← Chapters

အခန်း(၆၂၆) တစ်စစီပြိုကွဲသွားသော မိသားစု

Vol. 45 Ch. 626

အခန်း(၆၂၆) တစ်စစီပြိုကွဲသွားသော မိသားစု

Vol. 45 Ch. 626

အခန်း(၆၂၆) တစ်စစီပြိုကွဲသွားသော မိသားစု

လင်းချင်းဟယ် သူ့ပုံစံကိုမြင်သောအခါ ရယ်မောလိုက်မိပါသည်။

သူမ ဝါးစားမှာကိုကြောက်နေသည့် မျက်နှာထားမျိုးပင်။

"ထပ်ပြောပြပါဦး" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

သူများမိသားစု ကိစ္စဖြစ်သော်လည်း သူမမိသားစုအတွက် သင်ခန်းစာယူထိုက်သော နည်းလမ်းအဖြစ် အသုံးပြုသင့်ပါသည်။

"အမေပြောတာ ကြားမိတာပါ။ အသေးစိပ်တော့မသိဘူး။ တာ့လင်းရဲ့ ဝမ်းကွဲမရီးက မိသားစုကိုဂရုမစိုက်ဘူးတဲ့။ အဲ့တာကြောင့် သူ့ဝမ်းကွဲအစ်ကိုက အပြင်လူကို သွားပွေတာတဲ့" ကျိုးချင်းပိုင်က သူ့မိန်းမကိုကြည့်လိုက်ပြီး ပြောလိုက်ပါသည်။

"ပြီးတော့ကော" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။

"သူတို့ ဘဝကိုကောင်းကောင်းမနေချင်ဘဲ ဒုက္ခရှာတယ် ဘာညာပေါ့" ကျိုးချင်းပိုင်က ဆက်ပြောပါသည်။

အမေတူသားဟု ပြောစရာမလိုအောင် အတွေးနဲ့ ရှင်းပြချက်တွေက အကုန် အတူတူပဲဖြစ်နေပါသည်။

အခုလို အခြေအနေထိ ရောက်လာဖို့ ခရီးလမ်းက ကြမ်းတမ်းသည်။ လေနဲ့လှိုင်းများ မြင့်တက်လာတော့မည်ကို မြင်ခါမှ နှစ်ယောက်စလုံး ထဖောက်ကြသည်။ သူတို့ ဘဝကောင်းကောင်း လိုချင်နေသေးသလား။

"ကိုယ်တို့မိသားစု ဘဝက ကြိုးစားပြီးမှ ရလာတာ။ ကိုယ်တန်ဖိုးထားတယ်။ ကိုယ်တို့မိသားစုဘဝကို နှောင့်ယှက်ရဲတဲ့လူရှိရင် ကိုယ်အရင်ဆုံး ကန့်ကွက်မှာပဲ။" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။

လင်းချင်းဟယ်က သူ့အပြုအမူကို ကျေနပ်သွားသည်။ ဆုချသည့်အနေဖြင့် သူ့ဗိုက်ကို ပွတ်ရင်း မေးလိုက်ပါသည်။ "ဗိုက်ဆာပြီလား။"

"tခုလေးတင် ပန်းသီးစားထားတာကို" ကျိုးချင်းပိုင်က သူမကိုကြည့်လိုက်ပါသည်။

"အင်း ဒီအကြောင်း နောက်မှဆက်ပြောကြမယ်။" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။

"ဖေဖေ များများစားနော်။ အသားလည်း မရှိဘူး။" အရုပ်မဆံပင်ကို ခေါင်းဖြီးပေးနေသည့် မိမိလေးက သူမ အဖေကို မော့ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။

သူမ အတန်းဖော်တစ်ယောက်၏ အဖေက  အလွန်ဝပြီး အသားလည်း များသည်။ သူမ အနည်းငယ် မနာလို ဖြစ်မိပါသည်။

လင်းချင်းဟယ် "... နင့်အဖေက ဒီလိုပါပဲ။"

