← Chapters

အခန်း(၆၄၂) စိမ်းလန်းစိုပြည်သော

Vol. 46 Ch. 642

အခန်း(၆၄၂) စိမ်းလန်းစိုပြည်သော

Vol. 46 Ch. 642

အခန်း(၆၄၂) စိမ်းလန်းစိုပြည်သော

သူမယောက္ခမများ မြို့တော်သို့ သွားချင်သည်ဟူသည့်အကြောင်း ရွှယ်မိန့်လီကြားသောအခါ  သူမလည်း ခဏလောက်လိုက်သွားချင်မိပါသည်။ သူမသား ကောလိပ်တက်ပြီးကတည်းက တစ်ခါမှ ပြန်မလာခဲ့ပါ။ သူ့ကို သွားဆုံးမချင်သေးသည်။

သို့သော်လည်း သူမယောက်ျားက အလုပ်သွားရပြီး အငယ်ဆုံးသမီးလေးကလည်း ကျောင်းသွားရသေးသည်။

"မင်းသွားချင်ရင် သွားလေ။ ရက်နည်းနည်းလောက်နေလိုက်။ အဲ့ဒီရက်တွေ ရှောင်းယွီနဲ့အတူတူ အပြင်မှာပဲ ထွက်စားလို့ရတယ်" ခေါင်းဆောင်ကျန်းက သူမစိတ်ကူးများကို သိနေသဖြင့် ပြောလိုက်ပါသည်။

ဒီလိုနဲ့ မြို့တော်သို့လာမည့်အဖွဲ့ လူတိုးသွားခဲ့ပါသည်။ အထုပ်အပိုးများတော့ သိပ်ပြီးမရှုပ်ခဲ့ပေ။ အဝတ်အစားအပိုအနည်းငယ်နဲ့ ပိုက်ဆံပါလာလျှင် အဆင်ပြေပါပြီ။

သို့သော်လည်း ရွှယ်မိန့်လီက ရှန်ဟိုင်းမြို့တော်မှ မုန့်ပုံးအနည်းငယ်ကို ဝယ်လာခဲ့ပါသည်။

လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က သူတို့လာကြမည်မှန်း မသိသေးပါ။ သားငယ်က သူတို့နဲ့ ရောက်လာမှ သိသွားကြပါသည်။ ညနေတောင် စောင်းနေလေပြီ။

"ဘာမှကြိုမပြောပါလား။ ကြိုပြောရင် နင့်အဖေကို သွားကြိုခိုင်းလို့ရရဲ့သားနဲ့။”လင်းချင်းဟယ်က ရွှယ်မိန့်လီ၏ လက်ဆောင်များကို လက်ခံရင်း သူမသားကို ပြောလိုက်ပါသည်။

"ဘာမှမဖြစ်ပါဘူး။ ကျွန်မတို့ ဘတ်စ်ကားနဲ့ တစ်ခါတည်းလာခဲ့တာ။ အဆင်ပြေပါတယ်။ နောက်တစ်ခေါက်ဆို ကိုယ့်ဖာသာကိုယ် လာလို့ရတယ်။ လမ်းမှတ်မိတာပေါ့။” ရွှယ်မိန့်လီက ပြုံးလိုက်ပါသည်။

"ခေါက်ဆွဲနည်းနည်းလောက် ချက်လိုက်ပါ" ကျိုးချင်းပိုင်က အိမ်ထိန်းကို အမိန့်ပေးလိုက်ပါသည်။

အိမ်ထိန်းက အိမ်မှာပဲ အမြဲနေကာ တစ်ပတ်ကို တစ်ရက်နားသည်။ လစာကလည်း သင့်တင့်သညည်။ အခု တတိယသခင်လေးက ဧည့်သည်များနဲ့ ရောက်လာသဖြင့် ဘာမှပြောဖို့ မလိုတော့ပါ။

အိမ်ထိန်းမှ ဝက်သားခေါက်ဆွဲများကိ ချက်ပြုတ်နေစဥ် လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က ရွှယ်မိန့်လီ၊ အဘိုးကျန်း၊ အဘွားကျန်းတို့ကို ဧည့်ခန်းထဲတွင် ဧည့်ခံလိုက်ပါသည်။

