← Chapters

အခန်း(၆၈၆) သူတို့ကိုအောင်သွယ်ပေးဖို့ အစွမ်းကုန်ကြိုးစားမယ်

Vol. 49 Ch. 686

အခန်း(၆၈၆) သူတို့ကိုအောင်သွယ်ပေးဖို့ အစွမ်းကုန်ကြိုးစားမယ်

Vol. 49 Ch. 686

အခန်း(၆၈၆) သူတို့ကိုအောင်သွယ်ပေးဖို့ အစွမ်းကုန်ကြိုးစားမယ်

သူမကြောင့် ဒီလောက်ထိ ပြောင်းလဲလာသည့် ဇာတ်ကြောင်းမှာ အခုလို ပုံမှန်ပြန်ဖြစ်လာလိမ့်မည်ဟု လင်းချင်းဟယ် ထင်မထားမိခဲ့ပါ။

သူမက လျှို့ဝှက်စွမ်းအင်ဆိုတာတွေကို သံသယမဖြစ်ဘဲ အနှေးနဲ့အမြန် သူတို့တွေ့ကြမည်ဟု ခံစားမိခဲ့ပါသည်။ သို့သော်လည်း သားငယ်က ကျုံးချင်းကို တွေ့တောင်တွေ့ပြီးသွားပြီဟု ထင်မထားခဲ့ပေ။

ဇွဲကောင်းကောင်းနဲ့ အကြံကြီးသည့် သူ့ပုံစံကိုကြည့်ရုံနဲ့ ကျုံးချင်းအပေါ် သူခံစားချက်များ ရှိနေသည်ကို သိနိုင်ပါသည်။

သူ့အမေ၏ တုန့်ပြန်မှုကို မြင်သောအခါ သူ ဘာမှ မဖုံးကွယ်ထားရဲတော့ပေ။ သားငယ်က သူမကို ရထားပေါ်မှာ သူခိုးကူဖမ်းပေးခဲ့ကြောင်း ပြောခဲ့သည်။ ထို့နောက် သူပြောလိုက်၏။ "အမေ အထင်လွဲနေပြီ။ ကျွန်တော် ကျုံးချင်းအပေါ် ဘာစိတ်မှမရှိပါဘူးဗျာ။ ကျွန်တော်မှတ်မိပါတယ် ကျွန်တော့်ကို ကျုံးနာမည်ပါတဲ့ ကောင်မလေးနဲ့ လက်ထပ်ခွင့်မပြုဘူး။ ကျွန်တော် ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်ဗျာ။”

ထိုအခါမှ လင်းချင်းဟယ်က သူ့နားရွက်ကို လွှတ်ပေးလိုက်ပြီး မျက်စောင်းထိုးလိုက်ပါသည်။ "နင်စဥ်းစားရဲစဥ်းစားကြည့် နင့်ခွေးခြေထောက်ကို ချိုးပစ်မယ်။ သူက နင့်အစ်ကိုကြီး ရှုကျယ်နဲ့ စုံတွဲတွေဆိုတာ ဒီလောက် သိသာနေတာကို။”

ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့ဖြစ်သောကြောင့် သူတို့ပုံစံကို ဖော်ပြစရာ မလိုပါ။ ရှုကျယ်ကော ကျုံးချင်းကော နဂါးနှင့်ဇာမဏီမျိုးဆက်များ ဖြစ်ကြသည်။ လူအုပ်ထဲမှ ကွဲထွက်နေကြသည်။ အမှန်ပင်။ သူမ သားများကလည်း မဆိုးလှပါ။

သို့သော်လည်း သူတို့က ဆုံဆည်းဖို့ ကံပါလာ၏။ သားငယ်ကို ဝင်နှောင့်ယှက်ခွင့် ပြုမှာ မဟုတ်ပေ။ တခြားသူများ၏ ခံစားချက်များကို ဝင်နှောင့်ယှက်ပါက ဇာတ်သိမ်း မလှနိုင်ပါ။

သားငယ်က ပွစိပွစိပြောလိုက်ပါသည်။ "အမေ အထင်လွဲနေတာထင်တယ်။ ကျုံးချင်းနဲ့ အစ်ကိုကြီးရှုကျယ်တို့ ဘာမှမဟုတ်ကြဘူးထင်တယ်နော်။ ရထားပေါ်မှာ သူပြောတာ တစ်ချိန်လုံး နားထောင်လာခဲ့တာ။ သူက အစ်ကိုကြီးရှုကျယ်ရဲ့ စည်းကမ်းတင်းကျပ်မှုနဲ့ ကြမ်းတမ်းမှုတွေအကြောင်း အတင်းတုပ်နေတာဗျ။”

