← Chapters

စတုတ္ထမြောက် စကြဝဠာတာအိုစည်းမျည်း

Vol. 86 Ch. 1204

စတုတ္ထမြောက် စကြဝဠာတာအိုစည်းမျည်း

Vol. 86 Ch. 1204

မိုဝူကျိက မီးခိုးတစ်ခြမ်း အဖြူတစ်ခြမ်းဖြစ်နေသည့် ဧရာမကျောက်တုံးကြီးတစ်ခုအပေါ် ဆင်းသက်လိုက်သည်။

ဤသည်က သတ္တကမ္ဘာကျောက်တုံးပေါ်သို့ မိုဝူကျိ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း မဟုတ်ပေ။

သူ ဤသတ္တကမ္ဘာ ကျောက်တုံးပေါ်သို့ ခြေချလိုက်တိုင်း မတူူညီသော သဘောပေါက်နားလည်ခြင်းများကို အမြဲ တွေ့ကြုံရလေ့ရှိသည်။ သူ ပထမဆုံးအကြိမ်အဖြစ် ဤနေရာသို့ စရောက်စဉ်က ဤကျောက်တုံးကြီးက မည်မျှအထိ အဆုံးမရှိ ကျယ်ပြောကြောင်းကိုသာ သူ ခံစားနိုင်ခဲ့သည်။ ထို့နောက် ဤသတ္တကမ္ဘာ ကျောက်တုံးသည် သဘာဝအတိုင်းမဟုတ်ဘဲ လူလုပ်ထားသည့်အရာမှန်း သိလိုက်ရချိန်၌ သူ့မှာ အံ့သြခဲ့ရသည်။ မည်ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူကများ သတ္တကမ္ဘာကျောက်တုံးကဲ့သို့အရာကို ပြုလုပ် တည်ဆောက်နိုင်ခဲ့သနည်း။

ဤတစ်ကြိမ်၌မူ သူက သတ္တကမ္ဘာ ကျောက်တုံး၏ စည်းမျည်းတချို့ကို ရှာနိုင်လိုက်သည်။ အနာဂတ်တွင် သတ္တကမ္ဘာ ကျောက်တုံးလိုမျိုး အရာတစ်ခုကို သူ တည်ဆောက်ကောင်း တည်ဆောက်နိုင်လိမ့်မည်ဟု မိုဝူကျိက ခံစားမိနေသည်။

မိုဝူကျိက ချက်ချင်း မထွက်ခွာပေ။ ထိုအစား သူက သတ္တကမ္ဘာ ကျောက်တုံး၏ ထောင့်တစ်နေရာဆီသို့ လျှောက်သွားလိုက်သည်။ သူ၏ လက်ကို မတင်လိုက်သောအခါ အာကာပြင် မှတ်တမ်းတစ်ခုက သူ၏ရှေ့၌ ပေါ်လာလေ၏။

သူ နောက်ဆုံးတစ်ခေါက် ဤကျောက်တုံးပေါ်သို့ ရောက်ခဲ့သည်မှာ ထုံမင်တို့နှင့် ရောက်လာစဉ်အခါကဖြစ်သည်။ ထိုတုန်းက စိတ်စွမ်းအား အမှတ်အသားတချို့ သူ တိတ်တိတ်လေး ခင်းကျင်းထားခဲ့သည်။

ရင်းနှီးနေသည့် ပုံရိပ်တစ်ခုက မှတ်တမ်းထဲတွင် ပေါ်လာသည်။ ဤပုံရိပ်ကို မြင်လိုက်သောအခါ မိုဝူကျိက ချက်ချင်း မျက်မှောင်ကျုံ့သွားသည်။

ဤလူမှာ ထိုက်ရှီရှောင် ဖြစ်နေမှန်း မိုဝူကျိက မှတ်မိသည်။ ဤလူ့ဆီတွင် စိတ်ဝိညာဉ်မျက်လုံး ရှိမှန်း မိုဝူကျိက သိသည်။

မှတ်တမ်းထဲမှ ထိုက်ရှီရှောင်၏ လှုပ်ရှားမှုများအရ ဤလူသည် အနည်းဆုံးတော့ သဟဇာတ နတ်ဘုရားအဆင့်တွင် ရှိနေလောက်သည်ဟု မိုဝူကျိက သိလိုက်သည်။ မိုဝူကျိက စိတ်ထဲတွင် အံ့သြသွားသည်။ အကြောင်းမှာ စကြဝဠာဆီမှ ကံကြမ္မာကို ရရှိလိုက်သူမှာ သူ တစ်ယောက်တည်း မဟုတ်သောကြောင့်တည်း။ နှစ်တစ်သောင်းဆိုသည့် တိုတောင်းလှသည့်ကာလအတွင်း ဤအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ဖို့အတွက် ထိုက်ရှီရှောင်သည် သူမတူသည့် ကံကောင်းမှုမျိုး ရကို ရရှိခဲ့ပေလိမ့်မည်။

