← Chapters

အခန်း(၆၃၆) မြေဝယ်ပြီး အိမ်ပြောင်းခြင်း

Vol. 46 Ch. 363

အခန်း(၆၃၆) မြေဝယ်ပြီး အိမ်ပြောင်းခြင်း

Vol. 46 Ch. 363

အခန်း(၆၃၆) မြေဝယ်ပြီး အိမ်ပြောင်းခြင်း

ရှုရှန့်ချမ်းက ခဏလောက်နေပြီး ပြန်သွားခဲ့ပါသည်။

ကျန်တာ ဘာမှများများစားစား ပြောဖို့ မလိုအပ်ပါ။

ကျိုးကွေ့လိုင်က သူ့အဘိုးအဘွားတို့အိမ်ကို သွားခဲ့သည်။ သူမ ဘာမှမဖြစ်တာကို မြင်ရသဖြင့် စိတ်အေးသွားပါသည်။

အမေကျိုးက ပြောလိုက်ပါသည်။ "လောင်စန်း လုပ်စရာရှိတာ လုပ်ပါ။ အဘွားတို့ဘက်ကို စိတ်မပူနဲ့။ အဘွား စိတ်ပိုင်းဖြတ်ပြီးပါပြီ။"

အဖေကျိုးလည်း သူ့မြေးလွတ်လာတာကို သိပြီးပါပြီ။ သူ ဒီတစ်ခေါက် လွတ်လာပြီး လူအသစ်တစ်ယောက်လို ဖြစ်သွားပြီဟု အမေကျိုး ပြောတာတောင် သူဘာမှပြန်မပြောခဲ့ပါ။

သူ အကောင်းအဆိုး ခွဲခြားတတ်ရင် လုံလောက်ပါပြီ။ သူတို့ဘဝသူတို့နေဖို့သာ လိုအပ်သည်။ ကျန်တာကို ဝေဖန်ဖို့ မလိုအပ်ပါ။

ကျိုးကွေ့လိုင်တစ်ယောက် သူ့အဘွားစိတ်လွတ်လပ်သွားတာကို မြင်လိုက်ရသောအခါ စိတ်အေးသွားပါသည်။

သူ အလုပ်အားနေရင် အဆင်ပြေသည်။ သူ ပြန်သွားပြီး ဖက်ထုတ်ဆိုင်ဖွင့်လိုက်ပါသည်။

ဖောက်သည်တစ်ယောက်က ပြောလိုက်၏။ "ဘာဖြစ်တာလဲ။ အခု ဒီဆိုင်ကိုတော့ အမြဲတမ်း မဖွင့်တော့ဘူးနော်။ စီးပွားရေးလုပ်တဲ့အချိန် ဘာလို့ အဲ့လောက် တက်ကြွကြတာလဲ။”

"တက်ကြွရတာပေါ့ဗျ။ ကျွန်တော့်ဖက်ထုပ်တွေက ဝင်ငွေမကောင်းဘူး။ အချိန်ပိုရတဲ့အခါ ကျွန်တော် တခြား လုပ်စရာ တစ်ခုခုကို ရှာတယ်။ အချိန်ပိုမရှိရင် ပိတ်လိုက်တယ်။ အချိန်ရှိမှ ဖွင့်တယ်။ စားချင်ရင် လာစားကြပေါ့။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။

"ဝင်ငွေမကောင်းဘူးဟုတ်လား။ မင်းဖက်ထုပ်တွေက စျေးမနည်းပါဘူးကွာ။" အသက်ကြီးကြီး ဖောက်သည်က ပြုံးလိုက်ပါသည်။

"ဒီတိုင်း အပေါ်ယံကြည့်ရင်တော့ အဲ့လိုထင်ရတာပေါ့။ အပြင်လူတွေနဲ့ယှဥ်ရင် ဒီနယ်မြေထဲမှာ ကျွန်တော်တို့မိသားစုက အထင်ရှားဆုံးကိုး။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

