← Chapters

အခန်း(၆၃၂) အမြတ်ရခြင်း

Vol. 46 Ch. 632

အခန်း(၆၃၂) အမြတ်ရခြင်း

Vol. 46 Ch. 632

အခန်း(၆၃၂) အမြတ်ရခြင်း

လောလောဆယ် ဟိုင်းနန်မှာ ကြည့်ဖို့ ဘာမှများများစားစားမရှိပါ။ လောလောဆယ်မပြောနဲ့ နောက် ၃နှစ်အတွင်းမှာတောင် ခရီးသွားများအတွက် ဘာမှစိတ်ဝင်စားဖို့ များများစားစား မရှိသေးပေ။

လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့လို ခရီးသွားများက အလွန်ရှားပါးတာကို ပြောစရာမလိုပေ။

သူတို့ ဆင်းလာကြသည့် ဆိပ်ကမ်းမှာ လူအများကြီးရှိသည်။ တခြားနေရာများမှာတော့ သိပ်မရှိကြပါ။

ထို့ကြောင့် လင်းယွမ်က သူတို့အား ဗဟိုနယ်မြေသို့ခေါ်လာပြီး ဟိုင်းနန်၏ ရှုခင်းကို ပြသခဲ့ပါသည်။

ကော်မာရှယ်အိမ်များကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ ဒီနှစ် ဟိုင်းနန်က ကွမ်တုန်းပြည်နယ်မှ ခွဲထွက်ကာ အထူးစီးပွားရေးဇုန်တစ်ခု ဖြစ်လာခဲ့သည်။ ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုက မြန်နှုန်းမြင့်အဆင့်သို့ မရောက်သေးပါ။

အနှစ်ချုပ် အခြေအနေက အတော်လေး ဆင်းရဲပါသည်။

သို့သော်လည်း အိမ်စျေးက ၁ စတုရန်းမီတာကို ယွမ် ၁,၀၀၀ကျော်ဝန်းကျင်ရှိသည်။ တတ်နိုင်သည့် လူအများကြီးမရှိပါ။

ကားတစ်စီးကိုငှားပြီး သူတို့ နေရာများစွာသို့ လိုက်လည်ခဲ့ပါသည်။ နောက်ဆုံးမှာတော့ မြို့စင်တာသို့ ရောက်လာခဲ့သည်။ လင်းချင်းဟယ် မနေနိုင်ဘဲ ဗီလာတစ်လုံးလောက် ဝယ်ချင်သွားမိသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို ပြန်ထိန်းခဲ့ပါသည်။

ရက်ပိုင်းနည်းနည်းလောက် အပြင်ထွက်ပြီးနောက် လင်းယွမ် တစ်ပြားတစ်ချပ်မှ သုံးဖို့မလိုခဲ့ပါ။ ခရီးသွားဧည့်သည်များကို လိုက်ပို့ခြင်းဟု  သတ်မှတ်နိုင်သည်။

လျှောက်လည်ခြင်း ပြီးဆုံးသွားသောအခါ လင်းချင်းဟယ်က သူ့ကို ယွမ် ၁၀၀ ပေးလိုက်ပြီး ပြောလိုက်ပါသည်။ "နင်ပိုင်တာက နင်ပိုင်တာပဲ။ ပြန်ပေးဖို့ မလိုပါဘူး။ အစ်မတို့ မနက်ဖြန် ပြန်ရလောက်တယ်။ နင့်ကို ဖုန်းနံပါတ်ပေးခဲ့မယ်။ ဒီမှာ လှုပ်ရှားမှု ကြီးကြီးမားမားရှိတဲ့အခါ အစ်မကို ဖုန်းဆက်လိုက်ပါ။"

