← Chapters

အခန်း(၆၂၇) ကျန်းဟန်

Vol. 45 Ch. 627

အခန်း(၆၂၇) ကျန်းဟန်

Vol. 45 Ch. 627

အခန်း(၆၂၇) ကျန်းဟန်း

ထိုစာရင်းကိုင်မိန်းကလေး ဘာကြောင့် အလုပ်ဖြုတ်ခံလိုက်ရသလဲ ကျိုးကွေ့လိုင်လည်း သေချာမသိပါ။ စက်ရုံကလူတချို့ထံမှ ကောလဟာလတချို့ ကြားခဲ့ရုံသာ ဖြစ်သည်။ ကျိုးအာ့နီ ကားမောင်းစသင်ကတည်းက သူမ ဂနာမငြိမ်ဖြစ်နေခဲ့သည်ဟု ပြောကြသည်။

ပထမဆုံး အလွန် လှလှပပ ဝတ်ဆင်လာ၏။ နောက်တော့ ပိုထင်ရှားလာပြီး နှုတ်ခမ်းနီနီရဲရဲ ဒေါက်မြင့်ဖိနပ်များကိုပါ ဆင်မြန်းလာသည်။ အလုပ်ကို ဒီလိုလာသဖြင့် မြေခွေးမတစ်ယောက် ဖြစ်ချင်နေတာ သိသာပါသည်။

ထို့အပြင် သူမ၏ စွမ်းရည်က နိမ့်ကျသော်လည်း မောက်မာစွာ ပြောဆိုဆက်ဆံတတ်သည်။ ဟိုလူဒီလူကို အထင်သေး၏။ သူမက လှပပါသည်။ သို့သော်လည်း အထည်စက်ရုံထဲက လူတိုင်းက သူမကို သိပ်ပြီး သဘောမကျကြပေ။ သူမအပေါ် အထင်အမြင်က သာမန်သာရှိပါသည်။

ကျိုးအာ့နီထက် အများကြီး နိမ့်ကျပါသည်။

ကျိုးအာ့နီက သဘောကောင်းပြီး ခင်မင်တတ်သည်။ ထို့အပြင် နူးညံ့ကာ ရက်ရောတတ်သည်။ ဘယ်တော့မှ မကြွားဝါတတ်ပေ။ အရေးကြီးတာက ဘော့စ်ဇနီးမှာ သူတို့ကိုမြင်တိုင်း ရင်းရင်းနှီးနှီး ဆက်ဆံတတ်ပါသည်။

ထို့ကြောင့် ဒီတစ်ခေါက် ထိုဂနာမငြိမ်ဖြစ်နေသည့် စာရင်းကိုင်အား အလုပ်ဖြုတ်လိုက်သောအခါ နောက်ကွယ်တွင် လူများစွာက ဝမ်းသာနေကြပါသည်။

"ဒီနေ့ ငါတို့ သိုးသားဟော့ပေါ့ စားကြမယ်။ နင့်ဒုတိယယောက်ဖကို ညစာလာစားဖို့ခေါ်လိုက်ချေ။" လင်းချင်းဟယ်က ပြုံးကာ ညွှန်ကြားလိုက်ပါသည်။

ထိုစာရင်းကိုင်မက သူ့ကို စတင်မြှူဆွယ်နေခဲ့ပြီဆိုတာကို လင်းချင်းဟယ် သိပါသည်။ ထို့ကြောင့်လည်း ဝမ်ယွမ်က သူမကို အလုပ်ဖြုတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် လင်းချင်းဟယ်က ဒီလိုလုပ်ရပ်ကို သဘောကျပါသည်။

ညနေခင်းတွင် ဝမ်ယွမ်က အမြွှာနှစ်ယောက်နဲ့ ရောက်ရှိလာပါသည်။

မွှေးပျံ့သည့် သိုးသားဟော့ပေါ့က အရသာလည်းရှိပါသည်။ လင်းချင်းဟယ် ပြုလုပ်ထားသည့် အချဥ်ရည်နဲ့ တို့စားသောအခါ  အလွန်အရသာရှိလှပါသည်။