ဖောက်သည်က ရွှင်ပျစွာပြောလိုက်ပါသည်။ "ဒါဆိုလည်း တစ်ပန်းကန်ချကွာ။”

ကျိုးကွေ့လိုင်က ဖက်ထုပ်များ စထုပ်ကာ ချက်နေပါသည်။ ဖက်ထုပ်ဆိုင်စီးပွားရေးလည်း တဖြည်းဖြည်းနဲ့ ပြန်ပြီး လိုက်မှီလာပါပြီ။ ဆိုင်ဖွင့်ပြီး ကျိုးမိသားစုအပိုင် ဖြစ်နေသေးသရွေ့ လာစားသည့် ဖောက်သည်တချို့တော့ ရှိပါလိမ့်မည်။

လွန်ခဲ့သော နှစ်များအတွင်း ဖက်ထုပ်ဆိုင်၏ အမြတ်အစွန်းက တိုးတက်လာခဲ့သည်။ ပြောရလျှင် ဖက်ထုပ်များကလည်း အရည်အသွေးမြင့် ဖက်ထုပ်များ ဖြစ်ပါသည်။ တခြားသူများက သူတို့ဖက်ထုပ်ကို မယှဥ်နိုင်ကြပါ။ မဟုတ်ရင် ဘာကြောင့် ကျိုးကွေ့လိုင်က ဖက်ထုပ်စက်ရုံထောင်ဖို့ ဆန္ဒ ဆက်ရှိနေဦးမှာလဲ။

သို့သော်လည်း အလောတကြီး တည်ထောာင်ဖို့ မဖြစ်နိုင်ပါ။ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ မိမိလေးနဲ့အတူ ရက်အနည်းငယ်အတွင်း မြို့တော်သို့ ပြန်ရောက်လာပါသည်။

မြို့တော်သို့ ပြန်ရောက်သောအခါ လင်မယားနှစ်ယောက်သား မြေဝယ်ဖို့ အစီအစဥ်စဆွဲသည်။

ထိုမြေကွက်၏ စျေးနှုန်းက မသေးငယ်ပါ။ ချေးငွေယူဖို့ လိုအပ်သည်။ အလွန်များပြားသော ပမာဏ ဖြစ်သည်။ သူတို့မိသားစု၏ သန်းချီသော ပိုင်ဆိုင်မှုအရ အများကြီး လိုအပ်ချက် ရှိနေပါသေးသည်။

သို့သော်လည်း ကျိုးချင်းပိုင်နဲ့ လင်ချင်းတို့က ချေးငွေပြန်မရနိုင်မှာကို စိတ်မပူပါ။

သူတို့မိသားစု စုငွေများနဲ့ မိသားစု ပိုင်ဆိုင်မှုများကြောင့် သူတို့ ဘာပဲဖြစ်ဖြစ် ချေးငွေထောက်ခံချက် ရနိုင်ပါသည်။

၁၉၈၈ ခုနှစ်သာ ရှိသေးသောာ်လည်း ဒါက မြို့တော် ဖြစ်ပါသည်။ အတိုးမရှိဘဲ ကြိုက်သလောက် ချေးငှားနိုင်သည့် နည်းလမ်းမှာ ရေပန်းမစားတော့ပါ။ ကျေးရွာနယ်မြေများတွင် ရှိနေနိုင်သေးသောာ်လည်း ဒီမှာတော့ မရှိတော့ပေ။

အကြွေးများစွာ ပြန်မရတတ်သဖြင့် ထိုကဲ့သို့ ငွေချေး နည်းလမ်းက ပြောင်းပြန်နည်းလမ်း ဖြစ်နေပါသည်။

