အခန်း(၆၂၃) မယားငယ်
Vol. 45 Ch. 623
အခန်း(၆၂၃) မယားငယ်
လင်းချင်းဟယ်က အမေဝိန်တို့ဘက်မှ တန်းမပြန်သေးပါ။ စောသေးသဖြင့် သူမလက်အောက်က လုပ်ငန်းများကို လိုက်ကြည့်လိုက်ပါသည်။
ကျိုးကွေ့လိုင်က ဖက်ထုပ်ဆိုင်မှာမရှိပါ။ မာချန်းမင်နှင့် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် သောက်နေပါသည်။
ဒါကိုမြင်သောအခါ လင်းချင်းဟယ် ကားကိုရပ်လိုက်သည်။
"ကျွန်တော့်အမေ အဲ့လိုဒေါက်ဖိနပ်တွေကို ဝတ်ထားရင် ဟောင်ကောင်အလှမယ်နဲ့ တူသွားတယ်"က ကျိုးကွေ့လိုင်က သူ့အမေ၏ ဒေါက်ဖိနပ်အသံကို ကြားသောအခါ ပြုံးကာ ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ဒေါက်နိမ့်ဖိနပ်ကို စီးပြီး ပခုံးတွင် အိတ်တစ်လုံးကို လွယ်ထားသည်။ ရေပန်းစားသည့် ဝတ်စုံနဲ့ ပေါင်းလိုက်ပါက တကယ်ပဲ ကြည့်ကောင်းပါသည်။
သူ့သား၏ စနောက်သံကိုကြားသောအခါ လင်းချင်းဟယ်က ပြောလိုက်သည်။ "တော်တော် ဇိမ်ကျနေတယ်ဟုတ်လား။ ရှန်ဟိုင်းမြို့တော်က ဆိုင်ကို အလှဆင်ပြီးသွားပြီလား။"
"အလှဆင်တာတွေပြီးသွားပြီတဲ့။ အဘိုးကျန်း ဖုန်းဆက်တယ်။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။ လင်းချင်းဟယ်က မာချန်းမင် ဘက်သို့ လှည့်လိုက်သည်။ "ချင်းပိုင်နဲ့ ကျွန်မတို့ နောက်လထဲခရီးသွားမှာ။ အချိန်နည်းနည်း ကြာလိမ့်မယ်။”
"ပြဿနာမရှိပါဘူး။ ကွေ့လိုင်နဲ့ ကျွန်တော်တို့ တာဝန်ယူပေးပါ့မယ်။" မာချန်းမင်က ခေါင်းငြိမ့်လိုက်ပါသည်။
လင်းချင်းဟယ်က အာ့နီကို မန်နေဂျာတစ်ယောက် ဖြစ်အောင် လေ့ကျင့်ပေးထားသော်လည်း မာချန်းမင်၏ ရာထူးကတော့ ကိုင်လှုပ်လို့ မရဆဲ ဖြစ်ပါသည်။ လင်းချင်းဟယ် သူ့ကို အားကိုးရပါသည်။
အမှန်ပင်။ မာချန်းမင်က သူမအတွက် အလုပ်လုပ်ပေးချင်သဖြင့် သူမ ဆိုးဆိုးရွားရွား မဆက်ဆံပါ။
ဒေါ်လေးမာက ဟွမ်ရှောင်းလျှို့နဲ့အတူ ဖက်ထုပ်ဆိုင်တစ်ဆိုင်ဖွင့်ထားသည်။ စီးပွားရေးက အတော်လေး ကောင်းမွန်သည်။ ကျိုးချင်းပိုင်လောက် မကောင်းသော်လည်း တစ်လကို ယွမ်ရာကျော်ဝင်ငွေရှိပါသည်။ ဦးလေးမာလည်း သွားကူညီတတ်၏။
မိသားစုတစ်ခုလုံး လုပ်စရာ တစ်ခုခု ရှိသွားပါပြီ။
