← Chapters

အပိုင်း(၅၁၉)  

Vol. 35 Ch. 519

အပိုင်း(၅၁၉)  

Vol. 35 Ch. 519

နတ်ဆိုးသားရဲတောင်တန်း

တောအုပ်အတွင်း၌ လူငယ်၏စကားတို့အား အုပ်စုကိုဦးဆောင်နေသော ခေါင်းဆောင်ဖြစ်သူကြား

လိုက်ရသောအခါတွင် အကွာအဝေးတစ်ခုရှိ ဖရိုဖရဲဖြစ်နေသော နေရာအားကြည့်လိုက်သည်။

ထိုနေရာ၌ တကယ်ကို သတ်ဖြတ်ခြင်းအရှိန်အ

ဝါတစ်ခုရှိနေ၏။

“သွားစို့..သွားပြီးတော့

တစ်ချက်ကြည့်ရအောင် ..အားလုံးပဲ ဂရုစိုက်ကြ ..အခြေအနေမမှန်ဘူဆိုရင်

ချက်ချင်းပြန်ဆုတ်ကြမယ်”

သက်လတ်ပိုင်းအရွယ်လူက လေးနက်စွာပြောလိုက်သည်။

၎င်းတို့မှာလူဆယ့်တစ်ယောက်

ပါဝင်သောအုပ်စုဖြစ်သည်။ အမျိုးသားကိုးယောက်နှင့်အမျိုးသမီး နှစ်ယောက်ဖြစ်၏။ ကျင့်ကြံမှုအမြင့်ဆုံးလူက သက်လတ်ပိုင်းအရွယ် အမျိုးသားဖြစ်ပြီး ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်ဖြစ်သည်။ ကျန်သောကျင့်ကြံသူများအားလုံးက ဘိုးဘေးနယ်ပယ်နှင့် အင်ပါယာနယ်ပယ်များဖြစ်ကြ၏။

အမြဲတမ်း သူတို့အနေဖြင့် နတ်ဆိုးသားရဲတောင်တန်း၏

တောင်ခြေ၌သာ အမဲလိုက်ကြပြီး အရမ်းနက်သောအတွင်းပိုင်းသို့ သူတို့သွားရဲခြင်းမရှိကြချေ။

သက်လတ်ပိုင်းအရွယ်လူ၏စ

ကားတို့အားကြားပြီးနောက်  အုပ်စုရှိလူများမှာ စိုးရိမ်သောမျက်နှာထားများဖြင့် ဂရုတစိုက်ရှေ့သို့တက်လိုက်ကြသည်။ သို့သော်  တောအုပ်သေးလေးတစ်ခုအား

သူတို့ဖြတ်သန်းပြီးသည့်နောက်တွင် သူတို့၏ရှေ့၌စမ်းချောင်းငယ်လေးတစ်ခုအားတွေ့လိုက်ရသည်။ စမ်းချောင်းက ဖြည်းညှင်းစွာစီးနေသော်လည်း ရေ၏အရောင်က ကြက်သွေးရောင်ကဲ့သို့ဖြစ်နေပြီး သိပ်သည်းသောသွေးနံ့များဖြင့် ပြည့်နှက်နေသည်။

သို့သော် စမ်းချောင်းအတွင်းမှမြင်ကွင်း

အားသူတို့မြင်တွေ့လိုက်ရသောအခါတွင် သူတို့၏မျက်နှာထားများကကြီး

စွာပြောင်းလဲသွားပြီးလွန်စွာထိတ်လန့်တုန်လှုပ်သာအမူအယာများဖြစ်ပေါ်လာသည်။

စမ်းကြောင်းအတွင်း၌ များစွာသောနတ်ဆိုးသားရဲအလောင်းများလဲလျောင်းနေသည်ကို သူတို့တွေလိုက်ကြရသည်။ထိုထက်ပိုသည်ကား နတ်ဆိုးသားရဲအလောင်းများ

အားလုံးမှာ တစ်စုံတစ်က၎င်းတို့၏ကိုယ်ရှိ

ရေနှင့်သွေးတို့အားစုပ်ယူထား

သကဲ့သို့ရှုံ့တွနေ၏။

၎င်းက စမ်းချောင်းတစ်ခုတည်း၌သာမဟုတ်ပေ။ အလောင်းများက အခြားတစ်ဖက်ခြမ်းအထိပြန့်

ကျဲနေပြီးပို၍ဝေးဝေးအထိရောက်လေသည်။ သူတို့မြင်တွေ့ရသည်ကား နတ်ဆိုးသားရဲအလောင်းပင်လယ်

