← Chapters

အချိန်စက်ဝန်းပြားကို ကောက်ယူခြင်း

Vol. 87 Ch. 1205

အချိန်စက်ဝန်းပြားကို ကောက်ယူခြင်း

Vol. 87 Ch. 1205

လော့၊ လော့ရှုနှင့် အခြားနှစ်ယောက်က သူတို့ တိုက်ခိုက်မှုအား လက်လျှော့လိုက်ကြပြီး လေးယောက်သား အဆုံးမဲ့ နယ်မြေဆီ အပြေးအလွှား သွားလိုက်ကြသည်။

လော့က စကြဝဠာ၏ တာအိုစည်းမျည်းကို စုဆောင်းဖို့ ဆုံးဖြတ်ထားသောကြောင့် နောက်ထပ် တာအိုစည်းမျည်း ပေါ်လာသည်နှင့် လက်လျော့မည် မဟုတ်ပေ။

တစ်ဖက်တွင် လော့ရှုနှင့် အခြားသူများကလည်း သူတို့ ပူးပေါင်းတိုက်ခိုက်မှုက လော့ လက်ထဲမှ တာအိုစည်းမျည်းကို လုယူနိုင်မည် မဟုတ်ကြောင်း သိထားကြသည်။ ထို့အပြင် သူတို့သုံးယောက်ထဲ မည်သူက စကြဝဠာ၏ တာအိုစည်မျည်းကို သိမ်းမည်နည်း။ သူတို့အားလုံးက မည်သူ့အပိုင် ဖြစ်သင့်ကြောင်း ထပ်ပြီးတော့ တိုက်ခိုက်ရပေဦးမည်။

ထိုက်လွန်က ဟုန်မုန့်သဲကို ဖယ်ရှားပြီးသည့်အခါ စကြဝဠာ၏ တာအိုစည်းမျည်း ထွက်ပေါ်လာလိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။ သို့သော်လည်း သူက ဤကိစ္စအား ကောင်းကောင်း အကြံအစည် ချထားပေ၏။ သူက ဤတာအိုစည်းမျည်းကို အမွှေးတိုင် တစ်တိုင်စာအတွင်း အပိုင်သိမ်းမည်။ သူ သိမ်းပြီးသည်နှင့် ချက်ချင်း ထွက်သွားမည် ဖြစ်၏။

လော့ရှုနှင့် အခြားသော ဝိဇ္ဇာနှစ်ပါးက သူ့အား ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ပေ။

သူ့အလံ ဆယ်ခု ထုတ်လွှင့်ပြီးနောက် ထိုက်လွန် အမူအယာမှာ ပြောင်းလဲသွားလေသည်။ အကြောင်းမှာ လက်တွေ့က သူ ထင်ထားသည်နှင့် ကွာခြားလှပေသည်။ သူ၊ လော့ရှုနှင့် အခြားသော အရိုက်အရာခံ နတ်ဘုရားနှစ်ပါးတို့သည် တာအိုစည်းမျည်း အကြောင်း လေ့လာနေသည်မှာ နှစ်များစွာ ကြာမြင့်နေလေပြီ။ သူ့အမြင်၌ ဤတာအိုစည်းမျည်းအား အမွှေးတိုင် တစ်တိုင်စာအတွင်း သိမ်းနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိ၏။

ယခု သူ မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။ စကြဝဠာ၏ တာအိုစည်းမျည်း စွမ်းအားနှစ်ခုမှာ လုံးဝ ကွာခြားပေသည်။ သူက ဤတာအိုစည်းမျည်းအား နှစ်နာရီအတွင်း သိမ်းဖို့ပင် ယုံကြည်ချက် မရှိတော့ပေ။ သူက အားမကောင်း၍ မဟုတ်ဘဲ သူ့ကမ္ဘာရှိ စည်းမျည်းက မပြည့်စုံ၍ ဖြစ်၏။

ယခု တာအိုစည်းမျည်းက ထွက်ပေါ်လာပြီ ဖြစ်ရာ ဖုံးကွယ်ထားဖို့ နောက်ကျသွားလေပြီ။ ထိုစဉ် သူက လက်ဟန် အများအပြားကို ထုတ်ဖော်ကာ တာအိုစည်းမျည်းအား ယူဖို့ အသည်းအသန် ကြိုးပမ်းလိုက်လေသည်။

