← Chapters

အခန်း(၆၈၇) အောင်သွယ်တော်

Vol. 49 Ch. 687

အခန်း(၆၈၇) အောင်သွယ်တော်

Vol. 49 Ch. 687

အခန်း(၆၈၇) အောင်သွယ်တော်

သူတို့ကို ဒီလိုမြင်လိုက်ရသောအခါ လင်းချင်းဟယ် အားဆေးသောက်လိုက်ရသလိုမျိုး နေလို့ကောင်းသွားပါသည်။

သူတို့နှစ်ယောက် အချင်းချင်း ကြည့်တောင် မကြည့်ရဲကြတော့ပေ။ တစ်ချက်လောက် ကြည့်လိုက်တာနဲ့ အခြေအနေက ပြတင်းတံခါးကို ဖွင့်ဟလိုက်သလို ဖြစ်နေသည်။ သို့သော်လည်း သူတို့နှစ်ယောက်က အတူတူ လာကြဆဲဖြစ်သဖြင့် ဘာမှ ပြောဖို့ မလိုတော့ပါ။

သူတို့နှစ်ယောက် တွဲတော့ မတွဲကြလောက်သေးပေ။ သို့သော်လည်း ဟိုမရောက် ဒီမရောက် အဆင့်ကို ရောက်နေလောက်ပါပြီ။

ဘာပဲဖြစ်ဖြစ် အဆင်ပြေသည်။ သူတို့နှစ်ယောက်လုံး ညအိပ်ခဲ့ကြ၏။ လင်းချင်းဟယ်က ကျုံးချင်းထံသို့ နွားနို့တစ်ခွက် ယူလာပေးသည်။

"ရှုကျယ်က ဒေါ်လေးရှေ့မှာပဲ အရွယ်ရောက်လာတာ။ ဒေါ်လေးမှာ သမီးမရှိဘူး။ သမီးသာ ရှိရင် သူ့ကို သားမက်တော်ချင်တာ" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။

"သူ... သူက ဒေါ်လေး ပြောသလောက် မကောင်းပါဘူး" ကျုံးချင်းက နွားနို့ကိုလက်ခံလိုက်ပါသည်။ သူမ မျက်နှာက အနည်းငယ် ရှက်သွေးဖြာသွားပါသည်။

"ရှုကျယ်က မကောင်းဘူးလား။ သူက ဖြောင့်မတ်ပြီး ဘယ်တော့မှ ဝင့်ကြွားတတ်တာ မဟုတ်ဘူး။ သူ့လို ကိုယ်လုံးကိုယ်ပေါက်နဲ့ ပုံစံမျိုးကို လက်ထပ်ပြီးရင် ဘယ်ကောင်မလေးက မပျော်ဘဲနေမလဲ။ သူ့မိဘတွေကို စိတ်မပူပါနဲ့။ သူတို့က သဘောကောင်းတဲ့ လူတွေပါ။ ဒေါ်လေး တွေ့ဖူးတယ်" လင်းချင်းဟယ် ဆက်ပြောသည်။

တကယ်တော့ မဟုတ်ပါ။ ဟန်ရှုကျယ်၏ မိဘများက ဆက်ဆံဖို့ ခက်ခဲသူများ ဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ယောက် ကျုံးချင်းနဲ့ ဆုံသည့်အခါ သံမဏိများ နူးညံ့လာလိမ့်မည်။

သူတို့က ယောက္ခထီးကောင်းနဲ့ ယောက္ခမကောင်းများ ဖြစ်လာကြသည်။

ဘာပဲဖြစ်ဖြစ် သူမက ဇာတ်လိုက်မင်းသမီး မဟုတ်ပါလား။ ထိုအရှိန်အဝါဖြင့် လူတွေကို မျက်ကန်းဖြစ်စေနိုင်သည်။

ကျုံးချင်း ရှက်လာ၏။ အထူးသဖြင့် မကြာသေးခင်ကမှ သူမနဲ့ ဟန်ရှုကျယ်တို့ကြားက ဆက်ဆံရေးက မရှင်းမရှင်း ဖြစ်လာခဲ့သည်။ ထိုငတုံးကောင် ဟန်ရှုကျယ်က သူမကို ရုပ်ရှင်ရုံခေါ်သွားပြီး ပိုးသားမာဖလာ လက်ဆောင်ပေးခဲ့သည်။ အဓိပ္ပာယ်က ဒီ့ထက်ပိုပြီး မသိသာနိုင်တော့ပါ။