တစ်ခုဖြစ်သည်။ ထိုထက်ပိုသည်ကား အလောင်းများအားလုံးက ရှုံ့တွနေခြင်းပင်ဖြစ်၏။

“ဒါက …တကယ်ပဲဘာတွေဖြစ်သွားခဲ့တာလဲ..ဘယ်လိုမွန်းစတားမျိုးနဲ့သူတို့တွေ့ပြီးတော့

ဒီလိုမျိုးပြောင်းလဲသွားတာလဲ..”

တစ်စုံတစ်ယောက်က သူ၏ရှေ့ရှိမြင်ကွင်းအားကြည့်၍ အလန့်တကြားပြောလိုက်သည်။

အလောင်းများ၏စိတ်မချမ်းမြေ့ဖွယ်

အခြေအနေအားကြည့်၍ အရိုးထဲထိအေးစိမ့်ပြီး အမွှေးများအဆုံးထိထောင်သွား

လောက်အောင်ခံစားရသည်ဖြစ်သည်။

ဤအချိန်တွင်တစ်စုံတစ်ယောက်

ကပြောလိုက်သည်။

“ဒီစမ်းချောင်းက နတ်ဆိုးသားရဲတွေပုံမှန်လာပြီးတော့ ရေသောက်ကြတာဖြစ်လိမ့်မယ်.. ဒါကြောင့်လဲ ဒီမှာရှိတဲ့နတ်ဆိုးသားရဲတွေက များသောအားဖြင့်ပိုပြီးအာရုံစိုက်ခံရတာ..

အခုတော့ဒါက နတ်ဆိုးသားရဲတွေအတွက်သား

သတ်ရုံဖြစ်လာခဲ့တယ်.  ဒါကဘယ်လိုနတ်ဆိုးသားရဲမျိုးလဲ. သူတို့ကိုသတ်ပစ်ခဲ့ရုံတင်မကဘဲ နတ်ဆိုးသားရဲတွေရဲ့ကိုယ်ကိုခြောက်သွေ့

တဲ့အထိ စုပ်ယူပစ်တယ်”

“ကြည့်လိုက်အုံး. ငါသာမမှားရင် အဲ့ရှုံ့တွနေတဲ့နတ်ဆိုးသားရဲက အဆင့်ခုနှစ်သူတော်စင်နယ်ပယ် ခရမ်းရောင်ကြံ့ပဲ  ဘုရားရေ. ဒါက ကြယ်ငါးပွင့် အဆင့်နဲ့ညီမျှတယ်..အဲ့တာက

တကယ်ကြီးအသတ်ခံလိုက်ရတာပဲ”

အုပ်စုအတွင်းရှိ  အညိုရောင်အသားအရေရှိသော တိုက်ခိုက်ရေးဝတ်စုံကိုဝတ်ဆင်ထားသည့်  အမျိုသမီးငယ်တစ်ဦးက  ရှုံ့တွနေ ခရမ်းရောင်နတ်ဆိုးသားရဲတစ်ကောင်အားထိုးညွှန်ပြ၍ပြောလိုက်သည်။

“ဒါကတကယ်ပဲ ခရမ်းရောင်ကြံ့ပဲ.. ပြီးတော့ ခရမ်းရောင်ကြံ့ကြီးပဲမဟုတ်ဘူး. မီးတောက်နက်ကျားသစ်တွေရော အပြာရောင်အမှတ်ဝံပုလွေတွေရော ရွှေရောင်တောင်တန်းခွေးတွေရော…. သူတို့အားလုံက သူတော်စင်နယ်ပယ်အလယ်အလတ်အဆင့် နတ်ဆိုးသားရဲတွေကြီးပဲ.. သူတို့အားလုံအဲ့ဆန်းကြယ်တဲ့သက်

ရှိရဲ့သတ်ဖြတ်တာကိုခံခဲ့ရပြီးရှုံ့တွနေတဲ့‌ အလောင်းတွေပဲကျန်ခဲ့တယ်”