လင်းချင်းဟယ်က သူ့ကိုသွေးအေးအေးဖြင့် စိုက်ကြည့်လိုက်ပြီး စိတ်ထဲတွင် ဟန်ရှုကျယ်အတွက် ခံစားချက်တွေ မဖြစ်တည်သေးတာပါဟု ပြောလိုက်သည်။ တိတိကျကျပြောရလျှင် ဟန်ရှုကျယ်အပေါ် သူမ ခံစားချက်တွေရှိမှန်း ကိုယ့်ကိုယ်ကို မသိသေးတာ ဖြစ်နိုင်ပါသည်။ မဟုတ်ပါက ဘယ်လိုသံယောဇဥ်ကြောင့် တစ်လမ်းလုံး ပွစိပွစိ လုပ်လာမှာလဲ။

သို့သော်လည်း ဒါတွေက သူတို့နှစ်ယောက် ကိစ္စသာ ဖြစ်သည်။ သူမ မိသားစုနဲ့ဘာမှမသက်ဆိုင်ပါ။

"သူတို့နှစ်ယောက်ကိစ္စထဲကို ဝင်မပါနဲ့။ အမေပြောတာ နားထောင်။ နင်က အနာဂတ်ကျရင် ရုပ်ရှင်ကြယ်ပွင့်လေးတွေတောင် ရှာလို့ရတယ်။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"ရုပ်ရှင်ကြယ်ပွင့် အရင်တစ်ခေါက် ကျွန်တော့် ဒုတိယယောက်ဖနဲ့ ညစာစားပွဲတစ်ခုကို တက်တော့ အဲ့ဒီမှာ တကယ့်ကြယ်ပွင့်လေးတွေ တွေ့ခဲ့တယ်ဗျ" သားငယ်က ပြောလိုက်ပါသည်။

"နောက်ကြောင်းရှင်းပြီး ဖြူစင်ရမယ်။ မဟုတ်ရင်တော့ မိသားစုထဲ ဝင်လာဖို့ စိတ်မကူးနဲ့။” လင်းချင်းဟယ်က သူ့ကိုကြည့်လိုက်ပါသည်။

ကျိုးကွေ့လိုင်က သွားပေါ်အောင် ပြုံးလိုက်၏။ "သိပါတယ်၊ သိပါတယ်။ အမေ စိတ်မပူစမ်းပါနဲ့။”

လင်းချင်းဟယ်က သူ့ကို မျက်စောင်းရွယ်လိုက်သည်။ ကျန်တာတော့ ဘာမှပြောစရာများများစားစားမရှိပေ။ ထိုအချိန်ကစပြီး ဟန်ရှုကျယ်နဲ့ ကျုံးချင်းတို့က မြို့တော်က ဖြတ်သွားတိုင်း လမ်းကြုံလျှင် သူမတို့အိမ်ကိုလာလည်ပြီး တစ်ခါတ်စလေ ညအိပ်တတ်ကြသည်။

လင်းချင်းဟယ်က ကျုံးချင်းကို သတိထားနေရသော်လည်း ကျုံးချင်းကတော့ သူမ၏ လက်ရှိ ရာထူးကြောင့် အလုပ်များနေဆဲဖြစ်သည်။ အချိန်ပိုကို မရှိပါ။ ပါရမီရှင်လေး ဟန်ရှုကျယ် လာတိုင်း  လင်းချင်းဟယ်က ကြိုဆိုတတ်ပါသည်။

ကျုံးချင်းကတော့ မိန်းကလေးချင်းကြောင့်မို့လားမသိပါ။ သူမ၏ မှန်းဆချက်ကြောင့်လည်း ဖြစ်နိုင်သည်။ တကယ်တော့ ကျုံးချင်းက မိန်းမလေးကောင်း ဖြစ်ပါသည်။ သဘောထားများက ဖြောင့်မတ်သည်။ သို့သော် သူမ သားငယ်နဲ့ သားကြီးတို့နှစ်ယောက်ကို ဖျက်ဆီးဖို့ စိတ်ကူးရှိပါက သူမကို လက်မခံနိုင်ပါ။