သို့သော်လည်း မာချန်းမင်က သွားမလုပ်ချင်ပါ။ ဒီမှာ မန်နေဂျာလုပ်ရတာကိုသာ ပိုသဘောကျပါသည်။
လုပ်စရာတွေလည်း အများကြီးရှိနေသောကြောင့် ဖြစ်ပါသည်။ လင်းချင်းဟယ် ပေးထားသည့် လစာက သာမန်ဝန်ထမ်းများထက် အများကြီး ပိုကောင်းပါသည်။
တခြားသူတွေက ယွမ် ၁၇၀ ရပြီး မာချန်းမင်၏ လစာကတောာ့ ယွမ် ၂၃၀ ဖြစ်ပါသည်။ ဒါက လုံးဝကို မြင့်မားသည့် လစာဖြစ်ပြီး သေချာပေါက် သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ပါ။
မာချန်းမင်က လစာကောင်းကောင်းရှိရုံသာမကဘဲ ဒီမှာအလုပ်လုပ်ရတာလည်း ကောင်းသည်ဟု ခံစားမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ပတ်ဝန်းကျင်ကို အလွန်သဘောကျမိသောကြောင့်ဖြစ်သည်။ လင်းချင်းဟယ်၊ ကျိုးချင်းပိုင်နှင့် ကျိုးကွေ့လိုင်တို့က တခြားသူတွေကို ဆိုးဆိုးရွားရွား မဆက်ဆံတတ်ကြပါ။
သူ့ကို မိတ်ဆွေတစ်ယောက်လိုသာ သဘောထားကြသည်။ ထို့ကြောင့် သူအလုပ်ဆက်လုပ်နေခြင်း ဖြစ်ပါသည်။
"ဝန်ထမ်းအသစ်တွေကို လေ့ကျင့်ပေးတာအပြင် အဲ့မှာ စတိုးဆိုင်မန်နေဂျာ ၂ ယောက် ၃ ယောက် လောက်ကိုလည်း လေ့ကျင့်ပေးရမယ်။ အချိန်တော့ နည်းနည်းယူရမှာပေါ့။ လောဖို့ မလိုပါဘူး။ အဲ့ဘက်မှာ အခြေအနေတွေ တည်ငြိမ်သွားတာနဲ့ ဒီဘက်ကိုပြန်လာပြီး တာဝန်ယူပေးပါ ချန်းမင်။ သားငယ် နင်ကတော့ ရှန်ဟိုင်းမြို့တော်ဆိုင်အတွက် နောက်ဆက်တွဲအလုပ်တွေ ဆက်လုပ်ရမယ်။ အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် အဘိုးကျန်းတို့အိမ်ကိုပဲသွားလိုက်ပေါ့။" လင်းချင်းဟယ်က ညွှန်ကြားလိုက်ပါသည်။
ကျိုးကွေ့လိုင်က ပြဿနာမရှိကြောင်း ပြောလိုက်ပါသည်။
လင်းချင်းဟယ်က မေးလိုက်၏။ "အာ့နီ ဘယ်မှာလဲ။"
"အစ်မအာ့နီက ဒုတိယယောက်ဖ စက်ရုံကို သွားတယ်လေ။" ကျိုးကွေ့လိုင်က ပြုံးလိုက်ပါသည်။
သူ့ကို ဒီလိုပုံစံဖြင့် မြင်သောအခါ လင်းချင်းဟယ် မျက်လုံးမှေးလိုက်သည်။ "နင်ငွေသွားရှင်းတုန်းက မဟုတ်တာတွေ ဘာပြောလိုက်သေးလဲ။"