ခဏမျှကြာပြီးနောက် မိုဝူကျိ ၏မျက်လုံးများက သတ္တကမ္ဘာ ကျောက်တုံးဆီမှ ထိုက်ရှီရှောင် ဝင်သွားခဲ့သည့် အာကာပြင်ဝဲကတော့ဆီသို့ ရွေ့သွားသည်။

တစ်ခုခုတော့ မှားနေလေပြီ။

ဤဝဲကတော့က ယခင်ကထက်စာလျှင် ပို၍ပင် အားနည်းလာလေသည်။

မိုဝူကျိက သတ္တကမ္ဘာကျောက်တုံးသို့ ရောက်သည်မှာ သုံးလေးကြိမ် ရှိနေလေပြီ။ သူက ဝဲကတော့ ၇ ခုလုံးဆီသို့ မရောက်ဖူးသေးသော်လည်း ဝဲကတော့ ၇ ခုလုံးမှာ တွင်းနက်ကြီးများ ဖြစ်ကြမှန်း မိုဝူကျိက သိသည်။ ယခုမူ တွင်းနက်တစ်ခုက အမှန်တကယ် အားနည်းလာလေသည်။ သိသာစွာပင် ဤအားနည်းလာသော ဝဲကတော့သည် အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားမည် ဖြစ်သည်။

မသိစိတ်၏ နှိုးဆော်မှုတစ်ခုကို မိုဝူကျိက ခံစားလိုက်ရသည်။ သူက ထိုအားနည်းနေသော ဝဲကတော့ထဲတွင် သူအရမ်းကို လိုအပ်နေသည့်တစ်ခုခု ရှိနေသယောင် မိုဝူကျိက ခံစားလိုက်ရသည်။ တွေဝေနေခြင်းမရှိဘဲ မိုဝူကျိက ထိုအားနည်းနေသော ဝဲကတော့ထဲသို့ တိုးဝင်လိုက်သည်။

မိုဝူကျိ ဝဲကတော့ထဲသို့ ခုန်ဝင်လိုက်သည့်အခိုက်နှင့် တစ်ပြိုင်နက်တည်းလိုလို၌ ဝဲကတော့က အပြီးအပိုင် ပျောက်ကွယ်သွားလေ၏။

အာကာပြင်ထဲမှ ကြောက်ခမန်းလိလိ အက်ကြောင်းတစ်ခုကို မြင်ရလိုက်ကာ မိုဝူကျိမှာ သူ၏ လော့ကျမ်းစာရွက်ကို ထုတ်သုံးမိတော့မလိုတောင် ဖြစ်သွားသည်။ တော်သေးသည်မှာ သူ့ကိုယ်သူ အချိန်မှီ ပြန်ထိန်းနိုင်လိုက်သည်။ သူ လော့ကျမ်းစာရွက်ကို ထုတ်လိုက်သည့်အခိုက် ထိုမျှပြင်းထန်လွန်းသော ကမ္ဘာကူးပြောင်းမှုကြီးကြောင့် သူ၏ လော့ကျမ်းစာရွက်ကို ဆုံးရှုံးစေနိုင်လေသည်။

ကံကောင်းစွာဖြင့် သူ၏ သန်မာကြံ့ခိုင်သော ကိုယ်ခန္ဓာက သူ့ကို ဤအက်ကြောင်းထဲမှ အသက်ရှင်လျက် ထွက်လာနိုင်စေခဲ့သည်။ အက်ကြောင်းကြောင့် အရိုးအနည်းငယ်သာ ကျိုးသွားသည်။

“ဘန်း”

ကျောက်တုံးပဲ့စများက အပြင်းအထန် ပေါက်ကွဲနေကြသည်။ မိုဝူကျိက သူ၏ အရိုးတွေ ထပ်ကျိုးသွားသည်ကို ခံစားလိုက်ရသည်။ ခဏကြာပြီးနောက် အရာအားလုံးက နောက်ဆုံးတွင် တည်ငြိမ်သွားလေသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း မိုဝူကျိက သတ္တကမ္ဘာကျောက်တုံး၏ ကူးပြောင်းမှုက မအောင်မြင်လိုက်မှန်း သေချာသွားသည်။ သူက အားနည်းနေသော ဝဲကတော့ထဲသို့ ဝင်လိုက်သော်လည်း ကူးပြောင်းမှုက သေချာပေါက် မှားသွားခဲ့လေပြီ။ သူ လက်ရှိ ရောက်နေသည့်နေရာမှာ မည်သည့်ကမ္ဘာနယ်မြေ၏ အာကာပြင်မှန်း မိုဝူကျိ မသိချေ။