သူ၏စကားဆုံးပြီးနောက်သက်လတ်

ပိုင်းအရွယ်လူက လူငယ်များထံသို့လှည့်လိုက်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“သွားစို့.. ဒီနတ်ဆိုးသားရဲတောင်တန်းကနေ မြန်မြန်လေးထွက်သွားကြမယ်..  တို့တွေဒီမှာကြာကြာနေလို့မဖြစ်ဖူး. မဟုတ်ရင်မင်းတို့ရဲ့အသက်တွေပါ အန္တရာယ်ရှိလာလိမ့်မယ်”

“ဟုတ်ကဲ့”

သက်လတ်ပိုင်းအရွယ်လူစကားဆုံးပြီးနောက်  အခြားသူများကပြိုင်တူခေါင်း

ညိမ့်လိုက်ကြသည်။  သူတို့အားလုံးနတ်ဆိုးသားရဲ

တောင်တန်းမှဆုတ်ခွာရန်ပြင်

ဆင်လိုက်ကြသည်။   သူတော်စင်နယ်ပယ်အလယ်အလတ်အဆင့် နတ်ဆိုးသားရဲများပင် ဝမ်းနည်းဖွယ်အသတ်ခံခဲ့ရသည်။ အကယ်၍သူတို့သာဆန်းကြယ်သက်ရှိဖြင့် မမျှော်လင့်ပဲပက်ပင်းတိုးခဲ့လျှင် သူတို့အားလုံးခုခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

ထိုထက်ပိုသည်မှာ  သိပ်သည်းသောနတ်ဆိုးသားရဲအလောင်းများအားအကဲဖြတ်ရသလောက် ၎င်းတို့သေဆုံးသောအခါတွင်   ၎င်းတို့အနေဖြင့် သွေးစုပ်ယူခြင်းညှင်းပန်းနှိပ်စက်မှုမှမ

လွတ်မြောက်နိုင်ခဲ့ကြပေ။

“အမ်.ကြည့်လိုက်. ဟိုမှာကျားဖြူတစ်ကောင်နဲ့လူတစ်ယောက်”

ဤအချိန်တွင်  သူတို့အားလုံးထွက်ခွာတော့မည့်ဆဲဆဲ၌  တောသူမလေးတစ်ဦးက ရုတ်တရက်သူတို့၏ရှေ့သို့ လက်ညှိုးထိုးပြီးပြောလိုက်သည်။

သိပ်သည်းများပြားလှသောနတ်

ဆိုးသားရဲအလောင်းများကြားထဲတွင်  ကျားဖြူတစ်ကောင်အားသူ

တို့မြင်တွေ့လိုက်ကြရသည်။  ကျားဖြူ၏ကျောထက်၌ အသက်ဆယ့်ခြောက်ဆယ့်ခုနှစ်အ

ရွယ်ခန့်ရှိသော အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့်  လူငယ်တစ်ဦးရှိနေသည်။

“အဲ့မှာတကယ်ပဲတစ်ယောက်

ယောက်ရှိနေတာပဲ”

ထွက်ခွာတော့မည့်လူများကလည်း  မိန်းကလေး၏ စကားများအားကြားလိုက်ရသော

အခါတွင်လှည့်ကြည့်လိုက်ပြီးဖြစ်သည်။ သူတို့လှည့်ကြည့်လိုက်သောအခါတွင် လူငယ်လေးကိုမြင်တွေ့လိုက်ကြရသည်။

“အဆင့်ခုနှစ်ပွင့်သူတော်စင်နယ်

ပယ်ကျားဖြူကသူ့ရဲ့စီးနင်းသားရဲပဲ”

သက်လတ်ပိုင်းအရွယ်လူက   လူငယ်၏စီးနင်းသားရဲအားတွေ့

လိုက်သောအခါတွင်လေးနက်သော

အသံဖြင့်ပြောလိုက်သည်။

“ဘာ. အဆင့်ခုနှစ်သူတော်စင်နယ်ပယ်

ကျားဖြူလား”

“ဒီလူငယ်လေးကဘယ်နေရာကနေများလာတာလဲ.. သူကအရမ်းငယ်ပေမဲ့ အဆင့်ခုနှစ် သူတော်စင်နယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်ကို သူ့ရဲ့စီးနင်းသားရဲအဖြစ်ထိန်းချုပ်နိုင်တယ်”