စာရင်းကိုင်အကြောင်းကို မပြောခဲ့ကြပါ။ လင်းချင်းဟယ်က ဝမ်ယွမ်ကို ပြောလိုက်၏။ "နင့်ဦးလေးနဲ့ ငါတို့ မိမိလေးကိုခေါ်ပြီး ဒီရက်ပိုင်းအတွင်း ခရီးထွက်ကြမယ်။ အဲ့အချိန်ကျရင် ငါ့အတွက် စောင့်ကြည့်ပေးထားပါဦး။"

ဝမ်ယွမ်၏ အဘိုးက ဟိုင်းနန်တွင်ရှိသည်။ သို့သော်လည်း လင်းချင်းဟယ်က လောလောဆယ် ဟိုင်းနန်ကိုသွားမည့်အကြောင်း ပြောဖို့ အစီအစဥ်မရှိသေးပါ။ သူတို့နောက်မှ ပြောကြမည်ဖြစ်သည်။

ဝမ်ယွမ်က သဘောတူလိုက်ပြီး ပြောလိုက်ပါသည်။ "ဒေါ်လေးတို့ဘဝက တော်တော်လွတ်လပ်တာပဲ။ တစ်နှစ်ကို တစ်ခေါက်နှစ်ခေါက်လောက်တော့ ခရီးထွက်ကြတယ်နော်။"

မနှစ်တစ်နှစ်က မိမိလေးမှာ ငယ်လွန်းသေးသည်။ ထို့ကြောင့် သူတို့ခရီးမထွက်ခဲ့ကြပါ။ သို့နော် မနှစ်ကစပြီး လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က မိမိလေးကို နှစ်ခေါက်လောက် အပြင်ခေါ်သွားကြသည်။ ဒီနှစ်လည်း ခေါ်သွားကြပါဦးမည်။ သံသယဖြစ်စရာမရှိပါ။

"အာ့နီ ကားမောင်းသင်ပြီး ပြန်လာရင် နင်ကော သူတို့ကို ခေါ်ပြီး လျှောက်လည်လို့ မရဘူးလား။" လင်းချင်းဟယ်က ပြုံးရင်း ပြန်ပြောလိုက်ပါသည်။

ဝမ်ယွမ့်မှာလည်း ဒီလို အစီအစဥ် ရှိပါသည်။ အာ့နီပြန်လာသောအခါ သူတို့ပါ လိုက်သွားမလားဟု စဥ်းစားမိ၏။

ဖြစ်ချင်တော့ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က မစောင့်နိုင်ကြပါ။ ရက်ပိုင်းလောက်ကြာသောအခါ အသင့်ဖြစ်နေကြသည့် သူတို့ နှစ်ယောက် မိမိလေးနဲ့အတူ ခရီးထွက်သွားကြပါသည်။

လင်မယားနှစ်ယောက်သား ထွက်သွားတာနဲ့ သားငယ်က ရှန်ဟိုင်းမြို့တော်သို့ သွားဖို့ စတင်ပြင်ဆင်သည်။ မာချန်းမင်ကို မလိုအပ်ပါ။

"မင်းငါ့ကို မသွားစေချင်တာ သေချာလား။" မာချန်းမင်က စိတ်ပျက်လက်ပျက်ပြောလိုက်ပါသည်။

"ရပါတယ်ဗျာ။ ဒီမှာကြည့်ပေးရင် ရပါပြီ" ကျိုးကွေ့လိုင်က လက်ရမ်းပြလိုက်ပါသည်။

ရှန်ဟိုင်းမြို့တော်သို့ ပစ္စည်းတစ်သုတ်နဲ့ အကူအညီတစ်ယောက်ကို ခေါ်လာခဲ့သည်။ အရင်ဆုံး လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုသာ ဖွင့်ပါသည်။

ဝန်ထမ်းခေါ်ယူခြင်းလည်း ရှိပါသည်။ ၎င်းတို့ထဲက တစ်ယောက်ကို အဘိုးကျန်းက မိတ်ဆက်ပေးထားခြင်းဖြစ်၏။ သူက ကျန်းမိသားစု၏ တူတစ်ယောက်ဖြစ်ပါသည်။ အထက်တန်းကျောင်းအောင်ထားသူဖြစ်ပြီး ၂၃ နှစ်ရှိကာ မကြာသေးခင်ကမှ အလုပ်ထွက်ထားသူ ဖြစ်ပါသည်။