ဆေးလုံးအနည်းငယ်ကို မြိုချလိုက်ပြီးနောက် မိုဝူကျိ၏ဒ ဏ်ရာများက အလွန်လျင်မြန်စွာ ပြန်ကောင်းလာလေ၏။ သူပထမဆုံး လုပ်လိုက်သည့်အရာမှာ အချိန်စက်ဝန်းပြားကို ထုတ်ယူလိုက်ခြင်း ဖြစ်သည်။ မိုဝူကျိအား အံ့သြသွားစေသည်မှာ အချိန်စက်ဝန်းပြားပေါ်တွင်ပင် ဘာဆိုဘာမှ မမြင်နိုင်သောကြောင့် ဖြစ်သည်။

ဘေးပတ်ပတ်လည်တွင် မည်းနက်နေသောအာကာပြင်ပြီးလျှင် နောက်ထပ် မည်းနက်နေသောအာကာပြင်များကိုသာ ရှိနေလေသည်။

ဤနေရာမှ စကြဝဠာ စည်းမျည်းများသည် အင်မတန်အားကောင်းလေ၏။ မိုဝူကျိ၏ စိတ်စွမ်းအားက ၎င်းကို မထိုးဖောက်နိုင်ဘဲဖြစ်နေသည်။ လက်ရှိအခြေအနေတွင် သူက ဤနေရာမှ အာကာပြင်ကို စုတ်ဖြဲရန် သူ၏ စိတ်စွမ်းအားမပြောနှင့် သူ၏ လက်များကိုပင် သုံးမရပေ။

မည်သူမျှမရှိသည့် ရွေ့လျားနေသော ဂြိုလ်တစ်လုံးကို မိုဝူကျိ၏ စိတ်စွမ်းအားက ရှာတွေ့သွားသည်။ ခြေတစ်လှမ်းတည်းဖြင့် မိုဝူကျိက အမြန်သွားလိုက်ကာ ထိုဂြိုလ်ပေါ်သို့ ဆင်းသက်လိုက်သည်။

ဤဂြိုလ်ပေါ်မှ နတ်ဝိညာဉ်စွမ်းအားမှာ သိပ်သည်းလှသည်ဟု ပြောမရသော်လည်း စည်းမျည်းများမှာကား တော်တော်လေး ထင်ရှားပြတ်သားလေသည်။

မိုဝူကျိက အာကာပြင်ထဲတွင် အကြိမ်ပေါင်းများစွာ လမ်းပျောက်ဖူးလေရာ ဤကဲ့သို့အခြေအနေမျိုးတွင် အတွေ့အကြုံများနေပြီးသား ဖြစ်သည်။ ဤအခြေအနေ၌ ဦးတည်ရာမဲ့ လျှောက်သွားနေပါကလည်း ထူးလာမည်မဟုတ်ကြောင်း သူက သိသည်။

အကယ်၍ သူ့ဆီမှာ ဘာမှလုပ်စရာမရှိပါက အချိန်စက်ဝန်းပြားကို သုံးပြီး မိုဝူကျိက ဟိုနားသည်နား ကံသွားစမ်းကြည့်လိမ့်မည် ဖြစ်သည်။ သို့သော် သူ့ဆီတွင် လုပ်စရာတွေ တစ်ပုံတစ်ပင်ရှိနေလေသည်။ သို့ဖြစ်ရာ သူအတွက် တစ်ခုတည်းသော လက်တွေ့ကျကျ လုပ်သင့်သည့်အရာမှာ ဤဂြိုလ်ပေါ်တွင် ကျင့်ကြံရန်ပင်တည်း။

အကယ်၍ သူ့ဆီတွင် အချိန်စက်ဝန်းပြား မရှိပါက မိုဝူကျိက စောင့်ကြည့်ရေးအစီအရင်တစ်ခုကို ဂြိုလ်၏ မျက်နှာပြင်ပေါ်တွင် ခင်းကျင်းလိမ့်မည် ဖြစ်သည်။ ဂြိုလ်က ဘယ်ကိုပဲ ရွေ့သွားသွား၊ သူ၏စောင့်ကြည့်ရေးအစီအရင်က မိုဝူကျိအား အသိပေးလိမ့်မည် ဖြစ်သည်။