သက်လတ်ပိုင်းအရွယ်လူ၏ စကားအားကြားလိုက်ရသော

အခါတွင်သူတို့အားလုံး အံ့အားသင့်စွာပြောလိုက်ကြသည်။

သို့သော် ရှုပ်ထွေးသောမျက်နှာဖြင့် လူငယ်တစ်ယောက်ကပြောလိုက်သည်။

“ဒါပေမဲ့. သူက ကြယ်တစ်ပွင့်ဘုရင်နယ်ပယ်ပဲရှိတာကိုကျုပ်မြင်နိုင်တယ်..ဘယ်လိုဖြစ်ပြီးတော့ အဆင့်ခုနှစ် သူတော်စင်နယ်ပယ်နတ်ဆိုးသားရဲကိုသူ့ရဲ စီးနင်းသားရဲအဖြစ် ထိန်းချုပ်နိုင်ရတာလဲ. သူ့ရဲ့ကျင့်ကြံမှုကကျုပ်ထက်မြင်နေလို့များ သူ့ကိုထွင်းဖောက်မမြင်နိုင်တာလား”

ဤသို့ပြောပြီးနောက် လူငယ်ကခေါင်းကိုလှည့်လိုက်ပြီး သက်လတ်ပိုင်းအရွယ်လူကိုမေးလိုက်သည်။

“ဦးလေး ဝမ်ရှန့်..သူ့ရဲ့ကျင့်ကြံမှုကိုဦးလေးမြင်နိုင်လား”

ဝမ်ရှန့်ဟုခေါ်သောသက်လတ်ပိုင်းအရွယ်လူကသူတို့ထဲ၌ကျင့်ကြံမှုအမြင့်ဆုံးဖြစ်သည်။  လူငယ်က အနက်ရောင်ဝတ်ရုံနှင့်လူငယ်၏ကျင့်ကဲ့မှုက ဘုရင်နယ်ပယ်၌သာရှိသော်လည်း အဆင့်ခုနှစ်သူတော်စင်နယ်ပယ်

ကျားဖြူအား၎င်းကစီးနင်းထား

သည်ကိုမြင်ရသည်ဖြစ်သည်။

“သူက ကြယ်တစ်ပွင့်ဘုရင်နယ်ပယ်အ

ဆင့်ပဲရှိတယ်..”

ဝမ်ရှန့်ဟုခေါ်သောသက်လတ်ပိုင်းအရွယ်လူက လူငယ်၏ကျင့်ကြံမှုအားထွင်း

ဖောက်ရှုမြင်ပြီးသောအခါတွင်

သေချာစွာပြောလိုက်သည်။

ထို့နောက်သူကဆက်ပြောလိုက်၏။

“ဒီလူငယ်က ထူးခြားတဲ့မိသားစုတစ်ခုကဖြစ်လိမ့်မယ်. ဒါကြောင့်လည်းအဆင့်ခုနှစ်

သူတော်စင်နယ်ပယ်ကျားဖြူက

သူ့ရဲ့သားရဲဖြစ်နေတာ”

“အင်း”

ဝမ်ရှန့်၏စကားအားကြား

လိုက်ရသောအခါတွင် များစွာသောလူများက ခေါင်းညိမ့်လိုက်ကြသည်။ဝမ်ရှန့်ပင်လူငယ်၏ကျင့်ကြံမှုအားကြယ်တစ်ပွင့်ဘုရင်

နယ်ပယ်အဖြစ်မြင်ရသည်ဆိုလျှင်

ထိုသို့သာဖြစ်ရမည်ဖြစ်သည်။

ရှုပ်ထွေးသောမျက်နှာနှင့်လူငယ်က ဝမ်ရှန့်၏ စကားတို့အားကြားလိုက်ရသော

အခါတွင်အထင်သေးစွာပြောလိုက်သည်။

“သူကမိသားစုရဲ့စွမ်းအားကိုမှီခိုအား

ထားရတဲ့ကောင်ပဲ.. ကျုပ်သာသူ့လိုဖြစ်ပြီး အဆင့်ခုနှစ်သူတော်စင်နယ်ပယ်ကျားဖြူကိုသူ့သားရဲအဖြစ်စီးနင်းနိုင်တဲ့မိသားစုတစ်ခုမှာ မွေးဖွားလာခဲ့ရင်  ကျုပ်ရဲ့ကျင့်ကြံမှုအတွက် များပြားလှတဲ့အရင်းအမြစ်တွေ