"အမေ နားလည်မှု မလွဲပါနဲ့ဗျာ။ ကျွန်တော်က အဲ့လောက် မသိတတ်တဲ့လူ မဟုတ်ပါဘူး။ ကျွန်တော် စာရင်းကိုင်အသစ်နှစ်ယောက်ကိုပဲ သွားကြည့်တာပါ။"ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
သူတို့ထဲက တစ်ယောက်ကို စိတ်ပူဖို့ မလိုပါ။ အနည်းငယ် အသက်ကြီးပြီး မက်လောက်စရာ ပုံစံလည်း မရှိပါ။ သို့သော် နောက်တစ်ယောက်ကတော့ ကြည့်ပျော်ရှုပျော်ရှိသည်။ စာရင်းကိုင်ပညာမှာလည်း ကျွမ်းကျင်၏။ ထို့ကြောင့် ကျိုးအာ့နီ သူမကို ခန့်အပ်ခဲ့ခြင်း ဖြစ်ပါသည်။
ရည်းစားရှိသော်လည်း သူမ ရည်းစားက ဒုတိယယောက်ဖလောက် မတော်ပါ။ ထို့ကြောင့် ကျိုးကွေ့လိုင်က သွားမေးခဲ့ခြင်း ဖြစ်သည်။ ဘာမှ အရေးကြီးတာ မပြောခဲ့ပါ။
လင်းချင်းဟယ်က သူ့ကို မဆုံးမတော့ပေ။ ဘာပဲဖြစ်ဖြစ် အာ့နီက သူမကို အလုပ်ခန့်အပ်ရဲသဖြင့် ရင်ထဲမှာ သိထားပြီးသားဖြစ်လောက်ပါသည်။ ဝင်မပါတာ ပိုကောင်းသည်။
သူမ မသိခဲ့တာက သားငယ်မှာ ဝမ်ယွမ်နဲ့ စကားပြောခဲ့တာ ကြာပြီဖြစ်သည်။ သူ့အစ်ကိုအကြီးဆုံးက ဒီနှစ်ထဲ ရာထူးတိုးတော့မည်ဟု ပြောခဲ့သည်။
သူ့အစ်ကိုကြီးလက်ထပ်ပြီးသောအခါ သူ့အစ်ကိုလတ် အလှည့်ရောက်ပြီဖြစ်သည်။ နိုင်ငံတော်အရာရှိတစ်ဦး၏ သမီးနဲ့ ဖြစ်ပါသည်။
သားငယ်က မနာလိုသည့် စကားလုံးများ ပြောသလိုဖြစ်သော်လည်း တကယ်တော့ ဝမ်ယွမ်ကို သတိပေးနေခြင်း ဖြစ်ပါသည်။ ဝမ်ယွမ်လည်း ဒါကို နားလည်ပြီး စိတ်ညစ်သွားပါသည်။
သားငယ်က သူ့ကို စိတ်ပူရအောင် သူက ဘယ်လောက် ပွေရှုပ်တတ်တဲ့လူမျိုးမို့လို့လဲ။
ကျိုးအာ့နီက ဖက်ထုပ်ကြီးနှစ်ကျင်း ယူလာပေးသောအခါ ဝမ်ယွမ်က ပြောလိုက်ပါသည်။ "အခုလေးတင် ယောက်ဖ ၃ ရောက်လာပြီး သတိကောင်းကောင်း ပေးသွားတယ်။”
ကျိုးအာ့နီကြားသောအခါ ကျိုးကွေ့လိုင် စကားလာပြောတာကို သိသွားပါသည်။ ရွှင်ပျသော အကြည့်ဖြင့် ပြောလိုက်၏။ "ဘာပြောသွားလို့လဲ။"
"သူ့အစ်ကိုကြီးက ရာထူးတိုးတော့မယ်တဲ့။ သူ့အစ်ကိုလတ်ကလည်း အရာရှိသမီးနဲ့ လက်ထပ်ပြီး နိုင်ငံရေးလောကထဲ နောက်ပိုင်း ပါလာနိုင်တယ်တဲ့။ ကိုယ့်ကို မပွေဘဲ မင်းကို အနိုင်မကျင့်ဖို့ ပြောသွားတယ်။ မဟုတ်ရင် လွတ်လမ်းမရှိဘူးတဲ့" ဝမ်ယွမ်က ပြောလိုက်ပါသည်။
"လောင်စန်းက အဲ့လိုမပြောလောက်ပါဘူး။" ကျိုးအာ့နီက သူ့ကိုမယုံပါ။