ကျိုးချင်းပိုင်က ၈၀,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသော ထိုမြေကွက်တစ်ခုလုံးကို လိုချင်နေသည်။ နေရာကတော့ အတော်လေးလည်း ချောင်ကျ၏။ သက်ဆိုင်ရာ အရာရှိက ကျယ်ပြန့်သည့် စိုက်ပျိုးရေးနဲ့ မွေးမြူရေး အခြေစိုက်မြေအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်လိုက်သောအခါ ၎င်းတို့ကို ပေးလိုက်ပါသည်။

မြေတစ်ဧကကို ယွမ် ၅၀,၀၀၀ ဝန်းကျင်လောက် ကုန်ကျ၏။ စုစုပေါင်း ဧက ၁၂၀ ဝန်းကျင်ကို ယွမ် ၆သန်းကျော်ကျော်လောက် ကုန်ကျနိုင်ပါသည်။

မိသားစုစုငွေအားလုံးကို ထည့်သွင်းလိုက်ရင်တောင် ငွေလိုအပ်ချက် ရှိနေပါသေးသည်။ သို့သော်လည်း ငွေချေးရတာ လွယ်ကူပါသည်။

သို့သော် သူတို့မိသားစုပိုင်ဆိုင်မှုများကို သက်သေအဖြစ် ပြသရပါမည်။

သူတို့မိသားစုနာမည်အောက်က ပိုင်ဆိုင်မှုများစွာကိုမြင်ပြီး ဒါက ကျယ်ပြန့်သည့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးအခြေစိုက်မြေဖြစ်တာကို သိလိုက်ရသဖြင့် အတိုးရှိပါသည်။ ဘာပဲဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်ဆဲကာလ မဟုတ်ပါလား။ သို့သော်လည်း ပြန်ဆပ်ရမည့် အချိန်ကာလကို သတ်မှတ်ခဲ့ပါသေးသည်။ သတ်မှတ်ထားသည့် ကာလအတွင်း ငွေချေဖို့ လိုအပ်သည်။ မဟုတ်ပါက မြေကို ပြန်သိမ်းသွားပါလိမ့်မည်။

လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ ငြင်းစရာ မရှိကြပါ။ ဒီလိုနဲ့ ထိုမြေတစ်ကွက်ကို သူတို့ယူခဲ့ကြပါသည်။

"၈၀,၀၀၀ စတုရန်းမီတာတဲ့။ မြို့တော်မှာ ၈၀,၀၀၀ စတုရန်းမီတာ မြေကွက်ကြီး တကယ်ပိုင်သွားပြီပေါ့။" အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရသည့် လင်းချင်းဟယ်တစ်ယောက် သက်ဆိုင်ရာ စာရွက်စာတမ်းများကို မြင်သောအခါ ပျော်ရွှင်နေပါသည်။

ကျိုးချင်းပိုင်က သူမနဲ့အတူ ကားမောင်းပြန်လာပြီး ရွှင်ပျစွာဖြင့် ပြန်ပြောလိုက်ပါသည်။ "ကိုတို့မိသားစု မနက်ဖြန် ပြောင်းသင့်တယ်။”

မနက်ဖြန်က နေ့ကောင်းနေ့မြတ် ဖြစ်သည်။ အိမ်ပြောင်းဖို့အတွက် အသင့်တော်ဆုံးအချိန် ဖြစ်၏။ သူ့မိသားစု တိုက်ခန်းမှ အိမ်ခြံဝန်းကြီးသို့ တရားဝင် ပြောင်းရွှေ့နေနိုင်ပါတော့မည်။

အိမ်ခြံဝန်းကြီးက တိုက်ခန်းနဲ့ နည်းနည်း ဝေးသည်။ ကားဖြင့် ၁၀ မိနစ်လောက် မောင်းရပါသည်။

"ပြောင်းကြစို့။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။

အိမ်ခြံဝန်းကြီးကို ဝယ်ခဲ့တာ တော်တော်ကြာပြီဖြစ်ပြီး သူမ ဘဝကို ပျော်ပျော်နေဖို့ အလှည့် ရောက်လာပါပြီ။