"ကိစ္စမရှိပါဘူး။" လင်းယွမ်က အမြန်ပြောလိုက်ပါသည်။

သူတို့နဲ့ ရက်ပိုင်းလောက် လျှောက်သွားပြီးနောက် သူလည်း ဗဟုသုတ အများကြီး ရခဲ့ပါသည်။ သူက ဒီမှာမွေးပြီး ဒီမှာ ကြီးပြင်းခဲ့သော်လည်း အရင်က နေရာတချို့ကိုသာ ကြားခဲ့ဖူးပါသည်။ သူတို့နောက်လိုက်ခြင်းဖြင့် အကျိုးကျေးဇူး ရခဲ့ပါသည်။

ထို့အပြင် ကားခနဲ့ စားစရိတ်များကိုလည်း ပေးဖို့ မလိုပါ။ ယခုအခါ ဘောက်ဆူးအဖြစ် ယွမ် ၁၀၀ ရခဲ့သည်။ လွန်ခဲ့သည့် ၇ ရက်လည်း ခွင့်ယူခဲ့သည်။ ထို့ကြောင့် သူ အကျိုးအမြတ် ရခဲ့ပါသည်။

လင်းချင်းဟယ်က သူမအိတ်ထဲက ဘောပင်နဲ့ စာရွက်တစ်ရွက်ကို ယူကာ ဖုန်းနံပါတ်တစ်ခုကို ရေးသားခဲ့ပါသည်။ ထိုဖုန်းနံပါတ်ကိုကြည့်လိုက်သောအခါ လင်းယွမ်အံ့သြသွားရသည်။ "ဒီနံပါတ်က မြို့တော် နံပါတ်ပါလား။ အစ်ကိုကြီးနဲ့ အစ်မကြီးတို့က မြို့တော်ကလား။"

"အင်း" လင်းချင်းဟယ် ခေါင်းငြိမ့်လိုက်ပါသည်။

တခြား ဘာမှပြောဖို့မလိုတော့ပါ။ လင်းယွမ်စိတ်ထဲက သူတို့နှစ်ယောက်၏ အဆင့်အတန်းမှာ ထပ်ပြီး မြင့်တက်လာပြန်ပါသည်။ ထို့ကြောင့်လည်း သူတို့က အလွန်ရက်ရောကြခြင်းဖြစ်သည်။ ဖြစ်ချင်တော့ သူတို့က မြို့တော်က လာခဲ့ကြသူများ ဖြစ်ပါသည်။

"ကိစ္စမရှိဘူး။ ကျွန်တော့်တာဝန်သာထားလိုက်။ ဒီမှာ မူဝါဒအသစ်တွေပေါ်လာရင် အစ်ကိုကြီးနဲ့ အစ်မကြီးတို့ကို ဖုန်းဆက်လိုက်မယ်။" လင်းယွမ်က ကတိပေးလိုက်ပါသည်။

အခွင့်အရေးသာ ရလာပါက ဒီနှစ်ယောက်က သူ့ကတ်စတမ်မာကြီးများဖြစ်လာလိမ့်မည်ဟု ခံစားမိသည်။ သူလည်း ထိုက်သင့်စွာ ကော်မစ်ရှင်ခ ရပါလိမ့်မည်။ သူပိုပြီးရောင်းရလေလေ ကော်မစ်ရှင် ပိုပြီးရလေလေ ဖြစ်သည်။ ထို့ကြောင့် သူအနီးကပ်စောင့်ကြည့်နေရပါမည်။

လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က သူတို့သမီးလေးကို ခေါ်ပြီး ယခု ဟိုင်းနန်ပြည်ကို လျှောက်ကြည့်နေပါသည်။ ပြောရမည်ဆို ထူးခြားတာဘာမှမရှိပါ။ ဒီက ကော်မာရှယ်အိမ်များကသာ အနည်းငယ် ထူးခြားပါသည်။

အဘယ့်ကြောင့်ဆိုသော် လောလောဆယ် မြို့တော်တွင်ဒီလို လူနေကော်မာရှယ်အိမ်များကို မဆောက်လုပ်ရသေးသောကြောင့်ဖြစ်ပါသည်။