ကျိုးချင်းပိုင်၏ လက်ရှိ ဝိတ်က ပုံမှန်သာ ဖြစ်သည်။ ဝလည်းမဝ ပိန်လည်းမပိန်ပါ။ အမြဲတမ်း လေ့ကျင့်ခန်း လုပ်ပါသည်။

သူ့ဘဝတွင် အဝခဲ့ဆုံးအချိန်က သူမ မွေးဖွားပြီးခါစကာလတုန်းက ဖြစ်နိုင်သည်။ ဒါ သူ့ဘဝ၏ အထွတ်အထိပ်ပင်။ ထိုအချိန်တုန်းက သူ ၂၀၀ ကျင်းအထက် ရှိလိမ့်မည်ဟု လင်းချင်းဟယ် ခန့်မှန်းမိပါသည်။

သို့သော်လည်း အခုတော့ ၁၅၅ ကျင်းသာ ရှိတော့သည်။ သူ့အရပ်နဲ့ဆိုလျှင် ဒါက အလွန်ကျန်းမာသော ကိုယ်အလေးချိန် ဖြစ်ပါသည်။

"အသားမရှိဘူး။" မိမိလေးက အရုပ်နဲ့ ပြေးလာပြီး ပြောလိုက်ပါသည်။

လင်းချင်းဟယ်က သမီးဖြစ်သူ ဆန္ဒပြည့်ဝစေဖို့ အလျှော့ပေးပြီး ဝိတ်တက်အောင် လုပ်မည့် သူမယောက်ျား၏ စိတ်ကို သတိထားမိပါသည်။

"တော်လိုက်တော့နော်။ သူ ပြောတဲ့အတိုင်း လိုက်လုပ်ပြီး အရင်လို ဝလာလို့ကတော့ ကျွန်မနဲ့ လာမအိပ်နဲ့။ ကြမ်းပြင်ပေါ်မှာပဲ ကိုယ့်ဖာသာကိုယ်ခင်းအိပ်။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"မေမေ ဖေဖေက သမီးနဲ့ အိပ်လို့ရတယ်လေ။" မိမိလေးက သူမကိုကြည့်လိုက်သည်။

"ဒါဆို နင်လည်း ကြမ်းပြင်ပေါ်မှာပဲအိပ်။" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။

မိမိလေးက ကြမ်းပြင်ပေါ်မှာ မအိပ်ချင်ပါ။ ကုတင်ပေါ်မှာသာ အိပ်ချင်သည်။ ထို့ကြောင့် သူမ သက်ပြင်းချလိုက်ပါသည်။ "ဒါဆိုလည်း ဖေဖေ ဝမလာပါနဲ့တော့။"

သူမ အသက်က ငယ်ရွယ်သော်လည်း သေချာ စကားပြောနိုင်ပြီး အလွန်ပါးနပ်ပါသည်။

ထို့ကြောင့်လည်း အဖေကြီးဖြစ်သည့် ကျိုးချင်းပိုင်က သူမကို အလွန်ချစ်မြတ်နိုးခြင်း ဖြစ်ပါသည်။ သူ့ဘဝ၏ ရေသောက်မြစ်တစ်ခု ဖြစ်သည်ဟုပင် ပြောနိုင်သည်။

"ဒီနေ့ည မေမေ ကြက်စွပ်ပြုတ် ချက်ထားတယ်။ နင် များများစား။ နင့်အဖေက ဝလာလို့မရပေမယ့် နင်ကတော့ ရတယ်။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

မိမိလေးက ခေါင်းငြိမ့်လိုက်ပါသည်။ ဒီလိုဆိုလည်း သူမဖာသာပဲ များများစားပြီး ဝလာအောင် လုပ်ပါမည်။ တခြားသူများကို မနာလိုဖြစ်စရာမလိုတော့ပါ။