သို့သော်လည်း လင်းချင်းဟယ်ရှေ့မှာတော့ သူမ ထုတ်မပြောဘဲ ပြောလိုက်ပါသည်။ "ဒေါ်လေး နောက်ကျနေပြီနော်။”

"အင်း မစောတော့ဘူး။ ပြန်နားဖို့ အချိန်ကျပြီ။ နင်တို့နှစ်ယောက်အတွက် ဒေါ်လေး အကောင်းဆုံး မျှော်လင့်ပါတယ်။ နောက်ပိုင်း လက်ထပ်ဖြစ်ကြရင် ဒေါ်လေး အခန်းတစ်ခန်း သီးသန့်ထားပေးထားမယ်။ နင်တို့နှစ်ယောက် ဒီမှာလာနေချင်တဲ့ အချိန်တိုင်း လာနေပေါ့။ ကိုယ့်အိမ်ကိုယ့်ရာလို့ သဘောထားပါ။”

အောင်သွယ်တော်ကြီး လုပ်လိုက်ရသဖြင့် လင်းချင်းဟယ် အလွန်စိတ်ရွှင်နေပါသည်။

ကျိုးချင်းပိုင်က သူမ အူမြူးနေတာကို သတိထားမိကာ ချော့ပြောလိုက်၏။ "ကျုံးချင်းနဲ့ ရှုကျယ်တို့က လိုက်ဖက်ပါတယ်။ ကျန်တာ ဘာမှ မတွေးနဲ့နော်။”

အဘယ့်ကြောင့်ဆိုသော် လင်းချင်းဟယ်က ကျုံးချင်းကို သူမ၏ ချွေးမဖြစ်စေချင်သည်ဟု သူ ထင်နေသောကြောင့် ဖြစ်ပါသည်။

လင်းချင်းဟယ်က မျက်စောင်းရွယ်လိုက်ပြီး ပြောလိုက်ပါသည်။ "ရှင် ဘာတွေထင်နေတာလဲ။ ရှုကျယ်က ကျွန်မရှေ့မှာ အရွယ်ရောက်လာတာ။ အခု ဒီအအသက်အရွယ် ရောက်နေတာတောင် ဘယ်သူမှ မရှိသေးဘူး။ သူ့အတွက် ကျွန်မ စိတ်ပူပေးတာ ပုံမှန်ပါပဲ။ ပြီးတော့ သားငယ်က အခု အသက်ဘယ်လောက်ရှိသေးလို့လဲ။”

ကျိုးချင်းပိုင်က ပြုံးကာ ပြောလိုက်ပါသည်။ "သူ့ကို မင်း အရမ်း ဂရုစိုက်နေတာ သတိထားမိလို့ပါ။” ထို့အပြင် နွားနို့တောင် သွားပို့ပေးသေးသည်။

"မြန်မြန် အိပ်စမ်းပါ။” လင်းချင်းဟယ်က လက်ရမ်းပြလိုက်ပါသည်။

ပြောရမည်ဆိုလျှင် ကျုံးချင်းက တကယ်ပဲ ရှားရှားပါးပါး ချစ်ဖို့ကောင်းသော ကောင်မလေး တစ်ယောက် ဖြစ်ပါသည်။ သို့သော်လည်း ဘယ်လောက်ပဲ တော်နေပါစေ ကံကြမ္မာပေါ်မှာပဲ မူတည်တာ မဟုတ်ပါလား။

သူမက သားငယ်နဲ့ ရေစက် မပါပေ။ သူတို့နှစ်ယောက်ကို အတင်းအကျပ် စီစဥ်ပေးလိုက်ပါက တန်ပြန်အကျိုးဆက်များရှိလာလိမ့်မည်။

သူမကို ဟန်ရှုကျယ်နဲ့ လမ်းဖောက်ပေးလိုက်ခြင်းကသာ မှန်ကန်သည့် နည်းလမ်း ဖြစ်ပါသည်။

သူတို့နှစ်ယောက်သာ အတူတူဖြစ်သွားပါက ဒီနေရာကို သူတို့လာချင်သည့် အချိန်တိုင်း အချိန်မရွေး နေရာမရွေး သူမ လက်ခံပေးပါမည်။

ညဘက် ကောင်းကောင်း အိပ်ပျော်ခဲ့သည်။ လင်းချင်းဟယ် နောက်တစ်နေ့မနက် စောစော နိုးလာတော့ ကျိုးချင်းပိုင်နဲ့ ဟန်ရှုကျယ်တို့ အပြေးလေ့ကျင့်ခန်းလုပ်ပြီး ပြန်လာကြပြီ ဖြစ်သည်။

သူတို့နှစ်ယောက်စလုံး ချွေးများ ရွှဲစိုနေကြ၏။ ရေချိုးပြီးနောက် မနက်စာ အတူတူစားခဲ့ကြပါသည်။

ဟန်ရှုကျယ်နဲ့ ကျုံးချင်းတို့ စားသောက်ပြီးနောက် ပြန်သွားကြ၏။ သားငယ်ကို လိုက်ပို့ခိုင်းမည့်အစား ဘတ်စ်ကားဖြင့်သာ ဘူတာသို့ သွားကြပါသည်။

သားငယ်က ပြောလိုက်၏။ "အမေ အခုစိတ်အေးလို့ရပါပြီဗျာ။”

သူလည်း ကျုံးချင်းနဲ့ ဟန်ရှုကျယ်တို့ကြားက မရှင်းမရှင်း အခြေအနေကို ရိပ်မိပါသည်။ ပျော်စရာကိစ္စ မကြာခင် ဖြစ်လာတော့မည် ထင်သည်။

လင်းချင်းဟယ်က ပြုံးလိုက်၏။ "အမေက တစ်ခါမှ စိတ်မပူဖူးပါဘူး။ နင့်ကိုယုံပါတယ်။ အခု နင်က အသက် ၂၀ ပဲ ရှိပါသေးတယ်။ မလောပါနဲ့ဦး။ အချိန်ယူစမ်းပါ။”

သားငယ်က ဘာမှမပြောတော့ပါ။ ကျုံးချင်းနဲ့ ဟန်ရှုကျယ်တို့ တစ်ယောက်ကိုတစ်ယောက် ခံစားချက်များ ရှိနေတာကို သိသော်လည်း သူ အနည်းငယ် ဝမ်းနည်းမိပါသည်။ သို့သော်လည်း စိတ်အေးနိုင်ပါသည်။ အစကတည်းက သူလည်း ခံစားချက် အများကြီး မထားခဲ့ပါ။

"စကားမစပ် အာ့ရွှယ်က ရက်ပိုင်းအတွင်း ဒီကိုရောက်လာလိမ့်မယ်။ အဲ့ကျရင် သူ့ကိုမိသားစု စာရင်းစာအုပ်နဲ့ အခြေအနေဇယားတွေနဲ့ ရင်းနှီးအောင် သူ့ကိုသင်ပေးလိုက်ဦး" လင်းချင်းဟယ်က ညွှန်ကြားလိုက်ပါသည်။

"ဟုတ်ကဲ့" သားငယ်က ခေါင်းငြိမ့်လိုက်ပါသည်။

လင်းရွှယ်က ဇွန်လအကုန်တွင် ရောက်လာခဲ့၏။ သူမက အရွယ်ရောက်ပြီးသား မိန်းကလေးဖြစ်သဖြင့် ဘတ်စ်ကားဖြင့် တစ်ယောက်တည်း အိမ်ခြံဝန်းကြီးသို့ လာခဲ့ပါသည်။

လင်းချင်းဟယ်တို့ အိမ်မှာ မရှိကြပါ။ အိမ်တော်ထိန်း ဒေါ်လေးကျောင်းကို လင်းချင်းဟယ်က အာ့ရွှယ်အတွက် အခန်းတစ်ခန်း စီစဥ်ခိုင်းထားပါသည်။