အပြင်ပိုင်းမှာ ထုတ်မပြရုံသာ ရှိသည်။

နောက်ဆုံးမှာတော့ ကျိန်စာတစ်ခုဖြစ်လာသည်။ သူမ အကြိမ်ကြိမ် သတိပေးပါလျက်နဲ့ သားငယ်က ကျုံးချင်းအပေါ် အလွန်စိတ်အားထက်သန်မှု ရှိသည်။ ထို့ကြောင့် ကျုံးချင်းကလည်း သူမတို့အိမ်ကို လာလည်ရတာ သဘောကျပါသည်။

လင်းချင်းဟယ်က ဇာတ်လမ်းအကြောင်း ပြန်စဥ်းစားကြည့်လိုက်သည်။ ကျုံးချင်းက သားငယ်ကို စွဲလမ်းသွားပြီး သားငယ်က ကျုံးချင်း ဟန်ရှုကျယ်ကို ခံစားချက်များ သက်သေပြဖို့ အသုံးချခံ ဖြစ်သွားခဲ့ပါသည်။ ဒါကို တွေးမိရုံနဲ့ ခေါင်းကိုက်လာ၏။

ထို့ကြောင့် ကျုံးချင်းမပါဘဲ ဟန်ရှုကျယ်တစ်ယောက်တည်း ရောက်လာသည်အခါ လင်းချင်းဟယ်က သူမ၏ ကြမ်းတမ်းသော မိထွေးတစ်ယောက်ပုံစံမျိုးဖြင့် စတင် သရုပ်ဆောင်ပါတော့သည်။

"ရှုကျယ် နင်က သားကြီးထက်တောင် ပိုကြီးတယ်။ အခု ဒီအသက်အရွယ်ရောက်နေပြီ နင့်မိဘတွေ စိတ်ပူနေတော့မှာပဲ။ ကောင်မလေး မရသေးဘူးလား" လင်းချင်းဟယ်က မေးလိုက်၏။

ဟန်ရှုကျယ် တွန့်ဆုတ်သွား၏။ သူကတကယ်ပဲ ဒီနှစ်ဆို အသက်မငယ်တော့ပါ။ သူ့မိဘများက သူ့ကို နှစ်တိုင်းလိုလို အိမ်တောင်မပြန်ချင်လောက်သည့်အထိ နားပူနားဆာ လုပ်ခဲ့သည်။

"ကျုံးချင်းက ဒီနေ့ဘာလို့ လိုက်မလာတာလဲ" လင်းချင်းဟယ်က မေးလိုက်၏။

"သူ့အမေက ဖျားနေတယ်လေ။ အဲ့တာကြောင့် ၃ ရက် ခွင့်ယူထားတာ" ဟန်ရှုကျယ်က ဖြေလိုက်သည်။

လင်းချင်းဟယ် ခေါင်းငြိမ့်လိုက်၏။ ဇာတ်လိုက်မင်းသမီး၏ ဇာတ်ကောင်တည်ဆောက်ပုံမှာ ခက်ခဲသော အခြေအနေများတွင် ကြီးပြင်းလာရသူဖြစ်သည်။ သူမ အမေက သားတစ်ယောက် မမွေးပေးနိုင်ခဲ့ပါ။ သူမကို မွေးဖွားပြီးနောက် ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရပြီး ကလေးထပ်မမွေးနိုင်တော့ပေ။ ထို့ကြောင့် သူမ အဖေက သူမကို ကွာရှင်းပြီး နောက်မိန်းမ ယူသွားသည်။ သေချာသည်။နောက်မိန်းမနဲ့ သားတစ်ယောက်ရခဲ့ပါသည်။

သို့သော်လည်း ဒီလို ပတ်ဝန်းကျင်မျိုးမှာတောင် ဇာတ်လိုက်မင်းသမီးက စိတ်အားထက်သန်မှုရှိကာ ဘာမှ သက်ရောက်မှုမရှိခဲ့ပါ။ သူမ၏ စိတ်ဓာတ်က အကောင်းမြင်စိတ်ရှိပါသည်။

လင်းချင်းဟယ်က ပြောလိုက်၏။ "ကျုံးချင်းကို ဘယ်လိုသဘောရလဲ။”

