← Chapters

အခန်း(၆၃၁) မတန်တဆ အိမ်စျေး

Vol. 45 Ch. 631

အခန်း(၆၃၁) မတန်တဆ အိမ်စျေး

Vol. 45 Ch. 631

အခန်း(၆၃၁) မတန်တဆ အိမ်စျေး

ဟိုင်းနန်တွင် လက်ရှိအပူချိန်က ၂၃ ဒီဂရီ ဖြစ်ပါသည်။ အလွန်နေလို့ကောင်းသော အပူချိန် ဖြစ်ပါသည်။ လေညှင်းခံရသလိုပင်။

အခုခေတ်ဟိုင်းနန်က နောက်ပိုင်းမျိုးဆက်များလောက် မတိုးတတ်သေးသော်လည်း ဒီနှစ်ထဲ ဖွံ့ဖြိုးတိုးတက်မှုက အလွန်အရေးကြီးသောအချိန် ဖြစ်ပါသည်။ အလွန်လည်း စည်ကားလွန်းပါသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ မိမိလေးကိုခေါ်ကာ လှေပေါ်က ဆင်းလာပြီး ဆိပ်ကမ်း၏ စည်ကားသော မြင်ကွင်းကို မျက်စိကျသွားကြပါသည်။

ဒီနှစ်ထဲ လူအရေအတွက်က အများကြီး မဟုတ်ပါ။ သို့သော်လည်း စည်ကားသည်ဟု ပြောနိုင်ပါသည်။ ဒီနှစ်ထဲ ကမ်းရိုးတမ်းတွင် စောင့်ကြည့်နေမည့်လူအများကြီးရှိမှာကို လင်းချင်းဟယ်သိပါသည်။ နောက်နှစ်ကစပြီး လူပေါင်း သိန်းနဲ့ချီပြီး ရောက်လာကြတော့မည်။

မိသားစုသုံးယောက်သား နေရာတစ်နေရာတွေ့ပြီး ခန္ဓာကိုယ်ပေါ်က ပင်လယ်ရနံ့များ ပျောက်ကွယ်သွားအောင် ရေချိုးပြီးနောက် စားသောက်ဖို့ အပြင်ထွက်ခဲ့ကြပါသည်။

ပင်လယ်ပြင်က အရပ်မျက်နှာတိုင်းတွင် ဝန်းရံထားည်။ ထို့ကြောင့် ပင်လယ်စာ ပေါများသည်။ ခရုသားများက လတ်ဆတ်ပြီး အရသာရှိသည်။ စျေးကလည်း ပေါပါသည်။ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့နှစ်ယောက်စလုံး ကြိုက်နှစ်သက်ကြပါသည်။ မိမိလေးက ပုစွန်ဆန်ပြုတ်စားသည်။ ကျန်တာကို မစားနိုင်ပါ။

လှေစီးရတာ အနည်းငယ် ပင်ပန်းသောကြောင့် မိမိလေး ဗိုက်ပြည့်ပြီး သူမအဖေလက်ထဲ လှဲလိုက်တာနဲ့ အိပ်ပျော်သွားပါသည်။

ကျိုးချင်းပိုင်က သူမကို အလွန်အမင်း ချစ်မြတ်နိုးသည်။ သူ့သမီးလေးအတွက် အိပ်လို့ကောင်းမည့်ပုံစံ ပြောင်းပေးလိုက်ပြီး ဆက်အိပ်စေပါသည်။

လင်းချင်းဟယ်က စားလို့ပြီးခါနီးပြီဖြစ်သဖြင့် ပြောလိုက်သည်။ "ကျွန်မချီထားလိုက်မယ်။ ရှင်ဆက်စားလေ။"

ထိုအခါမှ ကျိုးချင်းပိုင်က သူ့သမီးလေးကို သူ့မိန်းမဆီသို့ ပေးလိုက်ပါသည်။ ထို့နောက် စားပွဲပေါ်က ပင်လယ်စာများကို အပြောင်ရှင်းလိုက်သည်။ စားပွဲတစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်းက ကျိုးချင်းပိုင် ဗိုက်ထဲဝင်သွားပါသည်။

သူ ပင်လယ်စာ ကြိုက်တတ်မှန်း လင်းချင်းဟယ် သိတာ ကြာပါပြီ။ ဒီက ပင်လယ်စာများက လတ်ဆတ်သဖြင့် သူ့အကြိုက်စားခဲ့ပါသည်။