“ဝုန်း …”  အမွှေးတိုင်တစ်တိုင်စာ ကျော်သွားပြီးနောက် မှော်ရတနာ တစ်ခုက သူ့ကာကွယ်ရေး အစီအရင်ပေါ် ကျရောက်လာသည်။

သူက ရွှေရောင်အခွင့်အရေးနှင့် လွဲချော်သွားပြီ ဖြစ်ကြောင်း သိလိုက်၍  စိတ်ထဲ လေးလံသွားလေ၏။ လောရှုနှင့် တခြားသူများက ပြန်ရောက်လာကြလေပြီ။ သူက အရာအားလုံးကို တွက်ချက်ထားသော်လည်း သူ မျှော်မှန်းမထားသည့် တစ်ခုတည်းသောအရာက အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက အမွှေးတိုင် တစ်တိုင်စာအတွင်း ဤတာအိုစည်းမျည်းအား သိမ်းယူမှု  ကျရှုံးသွားလိမ့်မည်ဟု လုံး၀ မထင်ထားခဲ့ပေ။

“ထိုက်လွန် … မင်း အကြံကြီးလှချည်လား … မင်းရဲ့ အင်မော်တယ်ဂူမှာ ဘာလို့များ အမှိုက်သရိုက်တွေ စုနေတာလဲ ဆိုပြီး အံ့သြနေတာ … အမှန်တကယ်တော့ တာအိုစည်းမျည်းကို ဝှက်ထားဖို့အတွက်ပဲ မဟုတ်လား”  လော့ရှုက အံကြိတ်ကာ ပြောလိုက်သည်။ သူ့အသံကား သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဖုံးလွှမ်းနေ၏။

“ဒီတာအိုစည်းမျည်းက ငါ့ဘာသာ သိမ်းထားတာ … မင်းတို့တွေက ငါ့ဆီက လုယူချင်တာလား ” ဝိဇ္ဇာ ထိုက်လွန်၏ မျက်နှာမှာ မှုန်မှိုင်းနေပေသည်။ သူက ကိစ္စများသည် ပို၍ ရှုပ်ထွေးလာတော့မည် ဖြစ်ကြောင်း သိလိုက်သည်။

“လော့က ဘယ်မှာလဲ …” ဝိဇ္ဇာ ချင်းယွမ်က သူတို့နောက်မှ လိုက်ပါသည့် လော့ကို အမှတ်ရသွားလေ၏။

ဝိဇ္ဇာ ချင်းယွမ်၏ စကား မဆုံးခင် ဝုန်းဆိုသည့် ပေါက်ကွဲသံကြီး တစ်ခုကို ကြားလိုက်ရပြီး  ဝိဇ္ဇာ ထိုက်လွန်၏ ကာကွယ်ရေး အစီအရင်မှာ တစစီ ဖြစ်သွားလေသည်။ ဤခရမ်းရင့်ရောင် တာအိုစည်းမျည်းသည် ဓါးအလင်း တစ်ချက် ကျရောက်လာသည်။

ထိုက်လွန်က လော့လည်း ပါလာကြောင်း မသိထားပေ။ သူက ဝိဇ္ဇာ လော့ရှုနှင့် တခြားသူများကို အာရုံစိုက်ထားသောကြောင့်  သတိမပြုမိလိုက်ပေ။

လော့က သူ့ကာကွယ်ရေး အစီအရင် ဖျက်ဆီးပြီးသည့်နောက်တွင် လော့နှင့် အခြားဝိဇ္ဇာ နှစ်ဦးတည်းသာ ရောက်ရှိနေခြင်း မဟုတ်ကြောင်း သတိပြုမိလိုက်သည်။ စကြဝဠာ၏ တာအိုစည်းမျည်းအတွက်မူ ထိုက်လွန်က အရင်ကတည်းက ကြံစည်ထားခဲ့သည်။ သို့သော်လည်း လော့ရှု၊ တိဖိုနှင့် ချင်းယွမ်တို့က ဤနေရာမှ တစ်ပြိုင်နက် ထွက်သွားခဲသောကြောင့် သူ့အကြံအစည်အား မဖော်ဆောင်နိုင်ပေ။