"အဘိုးကျန်းရဲ့ မြေးတူ ကျန်းဟန်းလာား။" ကျိုးကွေ့လိုင်ကမေးလိုက်ပါသည်။

ကျန်းဟန်းက အရပ် ၅ပေ ၁၁ လက်မ ရှည်သည်။ ကျိုးကွေ့လိုင်ထက် အနည်းငယ်ပု၏။ သို့သော်လည်း အရမ်းကြီး မပုပါ။ သူက နူးညံ့သည့်ပုံပေါ်သည်။ ခေါင်းငြိမ့်ကာ သူပြန်ပြောလိုက်ပါသည်။ "ဟုတ်ပါတယ်။"

"ခင်ဗျားကို အဘိုးကျန်းက မိတ်ဆက်ပေးထားတာ ဆိုပေမယ့် ဘာအစွမ်းအစရှိလဲ ကြည့်ရမယ်ဗျာ။ အစွမ်းအစရှိတယ်ဆိုရင် မိသားစုလို သဘောထားပါမယ်။ အစွမ်းအစမရှိရင်တော့ ခေါ်ထားလို့မရဘူး။ ကြိုပြောထားတာပါ။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

"နားလည်ပါတယ်။" သူ့အရွယ်က ငယ်သော်လည်း ကျန်းဟန်းက သူ့စည်းကမ်းတင်းကြပ်မှုကို နားလည်ကာ အထင်မသေးပါ။

ထို့အပြင် ဒီက လစာကို သူသိထားပါသည်။ လစာကို အလွန်ကျေနပ်ပါသည်။ ထို့ကြောင့် သူအလုပ်လုပ်ချင်၏။ ငယ်လည်း မငယ်တော့ပါ။ သို့သော်လည်း ဝင်ငွေ အတည်တကျ မရှိသေးပေ။ မိန်းမယူဖို့ အဓိက အိမ်ထောင်ပစ္စည်းလေးမျိုးလည်း တစ်ခုမှ မပိုင်ဆိုင်သေးပေ။

သူ့မိသားစု အခြေအနေကလည်း ဆင်းရဲပါသည်။ သူ့အကြီးဆုံးအစ်ကိုက မနှစ်က လက်ထပ်ခဲ့ပြီး မိသားစု ပိုက်ဆံကို အဓိက အိမ်ထောင်ပစ္စည်းလေးမျိုးကို ဝယ်ယူဖို့ အားလုံးနီးပါး သုံးခဲ့ပါသည်။

ဒီနှစ်လည်း အလုပ်ပြုတ်ပြန်ကာ ဒီအလုပ်က အချိန်ကိုက် ရောက်လာခဲ့သည်။

ကျိုးကွေ့လိုင်က ဆက်မပြောတော့ပါ။ လက်ဖက်ရည်အကြောင်း ဗဟုသုတတချို့ ပြောပြလိုက်သည်။

"ဒီပညာတွေအကုန်လုံးကို ချမှတ်ထားဖို့ လိုမယ်နော်။ ကတ်စတမ်မာတစ်ယောက်က လာမေးရင် ဘယ်လိုလက်ဖက်ရည်မျိုးက ဘယ်လိုအရသာမျိုးရှိပြီး ဘယ်လိုအာနိသင်မျိုးရှိစေလဲ ပြောနိုင်ရမယ်။"

ဒါကိုပြောရုံနဲ့ မလုံလောက်သေးပါ။ သူ့ကို ထိုင်ခိုင်းလိုက်ပြီး လက်ဖက်ရည်လုပ်ဖို့ လမ်းပြပေးလိုက်ပါသည်။ ဒီလုပ်ငန်းထဲဝင်ဖို့ တတ်ကျွမ်းထားရန် လိုအပ်ပါသည်။

ကျိုးကွေ့လိုင်က သူ့သင်ယူလေ့လာချင်စိတ် ပြင်းပြမှုကို စောင့်ကြည့်ပြီး ကျေနပ်သွားပါသည်။ "ရှောင်ကမ်းရဲ့ ဝမ်းကွဲအစ်ကို ဘယ်လိုတော်တာလဲ။"