သို့သော် ယခု သူ့ဆီတွင် အချိန်စက်ဝန်းပြား ရှိနေလေရာ သူလုပ်စရာလိုသည်မှာ အချိန်စက်ဝန်းပြားကို ဂြိုလ်မျက်နှာပြင်ပေါ်သို့ ထားထားလိုက်ရုံသာ ဖြစ်သည်။ ထို့နောက် သူက အချိန်စက်ဝန်းပြား၏ တည်နေရာပြစနစ်ကို ဖွင့်လိုက်ပြီးမှ သူ၏ ဂူပိတ်ကျင့်ကြံခြင်းအတွက် ဂြိုလ်၏ အလယ်ဗဟိုဆီသို့ သွားလိုက်သည်။

အချိန်စက်ဝန်းပြားသည် ဘယ်တော့မှ လမ်းမပျောက်စေသည့် ရတနာဟုပင် ပြောလို့ရလေသည်။ ရောက်ဖူးပြီးသား၊ ရင်းနှီးပြီးသား အာကာပြင်များ ရှိသရွေ့ အချိန်စက်ဝန်းပြားက ထိုအာကာပြင်ကို ရှာတွေ့နိုင်လေသည်။ ဤအချက်က မိုဝူကျိသည် ရင်းနှီးပြီးသားအာကာပြင်ကို ရှာရန်အတွက် အချိန်စက်ဝန်းပြားကို အသုံးပြုရသည့် အဓိကအချက် မဟုတ်သေးပေ။ အဓိက အကြောင်းအရင်းမှာ အချိန်စက်ဝန်းပြားကို မည်သူမျှ လာလုယူ၍ မရနိုင်သောကြောင့် ဖြစ်သည်။ တခြားအချက်မှာ အချိန်စက်ဝန်းပြားသည် မိုဝူကျိ ပိုင်သည့် ရတနာဖြစ်နေသောကြောင့် ဖြစ်သည်။ အချိန်စက်ဝန်းပြားပေါ်တွင်ရှိသည့် မည်သည့် သတင်းအစအနကိုမဆို သူက ချက်ချင်း သိရှိလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။

ဤအချက်က စောင့်ကြည့်ရေး အစီအရင်နှင့် ကွဲပြားနေလေသည်။ စောင့်ကြည့်ရေး အစီအရင်က မိုဝူကျိအနေနှင့် ထိုအရာအား အမြဲစောင့်ကြည့်နေဖို့ လိုလေသည်။ ယခု သူက ဂူပိတ်ကျင့်ကြံမည်ဟု ပြင်ဆင်နေလေရာ သူ့အနေနှင့် တစ်ခုခုကို လွတ်သွားနိုင်ချေ များလေသည်။

မိုဝူကျိက လက်ရှိတွင် ဝိဇ္ဇာတစ်ပိုင်းအဆင့် ၉ ၌ ရှိနေသည်။ ဤအဆင့်၌ သူက ဝိဇ္ဇာတစ်ပိုင်းအဆင့်မှ ထိုးဖောက်ထွက်ချင်လျှင် မည်သည်ကိုလုပ်သင့်မှန်း သေချာသိသည်။ သူ ၏ကျင့်ကြံဆင့်ကို မြန်မြန်တိုးတက်ရန် တခြားရတနာများကို မသုံးသင့်မှန်းလည်း သူသိသည်။ သူလိုနေသည်မှာ စကြဝဠာထဲမှ သာမန်အာကာပြင်တစ်ခုထဲတွင် အသိဉာဏ်ပွင့်မှုများ ရရှိအောင် လုပ်ရန်ဖြစ်သည်။ အချိန်စက်ဝန်းပြားကို သုံးလိုက်ပါက ခဏလေးနှင့် ဝိဇ္ဇာတစ်ပိုင်းအဆင့် ၁၂ ထိ ရောက်အောင် ကျင့်ကြံနိုင်လိမ့်မည်မှာ မှန်သည်။ သို့သော် ထိုသို့ကျင့်ကြံခြင်းက သူ့အား ဝိဇ္ဇာအဆင့်သို့ တက်လှမ်းနိုင်စေရန် အထောက်အကူဖြစ်လိမ့်မည် မဟုတ်ပေ။