ကျိုးချင်းပိုင်က ပြုံးလိုက်ပါသည်။ သူ သဘောကျနေ၏။

ဘဝက အလွန်အေးချမ်းလှပါသည်။ သို့သော်လည်း စုတာ့လင်း၏ ဦးလေးနဲ့ ဒေါ်လေးတို့ ရောက်လာသောအခါ ငြိမ်းချမ်းရေး ပျက်စီးသွားရသည်။

ကလေးတွေ ဒီအရွယ်တောင်ရောက်နေပြီဖြစ်သဖြင့် ကွာရှင်းလိုက်ရင် ဟာသဖြစ်မနေဘူးလား။

ထို့ကြောင့် စုတာ့လင်း၏ ဦးလေးနဲ့ဒေါ်လေးကော ဝမ်းကွဲမရီး၏ မိဘများကော ဆက်ပေါင်းဖို့ တိုက်တွန်းကြပါသည်။

သို့သော်လည်း ပြဿနာအများကြီးတက်ပြီးနောက် စုတာ့လင်း၏ ဝမ်းကွဲအစ်ကိုက ထပ်ပြီး သည်းမခံနိုင်တော့ပါ။ သူတို့အိမ်ထောင်စု စာရင်းကိုခွဲပြီး ဒီအိမ်ထောင်ရေးကို ကွဲဖို့သာ ဆက်ပြောနေသည်။

သူတို့မိသားစု အိမ်ထောင်စုစာရင်းကို မြို့တော်သို့ ပြောင်းပြီးသား ဖြစ်သည်။ မနှစ်က ပြောင်းခဲ့ခြင်း ဖြစ်သည်။ စုတာ့လင်းနဲ့ ကျိုးရှောင်မိန်တို့ထက် ယွမ် ၂,၀၀၀ ပိုကုန်ခဲ့ပါသည်။

ထို့ကြောင့် ကွာရှင်းပြတ်စဲခြင်းကိစ္စများကို ဒီမှာ ဆောင်ရွက်ရပါမည်။ မိသားစုတစ်စုလုံးက မြို့သားများ ဖြစ်နေကြလေပြီ။

စုတာ့လင်း ဝမ်းကွဲအစ်ကို၏ ကွာရှင်းဖို့ ဆုံးဖြတ်ချက်က အလွန်ခိုင်မာနေပါသည်။ တစ်ဘဝလုံး ဖိနှိပ်ခံခဲ့ရသည့် ရိုးရိုးသားသား လူတစ်ယောက်မှာ နောက်ဆုံးတော့ နောက်ပြန်မလှည့်နိုင်လောက်အောင် ပေါက်ကွဲခဲ့ပါသည်။

ဆန့်ကျင်ဘက်အနေဖြင့် ကြက်သေ သေသွားရသည်မှာ ကြမ်းတမ်းပြီး ခါးသီးသော သူ့မိန်းမ ဖြစ်နေပါသည်။

ဒီရက်ပိုင်းထဲ အလွန်ကြမ်းချင်ယောင်ဆောင်ပြီး နေ့တိုင်း အော်ကြီးဟစ်ကျယ် လုပ်ခဲ့သော်လည်း သူမယောက်ျားကို ဦးညွှတ်တောင်းပန်စေချင်ရုံသာ ဖြစ်သည်။ သူမ မကွာရှင်းချင်ပါ။

သူမယောက်ျားက ကွာရှင်းဖို့ စိတ်ဆုံးဖြတ်ချက် ချထားသည်ဟု မထင်ထားခဲ့ပေ။ သူ့မိဘများ ဒီအထိ ရောက်လာခဲ့တာတောင် သူ့ကို မတားနိုင်ခဲ့ကြပါ။

ထို့ကြောင့် ရုတ်ခြည်းဆိုသလို စုတာ့လင်း၏ ဒေါ်လေးလည်း နေရာမှာပဲ ဒေါသကြောင့် သတိလစ်သွားခဲ့သည်။ ဆေးရုံသို့ တန်းပို့ခဲ့ရသည်။ ထို့အပြင် အရေးပေါ်ခန်းထဲသို့ပင် ဝင်ခဲ့ရပါသည်။