"နှစ်ဝမ်းကွဲညီအစ်ကိုတွေပါ" ကျန်းဟန်းက ပြန်ဖြေလိုက်ပါသည်။

"ဒါဆို သေချာသင်ယူပါ။ ဆိုင်ထဲက စည်းမျဥ်းစည်းကမ်းတွေက ဘယ်လိုကိုင်တွယ်ရမလဲဆိုတာပဲ။ ရေသာမခိုပါနဲ့။ ရိုးရိုးသားသား ကြိုးစားရင် နောက်ပိုင်း အဆင်ပြေလာမှာပါ။ ကျန်တာတော့ ကျွန်တော် မပြောတော့ဘူး။ ဒါပေမယ့် ဒီစတိုးဆိုင်မန်နေဂျာရာထူးအကြောင်း ပြောမယ်။ ခင်ဗျားမှာ အစွမ်းအစရှိရင် စတိုးဆိုင်မန်နေဂျာ ရာထူးပေးနိုင်တယ်လို့ ကတိပေးတယ်။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

ကျန်းကမ်းက သူ့ကို ကြည့်လိုက်ပါသည်။

"ဒါက ပထမဆုံး လက်ဖက်ရည်ဆိုင်ပဲရှိပါသေးတယ်။ စတိုးဆိုင်မန်နေဂျာတစ်ယောက်ဖြစ်လာဖို့ အစွမ်းအစရှိရင် ခင်ဗျားရဲ့လစာက သာမန်ဝန်ထမ်းတွေထက် မြင့်လိမ့်မယ်။ သာမန်ဝန်ထမ်းတွေက ယွမ် ၁၃၀ ရှိတယ်။ ခင်ဗျားရဲ့ လစာက ယွမ် ၁၈၀ ပါ။ ဒါပေမယ့် လစာနဲ့ တန်အောင်တော့ ကြိုးစားရမယ်။" ကျိုးကွေ့လိုင်က ဆက်ပြောသည်။

"ငါကောင်းကောင်း စီမံပါ့မယ်။" ခါးမတ်မတ်ထိုင်ရင်း ကျန်းဟန်း ကတိပေးလိုက်ပါသည်။

ယခင်တုန်းက သူ့လစာမှာ ယွမ် ၁၂၀ သာရှိသည်။ ဒီက လစာက အရမ်းများလိမ့်မည်ဟု မထင်ခဲ့မိပါ။

"ဒီနေ့ ခင်ဗျားကို အရင်အလုပ်ခန့်လိုက်မယ်။ အလုပ်ကို ကျွမ်းဝင်အောင်လုပ်ပါ။ မနက်ဖြန်ကျရင် ကျွန်တော်နဲ့ အတူတူ တခြားဝန်ထမ်းတွေကိုဆက်ပြီး ခန့်အပ်ရမယ်။ တခြား ဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့ လိုတယ်။ ကျွန်တော် အချိန်အများကြီးမရလို့ ခင်ဗျားတတ်နိုင်သမျှ အမြန်ဆုံး တာဝန်လွှဲယူနိုင်မှဖြစ်မယ်။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

သူ ကျန်းဟန်းကို စာရင်းတချို့ ပေးလိုက်၏။ အားလုံးက လက်ဖက်ရည်မျိုးစုံ၏ အရသာနဲ့ အာနိသင်များဖြစ်သည်။ စျေးနှုန်းများလည်း ပါဝင်ပါသည်။ သူ့ကိုပြန်မလွှတ်ခင် ကျက်ထားဖို့ ပြောလိုက်၏။

ပြောစရာမလိုအောင် သူ့အား လက်ဖက်ရွက်တချို့ပေးလိုက်ပြီး အိမ်တွင် ကိုယ့်လက်ဖက်ရည် ကိုယ်ဖျော်ခိုင်းလိုက်ပါသည်။ လက်ဖက်ရည် ရောင်းသူက လက်ဖက်ရည် ဖျော်တတ်ရမည်။ မဟုတ်ပါက ဧည့်သည်များ လက်ဖက်ရည်တစ်ခွက် နမူနာလိုချင်သည့်အခါ သူ မလုပ်တတ်ပါက ဟာသဖြစ်သွားလိမ့်မည်။