အချိန်စက်ဝန်းပြားက မည်မျှပင် အစွမ်းထက်ပါစေ၊ ထိုအရာကို အသုံးပြုပြီး ဝိဇ္ဇာအဆင့် ရောက်အောင်တော့ လုပ်၍မရပေ။

သူ၏ လူသားကမ္ဘာထဲမှ မိုးမြေစည်းမျည်းများသည် ပြီးပြည့်စုံနေသည်မှာ မှန်သည်။ နှမြောစရာကောင်းသည်မှာ လူသားကမ္ဘာ မွေးဖွားဖြစ်တည်လာသည်မှာ သိပ်မကြာသေးပေ။ ထို့ကြောင့် လူသားကမ္ဘာတွင် စကြဝဠာစွမ်းအားနှင့် မိုးမြေစွမ်းအား အမျိုးမျိုး လစ်လပ်နေသေးလေသည်။ အချိန်အကြာကြီးနေပါက လူသားကမ္ဘာသည် ဒုတိယ စကြဝဠာ ဖြစ်ကောင်းဖြစ်လာနိုင်သော်လည်း ယခုတွင်မူ ထိုအတွက် အချိန်မကျသေးပေ။

ထို့အပြင် ဟန်ချင်းရုက သူ၏ လူသားကမ္ဘာထဲတွင် ဂူပိတ်ကျင့်ကြံနေဆဲ ဖြစ်သည်။ အကယ်၍ သူသာ ယခုအချိန်၌ လူသားကမ္ဘာထဲတွင် ဝိဇ္ဇာအဆင့်အတွက် အသိဉာဏ်ပွင့်မှုများ ရယူခဲ့မည်ဆိုပါက ဟန်ချင်းရုအပေါ် သွားသက်ရောက်ကာ အနှောင့်အယှက်ဖြစ်စေနိုင်ချေ များလေသည်။

မြေအောက်ထဲတွင် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ၁၀၀ ကျော်ကို ထိုးစိုက်လိုက်ပြီးနောက် မိုဝူကျိက စကြဝဠာတာအိုစည်းမျည်း ၂ ခုကို အရင် သွားမထိချေ။ ထိုအစား သူက ကမ္ဘာဦး မိခင်သံမဏိကို ထုတ်ယူလိုက်သည်။

ကမ္ဘာဦး မိခင်သံမဏိမှာ မိုဝူကျိအတွက် မှော်ရတနာများ ပြုလုပ်ရန် ဖြစ်သည်။ သို့သော် သူက အဆင့် ၉ နတ်ဘုရားမီးတောက်ကို သုံးပြီး ကမ္ဘာဦး မိခင်သံမဏိအား အရည်ဖျော်ရန် ကြိုးစားကြည့်သည့်အခါတွင်မှ သူမည်မျှ တုံးခဲ့မှန်း မိုဝူကျိက သဘောပေါက်သွားသည်။

ပညာရှင်နှလုံးသားမီးတောက်သည် အဆင့် ၉ နတ်ဘုရားမီးတောက်အထိ အဆင့်မြင့် တိုးတက်သွားပြီ ဖြစ်သည်။ သို့ပေသည့်တိုင် ၎င်းက ၂ နာရီကြာပြီးနောက် ကမ္ဘာဦး မိခင်သံမဏိ၏ ပဲစေ့စာအပိုင်းလေးတစ်ခုကို အရည်ပျော်စေနိုင်ခဲ့လေသည်။

အကယ်၍ သူသာ လှံရှည်ပြုလုပ်ဖို့ လိုအပ်သည့်အရွယ်ရအောင်ထိ ကမ္ဘာဦး မိခင်သံမဏိကို အရည်ဖျော်ချင်ပါက နောင်နှစ်ပေါင်းသန်းထောင်ချီကြာပြီးသည်အထိပင် အောင်မြင်လိမ့်ဦးမည် မဟုတ်ချေ။

လူသားကမ္ဘာထဲမှ ကမ္ဘာဦး မိခင်သံမဏိကို ထုတ်ရာတွင် သိပ်မခက်ခဲလိုက်သော်လည်း ပြန်ထားရန်အတွက်မူ နည်းနည်း အလုပ်ရှုပ်သွားရသည်။ သူ့မှာ အစီအရင် အလံတချို့ကို သုံးဖို့ လိုလိုက်သည်။

