← Chapters

အခန်း(၆၈၄) အစကတည်းက ငါတို့မှားတာ

Vol. 49 Ch. 684

အခန်း(၆၈၄) အစကတည်းက ငါတို့မှားတာ

Vol. 49 Ch. 684

အခန်း(၆၈၄) အစကတည်းက ငါတို့မှားတာ

လက်ဖက်ရည်ဆိုင်လုပ်ငန်းက အခုဆို အဆင်ပြေနေပါပြီ။ မိသားစုအတွက် အရေးပါသည့် ဝင်ငွေရင်းမြစ်တစ်ခုလည်း ဖြစ်သည်။

လီအိုက်ကော်နဲ့ ကျိုးချင်းပိုင်တို့က ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့ စီစဥ်ထားသဖြင့် လင်းချင်းဟယ် သူတို့ကို မတားပါ။

ထို့ကြောင့် ဒီနေ့ ရှုရှန့်ချမ်းကို ခေါ်လိုက်ပါသည်။

မနှစ်ကတည်းက အခုချိန်ထိ ရှုရှန့်ချမ်း တကယ်ပဲ လူသစ်ဖြစ်သွားပြီဆိုတာကို လင်းချင်းဟယ် မြင်နိုင်ပါသည်။

ဒါက အသက် ၂၀ ဝန်းကျင် ကောင်လေး တစ်ယောက် ဖြစ်သည်။ လင်းချင်းဟယ်က ရက်စက်တတ်သူ မဟုတ်ပေ။ အမှောင်လမ်းဆုံးသည့်အထိ သူ လျှောက်သွားပါက သူမရှေ့မှာ သေဆုံးသွားတာတောင် လင်းချင်းဟယ် ဂရုစိုက်မှာ မဟုတ်ပါ။ အခု ပိုကောင်းသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သောကြောင့် လင်းချင်းဟယ်က သူ့ကို အခွင့်အရေးပေးချင်နေပါသည်။

"အိုက်ကော်နဲ့ စန်းနီတို့ အလုပ်လုပ်တဲ့ ကုန်ခြောက်ဆိုင်ကို သိတယ်မလား။ သူတို့နှစ်ယောက်က ကိုယ်ပိုင်ဆိုင်ဖွင့်ကြတော့မလို့လေ။ အဲ့တာကြောင့် အဲ့ဆိုင်ကို ကြည့်ပေးမယ့်လူ မရှိဘူး။ လစာနဲ့ အကျိုးခံစားခွင့်က ဖက်ထုပ်ဆိုင်ထက် သေချာပေါက် ပိုကောင်းလိမ့်မယ်။ နင်ဘယ်လို သဘောရလဲ" လင်းချင်းဟယ်က သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်ပါသည်။

ရှုရှန့်ချမ်းက ခဏလောက် ကြက်သေ သေသွားပြီး ပြန်ပြောလိုက်ပါသည်။ "ဖက်ထုပ်ဆိုင်ကိုကော ဘယ်လိုလုပ်ရမလဲ။”

"နင့်ဦးလေးဖာသာ ကြည့်လို့ရပါတယ်။ သူ့မှာ ဘာအလုပ်မှ မရှိဘူး။ ဖက်ထုပ်ဆိုင်က သူအချိန်ဖြုန်းတဲ့နေရာပဲလေ။” လင်းချင်းဟယ်က ဆိုလိုက်သည်။

ဖက်ထုပ်ဆိုင်တွင် ရှုရှန့်ချမ်းကို ပေးထားသည့် လစာမှာ ယွမ် ၁၃၀ ဖြစ်ပါသည်။ လစာက မနိမ့်ပါ။ အမှန်ပင်။ မြင့်လည်း မမြင့်ပါ။ ဖက်ထုပ်ဆိုင်မှာတော့ ဒီလိုပဲဖြစ်သည်။ ဒီလောက် ပေးထားတာတောင် အတော်လေး ကောင်းမွန်နေပါပြီ။

ကုန်ခြောက်ဆိုင်အတွက် သူ့ကို လစာ ယွမ် ၁၈၀ ကမ်းလှမ်းသည်။ လစာက တစ်ခါတည်း ယွမ် ၅၀ တက်သွားသည်။ ထို့ကြောင့် ရှုရှန့်ချမ်းက လုပ်ချင်ပါသည်။