ထို့နောက် နောက်တစ်နေ့ ရောက်သောအခါ ကျိုးမိသားစု တရားဝင် အိမ်ပြောင်းခဲ့ကြပါသည်။

သူတို့အိမ်ပြောင်းသွားသည့်နေ့တွင် သားလတ်က သူ့ကောင်မလေး ဟဲမြန်မြန်ကို ခေါ်လာခဲ့သည်။ သားငယ်လည်း ပါလာသည်။ မိသားစု၏ ဆွေမျိုုးနဲ့ မိတ်ဆွေအားလုံးနီးပါး လာခဲ့ကကြပါသည်။

ဝိန်မိသားစုလည်း လာခဲ့၏။ အဖေဝိန် အမေဝိန်၊ ဝိန်ကော်တုန်းနဲ့ ကျိုးစစ်နီတို့လည်း ရောက်လာကြပါသည်။

အမေဝိန်က အလွန်မနာလိုဖြစ်မိသည်။ "ရှင်ဒီလောက်ကြီးပြီး လှတဲ့ခြံကြီး ဘယ်တုန်းက ဝယ်လိုက်တာလဲ မသိလိုက်ဘူး။"

သူမအိမ်မှာလည်း ခြံတစ်ခြံ ရှိပါသည်။ သို့သော်လည်း ၁၀၀ စတုရန်းမီတာဝန်းကျင်သာ ဖြစ်သည်။ တော်တော်လေး သေးငယ်ပါသေးသည်။ ဝင်ပေါက်နှစ်ခုပါ ခြံဝန်းကြီးနဲ့ နှိုင်းယှဥ်လို့မရနိုင်ပါ။

ဒီဧရိယာက သူမ၏ ခြံဝင်းထက် ၆ ဆ ၇ ဆလောက် ပိုကျယ်သည်။

တကယ်ပဲ သူမ၏ ခြံ ၆ ခု ၇ ခုစာလောက် ဝင်ဆံ့နိုင်ပါသည်။ ဒီဝင်ပေါက်နှစ်ခုပါသည့် ခြံဝန်းကြီးကို အဆင့်မြင့်ခြံဝန်းကြီး ဟုခေါ်နိုင်ပါသည်။ ပိုကျယ်ဝန်းပါက ဝင်ပေါက် ၃ ပေါက်တောင် ဖြစ်သွားနိုင်ပါသည်။

လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။ "မဖုံးကွယ်ထားပါဘူး။ အခု ပြင်ဆင်တာတွေ ပြီးသွားတာနဲ့ ကျွန်မပြောပြတာပဲ မဟုတ်ဘူးလား။ အခု အကျယ်ကြီး ဖြစ်သွားပြီ။ ရှင်လာချင်ရင် အဖေဝိန်နဲ့ အချိန်မရွေး လာနေလို့ရတယ်။ ကြိုက်သလောက်သာနေ။”

"ဒါဆို အားမနာတော့ဘူးနော်။" အမေဝိန်က ပြုံးလိုက်သည်။

လီအိုက်ကော်က မလာခဲ့ပါ။ ကျိုးစန်းနီက ဖန်ဖန်လေးကို ခေါ်လာခဲ့သည်။ ဖန်ဖန်လေးက လင်းချင်းဟယ် ဝယ်လာသည့် အုန်းသီးကိတ်ကို စားနေပါသည်။

"အရသာရှိလား။" မိမိလေးက မေးလိုက်ပါသည်။

"အရသာရှိတယ်။" ဖန်ဖန်လေးက အလွန်သဘောကျပါသည်။

မိမိလေးက အမြွှာနှစ်ယောက်ဘက်သို့ လှည့်လိုက်သည်။ အမြွှာနှစ်ယောက်က အုန်းမှုန့်ဖြင့် လုပ်ထားသည့် အုန်းနို့များကို သောက်နေပါသည်။ သူတို့နှစ်ယောက် အလွန်ကြိုက်နှစ်သက်စွာ သောက်နေကြပါသည်။