ဤတစ်ကြိမ်၌ သူက အမွှေးတိုင် တစ်တိုင်စာ အချိန်ရခဲ့သော်လည်း သူ့အင်အားကို မှားယွင်းတွက်ချက်မိခဲ့၏။

လက်ရှိတွင် သူက လော့ဆီ တာအိုစည်းမျည်း ပါမသွားစေရန် တိုက်ခိုက်ရမည်။ ကမ္ဘာပျက် ကပ်ဘေးကြီးက ရောက်ရှိလာတော့မည် ဖြစ်ရာ ဤတာအိုစည်းမျည်းက သူ့အသက်နှင့် ညီမျှပေသည်။ ထိုက်လွန်၏ တာအိုအငွေ့အသက်များ ထွက်ပေါ်လာကာ  ဧရာမတောင်ကြီးတစ်လုံး  ဓားအလင်းတန်းဆီ ပျံသန်းသွားလေ၏။

“ဝုန်း …” စည်းမျည်းများက ချက်ချင်း ဖျက်စီးခံလိုက်ရပြီး တန်ပြန်အားသက်ရောက်မှုက ထိုက်လွန်ဆီ ရောက်ရှိလာသည်။ ထိုက်လွန်က သွေးတစ်ပွက် အန်လိုက်ရ၏။ ထို့အပြင် သူ့ခါးတစ်ဝိုက်လည်း သွေးနီများ ထွက်လာသည်။

ထိုက်လွန်က အတော်လေး အံ့သြတုန်လှုပ်သွားလေသည်။

ဒီလူက ဘယ်က ရောက်လာတာလဲ … ဘယ်လို ဓါးမျိုးလဲ … သူ့စွမ်းအား စက်ကွင်းနဲ့ ငါ့ခန္ဓာကိုယ်ကိုတောင် အလွယ်လေး ပိုင်းဖြတ်နိုင်တယ်လား  …

“ထိုက်လွန် … သူက လော့ပဲ။  ငါတို့တွေ တစ်ယောက်ချင်း ယှဉ်ရင် သူ့အတွက် ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး … ငါတို့တွေ အခုတော့ ဒီတာအိုစည်းမျည်းကို ခဏဘေးဖယ်ထားကြရအောင်  … သူ့ဆီမှာ နောက်ထပ် တာအိုစည်းမျည်းတချို့လည်း ရှိသေးတယ် … ငါတို့ လေးယောက်လုံး အတူတူ တိုက်မှပဲ ရတော့မယ် …”

ချင်းယွမ် စကား မဆုံးသေးခင် ခန်းမကြီးထဲ၌ ပို၍ ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ စည်းမျည်းများ ပျက်စီးသွားကာ စကြဝဠာ ခရမ်းရောင် တာအိုစည်းမျည်းလည်း လုံးဝပျောက်ကွယ်သွားလေသည်။ ခရမ်းရောင် တာအိုစည်းမျည်းသည် ခရမ်းရောင် အလင်းတန်းဖြင့် ပျောက်ကွယ်သွားကာ အာကာပြင်တစ်လျှောက်  ဖြတ်သွားပြီး ပြေးထွက်သွားသည်။

လော့က တုံ့ဆိုင်းခြင်း မရှိဘဲ ထိုတာအိုစည်းမျည်းနောက် လိုက်သွားသည်။ ဆက်တိုက်ဆိုသလို လော့ရှုနှင့် အခြားသုံးယောက်လည်း လိုက်သွားကြလေသည်။ အဆုံးမဲ့နယ်မြေရှိ မိုးမြေစည်းမျည်းများက စတင် ပြိုလဲ ပျက်စီးလာသည်။ ကမ္ဘာနယ်မြေ အာကာပြင်တစ်ခွင် အက်ကြောင်းများ အသီးသီး ပေါ်လာကြလေ၏။

……………………….