"ကန်းကျစ်က မြို့တော်မှာ ကော်မာရှယ်အိမ်တစ်လုံး ဝယ်ဖို့ စီစဥ်နေတာ။ အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး နင်ကော ဘယ်လို တွေးထားလဲ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ရှုရှန့်ချမ်း တွန့်ဆုတ်သွား၏။ ထို့နောက် ပြုံးကာ ပြောလိုက်သည်။ "စျေးအရမ်းကြီးတာ ကျွန်တော် ဘယ်လိုလုပ် တတ်နိုင်မှာလဲ။”

"အရင်ဆုံး ပိုက်ဆံ စုထားလိုက်ပေါ့။ အချိန်ကျရင် ငါလည်း နည်းနည်း ချေးပေးမယ်။ ဒီမှာ အိမ်တစ်လုံးဝယ်ထား။ နင် စိတ်အေးရလိမ့်မယ်" လင်းချင်းဟယ်က ပြောလိုက်၏။

သူမ ဒီလိုပြောလိမ့်မည်ဟု ရှုရှန့်ချမ်း ထင်မထားပေ။ သူ ကြက်သေ သေသွားပါသည်။ နှုတ်ခမ်းကို စုဝိုင်းပြီး ပြောလိုက်ပါသည်။ "ကျေးဇူးတင်ပါတယ် ဒေါ်လေး။ ကျွန်တော့်လစာကို အခုကစပြီး စုထားပေးမှာလား။”

"နင့်လစာကို ပုံမှန်အတိုင်းပဲ ရမယ်။ ဘဏ်မှာ အကောင့်တစ်ခု သွားဖွင့်ထားပြီး အဲ့ထဲမှာ စုထားလိုက်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

လင်းချင်းဟယ်က လီအိုက်ကော်နဲ့ ကျိုးစန်းနီကို ကြိုပြောထားလိုက်သည်။ သူမ ရှုရှန့်ချမ်းကို လာကူညီခိုင်းထားပါသည်။ ဆိုင်၏ အလုပ်ကိစ္စများနဲ့ အကျွမ်းဝင်အောင် စတင် ကြိုးပမ်းပါတော့သည်။

လီအိုက်ကော်နဲ့ ကျိုးစန်းနီတို့ကလည်း ကန့်ကွက်မှု မရှိပါ။ တကယ်တော့ ကျိုးစန်းနီ ရှက်ရွံ့မိပါသည်။

မြို့တော်ကို ရောက်လာကတည်းက သူမ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့က သူတို့ကို စောင့်ရှောက်ပေးခဲ့သည်။ ဆိုင်က သူတို့ကို လိုအပ်သည်။ သို့သော်လည်း သူတို့က ကိုယ်ပိုင်ဆိုင် ဖွင့်ချင်နေကြ၏။

လင်းချင်းဟယ်က စိတ်မဆိုးပါ။ အစကတည်းက သူမ ပြောထားပြီးသား ဖြစ်ပါသည်။သူတို့ ကိုယ့်စီးပွားရေးကိုယ် လုပ်ချင်ကြပါက ထောက်ပံ့ပေးမည်ဟု ပြောခဲ့ပါသည်။

လင်မယားနှစ်ယောက် ဒီနှစ်ထဲ စလုပ်ဖို့ စီစဥ်ထားကြသည်။ နှစ်ဝက်လောက် ကြာသောအခါ ရှုရှန့်ချမ်းက ဆိုင်ကို လုံးဝ လွှဲပြောင်းယူနိုင်လိမ့်မည်။ ထို့နောက် သူတို့ ကိုယ်ပိုင်ဆိုင်ကို ဖွင့်နိုင်ပါလိမ့်မည်။

လီအိုက်ကော်က ဆိုင်ကို နှစ်ပေါင်းများစွာ ကူညီကြည့်ပေးခဲ့သည်။ သူ့ကိုယ်ပိုင် လုပ်ငန်းအတွေ့အကြုံများ ရှိပါသည်။ သို့သော်လည်း ဘာမှ မဖုံးကွယ်ထားဘဲ ရှုရှန့်ချမ်းကို သင်ကြားပေးခဲ့ပါသည်။