တကယ်တော့ ဟိုးအရင်ကတည်းကရှိခဲ့ကြသည်။ သို့သော်လည်း နိုင်ငံရေးဝန်ထမ်းများကိုသာ နေရာချထားပေးခဲ့ပြီး အပြင်လောကကို မရောင်းချခဲ့ပါ။ အကျိုးခံစားခွင့် အိမ်ရာများကိုလည်း မရောင်းပါ။

ဒီကော်မာရှယ်အိမ်များကလွဲပြီး ကျန်တာဘာမှ ပြောစရာမရှိပါ။ ထိုခေတ်ကလောက် မဖွံ့ဖြိုးသေးပေ။

ဘာမှ ရဖို့မရှိသော်လည်း လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က သူတို့မြင်တာမှန်သမျှကို မှတ်သားခဲ့ကြသည်။ ဒီဘက်က တကယ်ပဲ ပိုက်ဆံရှာဖို့ အခွင့်အလမ်းရှိလာနိုင်သည်။ သို့သော်လည်း အချိန်မကျသေးရုံသာ။

အေးအေးဆေးဆေးလုပ်ပါ။ ပထဆုံး အိမ်ပြန်ပြီး ထိုမြေတစ်ကွက်ကို အရင်ဝယ်မည်။

လင်မယားနှစ်ယောက် အကြာကြီးမနေခဲ့ကြပါ။ နောက်တစ်နေ့မနက်တွင် မိမိလေးကို ဗိုက်ဝအောင် ကျွေးပြီး အိမ်ပြန်ခဲ့ကြပါသည်။

အမှန်ပင်။ လင်းချင်းဟယ်၏ နေရာကွက်ထဲတွင် ဒီက ဒေသထုတ်ကုန်များဖြင့် ပြည့်နှက်နေသည်။ အုန်းသကြား၊ အုန်းမှုန့်၊ အုန်းနို့ကိတ် စသည်တို့ ဖြစ်သည်။

သူတို့ ကွမ်တုန်းပြည်သို့ လှေဖြင့်ပြန်လာခဲ့ကြသည်။ ရထားစီးပြီးပြန်ဖို့ အလျှင်မလိုပါ။ သူတို့ ကွမ်တုန်းပြည်က နေရာများစွာကို လည်ပတ်ခဲ့ပါသည်။

ကွမ်တုန်းပြည်က နံပါတ်တစ် အစားအသောက်ပြည်နယ်ဟု သတ်မှတ်သင့်သည်။ ဒီခေတ်မှာတောင် မုန့်ပဲသရေစာမျိုးစုံပေါများလှပါသည်။ အထူးသဖြင့် စွပ်ပြုတ်များဖြစ်သည်။ လင်းချင်းဟယ်လည်း အနည်းငယ် သင်ယူသင့်သည်ဟု ခံစားမိပါသည်။

အစကတော့ သူတို့ ရက်အနည်းငယ်သာ နေဖို့စီစဥ်ခဲ့သည်။ သို့သော်လည်း သူတို့ခြေထောက်များကို အစားအသောက်များက တားဆီးခဲ့သည်။ မနက်ခင်းလက်ဖက်ရည်၊ နေ့လည်လက်ဖက်ရည်၊ ညလက်ဖက်ရည် စသည်တို့ဖြစ်သည်။ အလွန်အရသာရှိလှပါသည်။

သူတို့ လဝက်လောက်ထိ တိုးပြီးနေခဲ့ကြသည်။

သူတို့အကြာကြီးနေခဲ့ကြသဖြင့် မိမိလေးက ယန်ချန်း ကန်တိုနိစ်စကားကိုပြင် ပြောတတ်လာပါသည်။ တခြားသူများထံမှ သင်ယူထားခြင်းဖြစ်သည်။ ဒီကလေး၏ ဘာသာစကားသင်ယူနိုင်စွမ်းက မွေးရာပါပင်။