ကျိုးရှောင်မိန် ရောက်လာတော့ စိတ်ပျက်မှုများက မျက်နှာပေါ်တွင် ထင်သာနေပါသည်။

"ဘာလို့ ဒီရောက်လာတာလဲ။ နင့်ဒေါ်လေး သက်သာသွားပြီလား။" လင်းချင်းဟယ် မေးလိုက်ပါသည်။

"သူ အဆင်ပြေပါတယ်။" ကျိုးရှောင်မိန်က ပြန်ဖြေလိုက်ပါသည်။

သူမ ချက်ချင်းပဲ အရေးပေါ်ခန်းထဲသို့ ပို့လိုက်ရသည်။ သူမ အထဲလိုက်ဝင်သွားတော့ သူမဒေါ်လေး ဟန်ဆောင်နေတာ သိလိုက်ရ၏။ ဆရာဝန်များပင် ဒေါသထွက်သွားကြပြီး အငေါက်ခံလိုက်ရပါသည်။

သို့သော် ဟန်ဆောင်နေတာဆိုသော်လည်း လူတွေကို လန့်ထိတ်သွားစေပါသည်။ ဒါတောင် အလုပ်မဖြစ်ပါ။ တာ့လင်း၏ ဝမ်းကွဲအစ်ကိုက ကွာရှင်းဖို့သာ ဆုံးဖြတ်ချက် ခိုင်မာနေပါသည်။ ဖြစ်ကိုဖြစ်ရတော့မည်။ ဘယ်သူမှ သူ့ကို မတားနိုင်တော့ပါ။

အိမ်ထောင်စု စာရင်းကို ခွဲပြီးနောက် ပိုက်ဆံအားလုံးကို မိန်းမဘက်သို့ ပေးလိုက်သည်။ ဆိုင်နဲ့ တခြားအရာများကိုလည်း ပေးလိုက်သည်။ သူကတော့ ဒီတိုင်းသာ ထွက်သွားပါသည်။

"သူ ဒီလောက်ထိ ဆုံးဖြတ်ချက် ပြတ်သားလိမ့်မယ်လို့ ငါတို့ ဘယ်သူမှ မထင်ထားဘူးလေ။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

"အရမ်းမွန်းကြပ်လာလို့နေမှာပါ" လင်းချင်းဟယ်ကတော့ ဂရုမစိုက်စွာ ပြောလိုက်ပါသည်။

ကွာရှင်းသောအခါ ပိုက်ဆံအတွက် မတိုက်ခိုက်ဘဲ တစ်ပြားမှ မယူသွားပါ။ ထို့ကြောင့် စုတာ့လင်း ဝမ်းကွဲအစ်ကို၏ ဂုဏ်သိက္ခာကို အများကြီး တိုးမြင့်သွားစေပါသည်။

သူ့အမေအရင်း၏ ဟန်ဆောင်မှုကတောင် သူ့ကို မလန့်စေပါ။ ဒီလိုဖြစ်လာပြီဖြစ်သဖြင့် နောက်ပြန်လှည့်ဖို့မဖြစ်နိုင်တော့ပေ။  တစ်စုံတစ်ယောက်ကို ဒီလောက်ထိ ဖြစ်လာအောင် တွန်းအားပေးနိုင်သည်အထိ သူ့မိန်းမက တတ်နိုင်ပါသည်။

"ဟုတ်တယ်နော်။ ဒီအတိုင်း ဆက်သွားလို့မဖြစ်တောာ့ ကွာရှင်းလိုက်တာ ပိုကောင်းပါတယ်။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

"ကလေးတွေကော ဘယ်လိုခွဲလိုက်လဲ။" လင်းချင်းဟယ်က မေးလိုက်ပါသည်။

"သူတို့က အရွယ်ရောက်နေကြပြီလေ။ သူတို့အမေနဲ့ မနေချင်ကြဘူး။ အဲ့ဒီအစား သူတို့လည်း ငွေတချို့ ဝေစု ရတယ်။ သူတို့ ကိုယ်ပိုင်ဆိုင်နဲ့ အိမ်တစ်လုံးရှာပြီး ကိုယ့်စီးပွားရေးကိုယ်လုပ်ဖို့ စီစဥ်ထားကြတယ်။" ကျိုးရှောင်မိန်က ပြန်ဖြေလိုက်ပါသည်။