ရှုရှန့်ချမ်းက လုပ်ငန်းအကြောင်းကို ကျွမ်းကျင်တတ်မြောက်လာ၏။ သူက သူ့ကိုယ်ပိုင်ဆိုင် မဖွင့်ချင်ပါ။ သူ့ဦးလေးနဲ့ ဒေါ်လေးတို့ လက်အောက်မှာသာ ဒီလိုပဲ ဆက်လုပ်ချင်မိသည်။ ဒါက ဘေးကင်းပြီး တည်မြဲမှု ရှိပါသည်။ အရင်တုန်းကနဲ့ လုံးဝ ခြားနား၏။

ရှုရှန့်မိန်လည်း ကုန်ခြောက်ဆိုင်အကြောင်းကို သိပါသည်။ ဖက်ထုပ်ဆိုင်ကိုလာပြီး သူမ မောင်ကို သွားရှာခဲ့သည်။ ထိုအခါမှ သူမမောင် ကုန်ခြောက်ဆိုင်သို့ ရောက်သွားကြောင်း သိလိုက်ရသည်။

သူမ မောင်ကို ခေါ်ပြီး မေးလိုက်၏။ "နင်က ဘာလို့ ဒီရောက်နေတာလဲ။”

"ဒေါ်လေးက ငါ့ကို လာကြည့်ခိုင်းထားတာ" ရှုရှန့်ချမ်းက ပြန်ပြောလိုက်သည်။

"ငါ့ဆိုင်ကို လာကြည့်ပါဆိုတော့ မကြည့်ဘူး၊ ဒီဆိုင်ကို လာကြည့်ပေးရတာကျတော့ ပျော်တယ်ပေါ့။ အရင်တုန်းက နင်ဆိုင်မဖွင့်ဖူးတာလည်း မဟုတ်ဘူး။ ကိုယ့်ဆိုင်ကိုယ်ဖွင့်တာ ဘယ်လောက်တောင် ပိုကောင်းလိုက်သလဲ။” ရှုရှန့်မိန်က မျက်မှောင်ကြုတ်လိုက်ပါသည်။

ရှုရှန့်ချမ်းက သူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အစ်မ ငါကိုယ်ပိုင်ဆိုင် မဖွင့်ချင်တော့ဘူး။ ငါ အခု အဆင်ပြေပါတယ်။”

တကယ်တော့ သူ အများကြီး ဂရုစိုက်ခံခဲ့ရပါသည်။ ကန်းကျစ်တောင် နေထိုင်စရိတ် ပေးရ၏။ သို့သော် သူကတော့ မနှစ်ကမှ ဖက်ထုပ်ဆိုင်မှာ အလုပ်စလုပ်သဖြင့် သူ့ ဒေါ်လေးက သူ့ကို ဘာစရိတ်မှ မတောင်းပါ။

သူ့အတွက် ယူလာပေးသည့် အစားအစာများက သူတို့ မစားသောက်ခင် ကြိုတင်ဖယ်ထားပြီးသားများ ဖြစ်ပါသည်။ ဟင်းကောင်းဟင်းလျာများနဲ့ အသားဟင်းများပင် ပါသေးသည်။

ကွာရှင်းပြတ်ဆဲကာ သူ့ဦးလေးလက်အောက်မှာ အလုပ်ပြန်လာလုပ်ကတည်းက အာဟာရများ ပုံမှန် ပြန်ပြည့်ဝလာသည်ဟုပင် ပြောနိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် သူက ငယ်ရွယ်သေးသည်။ ခန္ဓာကိုယ်အခြေခံအုတ်မြစ်က ရှိနေသေး၏။

ထို့အပြင် ရှုရှန့်ချမ်းက တကယ်ပဲ ကိုယ်ပိုင်ဆိုင်မဖွင့်ချင်ပါ။ သို့သော်လည်း သူ့ဒေါ်လေးက သူ့ကို ပိုက်ဆံစုခိုင်းထားပြီး အိမ်တစ်လုံး ဝယ်ခိုင်းသည်။ သူ အိမ်ဝယ်ချင်ပါသည်။