သူ၏ ကျင့်ကြံဆင့်မှာ အရမ်းနိမ့်နေသေးသ၍ မိုဝူကျိက သက်ပြင်းချမိသည်။

သူက ဝိဇ္ဇာတစ်ပိုင်း အဆင့် ၉ တွင် ရောက်နေပြီဖြစ်ကာ သူက ဝိဇ္ဇာတစ်ယောက်နှင့် ရင်ဆိုင်ရမည်ကိုပင် မကြောက်ပေ။ အမှန်မှာ မိုဝူကျိက နောက်ဆုံးတွင် နားလည်သွားပြီ ဖြစ်သည်။ သူ၏ကျင့်ကြံဆင့် မြင့်လာလေလေ၊ ထိုအင်အားနှင့်မလုံလောက်သေးဟု သူ ခံစားလာရလေလေ ဖြစ်သည်။

တခြားအတွေးအကုန်လုံးကို မောင်းထုတ်လိုက်ပြီးနောက် မိုဝူကျိက ဝိဇ္ဇာအဆင့်သို့ အရင်ဆုံး တက်လှမ်းဖို့ ဆုံးဖြတ်လိုက်သည်။ သူ နတ်ဘုရားအာဏာစက်တစ်ခု ရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ ဝိဇ္ဇာတစ်ယောက် အရင်ဖြစ်မလာလျှင် သူ စိတ်ကျေနပ်နိုင်မည် မဟုတ်ပေ။

နတ်ဝိညာဉ်စွမ်းအားများမှာ မိုဝူကျိ၏ အဆက်မပြတ် စုပ်ယူခြင်းကို ခံနေရသည်။ ဤအဆုံးအစမရှိ ကျယ်ပြောလှသော စကြဝဠာထဲတွင် မိုဝူကျိကျင့်ကြံနေသည့် ဂြိုလ်သည်ကား သတိမထားမိနိုင်စရာ အစက်အပြောက် တစ်ခုလေးသာ ဖြစ်နေလေသတည်း။

………………….

ကမ္ဘာပျက်ကပ်ကြီး ပြီးသွားပြီးနောက်ပိုင်းတွင် နတ်ဘုရားအရိုက်အရာခံ ကမ္ဘာသည် ကျိုးပဲ့ကမ္ဘာများထဲမှ တစ်ခု ဖြစ်သွားရသည်။ နတ်ဘုရားအရိုက်အရာနှင့် ကျင့်ကြံသူများအားလုံးသည် အဆုံးမဲ့ နယ်မြေသို့ ရောက်သွားကြလေသည်။

နတ်ဘုရားအာဏာစက်ပိုင် ဝိဇ္ဇာများပင်လျှင် အဆုံးမဲ့နယ်မြေ ဘယ်ကနေ ဖြစ်ပေါ်လာမှန်း မသိကြချေ။ သို့သော် အဆုံးမဲ့နယ်မြေထဲရှိ စည်းမျည်းများသည် နတ်ဘုရားကမ္ဘာထဲရှိ စည်းမျည်းများထက် ပို၍အဆင့်မြင့်လေသည်။ ပြောရမည်ဆိုလျှင် နတ်ဘုရားအရိုက်အရာခံကမ္ဘာထဲက စည်းမျည်းများအောက် လုံးဝမလျော့ပေ။

ဝိဇ္ဇာလော့ရှု၊ ဝိဇ္ဇာချင်းယွမ်၊ ဝိဇ္ဇာဖိုတိနှင့် ဝိဇ္ဇာထိုက်လွန်တို့သည် အဆုံးမဲ့နယ်မြေ၌ နေထိုင်ကြသည်။ ဝတ်ရုံစိမ်း သူတော်စင်သခင်မ၏ သူတော်စင်ရေကန်ပင် ထိုနယ်မြေ၌ ရှိသည်။

ချိန်စုယင်နှင့် ချူယို့တို့ ရှိနေသော ကမ္ဘာဦးအာကာပြင်မှာ လူတစ်ယောက်ကြောင့် ပွင့်သွားပြီးနောက် ကမ္ဘာဦးစွမ်းအားတို့ ယိုစိမ့်လာလေသည်။ စကြဝဠာတာအိုစည်းမျည်း၏ စွမ်းအားမှာလည်း ထွက်လာသည်။ အဆုံးမဲ့နယ်မြေမှ ဝိဇ္ဇာတချို့က ထိုအရာကို ပထမဦးဆုံး သတိပြုမိကြလေသည်။ ဝိဇ္ဇာလော့ရှုက အရင်ဆုံး ပြေးထွက်သွားပြီးမှ ဝိဇ္ဇာချင်းယွမ်နှင့် ဝိဇ္ဇာဖိုတိတို့ကလည်း ခပ်လှမ်းလှမ်းမှ လိုက်လာကြသည်။