"ရှင်တို့ အိမ်ပြောင်းလာတုန်းက လာသင့်တာ။ ကျွန်မ အချိန်မရလို့ပါရှင်" ရွှယ်မိန့်လီက ပြောလိုက်ပါသည်။

သူမ အရင်တစ်ခေါက်က လာဖို့  အစီအစဥ်ရှိခဲ့ပါသည်။ သို့သော်လည်း သူမအဖေအရင်းက ဆေးရုံတက်နေရသဖြင့်  သူမ စောင့်ရှောက်ပေးခဲ့ရပါသည်။ ထို့ကြောင့် သူမသားကိုသာ သွားခိုင်းလိုက်ပြီး စာအိတ်နီကြီးကြီးပေးကာ တောင်းပန်ခိုင်းလိုက်သည်။

လင်းချင်းဟယ်က ရွှင်ပျစွာပြောလိုက်ပါသည်။ "ခဏလောက်တော့ နေရမယ်နော်။ အဘိုးကျန်း အဘွားကျန်းတို့နဲ့ ခဏလောက် နေပါ။ ရှောင်ကမ်းလည်း မနက်ဖြန်  တစ်ရက်ပိတ်လိမ့်မယ်။ စောတယ်ဆိုရင် သောကြာနေ့ ညနေရောက်လာလိမ့်မယ်။ ဒါပေမယ့် စနေနေ့မနက်တော့ မကျော်ပါဘူး။”

"အဲ့ဒီကောင်စုတ်လေးကတော့။ ဒီမှာ စာလာသင်ပြီးကတည်းက နွေရာသီနဲ့ ဆောင်းရာသီ အားလပ်ရက်တွေမှာ အိမ်ပြန်လာဖို့တောင် မနည်းတိုက်တွန်းရတယ်။ ဒီမှာ ကောင်းကောင်းစား ကောင်းကောင်းနေရတော့ အိမ်ပြန်ပြီး ကျွန်မ ပွစိပွစိလုပ်တာ မခံချင်တော့ဘူးတဲ့လေ" ရွှယ်မိန့်လီက အူမြူးစွာ ပြောလိုက်ပါသည်။

လင်းချင်းဟယ်က သူမနဲ့ စကားခေတ္တပြောလိုက်သည်။ ကျိုးချင်းပိုင်ကလည်း အဘိုးကျန်း၊ အဘွားကျန်းတို့နဲ့ စကားပြောနေ၏။ စကားဝိုင်းလေး စည်ကားခဲ့ပါသည်။

သားငယ်ကတော့ ရေထွက်ချိုးနှင့်ပြီဖြစ်သည်။

ရေချိုးပြီးတာနဲ့ အိမ်ထိန်း၏ ခေါက်ဆွဲများလည်း အသင့်ဖြစ်နေပါပြီ။ ခရမ်းချဥ်သီးဝက်သားခေါက်ဆွဲနဲ့ ကြက်ဥပြုတ်များလည်းပါသည်။ အတော်လေး အရသာရှိပါသည်။

သူတို့ ညစာစားခန်းထဲတွင်စားသောက်ခဲ့ကြသည်။ သူတို့စားပြီးတာနဲ့ ရေချိုးဖို့ စီစဥ်ပေးပါမည်။ အခု ရေချိုးခန်းက နှစ်ခန်းရှိသည်။ ထို့ကြောင့် ရေချိုးဖို့အတွက် ရေချိုးအိမ်များသို့ သွားဖို့မလိုတော့ပါ။

အမှန်ပင်။ သူတို့သွားလိုရင်တော့  သွားနိုင်ပါသည်။ အထူးသဖြင့် ဆောင်းရာသီတွင် ရေချိုးအိမ်ကြီးများသို့ သွားရတာ ပိုဇိမ်ရှိနေပါသည်။

သူတို့ ခရီးပန်းလာလောက်သည်။ စားသောက်ပြီးနောက် တီဗီကြည့်ကာ ခေတ္တ စကားပြောခဲ့ကြ၏။ ထို့နောက် သူတို့ကို ဧည့်သည်အခန်းထဲသို့ အနားယူဖို့ လိုက်ပို့ပေးခဲ့ပါသည်။