ဝမ်ယွမ်က ပြုံးကာ ပြောလိုက်ပါသည်။ "ဆိုလိုရင်းကတော့ အဲ့လိုပါပဲ။"
"ဒါဆိုရင်တော့ ရှင်နားထောင်ရမှာပေါ့။ ကျွန်မက မိသားစုမရှိတဲ့လူ မဟုတ်ဘူးနော်။ ကျွန်မတို့မိသားစုအတွက် မှတ်ထားလိုက်" ကျိုးအာ့နီက သူ့ရင်ဘတ်ကို ထုရင်း ပြောလိုက်ပါသည်။
ကျိုးအာ့နီက သူ့ကိုချစ်သော်လည်း သူမယောက်ျား အိမ်နဲ့ မိသားစုအတွက် စဥ်းစားမပေးပါက သည်းခံမှာ မဟုတ်ပေ။ တစ်ခေါက်လောက် သစ္စာမဲ့လိုက်တာနဲ့ သူမ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်တော့ပါ။
အဘယ့်ကြောင့်ဆိုသော် ပထမအကြိမ်ဆိုတာ ရှိပါက ဒုတိယအကြိမ်ဆိုတာလည်း ရှိလာဦးမည် ဖြစ်သောကြောင့်ပင်။ ဒီကိစ္စမျိုးက ဆွေးနွေးစရာ မရှိပါ။
တကယ်တော့ ဝမ်ယွမ်၏ လွန်ခဲ့သော ၂ နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ကျိုးအာ့နီ အနည်းငယ် စိတ်မချဖြစ်မိပါသည်။အစတော့ သူတို့၏ သရုပ်က အလွန်ခြားနားပါသည်။ ယခုတော့ အလွန်မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်နေသဖြင့် ကွာခြားမှုက ပိုပိုပြီး ကြီးမားလာမှာကို စိုးရိမ်မိပါသည်။
သို့သော်လည်း ထိုစကားလုံးများကို တစ်ခါမှ မပြောခဲ့ပေ။ သူမက မူယာမာယာများသော မိန်းမမဟုတ်ပါ။ သူမတတ်နိုင်သမျှ အကောင်းဆုံးကြိုးစားသည်။ ဒါကိုမှ သူ့ကို ဆက်ပြီးမထိန်းနိုင်ပါက သူမ ဘာမှမတတ်နိုင်ပါ။
လွန်ခဲ့သော ၂ နှစ်အတွင်း ကျိုးအာ့နီ အရာများစွာကို ကြားလည်းကြား မြင်လည်းမြင်ဖူးပါသည်။
သူမအမေနဲ့ ဖုန်းပြောခဲ့စဥ်က ရွာထဲက လူတစ်ယောက်မှာ ရွာပြင်ထွက်ပြီး အလုပ်သမား ခေါင်းဆောင်အဖြစ် အလုပ်လုပ်ဖို့ သွားသည်ဟု ပြောသည်။ ထိုလူက မိန်းကလေး ငယ်ငယ်ချောချောတစ်ယောက်ကို တွေ့ပြီး ဗိုက်တစ်လုံးဖြင့် ပြန်ရောက်လာသည်ဟု ဆိုခဲ့ပါသည်။
ထို့အပြင် ပြန်လည်ရောင်းချသူအဖြစ် လုပ်ကိုင်ပြီး ငွေတွေအများကြီးရထားသူတစ်ယောက်လည်း ရှိသည်။ သူ အိမ်ပြန်ရောက်လာသောအခါ ကွာရှင်းခဲ့သည်။ သူ့မိန်းမနဲ့ ကလေးများကို မလိုချင်တော့ပါ။ တခြား အမျိုးသမီးတစ်ယောက်ကိုသာ လက်ထပ်ချင်နေပါသည်။