သွားမကြည့်သည့် တစ်ဦးတည်းသောသူမှာ ဝိဇ္ဇာထိုက်လွန် ဖြစ်သည်။ ဝိဇ္ဇာထိုက်လွန်ကို ကြည့်ရသည်မှာ တော်တော်လေး ငယ်သေးပုံ ပေါ်သည်။ ထို့ထက် သူက အတွေးအတိမ်ဆုံးသူလည်း ဖြစ်သည်။

သူက အလွယ်တကူ စိတ်လိုက်မာန်ပါ လုပ်တတ်သူလည်း ဖြစ်သည်။ တစ်ခါသားတွင် ဘာမဟုတ်သည့် ကိစ္စသေးသေးလေးအတွက် ဝိဇ္ဇာလော့ရှုနှင့် ရန်ပွဲအကြီးအကျယ် ဖြစ်တော့မလိုတောင် ဖြစ်ဖူးသည်။ ကံကောင်းစွာပင် ဝိဇ္ဇာချင်းယွမ်နှင့် ဝိဇ္ဇာဖိုတိတို့က အချိန်မှီ တားနိုင်လိုက်သည်။ သို့မဟုတ်ပါက ဝိဇ္ဇာ ၂ ယောက်ကြားမှ တိုက်ပွဲသည် အဆုံးမဲ့နယ်မြေကို ပြိုလဲသွားစေပေလိမ့်မည်။

အဆုံးမဲ့နယ်မြေ ပျက်စီးသွားသည်နှင့် ကမ္ဘာပျက်ကပ်ကြီး မရောက်သေးခင်၌ပင် သူတို့တွေမှာ နေစရာမရှိဘဲ ဖြစ်ကုန်လိမ့်မည်။

ယခင် သူတို့လေးယောက်ပိုင်သည့် စကြဝဠာတာအိုစည်းမျည်းကို သုံး၍ ဝိဇ္ဇာလော့ရှုက အမှောင်ကမ္ဘာကို ယူချင်ခဲ့သည်။ နောက်ဆုံးတွင်တော့ ထိုစကြဝဠာ တာအိုစည်းမျည်းမှာ အမှောင်ကမ္ဘာမှ လူတစ်ယောက်၏ လုယူခြင်းကို ခံလိုက်ရလေသည်။ ဤကိစ္စကြောင့်နှင့် ဝိဇ္ဇာထိုက်လွန်က ဝိဇ္ဇာလော့ရှုနှင့် တစ်ခေါက်ထပ် တိုက်တော့မလို ဖြစ်သွားခဲ့သည်။ သူက ဝိဇ္ဇာလော့ရှု၏ နှာခေါင်းနားကို လက်ညိုးငေါက်ငေါက်ထိုးရင်း လော့ရှုက လောဘအရမ်းကြီးကြောင်း၊ စကြဝဠာ တာအိုစည်းမျည်းကို ခိုးယူချင်နေကြောင်း စွပ်စွဲပြောကြားခဲ့လေသည်။

တစ်ဖက်တွင်မူ ဝိဇ္ဇာချင်းယွမ်သည် သူ၏ ခံစားချက်ကို သိပ်မဖော်ပြပေ။ သူ၏စိတ်ထဲ ဘာတွေးနေသနည်းအား တခြားသူတွေအနေနှင့် ခန့်မှန်းရ အလွန်ခက်လေသည်။

ဤစကြဝဠာတာအိုစည်းမျည်း ပေါ်လာပြီးသည့်နောက် ဝိဇ္ဇာထိုက်လွန်သည်လည်း တခြားဝိဇ္ဇာများနည်းတူ ထိုနေရာသို့ အပြေးသွားရမည်ဖြစ်သည်။ သို့သော် သူက ထိုသို့ မလုပ်ရုံတင်မကဘဲ သူ၏ ထိုက်လွန်ဝိဇ္ဇာတောင်၌ပင် နေရစ်ကာ ကျန်ရှိနေခဲ့သေးသည်။

ဝိဇ္ဇာသုံးယောက် ပျောက်သွားပြီးနောက် အမွေးတိုင်တစ်တိုင်စာခန့် အကြာတွင် ဝိဇ္ဇာထိုက်လွန်က ချက်ချင်းပင် သူ၏ နေအိမ်ကို ပိတ်လှောင်ရန် အစီအရင်အလံ ဆယ်ခုကျော်ကို ပစ်လွှတ်လိုက်သည်။ ထို့နောက် သူက သူ၏ အင်မော်တယ်နေအိမ်ထဲတွင် အတားအဆီးတစ်ခုကို ဖွင့်လိုက်သည်။