"နောက်ကျနေပြီပဲ။ မနက်ဖြန်ကျမှ ခြံထဲ ကျွန်မ လျှောက်ကြည့်လိုက်ဦးမယ်" ရွှေ့မိန်လီိက ပြုံးလိုက်ပါသည်။

"မနက်ဖြန် ကျွန်မ လိုက်ပြပါ့မယ်" လင်းချင်းဟယ်ကလည်း ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။

ရွှယ်မိန့်လီ အနားယူလိုက်ပါသည်။ လင်းချင်းဟယ်က ဧည့်ခန်းထဲပြန်လာပြီး သားငယ်ကို ထရပ်ကားအကြောင်း မေးလိုက်၏။

"ဝယ်လိုက်ပြီလေ။ ဦးလေးကျန်းတို့ အောက်ထပ်မှာ ထားခဲ့တယ်။ ဒါနဲ့ ကျန်းဟန်ကို သေသေချာချာလေး လေ့ကျင့်ပေးလို့ရမယ်ထင်တယ်။ သူ့ကို မြို့တော်ဆီလာခိုင်းပြီး တစ်ခါတစ်လေ လေ့ကျင့်ပေးရမယ်။ အမေ ဘယ်လိုထင်လဲ" ကျိုးကွေ့လိုင်က အိတ်ထဲက ဆိုင်အခြေအနေမှတ်တမ်းကို ထုတ်လိုက်ကာ ပြောလိုက်ပါသည်။

လင်းချင်းဟယ်က စာရင်းကို ဖတ်ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ ရှန်ဟိုင်းမြို့တော်၏ ဆိုင်များက အတွက်အချက်များနဲ့ ပြည့်နှက်နေပါသည်။ ဖွင့်ထားတာ တစ်လတောင် မပြည့်သေးပေ။ သို့သော်လည်း အခြေအနေက မဆိုးလှပါ။

အလုပ်သမားလစာများကို နုတ်လိုက်ရင်တောင် အမြတ်ကျန်ပါသေးသည်။ လက်ဖက်ရည်ဆိုင်က ဖောက်သည်များအတွက် ရည်ရွယ်ခြင်းဖြစ်သဖြင့် စီမံနိုင်ဖို့ အချိန်ယူရပါသည်။ အမြတ်ကို ဒီလောက်အချိန်တိုလေးအတွင်း မြင်လိုက်ရသည်။ အများကြီး မဟုတ်သော်လည်း လုံလောက်ပါသည်။ ကျန်းဟန် ကြိုးစားထားတာကို မြင်နိုင်ပသါည်။

"သူဘယ်လိုရောင်းတာလဲ" လင်းချင်းဟယ်က မေးလိုက်ပါသည်။

"စက်ရုံကြီးတွေကိုသွားပြီး ပရိုမိုးရှင်းဆင်းတာလေ။ ဘော့စ်ကြီးတွေ တော်တော်များများက သူ့အရောင်းကြောင့်ပဲ ဆိုင်ရဲ့လက်ဖက်ရွက်တွေအကြောင်းကို သိသွားကြတာ။” ကျိုးကွေ့လိုင်က ရှင်းပြလိုက်ပါသည်။

မဟုတ်ပါက ကျန်းဟန်၏ ကျူရှင်စရိတ် တစ်ဝက်လောက်ကို သူ ပျော်ပျော်ကြီး ပြန်ပေးပါ့မလား။ ပါရမီရှင်များက အတော်လေး ရှားပါးသည်။ အထူးသဖြင့် ဒီလိုဦးနှောက်သုံးရသည့် အလုပ်မျိုးကို လုပ်နိုင်သည့် လူများက ပိုရှားသည်။

