← Chapters

အခန်း(၆၂၉) ဒုတိယမျိုးဆက်သူဌေးသား

Vol. 45 Ch. 629

အခန်း(၆၂၉) ဒုတိယမျိုးဆက်သူဌေးသား

Vol. 45 Ch. 629

အခန်း(၆၂၉) ဒုတိယမျိုးဆက်သူဌေးသား

ဒီတစ်ခေါက်တော့ ဟဲမြန်မြန်က သူ့စကားများကို မယုံကြည်ရဲတော့ဘဲ  ပြောလိုက်ပါသည်။ "ပိုပြီး တိတိကျကျပြော။ ကိုယ့်ကောင်လေးရဲ့ မိသားစုက ဘယ်လို စီးပွားရေးလုပ်ပြီး လုပ်ငန်း ဘယ်နှခုတောင်ရှိနေလဲဆိုတာကို မသိတဲ့ကောင်မလေးက ကျွန်မ ပထမဆုံးပဲ။"

အရင်တစ်ခေါက် ကျိုးရွှမ်၏ မိသားစု ဘာလုပ်ကြလဲဟု သူမ၏ အမေ မေးခဲ့ဖူးသည်။ သူမ ထိုအချိန်တုန်းက ပြန်မဖြေနိုင်ခဲ့ပါ။ ထို့ကြောင့် ဆိုင်တစ်ဆိုင်ဖွင့်ထားပြီး ကိုယ်ပိုင်အလုပ်ဖြင့် ကုန်သည်များ ဖြစ်ကြသည်ဟု ပြောခဲ့သည်။

တခြားဆိုင်များအကြောင်း သူမ မသိခဲ့ပါ။ ဖက်ထုပ်ဆိုင်အကြောင်းသာ သိပါသေးသည်။ သူမ အမေက သဘောမတူဘဲ တားမှာကို စိုးရိမ်သဖြင့် သူမ မပြောရဲခဲ့ခြင်း ဖြစ်ပါသည်။

ကျိုးရွှမ်က ပါရမီရှိပြီး ကြိုးစားသဖြင့် သူမ ချီးကျူးပြပါသည်။ ယောက်ျားပီသပြီး အရပ်ရှည်ကာ စကားပြောရာမှာလည်း ဟာသဉာဏ်ရှိသည်။ အတိုချုံးပြောရလျှင် သူမ ကောင်လေးက ရှုထောင့်တိုင်းက ပြီးပြည့်စုံသူဖြစ်ပါသည်။

သူမ အမေက အရူးလုပ်ဖို့ လွယ်ကူပါသည်။ ထို့ကြောင့် ဒီလိုနဲ့ အာရုံလွှဲနိုင်ခဲ့၏။

ဘာပဲဖြစ်ဖြစ် ကျိုးရွှမ်မှာလည်း အပြစ်အနာအဆာ မရှိပါ။ သူမ မိဘများနဲ့ တွေ့ပေးဖို့ ခေါ်လာတော့ သူ့ကို သဘောကျကြပါသည်။ သူ့ပညာရေးက အလွန်မြင့်မားကြောင်း သိကြသဖြင့် သူမအဖေက သူ့ကို လေ့ကျင့်ပေးချင်ခဲ့ပါသည်။

ဒီနှစ် ပညာရေးကို ယာယီရပ်ဆိုင်းပြီး ဌာနတွင် အတွေ့အကြုံယူဖို့ အလုပ်သွားလုပ်သည်။

သို့သော်လည်း သူ့မိသားစုအခြေအနေက ဒီလောက်ကောင်းကြောင်း ဟဲမြန်မြန်မသိခဲ့ပါ။

သူမ တကယ်သိချင်နေတာကို မြင်သောအခါ ကျိုးရွှမ်က လက်ချိုးကာ ရေတွက်ကြည့်လိုက်ပါသည်။

အထည်ဆိုင်များ၊ ဖက်ထုပ်ဆိုင်၊ ဖျော်ရည်ဆိုင်၊ စီးကရက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များရှိသည်။

"ပြီးတော့ နှစ်သစ်ကူးတုန်းက ငါးကြီးဆီ၊ ပင်လယ်မျှော့နဲ့ ပင်လယ်ခရု ပင်လယ်စာကုန်ခြောက်တွေရောင်းတဲ့ဆိုင်လည်း ရှိတယ်" ကျိုးရွှမ်က ယေဘုယျ တွက်ချက်ပြလိုက်ပါသည်။

ဟဲမြန်မြန် ကြောင်သွားရ၏။ သူမ၏ ကောင်လေးကို ဆင်းရဲသူဟု ထင်ထားခဲ့သည်။ မဆင်းရဲရင်တောင် အများဆုံး သာမန်အခြေအနေသာ ရှိလိမ့်မည်။ သူ့မိသားစုမှာ ဒီလောက် လုပ်ငန်းများပြားလိမ့်မည်ဟု သူမ ဘယ်လို ထင်နိုင်မည်နည်း။

"အရမ်းတော့ ဝင်ငွေမကောင်းပါဘူး။ မင်းမိသားစုနဲ့ မယှဥ်နိုင်ဘူး။" ကျိုးရွှမ်ကပြောလိုက်ပါသည်။

"ရှင်က တော်တော်လျှိုတတ်တာပဲနော်။" ဟဲမြန်မြန်က သူ့ကို ပါးပါးလေး ရိုက်လိုက်ပါသည်။ သူမကို ဘာမှမပြောခဲ့ပေ။ သူမ၏ အမေ မေးတုန်းက ဘာပြန်ပြောရမှန်းမသိခဲ့ပါ။

"ဘာမှပြောဖို့မလိုဘူးလေ။ ကို့ဟာတွေမှ မဟုတ်တာ။ ကို့မိဘတွေပိုင်တာလေ။" ကျိုးရွှမ်က ပြောလိုက်သည်။

"ဦးလေးနဲ့ဒေါ်လေးတို့ဟာဆိုရင်တောင် ရှင့်ပိုင်ဆိုင်မှုပဲလေ။ အမှန်တိုင်းပြောရမှာပေါ့။" ဟဲမြန်မြန်က ပြော၏။

ကျိုးရွှမ်က ခေါင်းငြိမ့်လိုက်သည်။ "နောက်ဆို သတိထားပါမယ်ဗျာ။"

"ဒါပေမယ့် ဦးလေးနဲ့ ဒေါ်လေးတို့က ဒီလောက်ချမ်းသာတယ်ဆိုရင် ဘာလို့ အဲ့တိုက်ခန်းမှာ ဆက်နေနေကြသေးတာလဲ။" ဟဲမြန်မြန်က မေးလိုက်ပါသည်။

"ဒီနှစ် သူတို့ အိမ်ခြံဝန်းကြီးထဲကို ပြောင်းကြတော့မှာ။ အဲ့က ပရိဘောဂတွေလည်း ပြီးလုနီးပါး ဖြစ်နေပါပြီ။" ကျိုးရွှမ်က ပြန်ပြောလိုက်ပါသည်။

"ဟင် အိမ်ခြံဝန်းကြီးတစ်လုံးတောင် ပိုင်သေးတာလား။" ဟဲမြန်မြန် မျက်လုံးပြူးသွားပါသည်။

သူမမိသားစုလည်း အိမ်ခြံဝန်းကြီးတစ်ခုမှာ နေကြပါသည်။ အိမ်ခြံဝန်းကြီးတစ်ခု၏ တန်ဖိုးကို သူမ နားလည်သည်။

အိမ်ခြံဝန်းကြီးအကြောင်း ပြောရသောအခါ လင်းချင်းဟယ်က အလွန်စိတ်ခံစားမိပါသည်။

ပထမအိမ်ခြံဝန်းကြီးကို ဝယ်ပြီးကတည်းက ဒုတိယတစ်လုံးကို ဝယ်ဖို့ စီစဥ်နေခဲ့၏။ ဒီနှစ်အထိ သူမ ဘာသတင်းမှ မကြားခဲ့ပါ။ အိမ်ခြံဝန်းကြီးတစ်လုံးကိုရှာဖို့ တကယ်ပဲ ခက်ခဲပါသည်။

ထိုအချိန်တုန်းက အိမ်ခြံဝန်းကြီးများ၏ စျေးနှုန်းမှာ ယှဥ်နိုင်ဖွယ် မရှိပေ။ ဝင်ပေါက်နှစ်ခုပါ အိမ်ခြံဝန်းကြီးကို ဝယ်နိုင်ဖို့ ၁၃၀,၀၀၀ ယွမ် ကုန်ကျပါသည်။

သို့သော်လည်း အခုတော့ ဒီလိုအိမ်ခြံဝန်းကြီးများက အဖိုးမဖြတ်နိုင်တော့ပေ။

စျေးနှုန်းများက မိုးထိုးတက်သွားသည်။ အလွန်လည်း နည်းပါးသည်။ ဧကန္တ တခြားနေရာက အိမ်ခြံဝန်းကြီးများကို လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ မတွေ့မိတာလည်း ဖြစ်နိုင်ပါသည်။

အိမ်ခြံဝန်းကြီးကို ဝယ်ထားတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ သန့်ရှင်းရေးလုပ်ဖို့ လူတွေကို ငှားခဲ့၏။ သို့သော် သူတို့ မနေကြသေးပါ။ ဒီနှစ်မှ ပြောင်းကြဖို့ စီစဥ်ထား၏။

အစိတ်အပိုင်းများစွာကို ပြန်လည်တည်ဆောက်ထားသည်။ ပန်းဥယျာဥ်နဲ့ ကျန်အရာများကိုလည်း ပြင်ဆင်ထား၏။ အိမ်ထိန်းတစ်ယောက် ငှားရမ်းဖို့ကိုလည်း စီစဥ်ထားပါသည်။

ပရိဘောဂများက အသစ်စက်စက် ဖြစ်သည်။

"အဲ့လိုရုပ်နဲ့ မကြည့်စမ်းပါနဲ့။ ကို့ညီအစ်ကိုတွေနဲ့ ကိုတို့တောင် ဒီနှစ်မှ သိခဲ့ရတာ။ ကို့မိဘတွေက အိမ်ခြံဝန်းကြီးတစ်လုံးဝယ်ထားတယ် ဆိုတာကိုလေ။" သူ့ကောင်မလေး၏ မျက်နှာထားကို မြင်သောအခါ ကျိုးရွှမ်က ပြောလိုက်ပါသည်။

ဟဲမြန်မြန် တကယ်ယုံကြည်သွားပါသည်။ သူမကို သခင်မလေးဟု ခေါ်လျှင် သူကမှ တကယ့် သခင်လေး ဖြစ်သည်။ အိမ်က ဒီလိုအရာတွေကို သူက အလေးမထားဘူးတဲ့လား။

လောလောဆယ် သာမန် အိမ်ခြံဝန်းကြီး တစ်လုံးအတွက် ယွမ် ၂၀၀,၀၀၀ လောက် တန်သည်။ ပိုကောင်းပါက သေချာပေါက် ယွမ် ၃၀၀,၀၀၀ နဲ့ အထက် ရှိနိုင်ပါသည်။

အိမ်ခြံဝန်းကြီးတစ်လုံးကို ဝယ်နိုင်သည့် မိသားစုက သေချာပေါက် ချမ်းသာကြပါလိမ့်မည်။

ဒါတောင် သူမက ဆင်းရဲသည့် ဒုတိယမျိုးဆက်နဲ့ တွဲနေသည်ဟု ထင်ခဲ့မိသည်။

"မိသားစုထဲမှာ တခြား ဆွေမျိုးတွေကောရှိသေးလား။ အဲ့အကြောင်းတွေလည်း ပြောပြရမယ်။" ဟဲမြန်မြန်က ဆက်ပြောသည်။

သူစိတ်ညစ်သွားသည်။ သို့သော်လည်း သူမက သူ့လက်တွဲဖော်ဖြစ်သည်။ သူမ သိထားသင့်သဖြင့် ဖြေလိုက်ပါသည်။

သူတို့ မွေးရပ်မြေမှာ ဦးလေးနဲ့ အဒေါ်တချို့ရှိကြသည်။ ဝမ်းကွဲများလည်း ရှိသည်။ သို့သော် အဓိက မိသားစုကတော့ မြို့တော်မှာ ရှိကြ၏။ ဘာပဲဖြစ်ဖြစ် သူတို့မွေးရပ်မြေကို ပြန်မသွားသလောက် ရှားပါသည်။

"ကို့မိဘတွေ ဒီနေရာကို ဝယ်ထားတာ ကြာပြီလေ။ အခု အဘိုးအဘွားနဲ့ ခေါင်းကိုင်အဘိုးတို့ အတူတူနေကြတာ။ ဒီအိမ်အနားမှာ အငယ်ဆုံး ဦးလေးနဲ့ ဒေါ်လေးတို့ အိမ်လည်း ရှိတယ်။ နောက်မှ ခေါ်သွားပေးမယ်။ ပြီးတော့ ကို့ဒုတိယဝမ်းကွဲအစ်မနဲ့ ဒုတိယဝမ်းကွဲယောက်ဖတို့လည်း ရှိတယ်။ အမြွှာလေးတွေ မွေးထားတဲ့သူတွေလေ။"

"အငယ်ဆုံးဒေါ်လေးက ဘန်းမုန့်ဆိုင်ဖွင့်ထားတယ်။ ကိုတို့လက်ဖက်ရည်ဆိုင်မှာလည်း ရှယ်ယာဝင်ထားတယ်။ ကို့အမေနဲ့ သူနဲ့က တော်တော်ရင်းနှီးတာ။ အဲ့တာကြောင့် လက်ခံခဲ့တာလေ။ ဒုတိယဝမ်းကွဲယောက်ဖတို့မိသားစုက ပိုပြီး အားကောင်းကြတယ်။ သူ့မိသားစုက အားလုံး နိုင်ငံရေးအပိုင်းမှာပဲ။ မင်းမိဘတွေလည်း သူတို့ကို ကြားဖူးမှာပါ။ ဒုတိယဝမ်းကွဲယောက်ဖက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အထည်စက်ရုံတစ်ခု ဖွင့်နိုင်ခဲ့တာ။ စက်ရုံမှာ အလုပ်သမား တစ်ထောင်နီးပါးလောက် ရှိတယ်။"

"အစ်ကိုကြီးအကြောင်းကိုတော့ ဘာမှပြောစရာမရှိဘူး။ သူ ဒီနှစ် ရာထူးတက်မလားတော့မသိဘူး။ သူ့လေသံကိုကြည့်ရတာတော့ တက်မယ့်ပုံပါ။ ဒီနှစ်ထဲ ရာထူးတတ်ရင် မေဂျာဖြစ်သွားပြီ။ ဒီနှစ် သူ့ငယ်သူငယ်ချင်းလေးနဲ့ လက်ထပ်လောက်တယ်။ ကိုတို့အားလုံး အစ်မမေ့ကျားနဲ့ သိကြတယ်လေ။ သူက အဲ့ဒီမှာ သူနာပြုလုပ်တာလေ။"

ဒါပါပဲ။ ကျန်တာဘာမှမရှိိတော့ပါ။

သူ့မိဘများ ရှန်ဟိုင်းမြို့မှာ  အိမ်ခြံများစွာ ဝယ်ထားတာကို ကျိုးရွှမ် သိပါသည်။ မြို့တော်ဘက်ကထက် မနည်းနိုင်ဘူးဆိုတာလည်း သိသည်။ သို့သော် သူ မပြောခဲ့ပါ။

နောက်မှပြောလည်း နောက်မကျလောက်ပေ။

သို့သော်လည်း သူပြောခဲ့တာတွေကို ကြည့်ခြင်းအားဖြင့် သူတို့မိသားစုက အလွန်အားကောင်းလှပါသည်။

ဒီနေ့မတိုင်ခင်က ဟဲမြန်မြန်မှာ သူ့မိသားစုအပေါ် လုံးဝ ခြားနားစွာ ထင်မြင်ခဲ့သည်။

"ဒုတိယသခင်လေးကတော့ နှိမ့်ချနေနိုင်လွန်းတယ်နော်။" ဟဲမြန်မြန်တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားပါသည်။

သူ့ကောင်လေး အရှိန်အဝါကောင်းတာကို သူမ သိပါသည်။ သူဌေးသားတစ်ယောက်လိုမျိုး ဖြစ်သည်။ တကယ်ပဲ သူဌေးသားတစ်ယောက်ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့မိပေ။

"နှိမ့်ချနေတာ မနေတာက ဘာမှမဟုတ်ပါဘူး။ ဘဝက ပုံမှန်အတိုင်းပဲ ကျော်လွန်သွားမှာပဲ။" ကျိုးရွှမ်က ပြန်ပြောလိုက်ပါသည်။

သူ တကယ်ပဲ ဘာမှမခံစားရပါ။ သူအသားကျနေတာကြောင့်လည်း ဖြစ်နိုင်သည်။ အမှန်ပင်၊ အရေးအကြီးဆုံးက သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်ဖို့ပင်။

မိသားစုက သူ့ကို ကောင်းမွန်သော ငယ်ဘဝတစ်ခုကို ပေးခဲ့ပြီး အရွယ်ရောက်လာသောအခါမှာလည်း ကောင်းကောင်းမွန်မွန် ထားပေးခဲ့ပါသည်။ ကျန်တာကိုတော့ သူ့ကိုယ်သူ အားကိုးရမည်။ ဒါတော့ သိသာသည်။

ထို့ကြောင့် ထိုအရာများကို ဟဲမြန်မြန်အား တစ်ခါမှ မပြောပြခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဟဲမြန်မြန်ကတော့ စိတ်အေးနိုင်သွားပါပြီ။ ဒီလို မိသားစုနဲ့ အစွမ်းအစမျိုးနဲ့ဆို သူမအမေက သူမနဲ့ သူ့ကို ခွဲမှာ မဟုတ်တော့ပေ။

ခဏလောက်ကြာသောအခါ အဖေကျိုးနဲ့ အဘိုးဝမ်တို့ ပြန်လာကြသည်။ သူတို့ ပန်းခြံမှာ စစ်တုရင်သွားကစားကြခြင်း ဖြစ်သည်။ အခုက သူတို့ပြန်လာနေကျချိန် ဖြစ်ပါသည်။

သူတို့ပြန်ရောက်လာတော့ ကျိုးရွှမ်နှင့် ဟဲမြန်မြန်ကို တွေ့လိုက်ရပါသည်။

"အဘိုးနဲ့ ခေါင်းကိုင်အဘိုး" ကျိုးရွှမ်က နှုတ်ဆက်လိုက်ပြီး ဟဲမြန်မြန်ဲ့ မိတ်ဆက်ပေးလိုက်ပါသည်။

ဟဲမြန်မြန်ကလည်း နှုတ်ဆက်လိုက်၏။ "မင်္ဂလာပါ အဘိုးနဲ့ ခေါင်းကိုင်အဘိုး၊ သမီးက ဟဲမြန်မြန်ပါ။"

တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ အဖေကျိုးနှင့် အဘိုးဝမ်တို့က သူတို့မြေး၏ ကောင်မလေးမှန်း သိကြပါသည်။ သူတို့အပျော်လွန်သွားကြပြီး အသိအမှတ်ပြုလိုက်ကသည်။ ထို့နောက် သူမအတွက် လက်ဖက်ရည်ဖျော်ပေးဖို့ ထိုင်လိုက်ကြပါသည်။

ကျိုးရွှမ်က တာဝန်ယူလိုက်ပြီး လက်ဖက်ရည်ထဖျော်ပေးလိုက်သည်။ အဘိုးနှစ်ယောက် အိမ်ပြန်ရောက်ပြီး သိပ်မကြာ၊ အမေကျိုးက ငါးများ၊ သတ်ထားသော ကြက်တို့ဖြင့် ပြန်ရောက်လာခဲ့ပါသည်။

All Chapters