးအလုပ်ချင်ဆုံးက အလုပ်သွားဖို့ပဲ။" ကျိုးစစ်နီက ပြုံးကာပြောလိုက်ပါသည်။