ကျင့်ကြံနေစဉ်  မျက်စိတစ်မှိတ်အတွင်း နှစ်ထောင်ချီ ကုန်ဆုံးသွားလေသည်။

“ဝုန်း ”  မိုဝူကျိက ဝိဇ္ဇာတစ်ပိုင်း အဆင့် ၁၂ အတားအဆီးများကို ကျော်ဖြတ်သွားနိုင်လေပြီ။ ထိုသို့ဆိုလျှင် သူက ဂူပိတ် လေ့ကျင့်နေခြင်းမှ ထွက်မသွားသေးပေ။ ထိုအစား သူက ထိပ်တန်းအဆင့် နတ်ဝိညာဉ် သွေးကြော ထောင်ချီနှင့် အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော သောင်းချီကို ထုတ်ယူလိုက်သည်။ သူက နတ်ဝိညာဉ် စွမ်းအားများအား အသည်းအသန် စုပ်ယူလိုက်လေ၏။

ထိုစဉ် မိုဝူကျိပင် အဖျက်စွမ်းအား တစ်ခုကို ခံစားမိလိုက်သည်။ သူက ကမ္ဘာပျက် ကပ်ဘေးကြီး နီးကပ်လာသည့် အရိပ်အယောင်ဖြစ်ကြောင်း တန်းသိလိုက်၏။

သူက ကမ္ဘာပျက် ကပ်ဘေးကြီး ရောက်ရှိမလာခင် သူ့ရဲ့ ခွန်အားကို တိုးမြင့်ဖို့ အသည်းအသန် ကြိုးစားနေသည်။ သူ ဝိဇ္ဇာအဆင့်သို့ ရောက်ရမည်။ အကယ်၍ ကပ်ဘေးကြီး မတိုင်ခင် သူ ဝိဇ္ဇာအဆင့်သို့ မရောက်ခဲ့ပါက အခြားသူ၏ အမြောက်စာ သဘောမျိုး ဖြစ်သွားပေလိမ့်မည်။ သူ့အင်မော်တယ် ကျင့်စဉ်က နတ်ဝိညာဉ် စွမ်းအားများကို အသည်းအသန် စုပ်ယူနေပြီး ထုတ်ထားသော နတ်ဝိညာဉ်သွေးကြောများမှာလည်း တစ်ခုပြီး တစ်ခု အမှုန်ဖြစ်ကုန်လေသည်။ မိုဝူကျိ၏ အင်အားမှာလည်း ဆက်တိုက် မြင့်တက်လာလေသည်။

သို့သော်လည်း နတ်ဝိညာဉ်စွမ်းအားများ မည်မျှပင် စုပ်ယူစေကာမူ သူက ဝိဇ္ဇာအဆင့် အတားအဆီးသို့ မချိုးဖောက်နိုင်သေးပေ။

မိုဝူကျိက စကြဝဠာ၏ တာအိုစည်းမျည်းကို ထုတ်ယူပါက ဝိဇ္ဇာအဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်ကြောင်း ကောင်းကောင်း သိပေသည်။ သို့သော်လည်း မိုဝူကျိက ထိုအရာမှာ သူ့တာအို မဟုတ်ကြောင်း သိပေသည်။

သူက အင်မော်တယ် ကျင့်စဉ်ကို ဖန်တီးပြီး လူသားကမ္ဘာကို ဖန်တီးထားခဲ့သည်။ သူက တခြား စကြဝဠာ၏ တာအိုစည်းမျည်းဖြင့် သူ့တာအိုကို ပြီးပြည့်စုံအောင် လုပ်၍ မဖြစ်ပေ။

…………………….

နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားလေပြီ။ မိုဝူကျိ ရှိနေသည့် လူသူကင်းမဲ့သည့် ဂြိုလ်သည်လည်း ယခင်ကလို မဟုတ်တော့ပေ။

ဤနှစ်တစ်လျှောက် လူသားတာအို ဂြိုလ်အတွင်း စိမ့်ဝင်သွားခဲ့၏။ လူသားမှ ဝိဇ္ဇာအထိ တာအိုအရိပ်အယောင်များသည် စိုက်ထူထားသော နတ်ဝိညာဉ်သွေးကြောများနှင့် အတူ ထွက်ပေါ်လာလေ၏။ ဤလူသူကင်းမဲ့လှသော ဂြိုလ်သည် ယခုအခါ စိမ်းစို၍ အသက်ဓါတ်များ ပြည့်ဝနေပြီ ဖြစ်၏။ အပိုအသက်ဓာတ်အပြင် လူသားတာအို၏ အသက်ဓာတ်လည်း ရှိနေသည်။