လက်ဖက်ရွက်ဝယ်သည့်လူတွေက လက်ဖက်ရည်သောက်တတ်ကြသော်လည်း အဖျော်ပညာက လိုအပ်ပါသည်။

လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ သမီးလေးနဲ့တူတူ တောင်ပိုင်းသို့သွားသောအခါ ကျိုးကွေ့လိုင်က ရှန်ဟိုင်းမြို့တော်တွင် လုပ်ငန်းစတင်ပါသည်။

အဖေကျိုး၊ အမေကျိုးနှင့် အဘိုးဝမ်တို့က နောက်မှ သိခဲ့ကြပါသည်။

သားငယ်က ရှန်ဟိုင်းမြို့တော်တွင် ဆိုင်ဖွင့်ထားကြောင်း သိလိုက်ရသောအခါ အမေကျိုးက ပြောလိုက်၏။ "ဒီမှာလည်း ဆိုင်တွေ အများကြီး ရှိတယ်မဟုတ်ဘူးလား။ ဘာလို့ ရှန်ဟိုင်းမြို့တော်ကို သွားပြီး နောက်တစ်ဆိုင် သွားဖွင့်တာလဲ။”

စတုတ္ထမိသားစု ဆိုင်ဘယ်နှဆိုင် ပိုင်ဆိုင်ထားလဲ သူမ မမှတ်မိတော့ပေ။ သို့သော်လည်း အများကြီးဆိုတာတော့ သေချာသည်။

ဒီမှာတောင် ဒီလောက်များနေတာ ရှန်ဟိုင်းမြို့တော်မှာ ထပ်သွားဖွင့်မှ ဖြစ်မှာလား။

"မြို့တော်က မြို့တော်၊ ရှန်ဟိုင်းမြို့တော်က ရှန်ဟိုင်းမြို့တော်ပဲ မတူဘူးလေ။" အဖေကျိုးက ပြောလိုက်ပါသည်။

"ဒီလိုဆို နောက်အခွင့်အလမ်းတစ်ခု ပွင့်တာပေါ့။ ရှန်ဟိုင်းမြို့တော်ကလည်း ဖွံ့ဖြိုးတိုးတက်ပြီး ကြီးပွားကြပါတယ်။ ကျုပ်ခရီးသွားတုန်းက မြင်ခဲ့ရတယ်။ အဲ့မှာဆိုင်ဖွင့်တာ မဆိုးလောက်ပါဘူး။" အဘိုးဝမ်ကလည်း ဝင်ပြောလိုက်ပါသည်။

သူနှင့် အဖေကျိုးတို့ တမြန်နှစ်က သားငယ်နဲ့အတူ ခရီးထွက်ခဲ့သည်။ ရှန်ဟိုင်းမြို့တော်က အတော်လေးကို တိုးတက်နေပါပြီ။

အဖေကျိုးက ခေါင်းငြိမ့်လိုက်သည်။

"ဒါပေမယ့် အရမ်းဝေးတယ်လေ။ စီမံဖို့ လွယ်မှာမဟုတ်ဘူး။" အမေကျိုးက ပြောလိုက်ပါသည်။

"အခု ခရီးသွားပို့ဆောင်ရေးတွေက အဆင်ပြေနေပြီပဲကို။ အသွားနဲ့အပြန် တစ်ရက်ပဲကြာတယ်။ သူတို့ မန်နေဂျာအဆင့်တွေကို လေ့ကျင့်ပေးလို့ရတာပဲ။ စာရင်းတွေကို သေချာလုပ်ပေးနိုင်ရင် သူတို့အားလုံး ကိုယ်တိုင်လုပ်ဖို့မလိုပါဘူး။" အဘိုးဝမ်က ရှင်းပြလိုက်သည်။

"အဲ့လိုကိုး။" အမေကျိုးက ခေါင်းငြိမ့်လိုက်ပါသည်။ သူမ ဒါတွေနားမလည်ပါ။ သူမ သားလတ်ကို သတိရသွားပြီး ပြောလိုက်ပါသည်။ "လောင်အာ့ ဘာတွေလုပ်နေလဲမသိဘူးနော်။ မီးပုံးပွဲပြီးတာတောင် ပြန်မလာဘူး။"

All Chapters