ဒီလိုနဲ့ မိသားစု တစ်စစီ ပြိုကွဲသွားခဲ့ပါသည်။ မိဘများက ကိုယ့်လမ်းကိုယ်လျှောက်သွားကြသည်။ အရွယ်ရောက်ပြီးသား ကလေးများကလည်း ဘယ်သူ့နောက်မှမလိုက်ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကာ ကိုယ့်ငွေကိုယ်ရှာကြပါသည်။

"အားလုံးအဆင်ပြေရင် အားလပ်ရက်တွေမှာ ငါတို့ ဂရုစိုက်ရဦးမယ်။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"သူတို့စရိုက်မဆိုးရင် သူတို့ကို နည်းနည်းလောက် စောင့်ရှောက်ပေးရတာပေါ့။" ကျိုးရှောင်မိန်က ခေါင်းငြိမ့်လိုက်ပါသည်။

"လူကြီးနှစ်ယောက် ဒီကိုလာရဖို့က ရှားတယ်။ ဒီမကောင်းတဲ့ ကိစ္စကြောင့် ဆိုရင်တောင် ဖြစ်ပြီးတာက ဖြစ်ပြီးပြီပဲ။ ကျော်ဖြတ်ရမှာပေါ့။ ကွဲလိုက်တာ ပိုမကောင်းဘူးလား။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"အင်း ချန်းချန်းကို ကိုယ့်ဘကြီးနဲ့ ဘွားလေးတို့ကို မနက်ဖြန် လိုက်ပို့ဖို့ ပြောထားတယ်။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

စုတာ့လင်း ဝမ်းကွဲအစ်ကို ကိစ္စက ကျိုးမိသားစုဘက်ကို ထိခိုက်မှု သိပ်မရှိပါ။

ဥပမာအားဖြင့် လက်ထပ်ထားသည့် စုံတွဲငယ်များ ဖြစ်သည်။ သူတို့အားလုံး လျစ်လျူရှုခဲ့ပါသည်။ မဟုတ်ပါက သူတို့လည်း ကွာရှင်းသည့် အခြေအနေမျိုးနဲ့ အဆုံးသတ်သွားနိုင်သည်။ ဇာတ်သိမ်းကတော့ မိသားစု ဒီလိုပြိုကွဲသွားခြင်းသာ။ ဒါက ဘယ်သူ့ကို အကျိုးရှိစေမှာလဲ။ ဘယ်သူ့ကိုမှ အကျိုးမရှိစေပါ။

ထို့ကြောင့် ကိုယ့်ဘဝကို တာဝန်သိတတ်စွာနှင့် ဖြောင့်မှန်စွာ နေထိုင်တာ အကောင်းဆုံး ဖြစ်ပါသည်။

ကျိုးအာ့နီက ဝမ်ယွမ်နဲ့ တစ်ပတ်လောက် ကားမောင်းသင်ပြီးနောက် ဒရိုင်ဘာလိုင်စင် စာမေးပွဲဖြေဖို့ ထွက်သွားပါသည်။ သူမ ဒရိုင်ဘာလိုင်စင် စာမေးပွဲသွားဖြေနေတုန်း ဝမ်ယွမ်က လှပသည့် စာရင်းကိုင်မိန်းကလေးကို အလုပ်ဖြုတ်ပစ်လိုက်ပါသည်။

သားငယ် ပြန်လာတော့ ထိုအကြောင်းကို ပြောပြ၏။

လင်းချင်းဟယ် လက်ဖက်ရည်သောက်ရင်း မေးလိုက်ပါသည်။ "သူက ဘာလို့ အလုပ်ဖြုတ်လိုက်တာလဲ။”

All Chapters