ရှုရှန့်မိန်က မျက်မှောင်ကြုတ်လိုက်၏။ "တစ်လကို လစာက ယွမ် ၁၀၀ ကျော်လေးကို အဆင်ပြေတယ်လို့ ခေါ်မလားဟဲ့။ အခု ကုန်စျေးနှုန်းတွေက အများကြီး တက်နေပြီ။ ဒီလောက် လစာလေးနဲ့ နောက်ပိုင်း ဘယ်လိုလက်ထပ်ပြီး မိသားစုကို ဘယ်လို ထောက်ပံ့မှာလဲ။”

"အစ်မ ငါ့လစာက မနည်းပါဘူး။ အပြင်ဘက်က လူတွေက ငါ့ထက်တောင် ပိုနည်းကြသေးတယ်။ နေ့တိုင်း ပိုက်ဆံအများကြီး သုံးစရာ မလိုဘဲ ရိုးရိုးရှင်းရှင်းဘဝကို ဖြတ်သန်းလို့လည်း ရပါတယ်။ နင် အခု အဆင်ပြေနေတာ ငါသိတယ် အစ်မ။ ဒါပေမယ့် ငါ့ယောက်ဖအသစ်က...။ နင်သေချာ စောင့်ကြည့်ထားဖို့ပဲ ငါတိုက်တွန်းချင်တယ်" ရှုရှန့်ချမ်းက ပြောလိုက်ပါသည်။

သူ့အစ်မ တွေ့ထားသည့်လူကို သူ သိပ်ပြီး သဘောမတူပါ။ သို့သော်လည်း သူ့အစ်မက သဘောကျသဖြင့် သူဘာလုပ်နိုင်ဦးမည်နည်း။

ရှုရှန့်မိန်က ဒေါသထွက်သွားကာ ပြောလိုက်ပါသည်။ "ငါက နင့်ကို ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ လာဖျောင်းဖျတာ။ အဲ့မိန်းမကြောင့် ဒီဆိုင်မှာပဲ အချုပ်ချယ်မခံထားရစေနဲ့။ ဒါတောင် ငါ့ကိစ္စ လာပြောနေသေးတယ်ပေါ့။”

"အစ်မ အဲ့မိန်းမဆိုတာ ဘယ်သူ့ကို ပြောတာလဲ။ ဒါ ကျွန်တော်တို့ဒေါ်လေးပါ" ရှုရှန့်ချမ်း မျက်မှောင်ကြုတ်လိုက်ပါသည်။ "ပြီးတော့ ဒေါ်လေးက ငါ့ကို ကိုယ်ပိုင်လုပ်ငန်း မလုပ်ခွင့်ပေးတာ မဟုတ်ဘူး။”

ယခင်တုန်းက ဟူကျစ်၊ ကန်းကျစ်နဲ့ တခြားသူများက ဆိုင်များ ကြည့်ခဲ့ကြဖူးသည်။ နောက်တော့ ကိုယ်ပိုင်လုပ်ငန်းများ ထွက်လုပ်ခဲ့ကြ၏။ သူ့တတိယဝမ်းကွဲအစ်မတို့ လင်မယားကလည်း ဆိုင်ကို နှစ်ပေါင်းများစွာ ကြည့်ပေးခဲ့ကြသည်။ အခုတော့ သူတို့လည်း ကိုယ်ပိုင်လုပ်ငန်း လုပ်ကြတော့မည် ဖြစ်သည်။

သူ့ဒေါ်လေးက အားလုံးကို ထောက်ပံ့ပေးခဲ့၏။ ဘယ်လိုလုပ်ပြီး သူ့ဒေါ်လေးက သူ့ကို ဒီဆိုင်မှာ ချုပ်နှောင်ထားရမှာလဲ။

ထို့အပြင် သူ့ဒေါ်လေးက သူ့ကို စတင်ပြီး လက်ခံလာပြီဟု ခံစားမိသည်။ အမှောင်ကို စွန့်ပယ်ပြီး အလင်းဝင်လာသည့် ဒီတူလေးကို ဖြစ်သည်။ သူ ကုန်ခြောက်ဆိုင်အကြောင်း သိထားတာ ကြာပါပြီ။ စီးပွားရေး အလွန်ကောင်းသောဆိုင်ဖြစ်ပါသည်။ သူမသာ မယုံကြည်ပါက သူ့ကိုခေါ်မှာ မဟုတ်ပေ။

ရှုရှန့်မိန်က သူ့မောင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ရင်း ပြောလိုက်ပါသည်။ "အရင်တုန်းက သူ ဘယ်လောက်တောင် နှလုံးသားမဲ့ခဲ့သလဲဆိုတာကို နင်မေ့သွားပြီလား။”

"အဲ့တာ အစကတည်းက ငါတို့က မမှန်ကန်ခဲ့ကြတာကိုး။ ဒေါ်လေးက ငါတို့ အဖေလည်း မဟုတ်ဘူး အမေလည်း မဟုတ်ဘူး။ ငါတို့ကို သူ အလိုလိုက်စရာမှ မလိုတာ။” ရှုရှန့်ချမ်း  အနည်းငယ် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "အစ်မ ကိုယ့်ဘဝကိုသာ ကောင်းကောင်း နေစမ်းပါ။ အဲ့အဓိပ္ပာယ်မရှိတာတွေကို မစဥ်းစားပါနဲ့။”

"အမေနဲ့ ငါဖုန်းပြောခဲ့တယ်။ အမေက နင့်အတွက် ကောင်မလေးတစ်ယောက် စီစဥ်ထားပေးတယ်တဲ့။ နင်မွေးရပ်မြေကို ပြန်လာပြီး ကြည့်ကြည့်မလားတဲ့" ရှုရှန့်မိန်က အသက်ဝဝရှူလိုက်ပြီး လိုရင်းကို ပြောလိုက်ပါသည်။

"အမေ့အမြင်မျိုးနဲ့ တော်ပါပြီ။ ခဏစောင့်လိုက်ပါဦး။ ဒေါ်လေးကို မေးကြည့်ပြီး ငါ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးနိုင်မလား စောင့်လိုက်မယ်။” ရှုရှန့်ချမ်းက နှုတ်ခမ်းစုကာ ပြောလိုက်ပါသည်။

ရှုရှန့်မိန်က ဒေါသထွက်လွန်းသဖြင့် သူမ ဒေါက်မြင့်ဖိနပ်ကို ဆောင့်နင်းရင်း ထွက်သွားပါသည်။

ဖုန်းရုံတစ်ခုကို မြင်တော့ သူမအမေကို ဖုန်းဆက်လိုက်ပြီး မောင်ဖြစ်သူ၏ အတွေးများကို ပြောပြလိုက်သည်။ သူမအမေက သူမဘက်မှာ ရှိလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် သူမ အမေက ဖုန်းထဲမှာ အားပျော့စွာဖြင့် ပြောလိုက်ပါသည်။ "ချမ်းကျစ် ဆန္ဒအတိုင်းသာ လုပ်ပါစေ။ သူ့ဒေါ်လေးကို ရှာခိုင်းတာ ပိုကောင်းပါတယ်။”

"ဟင်" ရှုရှန့်မိန် ကြောင်သွားပါသည်။

"အဲ့ကောင်မလေးနဲ့ သူ့အိမ်နီးချင်းကောင်လေးတို့ စပါးခင်းထဲမှာ ဖြစ်ပျက်ခဲ့ကြတယ်လို့ အခုလေးတင် သတင်းကြားလိုက်တယ်။ တခြားသူတွေ လက်ပူးလက်ကြပ်မိတာတဲ့။ လက်မထပ်ခင် သူ့ဘဝကို သူ့အချစ်ဦးကိုပဲ လိုက်လျောချင်တယ်တဲ့လေ" ပထမအစ်မက ပြောလိုက်ပါသည်။

အတော်လေး ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်ပါက သူမသားသာ ထိုမိန်းကလေးကို လက်ထပ်လိုက်ပါက နောက်တစ်ခေါက် လှည်းကျိုးထမ်းရဦးမည် မဟုတ်လား။

All Chapters