ထို့အပြင် ကျန်းဟန်က နောက်ပိုင်းမှာလည်း တခြားစက်ရုံကြီးများထံသို့ ဆက်သွားနေပါဦးမည်။ ထို့ကြောင့် ကျိုးကွေ့လိုင်က ထိုနေရာမှာ တယ်လီဖုန်းတစ်လုံး တပ်ဆင်ထားဖို့ စီစဥ်ထားသည်။ တချို့ ဘော့စ်များက လက်ဖက်ရွက်ဝယ်ချင်ပါက ၎င်းတို့ဆီသို့ လူကိုယ်တိုင်သွားမည့်အစား ပို့ပေးလိုက်ပါမည်။

ဒီလိုနဲ့ ထိုအကြံအကြောင်း သူ့အမေကို ပြောပြလိုက်ပါသည်။ လင်းချင်းဟယ်က ပြန်ပြောလိုက်၏။

"ဒါဆိုလည်း နောက်တစ်ခေါက် ဖုန်းတစ်လုံး ဆင်လိုက်ပေါ့။ ကျန်းကမ်း ပရိုမိုးရှင်းဆင်းတဲ့ အခါကျရင် လက်ဖက်ရွက်နည်းနည်းစီ ယူသွားခိုင်းလိုက်။ သူရောင်းနိုင်ပြီဆိုရင် ဖုန်းနံပါတ်ရယ် လက်ဖက်ရွက် ကျင်းတစ်ဝက်လောက်ကို အခမဲ့လက်ဆောင်ပေးလို့ရတယ်။”

"ဟုတ်ကဲ့ပါ" ကျိုးကွေ့လိုင်ကခေါင်းငြိမ့်လိုက်ပါသည်။

"လောလောာဆယ်တော့ ငါအဲ့ဘက်ကို သွားဦးမှာ မဟုတ်သေးဘူး။ အဲ့မှာ သူ့ကိုပဲ အလုပ်ပေးထားလိုက်ပါ။ တည်ငြိမ်သွားတာနဲ့ ငါကြည့်လို့ရအောင် မြို့တော်ကို လာခိုင်းလိုက်ချေ။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။ "ငါပင်ပန်းလို့ နားတော့မယ်။ ရက်နည်းနည်းကြာရင် နင်ငါနဲ့အတူ တောင်ပိုင်းကိုလိုက်ရမယ်။”

"အဖေကော လိုက်မှာလား" ကျိုးကွေ့လိုင်က ပြုံးဖြီးဖြီးနဲ့ သူ့အဖေကို ကြည့်လိုက်ပါသည်။

သူ့အဖေက မာမာထန်ထန်  ယောက်ျားကြီး တစ်ယောက်ဖြစ်မှန်း သူသိပါသည်။ သို့သော်လည်း အမေနဲ့ဆို ခြားနားသည်။ အမြဲတမ်း တပူးပူး တတွဲတွဲ လုပ်တတ်၏။

သူတို့ငယ်ငယ်တုန်းကအတိုင်းပင်။ အခုလည်း ဒီအတိုင်းပဲ ရှိနေဆဲ ဖြစ်သည်။ သူတို့ကို မခွဲနိုင်ကြပါ။

ကျိုးချင်းပိုင်က ဘာမှမတုန့်ပြန်ဘဲ သူ့မိန်းမကိုသာကြည့်လိုက်ပါသည်။

လင်းချင်းဟယ်က ပြောလိုက်၏။ "နင့်အဖေ မလိုက်ဘူး။ ကြာမှမကြာတာ။ လဝက်လောက်ဆို အသွားအပြန်လုပ်လို့ရတယ်။”

"လဝက်လောက်ဆိုတာ ကျွန်တော့်အဖေအတွက်တော့ တစ်နှစ်လိုပဲ။” ကျိုးကွေ့လိုင်က အူမြူးစွာ ပြောလိုက်ပါသည်။ "ကျွန်တော်နဲ့ ဦးလေးချန်းမင်နဲ့သွားရင်ကော။ ကျွန်တော်တို့ သွားလို့ရပါတယ်။”

"ငါကိုယ်တိုင်သွားမှာ" လင်းချင်းဟယ်က လက်ခါပြလိုက်ပါသည်။

ကျိုးကွေ့လိုင် ဆက်မပြောတော့ပါ။ သူသွားနားလိုက်ပါသည်။ ကျိုးချင်းပိုင်က သူ့မိန်းမကို စိုက်ကြည့်နေသည်။