ကိုသာကျုပ်ရခဲ့ရင် ကျုပ်သူတော်စင်နယ်ပယ်တစ်ယောက်

ဖြစ်လာပြီးလောက်ပြီ”

လူငယ်၏နမည်က ဟူဟောက်ဖြစ်သည်။သက်လတ်ပိုင်း

အရွယ်လူဝမ့်ရှန့်မှလွဲလျှင်  ၎င်းတို့ကြားထဲ၌သူက ပါရမီအပါဆုံးဖြစ်သည်။သူ၏ကျင့်ကြံမှုအဆင့်ကအမြင့်ဆုံးဖြစ်ပြီးကြယ်ခုနှစ်ပွင့်

ဘိုးဘေးနယ်ပယ်တစ်ယောက်ဖြစ်သည်။

သို့သော်ဟူဟောက်မှာ သာမန်မိသားစုလေးတစ်ခု၌မွေး

ဖွားလာခဲ့သူဖြစ်၏။  ဝမ်ရှန့်၏ ခွဲခြမ်းစိတ်ဖြာမှုအားသူကြားလိုက်ရသောအခါတွင်ထိုလူငယ်အားမိသားစုကြီးတစ်

ခုမှဟုသူထင်လိုက်သည်။ သို့သော်၎င်း၏ကျင့်ကြံမှုကဘုရင်နယ်ပယ်၌သာရှိသေး၏။ ဟူဟောက်မှာထိုလူငယ်အားအထင်

သေးမှုအပြည့်ဖြစ်နေသည်။

ထို့နောက်ဟူဟောက် လူငယ်အားကြည့်၍ပြောလိုက်သည်။

“ဒီလူက ဒီနေရာကအခြေအနေကို သဘောပေါက်ပုံမပေါ်ဘူး…..အရူးပဲ. အဆင့်ခုနှစ်သူတော်စင်နယ်ပယ်ကျားဖြူရဲ့ကာကွယ်မှုအောက်မှာသူလိုချင်တာအ

ကုန်ရမယ်များထင်နေတာလား.. ဟမ့်.အဆင့်ခုနှစ်သူတော်စင်နယ်

ပယ်နတ်ဆိုးသားရဲတစ်ကောင်တောင်

ဒီမှာသေရတဲ့ဟာ”

“အဲ့အချိန်ကြရင်သူဘယ်လိုသေလို့

သေမှန်းတောင်သိမှာမဟုတ်ဖူး

လို့ကျုပ်ထင်တယ်”

“ဦးလေးဝမ်ရှန့် ဒီနေရာက အရမ်းအန္တရာယ်များတယ်. သူ့ကိုသတိပေးလိုက်ရအောင်”

ဤအချိန်တွင်ရွက်ကြမ်းရည်ကြိုပုံစံနှင့်

မိန်းကလေးက   မျက်နှာထက်၌စိုးရိမ်မှုအပြည့်ဖြင့် ဝမ်ရှန့်အားပြောလိုက်သည်။

“အင်း…သူ့ကိုပြောလိုက်တာပိုကောင်းမယ်”

ဝမ်ရှန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

သို့သော် ဤအချိန်တွင် ဟူဟောက်က မိန်းကလေးအားပြောလိုက်၏။

“အသေးလေး..ဦးလေးဝမ်ရှန့်  ထားလိုက်ကြရအောင်…

သူ့ကိုကြည့်လိုက်စမ်းပါ.

သူ့မျက်နှာထက်မှာဘာပူပန်မှုမှမရှိတဲ့ပုံပဲ.. ရှုံ့တွနေတဲ့နတ်ဆိုးသားရဲ

အလောင်းတွေကိုတွေ့နေရတာတောင် ဒီနေရာကဘယ်လောက်အန္တရာယ်များ

လဲဆိုတာသူမသိဘူး”

“သူ့လိုမျိုးကလန်တစ်ခုရဲတပည့်တစ်ယောက်က မောက်မာမှုနဲ့ပြည့်နေပြီး အားလုံးကို နှိမ့်ချကြည့်တာ. ဘယ်လိုလုပ်ပြီးတော့ ကျုပ်တို့ပြောတာကိုနားထောင်မှာလဲ. သူ့ကိုဆန့်ကျင်ဖို့ ဇတ်လမ်းဆင်နေတယ်လို့တောင်

သူထင်နေမှာ..”

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters