ရန်သူကို လောင်ကျွမ်းပစ်သည့် မီးတောက်
Vol. 7 Ch. 93
ယဲ့ဂိုဏ်းမှ လူတစ်ယောက်ဖြစ်ကြောင်း ပြောကြာပြီးနောက် လူပုသည် ရင်ကော့လိုက်၏။ သူ့လေသံမှာလည်း ပိုရဲရင့်ဟန် ပေါက်သည်။ သူသည် ချင်ရီတောင်တန်း၊ ယဲ့ဂိုဏ်း၏ အမည်ကျော်ကြားမှုအပေါ် အတော်လေး ယုံကြည်မှု ရှိနေပုံ ပေါ်သည်။
ရုတ်တရက်ကြီး သည်လူပုက သတ္တိရှိသွားသည်ကို မြင်သည့်အခါ ဟန်လိသည် ယဲ့ဂိုဏ်းမှာ ကျော်ကြားလိမ့်မည်ကို သိလိုက်၏။
သို့သော် အစောပိုင်းတုန်းက သူ့အပြုအမူများအရ လူပုသည် ထိုအင်မောတယ်ဂိုဏ်းဖြစ်သော ယဲ့ဂိုဏ်းအတွင်း၌ သာမညောင်ညတစ်ယောက်သာ ဖြစ်ပုံရ၏။ သူ၏ သေဆုံးခြင်း၊ရှင်သန်ခြင်းက ထိုဂိုဏ်းအတွက် ရေးကြီးခွင်ကျယ် ဖြစ်မသွားစေနိုင်လောက်တာ ထင်ရှားသည်။
ဟန်လိက အချိန်တိုအတွင်း ဆုံးဖြတ်ချက် ချပြီး ဖြစ်၏။ နောက်နောင်တွင် သူ့အတွက် မည်သည့် ဇယားမှ မဖြစ်နိုင်သည်ကို သိသည့်အခါ ဟန်လိစိတ်ထဲ၌ ရန်သူကို အမြစ်ဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပေပြီ။
တကယ်တော့ သူ့ရန်သူ၏ မှော်စွမ်းအားက သူ့ကို မယှဉ်နိုင်ပေ။ ထို့အပြင် သူ့ရန်သူ၊လူပူ၏ အပြုအမူများက ဉာဏ်နည်းပုံ ပေါက်နေလျှင်ပင် ထိုသူက ဒီနေရာ၌ အင်မောတယ်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတုန်းပင်။ အသေအကြေတိုက်ပွဲလို အခြေအနေတခု ရှိမနေခဲ့လျှင်ပင် ဟန်လိက သည်အခွင့်အရေးကို လက်လွှတ်ခံလိမ့်မည်မဟုတ်၊ သူ့ထံ ရောက်လာသော လက်ဆောင်ကြီးကို ငြင်းပယ်လိမ့်မည် မဟုတ်ပါ။ ထို့အပြင် ဟန်လိသည် ထိုလူပု၏ အပြုအမူများနှင့် ပြောစကားများအရ ထိုသူသည် လူကောင်း မဟုတ်ဟု ကောက်ချက်ချသည်။
“Qin Yeling…Ye Clan…could it be he’s from that famous clan?” Surprise appeared on Han Li’s face as if he believed the dwarf’s words.
“ချင်ယဲ့လင်း…ယဲ့ဂိုဏ်း…သူက ကျော်ကြားတဲ့ ဂိုဏ်းတစ်ခုက ဖြစ်နေနိုင်လား..” ဟန်လိသည် လူပု၏ စကားများကို ယုံကြည့်သည့်အသွင် ပေါက်နေသည့်အလား သူ့မျက်နှာထက်၌ အံ့အားသင့်ဟန် ဖြစ်ပေါ်သည်။
“အဟုတ်ကို ယဲ့ဂိုဏ်းပဲ။ ညီအစ်ကို…ခင်ဗျားက တကယ်ပဲ ယဲ့ဂိုဏ်းကို ကြားဖူးတာကို။ ဒါ့ကြောင့် ခင်ဗျား ကျုပ်ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူးလို့ ယုံတယ်…”
ယဲ့ဂိုဏ်းဟူသော အမည်က ဟန်လိအပေါ် သက်ရောက်မှု ရှိသည်ကို မြင်သွားသည့်အခါ လူပုသည် စိတ်အားတက်ကြွကာ အသံကျယ်ကျယ်နှင့် ပြောလာ၏။
“ယဲ့ဂိုဏ်းလား…” ဟန်လိက တွေဝေသွားပုံ ဟန်ဆောင်ကာ ခေါင်းကုတ်လိုက်သည်။