မဆုံးနိုင်သော အသက်ဓာတ်များ ပါဝင်နေသည့် သဲမြေအပိုင်းအစတစ်ခုက သူ၏ မျက်စိရှေ့၌ ပေါ်လာသည်။ အကယ်၍ မိုဝူကျိသာ ဤနေရာတွင် ရှိခဲ့ပါက သူသည်လည်း မယုံကြည်နိုင်ဘဲ ဖြစ်မိမည်ဖြစ်သည်။ အကြောင်းမှာ ဤဟုန်မုန့်သဲအပိုင်းအစကြီးကို သူ မှတ်မိလိမ့်မည် ဖြစ်သောကြောင့်တည်း။

ယခင်က ထိုလက်သီးအရွယ် ဟုန်မုန့်သဲကို ရရှိရန် မိုဝူကျိမှာ အရမ်းကြိုးစားခဲ့ရသည်။ သို့သော် မိုဝူကျိ ပိုင်သည့်အရာထက် အဆများစွာ ပိုကြီးသော ဟုန်မုန့်သဲတစ်စက အမှန်တကယ် ရှိနေခဲ့လေသည်။

ဝိဇ္ဇာထိုက်လွန်က ဟုန်မုန့်သဲအား သိပ်အဖတ်လုပ်ဟန် မပေါ်ပေ။ ဟုန်မုန့်သဲအား ပြန်သိမ်းလိုက်သောအခါတွင် ကျယ်ပြောလှသော စကြဝဠာ တာအိုစည်းမျည်း၏စွမ်းအားများက ထွက်လာလေသည်။ ခရမ်းဖျော့ရောင်က အခန်းတစ်ခုလုံးအတွင်း ချက်ချင်း ထင်ဟပ်သွားလေသည်။ ဟုန်မုန့်သဲနှင့် ဖုံးဖိထားသော ဤပစ္စည်းမှာကား ခရမ်းရောင် စကြဝဠာတာအိုစည်းမျည်း ဖြစ်နေလေသည်။

ဝိဇ္ဇာထိုက်လွန်က ဤစကြဝဠာ တာအိုစည်းမျည်းပေါ်တွင် အတားအဆီးများ တစ်ခုပြီးတစ်ခု အလျင်အမြန် ဖန်းတီးပြုလုပ်လိုက်သည်။ အတားအဆီးတစ်ခုပြီးတိုင်း ခရမ်းရောင် တာအိုစည်းမျည်းက နည်းနည်းလေးပို၍ တိုးမြင့်လာလေသည်။

သိသာစွာပင် သူက ဤခရမ်းရောင် စကြဝဠာ တာအိုစည်းမျည်းအား ဆွဲထုတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

***

သန်းထောင်ချီဝေးသော တစ်နေရာတွင် ဓားအလင်းတန်းတစ်ခုက အပြင်းအထန် ပျံသန်းရွေ့လျားနေလေသည်။ အဆင့်မြင့် ကျင့်ကြံသူ သုံးယောက်က ဤဓားအလင်းတန်းဆီသို့ သူတို့၏ လျို့ဝှက်ပညာရပ်များကို တစ်ခုပြီးတစ်ခု ဆက်တိုက်ပစ်လွှတ်နေလေသည်။

အမျိုးမျိုးသော ရိုက်ချက်များက ဆက်တိုက်ဖြစ်နေကာ တာအိုအငွေ့အသက်တို့မှာလည်း ပြင်းထန်တင်းမာနေသည်။ သူတို့၏ ပတ်ဝန်းကျင်မှ အာကာပြင်ထဲတွင် မည်သည့် စည်းမျည်းမျှ မရှိတော့ချေ။ အာကာပြင်မှာ ပေါက်ကွဲအားပြင်းသော ဖျက်စီးစွမ်းအားတို့ဖြင့်သာ ပြည့်နှက်နေလေသည်။

အစောပိုင်းတွင် မည်သူကမျှ ဤတိုက်ပွဲသည် မည်မျှအထိ ကြာနေမည်မှန်း မသိချေ။ သို့သော် ယခုမူ သူတို့လေးယောက်စလုံးသည် တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြသည်။ သူတို့က နောက်ထပ် စကြဝဠာတာအိုစည်းမျည်းတစ်ခုကို ထပ်ခံစားမိလိုက်သည်။

“အဆုံးမဲ့နယ်မြေပဲ”

ဝိဇ္ဇာဖိုတိက ပထမဆုံး အော်ပြောလိုက်သူ ဖြစ်သည်။

***

All Chapters