သူမအဖေက အတော်ကြာတာတောင် မမှတ်မိနိုင်ပါ။ သူမကတော့ ကြားလိုက်ရုံနဲ့ သင်ယူနိုင်သည်။ ဒီမှာ နှစ်ဝက်လောက်နေလိုက်ပါက သူမ ကန်တိုနိစ်စကားကျွမ်းကျင်ပြီး ပြန်သွားသောအခါ သူမ ဘယ်ကလာတာလဲဟု သံသယဖြစ်အောင်လုပ်နိုင်သည်။

သူတို့သုံးယောက်သား ပျော်ရွှင်ခဲ့ကြပြီး အိမ်ကို ရထားဖြင့် ပြန်လာခဲ့ကြတော့သည်။

ကျိုးကွေ့လိုင်ကလည်း ဒီနေ့မြို့တော်သို့ ပြန်လာာဖို့ စီစဥ်ခဲ့သည်။

ဒီရက်ပိုင်းအတွင်း စုစုပေါင်း အလုပ်သမား ၉ ယောက်ကိုလေ့ကျင့်ပေးခဲ့ပြီး ဆိုင် ၃ ဆိုင်ကို တစ်ဆိုင်ပြီးတစ်ဆိုင်ဖွင့်ခဲ့ပါသည်။ တစ်ဆိုင်ချင်းစီတိုင်းကို လူ ၃ ယောက်က ညွှန်ကြားသည်။

၎င်းတို့ထဲတွင် ကျန်းဟန်က လက်ဖက်ရည်ဆိုင် ၃  ဆိုင်၏ မန်နေဂျာ ဖြစ်လာပါသည်။

စတိုးမန်နေဂျာအောက်တွင် စတိုးညွှန်ကြားသူရှိသည်။ သူ့အောက်တွင် အဖွဲ့ခေါင်းဆောင်ရှိသည်။ သူ့အောက်မှာတော့ အရောင်းဝန်ထမ်းရှိသည်။

လောလောဆယ် ဆိုင်အကူ မရှိသေးပါ။ ဆိုင်သုံးဆိုင်ကို စတိုးဆိုင်မန်နေဂျာတစ်ယောက်နဲ့ အဖွဲ့ခေါင်းဆောင် သုံးယောက်သာ ခန့်အပ်ပေးထားသည်။

ကျိုးကွေ့လိုင်က စီမံခန့်ခွဲမှုကို ကျန်းဟန်လက်ထဲသို့ အပ်ခဲ့သည်။ ဒီနှစ်အတွက် တခြား လက်ဖက်ရည်ဆိုင် ၁၀ ဆိုင်ဝန်းကျင်လောက် ထပ်ဖွင့်ဖို့လည်း ညွှန်ကြားခဲ့၏။

လိုအပ်သည့် ဝန်ထမ်းအင်အားကိုလည်း သူပဲ ကိုင်တွယ်ရါပမည်။

လစဥ် ဆိုင်တိုင်း၏ အမြတ်ငွေ လိုအပ်ချက်များရှိသည်။ ကျိုးကွေ့လိုင်က လတိုင်းတစ်ခေါက် သွားဖို့ စီစဥ်ထားသည်။ ပြောဖို့လိုတာကို ပြောရမည်။ ကျန်တာကိုတော့ ကျိုးကွေ့လိုင် ဝင်ပါမည် မဟုတ်ပါ။

သူ ဝန်ပေါ့အောင် ကျန်းဟန်ကို လစာမြင့်မြင့် ရာထူးမြင့်မြင့်ပေးထားခြင်း ဖြစ်ပါသည်။  ဒီလိုဆို အရာရာကို သူစိတ်ပူဖို့မလိုတော့ပါ။

ထို့ကြောင့် အဘိုးကျန့်း၏ အိမ်ကိုသွားပြီး နှုတ်ဆက်ကာ ဒေါ်လေး ရွှယ်မိန်လိကိုလည်း ရှန်ဟိုင်းမြို့တော်၏ မုန့်များလက်ဆောင် သွားပေးခဲ့ပါသည်။ ထို့နောက်မှ မြို့တော်သို့ ပြန်လာခဲ့ပါသည်။