"ရှင်စားတဲ့ပုံစံနဲ့ဆို ပြန်တဲ့အခါကျ ရှင့်ဝိတ်က ကျင်း ၂၀၀ လောက် ထပ်တက်သွားဦးမှာပဲ။" လင်းချင်းဟယ်က ဟိုတယ်သို့ အပြန်လမ်းတွင် ရယ်မောကာ ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။ "မနက်ဖြန်မနက်ကျရင် ကိုယ် ထပြေးလိုက်ပါ့မယ်။"

ကလေးလေးက ပင်ပန်းနေသည်။ လူကြီးများလည်း ခြေကုန်လက်ပန်းကျနေပါပြီ။ ရေချိုး စားသောက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးက  သက်တောင့်သက်သာရှိလာပါသည်။ ထိုအခါ သူတို့ ပြန်ကာ နားလိုက်ကြပါသည်။

ကျန်တာကို နိုးလာမှ ဆက်လုပ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အချိန်အများကြီး ရှိပါသေးသည်။ လောဖို့ မလိုပါ။

သူတို့မိသားစု ညနေ ၅ နာရီလောက်အထိ အိပ်ကြသည်။ ၅ နာရီခွဲတွင် မိမိလေးက ထလာပြီး ပုစွန်ဖက်ထုပ် သေးသေးလေးတစ်ခု စားကာ ပြန်အိပ်လိုက်သည်။ သူတို့ နောက်တစ်နေ့မနက်အထိ အိပ်ခဲ့ကြပါသည်။

ကျိုးချင်းပိုင်က မနက်ခင်း အပြေးလေ့ကျင့်ခန်းလုပ်ဖို့ ထွက်သွားသည်။သူပြန်လာသောအခါ လင်းချင်းဟယ်နှင့် မိမိလေးတို့ အိပ်ယာထနေကြပါသည်။ ခေါင်းဖြီးရင်း အဝတ်အစားလဲနေကြ၏။

"ကိုယ် ဒီပတ်လည်ကို လျှောက်ကြည့်ပြီး အိမ်စျေးတွေ နည်းသေးလားလို့ လိုက်မေးကြည့်နေတာ။" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။

"ဘယ်လောက်တဲ့လဲ။" လင်းချင်းဟယ်က မေးလိုက်ပါသည်။

"ယွမ် ၁,၃၀၀ ကျော်တယ်။ နေရာကောင်းဆိုရင် ယွမ် ၁,၄၀၀ - ၁,၅၀၀ လောက် ရှိမယ်။” ကျိုးချင်းပိုင်က ပြန်ဖြေလိုက်ပါသည်။

ပြောရမည်ဆိုလျှင် ဒီစျေးက တကယ်ပဲ စျေးကြီးပါသည်။ လက်ရှိ လစာ အဆင့်က ဘယ်လောက်မို့လဲ။ မြို့တော်က ဝန်ထမ်းလစာအဆင့်က နိုင်ငံတော်တွင် အမြင့်ဆုံး ဖြစ်သည်။ သို့သော်လည်း တစ်လကို ယွမ် ၁၀၀ ဝန်းကျင်လောက်သာ ရှိပါသေးသည်။

၁ စတုရန်းမီတာစျေးကို ယွမ် ၁,၀၀၀ ကျော်နေပါက လစာ စားရသည့်လူများက ဘယ်လိုလုပ်စုပြီး ဝယ်နိုင်မည်နည်း။

"နောက်မှ စစ်ကြည့်ကြတာပေါ့။" လင်းချင်းဟယ်က ပြောလိုက်သည်။

အခုထိ သူမ လှုပ်ရှားဖို့ မပြင်သေးပါ။ အိမ်မှာ အလုပ်အားနေရုံသာရှိသည်။ ထို့ကြောင့် အပြင်ထွက်ပြီး သူမ မှတ်မိတာနဲ့  တူညီသလား ကြည့်တာ ပိုကောင်းပါသည်။

သူတို့ အခု ငွေအများကြီးရှိနေပြီး လတိုင်း ငွေအများကြီး ရှာနိုင်သော်လည်း ပိုက်ဆံကို ဒီလိုသုံးလို့မဖြစ်ပါ။ ဘာပဲဖြစ်ဖြစ် ဒီနေရာက မြို့တော်နဲ့ အရမ်းဝေးပါသည်။ သူတို့ ဝယ်မည်ဆိုပါက ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုပါသည်။

ဒီလိုခရီးထွက်ပြီးနောက် ပြန်သွားဖို့ မလိုသော ဆုံးဖြတ်ချက်မျိုး ဖြစ်သည်။ မဟုတ်ပါက မဝယ်သင့်ပါ။ ဒီလိုဆို သူတို့ စိုးရိမ်စရာမလိုတော့ပေ။

ဒီခေတ် ဒီနေရာမှာ ပိုက်ဆံဖြုန်းမည့်အစား မြို့တော်ကို ပြန်သွားပြီး သူမယောက်ျား သဘောကျသည့် မြေကို ချေးငွေယူကာ ဝယ်လိုက်တာ ပိုကောင်းပါသည်။

သို့သော်လည်း လျှောက်ကြည့်လို့ အရှုံးမရှိပါဘူး။

ကျိုးချင်းပိုင်က ပြေးထားသောကြောင့် ချွေးထွက်နေသည်။ ထို့ကြောင့် နောက်တစ်ခေါက် ရေချိုးလိုက်ပါသည်။ ထို့နောက် သူတို့မိသားစု ပင်လယ်စာ ဆန်ပြုတ်များသွားစားကြသည်။

စားသောက်ပြီးနောက် ဟိုင်းနန်က လုပ်ငန်းအိမ်များကို စတင်ရှာဖွေသည်။ ဒီကဖွံ့ဖြိုးတိုးတက်မှုက မြန်ဆန်၏။ ထိုလုပ်ငန်းအိမ်များက အလွန်လှပပါသည်။

ထိုအချိန်က လူများ၏ အကြိုက်အရ အပြစ်အနာအဆာကင်းလှသည်။

"လိုတာရှိရင် ကျွန်တော့်ကို မေးလို့ရပါတယ်။ ကျွန်တော်ဖြေပေးပါ့မယ်။" ကောင်လေးတစ်ယောက်က သူတို့ကို ဧည့်ခံပြီး အလွန်ယဥ်ကျေးစွာ ပြောလိုက်ပါသည်။

"ဟိုင်းနန်က ဒီနှစ်ထဲ တော်တော်မြန်မြန် တိုးတက်လာတာပဲနော်။ ဒီတိုက်တွေကို ဘယ်တုန်းက ဆောက်လိုက်တာလဲ။ အရင်တစ်ခေါက် လာတုန်းက မရှိပါဘူး။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"ဒါဆို ဒီကိုလာခဲ့တာ တော်တော်ကြာပြီထင်တယ်။ ဒါတွေက လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဆောက်ခဲ့တဲ့ အိမ်အသစ်စက်စက်တွေပါ။ နေထိုင်ဖို့ အထူးသင့်တော်တယ်လေ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ရာသီဥတုက တစ်နှစ်တာလုံး အမြဲစိမ်းရာသီဥတု ရှိပါတယ်။ ဒီ့ထက်နေဖို့ သင့်တော်တဲ့နေရာ မရှိတော့ပါဘူးဗျာ။" ကောင်လေးက ပြုံးကာ ပြန်ဖြေလိုက်ပါသည်။

"ကျွန်မတို့ ဝယ်မလား မဝယ်မလားတောင် မသိသေးဘူး။ ရှင်က အရမ်းတက်ကြွနေတာပဲနော်။ ရှင့်စကားတွေ အလကားဖြစ်သွားမှာ မစိုးရိမ်ဘူးလား။" လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။

"ဝယ်ဖို့ မလိုပါဘူး။ အစ်ကိုကြီးနဲ့ အစ်မကြီးတို့က ချမ်းသာတဲ့ပုံပေါ်တော့ မိတ်ဆွေတွေလုပ်တာ ကောင်းမယ်ထင်လို့ပါ။" ကောင်လေးက ရယ်မောလိုက်ပါသည်။

"မင်းနာမည်ဘယ်လိုခေါ်လဲ။" ကျိုးချင်းပိုင်က မေးလိုက်ပါသည်။

"ကျွန်တော့်နာမည် လင်းယွမ်ပါ။" ကောင်လေးက ခေါင်းငြိမ့်လိုက်သည်။

"တိုက်ဆိုင်လိုက်တာ အစ်မမျိုးရိုးနာမည်ကလည်း လင်းပဲ။ အစ်မကို အစ်မကြီးလင်းလို့ ခေါ်လို့ရတယ်။" လင်းချင်းဟယ်က ပြောလိုက်ပြီး သူ့ကို ကျိုးချင်းပိုင်နဲ့ သမီးလေးတို့နဲ့ မိတ်ဆက်ပေးလိုက်ပါသည်။

သူတို့နှစ်ဖက် မိတ်ဆွေများဖြစ်သွားကြပြီဟု သတ်မှတ်နိုင်သည်။ လင်းယွမ်က ပြောလိုက်ပါသည်။ "အစ်ကိုကြီးကျိုးနဲ့ အစ်မကြီးလင်းတို့က ဒီကိုခရီးထွက်လာကြတာလား။"

"ခရီးလို့ပြောလို့ရပါတယ်။ ဒီနှစ် ဟိုင်းနန်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရမ်းအံ့သြမိတယ်။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