လင်းရွှယ်က ရေချိုးလိုက်ပြီး အိမ်မှာပဲ ခေါင်းလျှော်လိုက်သည်။ ထို့နောက် သူမဒေါ်လေးပြန်လာမှာကို အိမ်က စောင့်နေပါသည်။

လင်းချင်းဟယ် ခုတလော အတော်လေး အလုပ်များနေခဲ့၏။ သူမ ကောလိပ်ကျောင်းသား တစ်ယောက်ကို အလုပ်ခန့်အပ်ထားသောကြောင့် ဖြစ်သည်။ ဒီအချိန်တောအတွင်း သူတို့ ဘာသာပြန်စတူဒီယို၏ လုပ်ငန်းများဖြင့် အလုပ်များနေကြပါသည်။

စတူဒီယိုက အခုမှစဦးပိုင်း အဆင့်သာ ရှိသေးသဖြင့် အတော်လေး အလုပ်များရပါသည်။

ညနေခင်းကျမှ ကျိုးချင်းပိုင်နဲ့ မိမိလေးတို့နဲ့အတူ ညစာစားဖို့ ပြန်လာခဲ့ကြပါသည်။

လင်းရွှယ်ကိုမြင်သောအခါ သူမ ဝမ်းသာသွားပြီး  ပြောလိုက်၏။ "နင် ဒီနေ့ရောက်မယ်ထင်တယ်လို့ ပြောနေတာ။ နင့်အမေကို ဖုန်းဆက်ပြီးပြီလား။"

"တတိယဒေါ်လေးကို ဖုန်းဆက်ပြီးပါပြီ" လင်းရွှယ်က ပြုံးလိုက်၏။

သူမ သားငယ်တို့ ခေါ်ဝေါ်သည့်ပုံစံအတိုင်းပဲ တတိယမရီးကို 'တတိယဒေါ်လေး' ဟုခေါ်ပါသည်။

"ရပါတယ် ဒီနေ့တော့ နားလိုက်ဦး။ မနက်ဖြန်ကျမှ လုပ်ငန်းနဲ့ ရင်းနှီးမှုရှိအောင် သားငယ်ကို လိုက်ပြခိုင်းမယ်" လင်းချင်းဟယ်က ပြောလိုက်သည်။

"သမီး ကောင်းကောင်း မလုပ်နိုင်မှာကို စိုးရိမ်နေတယ်"  လင်းရွှယ်က ပြုံးလိုက်ပါသည်။

"လုပ်စရာတွေများပေမယ့် ပထမဆုံးအကြိမ်ပဲ ခက်ခဲတာပါ။ ဒုတိယအကြိမ်ဆို လွယ်သွားပြီ။ နားမလည်ရင် သားငယ် ဒါမှမဟုတ် အာာ့နီတို့ကို မေးလို့ရတယ်။ ငါ့ကိုလည်း မေးလို့ရပါတယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

သူမတို့ စကားပြောနေစဥ် ကန်းကျစ်က အပြင်ဘက်မှာ ပြန်လာသည်။ လင်းချင်းဟယ်က ပြောလိုက်သည်။ "ပူတယ် ရေသွားချိုးလိုက်ဦး။”

"ဟုတ်ကဲ့"ကန်းကျစ်က ပြုံးလိုက်ပါသည်။

သူ ရေအရင်သွားချိုးလိုက်ပါသည်။ လင်းချင်းဟယ်က အာ့ရွှယ်ဘက်သို့ လှည့်လိုက်၏။"နင့်အတွက် လစာက မြင့်တော့ မမြင့်ဘူး။ ယွမ် ၁၆၀ ပဲ ရမယ်။ ဒါပေမယ့် နေစရာ စားစရာတော့ စီစဥ်ပေးမယ်။"

"၁၆၀ နဲ့ နေစရာစားစရာတွေပါတော့ အရမ်းမြင့်ပါတယ်" လင်းရွှယ်က ပျော်ရွှင်စွာဖြင့် ပြောလိုက်ပါသည်။