ကျေးရွာဘက်မှာတောင် သာဓကများစွာရှိသဖြင့် မြို့ကြီးပြကြီးဆို ပိုဆိုးပါသည်။
မြို့ကြီးပြကြီးတွင် ကွာရှင်းပြတ်စဲကြသူများစွာ ရှိ၏။ အထူးသဖြင့် ချမ်းသာလာကြပြီးနောက်ပိုင်း ဖြစ်ပါသည်။
သူမယောက်ျား ဝမ်ယွမ်လည်း ချမ်းသာလာတာပဲ မဟုတ်လား။ သူ့တစ်နှစ်စာဝင်ငွေက သူမ တစ်ဘဝလုံး ရနိုင်မည့် ပမာဏ မဟုတ်တာကို သိပါသည်။
သူသာ ကွာရှင်းချင်ပါက ပြန်တိုက်ခိုက်ဖို့ အားအင် သူမမှာ မရှိပေ။
"ဒီနှစ် ကားမောင်းသင်လိုက်။ ကိုယ်ကားတစ်စီး ဝယ်ပေးမယ်။ ကိုယ့်ကို လာစစ်ချင်ရင် အချိန်မရွေး လာစစ်လိုက်လေ။" ဝမ်ယွမ်က ပြောလိုက်သည်။
"ဒါဆို ကျွန်မကို အရင်သင်ပေးလေ။" ကျိုးအာ့နီက သူ့ကိုအားမနာပါ။
တကယ်တော့ သူမ ကားကို မျက်စိကျနေတာ အတော်ကြာပါပြီ။ စတုတ္ထဒေါ်လေး လွတ်လွတ်လပ်လပ် ကားမောင်းနေတာကို မြင်သောအခါ ဘယ်လောက်တောင် လွတ်လပ်လိုက်မလဲ ဖော်မပြနိုင်ပါ။
"ဟုတ်ပါပြီ။" ဝမ်ယွမ်က ပြန်ပြောလိုက်ပါသည်။
ကျိုးအာ့နီက သူနဲ့ အတူလိုက်သွားပြီး အောက်ထပ်က နေရာလွတ်များတွင် ကားမောင်းသင်လိုက်ပါသည်။ ဒုတိယထပ်မှာတော့ လှပသည့် အမျိုးသမီးစာရင်းကိုင်တစ်ယောက်က ရှုပ်ထွေးသည့် အကြည့်မျိုးဖြင့် စောင့်ကြည့်နေပါသည်။
သူမ နားမလည်နိုင်ပါ။ ဘာကြောင့် ဒီလို ဘော့စ်ကြီးတစ်ယောက်က ကျေးရွာဘက်က မိန်းမတစ်ယောက်ကို ယူခဲ့ရတာလဲ။ ပြီးတော့ သူမက အရမ်းလည်း လှပနေတာ မဟုတ်ပေ။
သူမ စောင့်ကြည့်နေတာကြာပြီဖြစ်သည်။ ဘော့စ်က သူ့မိန်းမကို အလွန်ဂရုစိုက်ပြီး အပြင်မထွက်သလောက် ရှားသည်။ သူမလည်း ဘော့စ်နဲ့အတူ အပြင်ထွက်ချင်သော်လည်း အခွင့်အရေး မရခဲ့ပါ။
ဘော့စ်မိန်းမ ကျိုးအာ့နီထက် သူမ ဘာမှမဆိုးရွားလောက်ပါဟု ခံစားမိပါသည်။ သူမ၏ ပညာရေး အရည်အချင်းများဆို ယှဥ်တောင် ယှဥ်နိုင်ပါ့မလား။
အမြွှာနှစ်ယောက်မွေးပေးနိုင်တာကိုပဲ အားကိုးနေတာ မဟုတ်လား။
သူမ စက်ရုံ၏ ငွေစာရင်းများကို တွက်ချက်ခဲ့ဖူးပါသည်။
တစ်ချိန်တည်းမှာပင် သူမ အတွေးများခိုင်မာလာ၏။ ဒီလိုယောက်ျားနဲ့သာ အတူနေရပါက တစ်သက်လုံး စိတ်ပူစရာရှိမှာ မဟုတ်တော့ပါ။ သူမရည်းစားထက် အဆ ရာပေါင်းများစွာ ပိုသာပါသည်။