လင်းယွမ်က အခု ဘာမှလုပ်စရာမရှိပေ။ ထို့ကြောင့် စကားပြောလို့ရပါသည်။ သူတို့နှစ်ယောက်က ပိုက်ဆံမရှိသည့် လူမျိုး မဟုတ်တာ မြင်နိုင်ပါသည်။

သူတို့အရှိန်အဝါက သူပြောသလိုပဲ သူဌေးအရှိန်အဝါမျိုး ဖြစ်ပါသည်။

သူတို့အား ဒီနှစ် ဟိုင်းနန်၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ပြောပြလိုက်သည်။ နောက်ဆုံးတွင် သူထပ်ပြောလိုက်၏။ "အစ်ကိုကြီးနဲ့ အစ်မကြီးတို့ ဝယ်ချင်လား။ ဒီမှာ အိမ်တစ်လုံး ဝယ်လိုက်ရင် သေချာပေါက် နောင်တရမှာမဟုတ်ဘူးလို့ ကျွန်တော်ပြောရဲပါတယ်။ ဘာပဲဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်မှုက အရမ်းကောင်းနေပြီ။ ကျွန်တော့်မှာ ပိုက်ဆံသာရှိရင် ကျွန်တော် အစုံလိုက် ဝယ်ထားလိုက်တယ်။"

"ဒီအစုံက ယွမ် ၁၀၀,၀၀၀ နော်။ စျေးမပေါဘူး။" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

သူမ မိသားစု၏ လစဥ်ဝင်ငွေက ယွမ် ၁၀၀,၀၀၀ ကျော်သော်လည်း စျေးပေါသည်ဟု မထင်မိပါ။

"နည်းနည်းတော့ များတယ်။ ဒါပေမယ့် အနာဂတ်မှာ ပိုပြီး စျေးကြီးလာမှာပါ။" လင်းယွမ်က ပြောလိုက်ပါသည်။

"နင်က ဒေသခံပဲ။ ဟိုင်းနန်အကြောင်းအသိဆုံးဖြစ်မှာပေါ့။ အစ်မတို့ ဒီမှာ ရက်ပိုင်းလောက် နေဖို့ စီစဥ်ထားတယ်။ အစ်မတို့ရဲ့ ဧည့်လမ်းညွှန် လုပ်ပေးမလား။" လင်းချင်းဟယ်က မေးလိုက်သည်။

"အစ်မကြီး ကျွန်တော် အလုပ်သွားရဦးမယ်လေ။" လင်းယွမ်က ချက်ချင်း ပြန်ပြောလိုက်ပါသည်။

"လစာက ဘယ်လောက်ရလဲ။" ကျိုးချင်းပိုင်က သူ့ကိုကြည့်ကာ မေးလိုက်ပါသည်။

"လစာက ယွမ် ၁၂၀ပါ။” ရုတ်တရက် လစာကို ဘာကြောင့် မေးတာလဲ လင်းယွမ် မသိပါ။ သို့သော်လည်း သူက ဖုံးကွယ်မထားပေ။

လစာက မနည်းပါ။ သို့သော်လည်း သူ့လို မိန်းမနဲ့ ကလေးရှိသည့် လူအတွက် အများကြီး မဟုတ်ပေ။ အနည်းဆုံး အိမ်တစ်လုံးကိုတောင် မတတ်နိုင်ပါ။

"ဒီမှာ ယွမ် ၁၀၀။ တစ်ပတ်ခွင့်ယူပြီး အစ်မတို့ကို လိုက်ပြပေးပါ။" လင်းချင်းဟယ်က ယွမ် ၁၀၀ ထုတ်ကာ သူ့ကို ပေးလိုက်ပါသည်။

လင်းယွမ်က ဒါကို မျှော်လင့်မထားပေ။ သူတို့ကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ အံကြိတ်လိုက်ပြီး ပိုက်ဆံကို ပြန်တွန်းပေးကာ ပြောလိုက်ပါသည်။"အစ်ကိုကြီးနဲ့ အစ်မကြီးတို့က ဒီကိုခရီးထွက်လာကြတာပဲ။ ကျွန်တော် ဧည့်လမ်းညွှန် လုပ်ပေးရမှာပေါ့။။ ကျွန်တော် ပိုက်ဆံမလိုပါဘူး။ ဖြစ်ချင်တော့ ကျွန်တော်လည်း အားလပ်ရက် ခွင့်ယူလို့ရတယ်။ နောက်လ စျေးကို တွက်ကြည့်ရင် ၇ ရက်က ပြဿနာမရှိပါဘူး။”

All Chapters