ထိုအနေအထားကို မြင်သည့်အခါ လူပု၏ စိတ်ထဲ၌ ပျော်ရွှင်သွား၏။ ထို့အတွက် သူသည် ယခုလိုအခြေအနေကနေ သူ့အဖို့ ဆိုးဝါးသော အခြေအနေသို့ ပြန်ပြောင်းသွားမည်ကို အတော်လေး လန့်နေသည်။
“ဒီလိုဆိုရင်ကော။ ကျုပ် ခင်ဗျားကို ဂိုဏ်းရဲ့အကြီးအကဲတွေထဲက တစ်ယောက်ကို တွေ့ရဖို့ ခေါ်သွားပေးမယ်။ ကျုပ်တို့ ဒီကိစ္စကို ဘယ်လိုလုပ်သင့်လဲ သူ့ကို ဆုံးဖြတ်ခိုင်းရမယ်။ ဒီလိုဆို အဆင်ပြေလား ညီအစ်ကို…” ဟန်လိသည် ခက်ခဲသော အခြေအနေသို့ ရောက်သွားသည့်နှယ် ပြောလာသည်။
“ဒုက္ခများစရာ မလိုပါဘူး။ ဒါက ကိစ္စလေးပါ။ ခင်ဗျားက ဒီလို ကိစ္စလေးထဲ အကြီးအကဲတွေကို ပါဝင်ခိုင်းစေချင်ရင် သူတို့ အထင်အမြန် သေးသွားပြီး ခင်ဗျားရဲ့ အနာဂတ်တိုးတက်မှုအတွက် အကြီးအကျယ် ထိခိုက်မှာ စိုးမိတယ်…”
လူပုသည် ဟန်လိ၏ ပြောစကားကို ကြားသည့်အခါ တုန်လှုပ်သွားပြီး အထက်ပါစကားကို အသည်းအသန် ဆိုသည်။
ဘုန်းကြီးလူပုသည် ဟန်လိက အတွေ့အကြုံမရှိသော၊ လောက အသိအမြင်ရဖို့ ခရီးသွားလာနေသည့် ငယ်ငယ်ရွယ်ရွယ် အင်မောတယ်ကျင့်ကြံသူတစ်ယောက်အဖြစ် ရှုမြင်သည်။ သူက ဟန်လိသည် ဂိုဏ်းထဲ၌သာ ကျင့်ကြံနေခဲ့သူဟု ထင်မိသည်။
“ခင်ဗျား သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…” ဟန်လိသည် ခေါင်းငုံ့လျက် စဉ်းစားနေ၏။ ထို့နောက် သူ့အင်္ကျီရင်ဘက်ထဲကနေ ဓားငယ်ပုံနှင့်အဆောင်ကို ထုတ်ယူသည်။
“အစ်ကိုနဲ့က အခုမှ ကျုပ် ပထမဆုံးဆုံတာ။ ဒါပေမဲ့ အစ်ကိုက ကျုပ်အပေါ် ဂရတစိုက်ရှိတာကို ပြသပေးတာပဲ။ ဒီတော့ ကျုပ်အနေနဲ့ အစ်ကိုရဲ့ ဒီအဆောင်ရတနာကို ပြန်ပေးသင့်တယ်လို့ ထင်မိတယ်…”
ဟန်လိသည် မပေးချင်ပေးချင်ဟန် အနည်းငယ် ပေါက်နေသော်လည်း ထိုသို့ စကားဆိုလာသည်။
လူပုက အတော်လေး ပျော်မြူးသွား၏။
အချိန်ထပ်ဆွဲနေပါက ဟန်လိ စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေသည်။ လူပုက ဟန်လိ၏ စကားကို များများစားစား စဉ်းစားမနေတော့ဘဲ မြန်မြန်ဆုံးဖြတ်လိုက်သည်။ သူက လက်ဝေ့ယမ်းလိုက်၏။ သူ့ဘေးပတ်လည်ရှိ ရွှေရောင်အရံအတားသည် လုံးဝ ပျောက်ကွယ်သွားသည်။ သူက သူ့အဆောင်ရတနာကို ပြန်ရဖို့ အားမနာတမ်း ပြောလာသည်။ “ညီအစ်ကိုက သိတတ်မှတော့ ကျုပ်လည်း ယဉ်ကျေးမနေတော့ပါဘူး…”
လူပုသည် သူ့လက်ကို ဆန့်ကာ အဆောင်ရတနာကို လက်ခံမည့်ပုံအား မြင်သည့်အခါ ဟန်လိ၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူက လူပုနောက်သို့ လက်ညှိုးလှမ်းထိုးကာ စိတ်လှုပ်တရှားဖြင့် လှမ်းအော်သည်။ “ဂိုဏ်းခေါင်းဆောင်…ဘာကြောင့် ဒီနေရာကို ရောက်လာရတာလဲ..”
ထိုစကားကို ကြားသည့်အခါ လူပုသည် တောင့်တင်းသွားပြီး ကြောက်လန့်တကြား ဖြစ်ကာ သူ၏ ရတနာနှင့် ပတ်သတ်၍ ထပ်မံ အရေးမစိုက်နိုင်တော့ပေ။ သူက ခေါင်းလှည့်ကာ နောက်သို့ လှမ်းကြည့်သည်။ သို့သော် သူ့နောက်တွင် မည်သူမျှ ရှိမနေပေ။ ငြိမ်သက်တိတ်ဆိတ်နေ၏။
“ဟာ…သောက်ကျိုးနည်း…” လူပုသည် မည်မျှ တုံးအပါစေ သူသည် ဟန်လိ၏ ထောက်ချောက်အတွင်း ကျရောက်သွားပြီကို သိလိုက်သည်။ သူက တဖက်သို့ အမြန်ပြန်လှည့်စဉ် သူ့ရင်ဘက်နား၌ အပူလှိုင်းတစ်ခုကို ခံစားမိလိုက်ရ၏။ မကြာမီ မီးတောက်များသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။ မျက်စိတမှိတ်အတွင်း လူပုသည် ပြာဖြစ်သည့်အထိ လောင်ကျွမ်းခံလိုက်ရပြီ။
ထိုအခါကျမှ ဟန်လိသည် သက်ပြင်းရှည်ချနိုင်တော့၏။ သူ့အနေဖြင့် မီးလုံးပညာရပ်ကို သုံးကာ သူ့ရန်သူ၊လူပုကို အလွယ်တကူ တချီတည်းဖြင့် သတ်နိုင်ခဲ့ကာ သည်ဖြစ်စဉ်တခုလုံးသည်ရ ရိုးစင်းနေပုံ ရသည်။ သို့သော် အမှန်တော့ သူသည် ထိုအစီအစဉ်တိုင်းဖြစ်ဖို့ ဖိအားများစွာအောက်၌ အတော်လေး အားစိုက်ထုတ်ခဲ့ရပေသည်။ အခု သူ၏ အလစ်တိုက်ခိုက်မှု အောင်မြင်သွားသည့်အခါမှ သူ့မျက်နှာထက်တွင် အပြုံး ပေါ်လာနိုင်၏။ သူက သူ့ကိုယ်သူလည်း ကြိတ်၍ ဂုဏ်ယူမိနေသည်။
ကျားထျန်လုံနှင့် ဝမ်ကြွယ်ချူးတို့သည် ခုလေးတင် ဖြစ်ပျက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မြင်ကြ၏။ သို့သော် သူတို့သည် သူတို့ တွေ့မြင်ခဲ့သည့်အရာကို နားမလည်နိုင် ဖြစ်နေသည်။ အကြောင်းမှာ ဟန်လိနှင့်လူပုတို့သည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကောင်းကောင်းမွန်မွန် ပြောနေသည့်အပြင် သူတို့စကားများကိုလည်း လူအုပ်သည် အလှမ်းဝေး၍ မကြားရနိုင်သောကြောင့်ပင်။
သူတို့သည် ဟန်လိကို လူပုက အတော်လေး ထိတ်လန့်နေသည်ဟု သိ၏။ သို့သော် စကားအနည်းငယ် ပြောပြီးနောက် လူပုသည် ဟန်လိကို တခုခု တောင်းဆိုခဲ့ပုံ ရသည်။ သည့်နောက် လူပုသည် နောက်လှည့်သွားစဉ် ဟန်လိက မီးလုံးတလုံးကို အကြမ်းပတမ်း ထုတ်လွှတ်ကာ လူပုကို မီးလောင်ပြာတိုက်ပစ်ခဲ့သည်။
ကျားထျန်လုံသည် ခါးသီးစွာ ခံစားမိနေသည်။ ထိုသည်က မည်သို့ ဖြစ်ခဲ့ရသနည်း။ အစတုန်းက ရလဒ်သည် သူတို့ဘက်မှ အသာစီး ရနေသည် မဟုတ်လား။ သို့သော် ချီးရွှမ်ဂိုဏ်းမှ မထင်မရှားတပည့်တစ်ယောက် ပေါ်လာပြီးနောက် အရာအားလုံးသည် အထက်အောက် ပြောင်းလဲသွားချေသည်။ ဘုန်းကြီးလူပုကဲ့သို့ အင်မောတယ်ကျင့်ကြံသူတစ်ယောက်ပင် မီးလောင်ကျွမ်းခံရသော အခြေအနေသို့ ဆိုက်သွားခဲ့လေပြီ။