ပြန်ရောက်ခါမှ သူ့မိဘများနဲ့ ညီမလေးတို့ ပြန်မလာကြသေးမှန်း သိခဲ့ရပါသည်။

အဘိုးအဘွားများထံသို့ ညစာလာစားသောအခါ သူ့အဘွားပြောစကားကိုကြားခဲ့ရပါသည်။

"နင့်အငယ်ဆုံးဒေါ်လေးက မနေ့တစ်နေ့က ရောက်လာပြီး နင့်မိဘတွေ ကွမ်တုန်းပြည်နယ်က ပြန်လာနေပြီလို့ ပြောသွားတယ်။ ရက်နည်းးနည်းလောက်ကြာမယ်ထင်တယ်။ မမြန်ဘူးလေ။" အမေကျိုးက ပြောလိုက်ပါသည်။

"အဲ့ဒီမှာနေပြီး သေချာပေါက် ပြန်လာချင်ကြမှာ မဟုတ်ဘူး။ အဲ့မှာအစားအစာတွေ တကယ်အများကြီးပဲ။” ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

သူ့ခေါင်းကိုင်အဘိုးနဲ့ အဘိုးတို့ကို ကွမ်တုန်းပြည်နယ်သို့ လိုက်ပို့ဖူးပါသည်။ ဘယ်လောက်တောင် သာယာသလဲဆိုတာ သူသိထားပါသည်။ တစ်ခုတည်းသော အားနည်းချက်က ၃ ရက်တွင် ၂ ခါလောက် မိုးရွာခြင်း ဖြစ်သည်။

"ရှန်ဟိုင်းမြို့တော်မှာ စီးပွားရေး ဘယ်လိုလဲ။" အမေကျိုးက ဒါကိုစိတ်ပူနေပါသည်။

"ဘာမှမဖြစ်ပါဘူး။ ရှောင်းကမ်းရဲ့ ဝမ်းကွဲအစ်ကိုကို အလုပ်ခန့်လိုက်တယ်။ သူက အားကိုးရပါတယ်။ မဆိုးပါဘူး။ လတိုင်း အခြေအနေတွေ သွားကြည့်ဖို့ပဲလိုတယ်။ ကျန်တာကို စီမံစရာ မလိုဘူး။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။

"ကောင်းတာပေါ့။ ပိုက်ဆံတွေရှုံးမှာ စိုးရိမ်နေတာ။" အမေကျိုးက ပြောလိုက်သည်။

အခုမှဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်များက ဘာမှမရောင်းရသေးမှန်း သူမကို ကျိုးကွေ့လိုင် မပြောရဲပါ။ သို့သော်လည်း လက်ဖက်ရွက်များက သက်တမ်းရှည်ခံသဖြင့် စိတ်ပူစရာ မလိုပေ။

အတိုချုံးပြောရလျှင် ကျန်းဟန်အတွက် လစာသတ်မှတ်လိုက်တုန်းက ငါးစာလည်းချခဲ့ပါသည်။ ဒါတော့ အမြတ်ငွေပမာဏကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုပမာဏအထိ ရောက်နိုင်ပါက ယွမ် ၂၀, ၄၀, ၈၀ စသည်ဖြင့် ဘောက်ဆူးရမည်ဖြစ်သည်။

ထိုအမြတ်ငွေကို ရနိုင်လောက်သည့် အစွမ်းအစမျိုးရှိပါက စတိုးဆိုင်မန်နေဂျာလစာ ယွမ်၁၈၀ အပြင် ထိုဘောက်ဆူးများကိုလည်း ပေးသွားမည်ဖြစ်ပါသည်။ လစာက နိုင်ငံတော်ထဲတွင် အမြင့်ဆုံး ဖြစ်လောက်သည်။

All Chapters