"ငါတို့ကိုလည်း အိမ်မှာ စားဖို့ လက်ဆောင်ပေးလိုက်ဦး။" အမြွှာအစ်ကိုက ပြောလိုက်ပါသည်။

"အင်း" မိမိလေးက ပျော်ရွှင်စွာခေါင်းငြိမ့်လိုက်ပါသည်။

ဟဲမြန်မြန် အရင်တုန်းက ကျိုးရွှမ်နဲ့ ဒီကို လာဖူးပါသည်။ ထိုအချိန်တုန်းက ပြင်ဆင်တာတွေ မပြီးသေးပါ။ အခု ပရိဘောဂကော တခြား အရာတွေပါ ပြီးဆုံးသွားပါပြီ။ တကယ်ပဲ အလွန်ကျယ်ဝန်းပါသည်။

"မြန်မြန်၊ အားရင် ဒီကို မကြာခဏလာလည်နော်။ သားလတ်လို မလုပ်နဲ့။ သူက အမြဲတမ်း အိမ်မှာကို မရှိဘူး။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ဟဲမြန်မြန်က သူမ ယောက္ခမလောင်းကို လေးစားပြီး ပြုံးကာ ပြောလိုက်သည်။ "ကျိုးရွှမ်က အလုပ်များနေလို့ပါ။ သူက အိမ်ကိုသတိရပါတယ်။ သူ အားလပ်ရက်ရတာနဲ့ အိမ်ကိုပဲ ပြန်လာချင်နေတာပါ။”

"နည်းနည်းတော့ သိတတ်သားပဲ။" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။

ဒီနှစ် အိမ်သစ်တက်စားသောက်ပွဲက အတော်လေး စည်ကားပါသည်။ ပင်လယ်ခရု၊ ပင်လယ်မျှော့များကို စားပွဲပေါ်တွင် တည်ခင်းပေးထားသည်။ အလွန်စည်ကားလှပါသည်။

အဖေကျိုး၊ အမေကျိုးနဲ့ အဘိုးဝမ်တို့အားလုံးလည်း ရှိနေပါသည်။ ဒီနေ့က အတော်လေး စည်ကားသော နေ့တစ်နေ့ ဖြစ်သည်။

"ကျွန်မ ရှင့်မိသားစုကို သဘောကျတယ်။" စားသောက်ပြီးနောက် သန့်ရှင်းရေးလုပ်ရမည့်လူများက သန့်ရှင်းရေးလုပ်ကြပြီး အနားယူကြမည့်လူများက အခန်းထဲဝင်ကာ တီဗီကြည့်ရင်း လက်ဖက်ရည် သောက်ကြပါသည်။ ဟဲမြန်မြန်က သောက်တာ နည်းနည်းများသွားသော ကျိုးရွှမ်ကို အခန်းထဲသို့ လိုက်ပို့ရင်း လမ်းမှာ ပြောလိုက်ပါသည်။

ကျိုးရွှမ်က သူမ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလေးကို ကြည့်နေသည်။ သူ မနေနိုင်ဘဲ ခပ်ဖွဖွ နမ်းလိုက်မိပါသည်။ ဟဲမြန်မြန် ရှက်သွေးဖြာသွားပြီး သူ့ကို ခပ်ဖွဖွလေး ရိုက်လိုက်ပါသည်။

"အစ်ကိုကြီး လက်ထပ်ပြီးတာနဲ့ ဒီနှစ်ထဲ စေ့စပ်ကြရအောင်။" ကျိုးရွှမ်က သူမကို သိုင်းဖက်ရင်း ပြောလိုက်ပါသည်။

"အင်း" ဟဲမြန်မြန်က တိုးတိုးလေး ပြန်ပြောလိုက်ပါသည်။ သူမရင်ထဲ ချိုမြိန်မှုများဖြင့် ပြည့်နှက်နေပါသည်။

All Chapters