တဖက်တွင်မူ ကျားထျန်လုံ၏ စိတ်ခံစားချက်များသည် သူ့ရန်သူတော်ကြီး၊ကျားထျန်လုံနှင့် ဆန့်ကျင်ဘက်ပင်။ သူသည် ခါးရှိ ဓားရှည်ကို စိတ်လှုပ်ရှားစွာ ခပ်တင်းတင်း ကိုင်ဆုပ်မိ၏။ သူက ဟန်လိထံ အထင်တကြီး လှမ်းကြည့်၏။ သူ့မျက်နှာထက်တွင်လည်း အားရမှု ပြည့်နေသည်။
ခုလက်ရှိ၌ ဟန်လိမှာ စိတ်လှုပ်ရှားနေသည်။ သို့သော် ဤသည်မှာ သူ လူပုကို အနိုင်ယူနိုင်၍ စိတ်လှုပ်ရှားရုံ သပ်သပ်တော့ မဟုတ်ပေ။ လူပု၏ ပြာပုံထဲကနေ သူသည် မီးလောင်ကာ ပြာမဖြစ်သွားခဲ့သော ပစ္စည်းအချို့ကို တွေ့ရှိရလိုက်သောကြောင့်ပင်။
ထိုပစ္စည်းများက သိပ်တော့ မများလှ၊ အဆောင်တစ်ခု၊ အမိန့်ပေးတံဆိပ်နှင့် စာအုပ်တစ်အုပ်သာ ဖြစ်သည်။
အဆောင်က လူပု ရွှေရောင်အရံအတားကို ထုတ်ဖော်ရာတွင် အသုံးပြုခဲ့သော တစ်ခုပင်။ သူသည် ၎င်းအဆောင်ကို အသုံးပြုရမည့် မန္တာန်ကို မသိသော်လည်း ၎င်းကို ရလိုက်ခြင်းက သူ့အတွက် ပျော်မြူးစေဖို့ လုံလောက်နေပေပြီ။ ခုလက်ရှိ၌ သူ့အတွက် အလိုအပ်ဆုံးအရာမှာ သူ့အသက်ကို ကယ်တင်ရာ၌ အသုံးပြုနိုင်မည့် ရတနာတစ်ခု မဟုတ်လား။
အမိန့်ပေးတံဆိပ်ပြားသည် တြိဂံပုံစံရှိ၏။ အရောင်မှာ အနက်ရောင် ဖြစ်သည်။ ၎င်း၏ တဖတ်ခြမ်းပေါ်၌ ရွှေရောင်စာလုံးအချို့ ရေးထွင်းထားသည်။ ယင်းစာလုံးများမှာ အင်မောတယ်အထက်ဘုံ ဟူ၍ပင်။ တခြားတဖက်တွင် အမိန့် ဟူသော ငွေရောင်စာလုံးကို ရေးထွင်းထားသည်။ ထိုအမိန့်တံဆိပ်ပြားကို မည်သည့်သတ္တုဖြင့် ပြုလုပ်ထားသည် မသိရပေ။ သို့သော် ၎င်းမှ အလေးချိန်စီး၏။ ဟန်လိသည် ၎င်းကို မည်သို့ အသုံးပြုရမှန်း မသိပေ။
စာအုပ်ကမူ သာမန်ထက်ထူးကဲသည်ကို ဟန်လိ သိ၏။ ယင်းစာအုပ်သည် သူ့မီးလုံးများကြောင့်ပင် လောင်ကျွမ်းမသွားခဲ့ပေ။ သို့သော် စာမျက်နှာအချို့ကို လှန်လှောကြည့်ပြီးနောက် သူက သည်စာအုပ်သည် ချင်မျိုးရိုးတစ်ယောက်၏ မှတ်တမ်းတခု ဖြစ်သည်ကို သိလိုက်သည်။ သူက ဘုန်းကြီးလူပုသည် ထိုစာအုပ်ကို မည်သည့်အတွက်ကြောင့် သိမ်းဆည်းထားသည်ကို မသိပေ။ ၎င်းစာအုပ်က ဘုန်းကြီးလူပုအတွက် မည်သည့်အတွက်ကြောင့် အရေးပါနေသည်ကိုလည်း သူ မသိပေ။
“လူပုက သူဟာ ယဲ့ဂိုဏ်းက တပည့်တစ်ယောက်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူက ချင်မျိုးရိုးနဲ့ လူတစ်ယောက်ရဲ့ မှတ်တမ်းကိုပဲ သူနဲ့အတူ ယူလာခဲ့တယ်။ သူဟာ ယဲ့ဂိုဏ်းရဲ့ မိမစစ်ဖမစစ်တစ်ယောက် ဖြစ်နိုင်လား…” အကြီးအကျယ် စိတ်ပျက်သွားကာ ဟန်လိသည် ထိုသို့ ရက်ရက်စက်စက် ခန့်မှန်းပစ်သည်။