ထို့ကြောင့် အဆင့်နိမ့် ဆေးပင်များလည်း စတင် ပေါက်ရောက်လာကြသည်။

ပုံရိပ်တစ်ခုက ဤဂြိုလ်နားမှ ဖြတ်သွားစဉ်  “အား … ဒါက အာကာသထဲမှာ အသက်ဓါတ်တွေ ပြည့်ဝနေတဲ့ ဂြိုလ်တစ်ခုလား ”

ထို့နောက် ပျံသန်းရေး ရတနာ ရပ်တန့်သွားပြီး အရပ်ရှည်ရှည် ခပ်ပိန်ပိန် လူတစ်ယောက်က သင်္ဘောပျံပေါ်မှ ဆင်းသက်လာသည်။ သူ့စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်၏။

ဒါက အချိန်စက်ဝန်းပြား မလား ….

သူ့စိတ်ထဲ၌ မပြောပြတတ်သည့် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်သွားလေသည်။ သူက စိတ်လှုပ်ရှား၍ တုန်တုန်ယင်ယင်ပင် ဖြစ်လာလေသည်။ ခြေတစ်လှမ်းတည်းဖြင့် သူက အချိန်စက်ဝန်းပြားဆီ အရောက်သွားလိုက်သည်။

ကံကြမ္မာ ထိပ်သီး ရတနာတစ်ခုဖြစ်သည့် အချိန်စက်ဝန်းပြားကို သူက မြင်လိုက်ရသည်။

မဟုတ်သေးဘူး ……  ထိုအရာကို သူ ကောက်တွေ့လိုက်ခြင်းသာ ဖြစ်၏။

မမြင်နိုင်သည့် အတားအဆီးက သူ့သဘာဝ စွမ်းအားလက်ကို တားဆီးထားပြီးနောက် အပြာဝတ်ရုံနှင့် လူငယ်လေးတစ်ယောက်က သူ့ရှေ့၌ ပေါ်လာသည်။

“ဘယ်သူလဲ …”  အနက်ရောင် ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် ခပ်ပိန်ပိန် အမျိုးသားက မိုဝူကျိအား စိုက်ကြည့်လိုက်သည်။ သူက ဤလူငယ်လေးနှင့် အလွန်ပင် ရင်းနှီးနေကြောင်း သိလိုက်ရသည်။ သိပ်မကြာခင် သူက မိုဝူကျိ၏ ရင်းနှီးသည့် စိတ်ခံစားချက်အား ဘေးဖယ်ထားလိုက်တော့သည်။ ထို့နောက် သူ့စိတ်စွမ်းအားက ဂြိုလ်ပင်မနေရာဆီ ရောက်ရှိသွားလေ၏။

သူဘာမြင်လိုက်ရတာလဲ …

သူက အဆင့်မြင့် နတ်ဝိညာဉ်သွေးကြောများကို တွေ့လိုက်ရ …. 

မဟုတ်သေးဘူး  ပြီးတော့ ဖန်တီးမှုအဆင့် နတ်ဝိညာဉ်သွေးကြောများလည်း ရှိနေသေးသည်။

ဒီလူက ဘယ်သူလဲ … သူက ဘာလို့ အဲ့လောက်တောင် ချမ်းသာနေရတာလဲ … ဒါနဲ့ သူက ဘာလို့ ရင်းနှီးနေတယ်လို့ ခံစားနေရတာလဲ  …

မိုဝူကျိက ထိုလူအား ခြုံငုံကြည့်ကာ ခေါင်းတခါခါဖြင့်

“ဟင်း … ဒီလောက်နှစ်တွေကြာတာတောင် မင်းက တိုးတက်လာတဲ့ပုံ မပေါ်ဘူးပဲ … အခုထိ ဝိဇ္ဇာတစ်ပိုင်း အဆင့် ၈ ထိပဲ ရှိသေးတယ်ပေါ့ … ဒီနှစ်တွေမှာ ခွေးစာ ထိုင်ကျွေးနေတာလား ”