"နင့်အဖေတောင် ဖုန်းဆက်သေးတယ်။ သူက နင့်အတွက် ဆိုင်တစ်ဆိုင် ရှာခိုင်းထားတယ်။ နင်ဆိုင်ကြည့်လို့ရအောင်တဲ့" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

သူမ မောင်၏ အစီအစဥ်ကို နားလည်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စီးပွားရေးက သာမန်ဖြစ်နေရင်တောာင် ဆိုင်တစ်ဆိုင်က ငွေပိုရသောကြောင့် ဖြစ်သည်။ သေချာပေါက် အလုပ်ထွက်လုပ်ရတာထက် အများကြီး ပိုကောင်းပါသည်။

သို့သော်လည်း လင်းရွှယ်၏ အမေကတော့ သဘောမတူပေ။ သူမ၏ သမီးဖြစ်သူက ကောလိပ်ကျောင်းသူတစ်ယောက် ဖြစ်၏။ဘယ်လိုလုပ် ဆိုင်ကြည့်ခိုင်းလို့ ဖြစ်မှာလဲ။ လာနောက်နေတာလား၊။

ဘာပဲဖြစ်ဖြစ် သူအလုပ်သွားရမည်ဖြစ်ပါသည်။

ဆိုင်တစ်ဆိုင်ဖွင့်တာ ဘယ်လောက်အမြတ်ရလဲ မသိပါ။ တတိယယောက်မလင်းကတော့ သူမ၏ ရင်ထဲမှာ ပရော်ဖက်ရှင်နယ်အလုပ်များကို အထင်ကြီးထားသည်။ အထူးသဖြင့် မြို့ကြီးပြကြီးမှာ ဖြစ်သည်။ သူမသမီးကိုလည်း မြို့ကြီးပြကြီးသို့ သွားစေချင်၏။

ဘာပဲဖြစ်ဖြစ် သူမ၏ အကြီးဆုံးသမီးက အလားအလာအရှိဆုံး ဖြစ်ပါသည်။ အနောက်က သမီးနှစ်ယောက်က သာမန် အဆင့်များသာရှိသည်။ သူတို့ အထက်တန်းပြီးနောက် ကျောင်းဆက်မတက်ချင်တော့သဖြင့် ဆိုင်ကို ကြည့်ခိုင်းလို့ ရပါသည်။

လင်းရွှယ်က ပြုံးလိုက်သည်။ "သမီးအဖေကိုလည်း ပြောပြထားပါတယ်။ သမီးဖာသာ သမီး လာချင်ခဲ့တာပါ။”

သူမ တကယ်ပဲ မြို့တော်ကို သဘောကြပြီး ဒီကိုလာကာ အလုပ်လုပ်လျက် နေထိုင်ချင်ပါသည်။ သူမ ဒေါ်လေးတို့ မိသားစုလည်း ဒီမှာ ရှိနေ၏။ ဘယ်သူမှ မရှိပါက မရင်းနှီးသည့် နေရာတစ်ခုကို လာရသလို ဖြစ်နေမည်။ ထို့ကြောင့် ထိုစိတ်ကူးကို မေ့ဖို့သာ ရှိတော့သည်။

သို့သော်လည်း အခုတော့ သူမ တကယ်ပဲ ဒီမှာလာနေချင်ပါသည်။

"လူငယ်လေးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တာ ကောင်းပါတယ်" လင်းချင်းဟယ်က ပြောလိုက်သည်။ "နောက်ပိုင်း ဒေါ်လေးက တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ဒါမှ ဒီမှာ လက်ထပ်နိုင်လိမ့်မယ်။”

လင်းရွှယ်က ရယ်မောလိုက်ပြီး ပြောလိုက်ပါသည်။ "မလောပါနဲ့ သမီး ရည်းစားမထားချင်သေးပါဘူး။”

"အင်း မလောပါဘူး။” ဟူကျစ်ကလည်း မလောသေးသဖြင့် လင်းချင်းဟယ်အဆင်ပြေသည်ဟု ထင်မိပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့က ငယ်တုန်းရွယ်တုန်း ဖြစ်သည်။ နောက်ပိုင်းကျမှ ရေစက်ပါလာမလားဆိုတာ ကြည့်ရမည်။

All Chapters