လင်းချင်းဟယ်ကတော့ အေးအေးဆေးဆေး ပုံစံဖြင့်သာ ပြန်ပြောလိုက်သည်။ "အိပ်ချိန်တန်ပြီ။”

ကျိုးကွေ့လိုင်က သူ့မိန်းမနဲ့အတူ အခန်းထဲ ဝင်အိပ်လိုက်ပါသည်။ သူတို့သမီးလေး အိပ်ပျော်သွားတာ ကြာပါပြီ။ အိပ်ယာပေါ်မှာ ဝက်ကလေးတစ်ကောင်လိုအိပ်ပျော်နေပါသည်။

ထို့နောက် လင်းချင်းဟယ်က အဘိုးကြီးတစ်ယောက်၏ ဒေါသကို ခံစားလိုက်ရသည်။

"စောစောပြန်လာခဲ့" စိတ်ဆိုးပြေပြီးနောက် ကျိုးချင်းပိုင်က သူမကိုပွေ့ဖက်ရင်း ပြောလိုက််ပါသည်။

လင်းချင်းဟယ်က သူ့ကိုခွင့်ပြုထားလိုက်ပြီး အိပ်ဖို့သာ အာရုံစိုက်ထားလိုက်ပါသည်။ ယောက်ျားနဲ့ မိန်းမဆိုတာ အချင်းချင်း ပိုရင်းနှီးလာပြီး သက်လယ်ပိုင်းလောက်မှ ပဋိပက္ခဖြစ်တတ်တယ်လို့ ပြောကြတယ် မဟုတ်ပါလား။

ဘာလို့ သူမယောက်ျားက သူမကို စိတ်မကုန်သေးတာလဲ။

နောက်တစ်နေ့မနက်စောစော ကျိုးချင်းပိုင်က အပြေးလေ့ကျင့်ခန်းထွက်လုပ်ပါသည်။ လင်းချင်းဟယ်လည်း စောစောထသည်။ အိမ်မှာ ဧည့်သည်ရှိနေသဖြင့် ဧည့်သည်တွေထက် နောက်ကျမှထလို့မဖြစ်ပါ။

အိမ်ထိန်းက များပြားပြီး အရသာရှိသော မနက်စာများကို ပြင်ထားပါသည်။ စားသောက်ပြီးနောက်လင်းချင်းဟယ်က ရွှယ်မိန့်လီ၊ အဘိုးကျန်း အဘွားကျန်းတို့အား ခြံတစ်ပတ်လိုက်ပြလေသည်။

စုစုပေါင်း ဧရိယာက ၈၀၀ စတုရန်းမီတာ ရှိသွားပါပြီ။ အလွယ်ကျယ်ဝန်းသည့် ဝင်ပေါက် ၂ ပေါက်ပါ အိမ်ခြံဝန်းကြီးဖြစ်သည်။ နောက်ထပ် ၁၀၀ စတုရန်းမီတာလောက်သာ ထပ်တိုးလိုက်ပါက ဝင်ပေါက် ၃ ပေါက်ပါအိမ်ခြံဝန်းကြီးဟု သတ်မှတ်နိုင်ပါသည်။

ထို့နောက် ပြန်လည် ပြုပြင်ပြီးနောက်ပိုင်း ခြံ၏ ရိုးရှင်းသည့် စတိုင်က မပြောင်းလဲသေးပါ။ ဒီလို ရိုးရှင်းမှုက မြင်ရတာ သန့်ရှင်းသပ်ရပ်လှပါသည်။

သစ်ပင်များစွာကိုလည်း စိုက်ပျိုးထားသည်။ အားလုံးကတော့ အပင်ပေါက်သာရှိသေး၏။ ၁ မီတာလောက်သာရှိိသေးသည်။ အိုးဖြင့်စိုက်ထားသည့် အပင်များလည်းရှိသေးသည်။ လုံးဝ စိမ်းလန်းစိုပြည်လှပါသည်။ ခြံဝန်းတစ်ခုလုံးက သက်လုံစွမ်းအင်များဖြင့် ပြည့်ဝနေလေသည်။

All Chapters