မိုဝူကျိက ထိုလူကို တစ်ခါမှ မမြင်ဖူးသော်လည်း ဤလူက ထန်းဟန် ဖြစ်ကြောင်း သိလိုက်သည်။ ယခင် နတ်ဘုရား ကုန်းမြေတွင် ရှိစဉ်အခါက ဝိဇ္ဇာထန်းဟန်သည် သူ့နောက် လိုက်ခဲ့ဖူးသည်။ ထို့ကြောင့် မိုဝူကျိက သူ့စွမ်းအားကို အာရုံခံမိဖူးသည်။ ထိုမျှတင် မကဘဲ နိဗာန တာအိုသဲများကိုလည်း ကောက်ယူခဲ့ဖူးသည်။ ထိုနိဗာန တာအိုသဲ စွမ်းအားများသည် ဝိဇ္ဇာထန်းဟန်၏ စွမ်းအားများ ဖြစ်၏။

ဝိဇ္ဇာထန်းဟန်အနေနှင့် နိဗာန တာအိုသဲများကို ထုတ်နိုင်သည်က ပုံမှန်ကိစ္စပင် ဖြစ်၏။

“မင်းက ဘယ်သူလဲ …”  မိုဝူကျိ၏ စကားများကို ကြားလိုက်သောအခါ ထန်းဟန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက မိုဝူကျိကို မည်သူမှန်း မမှတ်မိပေ။

မိုဝူကျိက အသာ ပြန်ပြောလိုက်၏  “အဲ့တုန်းက ခင်ဗျားကို မဟာဖျက်စီးရေး ပညာရပ်နဲ့ ထားခဲ့တာလေ … ဘာလဲ အဲ့ဒါက ခင်ဗျားအစွယ်တွေကို မဖျက်ဆီးလိုက်ဘူးလား ”

“မင်းလား …”  ဝိဇ္ဇာ ထန်းဟန်က ရုတ်ချည်း အမှတ်ရသွားသည်။ ပြောရမည်ဆိုလျှင် သူက လိန်ဟုန်ကျီကို ဖမ်းဖို့အတွက် မိုဝူကျိကို ဖမ်းဖို့ရာ ပို၍ အရူးအမူး ဖြစ်၏။ မဟုတ်လျှင် သူက လိန်ဟုန်ကျီ နောက်လိုက်ဖို့ လက်လျော့လိုက်မည် မဟုတ်ပေ။

မိုဝူကျိက ပြုံးကာ   “ဟုတ်တယ် … ကျုပ်ပဲ …”

“ ငါရဲ့ အာကာပြင် ရေအတားအဆီးနဲ့ ပင်းထန်းဝါးက  မင်းဆီမှာလား … ပြီးတော့ မဟာဖျက်ဆီးရေး ပညာရပ်ရော …”  ဝိဇ္ဇာထန်းဟန်က နှုတ်ခမ်းသပ်ကာ အချိန်စက်ဝန်းပြားကို ကြည့်ရင်း ပြောလိုက်သည်။

အာကာပြင်အတွင်း နှစ်များစွာ လျှောက်သွားနေရသည်ဖြစ်ရာ နောက်ဆုံးတော့ လက်စားချေနိုင်ပေတော့မည်။ သူက မိုးမြေ မီးပြင်းဖိုကို ရှာမတွေ့လျှင်ပင် အချိန်စက်ဝန်းပြားကို ရလျှင် လုံလောက်ပေ၏။

အချိန်စက်ဝန်းပြား၊ ပင်းထန်းဝါးနှင့် အာကာပြင် ရေအတားအဆီးတို့အပြင် မဟာဖျက်ဆီးရေး ပညာရပ်လည်း ရှိနေပေသေးသည်။

မိုဝူကျိ၏ အင်အားကိုမူ သူက လုံး၀ ဂရုမစိုက်ပေ။ ယခင် ထန်းဟန် လိုက်ဖမ်းစဉ်အခါက မိုဝူကျိက ပါးမွှားတစ်ကောင်မျှသာ ဖြစ်သည်။ အချိန်စက်ဝန်းပြား၏ အကူအညီနှင့်ပင် မိုဝူကျိက အချိန်တိုအတွင်း သူ့အား ခြိမ်းခြောက်နိုင်မည့် တည်ရှိမှုမျိုး ဖြစ်မလာနိုင်ပေ။

မိုဝူကျိက ပြုံးကာ လက်ဆန့်ထုတ်လိုက်သည်နှင့် မီးပြင်းဖိုတစ်ခု ပေါ်လာသည်   “ခင်ဗျားရဲ့ မိုးမြေမီးပြင်းဖိုကိုတော့ မေ့နေတယ် ထင်တယ် …”

***

All Chapters