ဟန်ရှုကျယ် ကြောင်တောင်တောင်ဖြစ်သွားပြီး ပွဲကျသွားပါသည်။ "သူလား။ ဒေါ်လေးလင်းရာ ဘာတွေ တွေးနေတာလဲ။ သူက ကလေးမလေးပါ။ ကျွန်တော့်ထက် ၁၀ နှစ်နီးပါးတောင် ငယ်တယ်။”

ဟန်ရှုကျယ်၏ '၁၀ နှစ်နီးပါး' ဆိုတာ ချဲ့ကားပြောဆိုခြင်းဖြစ်ပါသည်။ အလွန်ဆုံး ၇ နှစ် ၈ နှစ်သာ ခြားပါသည်။

"အဲ့တာဘာဖြစ်တုန်း၊ နင် ကျုံးချင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံရင် လုံလောက်ပြီလေ။ ဒီကောင်မလေးက တော်တယ်လို့ ငါတော့ထင််တယ်။ သူ့အမေကို ဂရုစိုက်ပုံကို ထောက်ရင် တခြားသူတွေကိုလည်း ဂရုစိုက်နိုင်တယ်ဆိုတာ သိနိုင်တယ်" လင်းချင်းဟယ်က ပြောလိုက်သည်။

ဒီအချိန်တွင် ဟန်ရှုကျယ်က ကျုံးချင်းနဲ့ ခံစားချက်များ မဖြစ်တည်သေးပါ။ သာမန် ရဲဘော်ရဲဘက် ဆက်ဆံရေးသာ ဖြစ်သည်။

သို့သော်လည်း သူက လက်ထပ်သင့်သည့် အရွယ်တော့ တကယ်ရောက်နေပါပြီ။

"သားကြီးရဲ့ မိန်းမက ဒီနှစ် ကိုယ်ဝန်ရှိနေပြီ။ သူက အပျော်လွန်နေတာ။ နင်က သားကြီးထက် ကြီးပြီး အခုထိ တစ်ကိုယ်တည်းသမား ဖြစ်နေတုန်းပဲ။ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ ဒေါ်လေးလင်းစကားကို နားထောင်ရင် နင် မမှားနိုင်ဘူး။ ကျုံးချင်းက ချစ်စရာကောင်မလေးပါ။ သူ့မျက်နှာလေးက ယောက်ျားရဲ့ မိသားစုကို ကံကောင်းစေမယ့် မျက်နှာမျိုးလေး" လင်းချင်းဟယ်က တိုက်တွန်းသည်။

သူမ သူများထိခိုက်အောင် လုပ်တာ မဟုတ်ပေ။ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့က တစ်ယောက်အတွက် တစ်ယောက် မွေးဖွားလာကြခြင်း ဖြစ်သည်။ ခင်ပွန်းသည်နဲ့ ဇနီးသည်အဖြစ် လိုက်ဖက်လှပါသည်။

လက်တွေ့ဘဝက ဒါကို သက်သေပြသွားတာပဲ မဟုတ်လား။ နောက်ပိုင်း သူတို့နှစ်ယောက် အတူတူ တွဲကြသည့်အခါ ဟန်ရှုကျယ်က မိုးပေါ်ထိတိုင်အောင် တိုးတက်သွားသည်။ သူမအမေက နှစ်အစောပိုင်းတုန်းက ကွဲကွာသွားသည့် အစ်ကိုတစ်ယောက် ရှိခဲ့သည်။ ကျုံးချင်းက သူမအမေနဲ့ ၈၀-၉၀ ရာခိုင်နှုန်းလောက် တူညီပြီး သူမ၏ ဦးလေး၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။

သူမ ဦးလေး၏ အဆင့်အတန်းက အလွန်မြင့်မား၏။ ဟန်ရှုကျယ်မှာ အစွမ်းအစနဲ့ ဂုဏ်သိက္ခာရှိသော်လည်း သူက အခြေအုတ်မြစ် မရှိသည့် ကောင်လေးဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါ။ ဇာတ်လိုက်မင်းသမီးက သူ့အတွက် ကံကောင်းခြင်းများစွာကို ယူဆောင်ပေးခဲ့ပါသည်။

ဟန်ရှုကျယ်က ပြုံးကာ ပြောလိုက်သည်။ "အရမ်းရင်းနှီးတဲ့လူ ဖြစ်နေတယ်။” ထို့အပြင် သူက ထိုကောင်မလေးအပေါ် သိပ်ပြီး မသိမ်မွေ့ခဲ့ပါ။ သူမကို ရဲဘော်ရဲဘက်တစ်ယောက်အဖြစ် လေ့ကျင့်ပေးခဲ့သည်။ သူ့ကို ကျုံးချင်းက မုန်းတောင် မုန်းနေလောက်ပါသည်။

"ကောင်စုတ်လေး" လင်းချင်းဟယ်က သူ့ကို အမေအိုတစ်ယောက်၏ အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။ "ရင်နှီးပြီးသား လူမျိုးကိုပဲ ရှာရမှာပေါ့။ သူ့ရဲ့ ဇာတ်ကြောင်းအစုံကိုလည်း သိရမယ် မဟုတ်လား။ မဟုတ်ရင် ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ။ တစ်ဖက်လူမှာ အရင်က ဘယ်လိုအတွေ့အကြုံမျိုးတွေ ရှိခဲ့လဲ ဆိုတာ ပြောနိုင်မှာ မဟုတ်ဘူး။ နင်နဲ့ ကျုံးချင်းတို့က အလိုက်ဖက်ဆုံးပဲ။ ဒေါ်လေးစကား နားထောင်တာ မမှားပါဘူး။ သူက တကယ်ချစ်ဖို့ ကောင်းတဲ့ ကောင်မလေးပါ။ နင်သူ့ကို လက်လွှတ်လိုက်ရရင် တော်တော် နှမြောဖို့ ကောင်းမှာနော်။”

ဟန်ရှုကျယ်က ထိုနေ့ည အိမ်မှာ အိပ်ခဲ့သည်။ လင်းချင်းဟယ်၏ စကားလုံးများက သူ့စိတ်ထဲ ဝင်သွားခဲ့၏။

အစကတော့ ထိုကဏ္ဍတွင် သူစိတ်ကူးမရှိခဲ့ပါ။ သို့သော်လည်း အခုတော့ လင်းချင်းဟယ်က ဖော်ထုတ်ခဲ့သဖြင့် ကျုံးချင်းက တကယ်ပဲ အတော်လေး ကောင်းမွန်သည့်ပုံပေါ်ပါသည်။

သူမက အခက်အခဲကို တောင့်ခံနိုင်ကာ ကြိုးစားသည်။ ထို့အပြင် ချစ်ဖို့ကောင်းပြီး ကြင်နာတတ်သည့် အရှိန်အဝါလည်း ရှိပုံပေါ်သည်။ သူမ အသက်အရွယ်က ငယ်နေတာလေး တစ်ခုသာ ရှိ၏။ ဟန်ရှုကျယ်က သူမကို ချဥ်းကပ်ရမှာ အနည်းငယ် လိပ်ပြာမလုံ ဖြစ်နေပါသည်။

သို့သော်လည်း သူက မငယ်တော့ပေ။ ထပ်ပြီး အချိန်ဆွဲထားလို့ မရတော့ပါ။ မဟုတ်ပါက ၂ နှစ် ၃ နှစ်လောက်နေရင် သူ့အသက်က ၃၀ ပြည့်ပါတော့မည်။။

ထို့ကြောင့် ၁ လလောက် စောင့်ပြီးနောက် လင်းချင်းဟယ်က ဟန်ရှုကျယ်နဲ့ ကျုံးချင်းတို့အကြား အခြေအနေ အနည်းငယ် ပြောင်းလဲသွားမှန်း သတိထားမိသည်။

အရင်တုန်းကဆို သူတို့နှစ်ယောက်က လာလည်တိုင်း ပွင့်ပွင့်လင်းလင်း ရှိကြသည်၊။ ဒီတစ်ခေါက် သူတို့လာလည်တော့ သူတို့က သာမန် ရဲဘော်ရဲဘက်ဆက်ဆံရေးသားဖြစ်သည်၊ ကျန်တာဘာမှ မရှိပါဟုသာ လူတိုင်းကို အတင်းပြောပြနေကြပါသည်။

ကိုယ့်ကိုယ်ကို ရိုးသားသည်ဟု လူတွေကို ပြောကြသည့် လူများကသာ လိပ်ပြာမလုံကြသူများ ဖြစ်ပါသည်။

All Chapters