အခန်း(၆၃၉) မင်္ဂလာလက်ဖွဲ့နဲ့ ခန်းဝင်ပစ္စည်း
Vol. 46 Ch. 639
အခန်း(၆၃၉) မင်္ဂလာလက်ဖွဲ့နဲ့ ခန်းဝင်ပစ္စည်း
"ဟာ ကျွန်တော်လည်း လက်ထပ်ချင်လာပြီ။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
"အေး နင်ကဘွဲ့ရပြီးပြီပဲ။ နင်ရည်းစားလိုချင်ရင် ရှာပေါ့။ အခြေချဖို့ ပိုက်ဆံပေးတာက မိသားစုနဲ့ ခွဲလိုက်တာမဟုတ်ဘူးနော်။ နီးပြီး ငါနဲ့ နင့်အဖေကို စိတ်မရှိဘူးဆိုရင် အိမ်မှာပဲ နေလို့ရတယ်။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
အမေဟဲနဲ့ အကြီးဆုံးယောက်ဟဲတို့က ကြားဖြတ်မပြောကြပါ။ သူတို့နားမလည်ဘဲနေပါ့မလား။ အကြီးဆုံးယောက်မက သူမ၏ အငယ်ဆုံးယောက်မလေးကို လှမ်းကြည့်လိုက်သည်။
သူမ အငယ်ဆုံးယောက်မလေး အမြင်ရှိသည်ဟု ထင်မိပါသည်။
သူမတို့မိသားစုက အငယ်ဆုံးယောက်မကို အိမ်ထောင်ဖက် ရှာမပေးချင်တာ မဟုတ်ပါ။ သူတို့ မိတ်ဆက်ပေးခဲ့သော်လည်း တစ်ယောက်မှ သူမ မျက်စိမကျခဲ့ပါ။ သူမ၏ စံနှုန်းများက မြင့်မားသည်။
စာရွက်စာတမ်း လာပို့သော ကျိုးရွှမ်ကို မြင်မြင်ချင်း သူမ ချစ်မိသွားသည်။ ယောက်ျားလေးကို ချက်ချင်းပဲ ပိုးပန်းခဲ့ပါသည်။ အတော်လေး အတင့်ရဲသည်ဟု ဆိုရမည်။
သို့သော်လည်း ကျိုးရွှမ်မှာ ဘာအပြစ်အနာအဆာမှ မရှိတာကိုတော့ ဝန်ခံရမည်။။ ပညာအရည်အချင်းကော၊ သူကိုယ်တိုင်ကော သူ့မိသားစုကော ဘာမှပြောစရာ မရှိပေ။
သူမ၏ အငယ်ဆုံးယောက်မလေး၏ ယောက္ခမလောင်းကလည်း အဆင်ပြေဖို့ အလွန်လွယ်ကူပါသည်။ ပညာတတ်များက တကယ်ပဲ ခြားနားပါသည်။
သတို့သားလောင်း၏ မိသားစုက မင်္ဂလာလက်ဖွဲ့များနဲ့ တခြားပစ္စည်းများကို ပေးပါမည်။ အားလုံးကို ရှင်းရှင်းလင်းလင်းဖော်ပြထား၏။ ထို့အပြင် အတော့်ကို ရက်ရောလှပါသည်။
သူမ ဟဲမိသားစုနဲ့ လက်ထပ်တုန်းကထက် ပိုပြီးတော့ပင် မြင့်မားပါသေးသည်။
ဟဲမိသားစုတွင် ထိုကဲ့သို့ အခြေချငွေဆိုတာမျိုး မရှိခဲ့ပါ။ အမှန်ပင်။ သူမကို အများကြီးတော့ ပေးခဲ့ပါသည်။
အထူးသဖြင့် သူမယောက်ျားက အစွမ်းအစရှိသည်။ အခုတော့ ကျယ်ပြန့်သည့် စက်ရုံလုပ်ငန်းတစ်ခုကို လည်ပတ်နေပါပြီ။
သို့သော်လည်း အငယ်ဆုံးယောက်မလေး၏ အိမ်ထောင်ရေးမှာ မကြိုက်စရာ ဘာမှ မရှိပါ။ ထို့အပြင် ကိုယ့်ထက် နိမ့်ကျသူနဲ့ လက်ထပ်တာလည်း မဟုတ်ပေ။ အဆင့်အတန်းတူချင်း လက်ထပ်တာဟု သတ်မှတ်နိုင်သည်။
ဟဲမြန်မြန်၊ အကြီးဆုံးယောက်မဟဲနှင့် အမေဟဲတို့က ၉နာရီခွဲမှာ ရောက်လာကြပြီး ၁၁ နာရီထိုးမှ ပြန်သွားကြပါသည်။ လင်းချင်းဟယ်က သူတို့ကို နေ့လည်စာစားဖို့ နေခိုင်းသော်လည်း သူမ၏ ဆွေမျိုးလောင်းများက တကယ်ပြန်ချင်နေကြမှန်း သတိထားမိပါသည်။ ထို့ကြောင့် ပြင်ဆင်ထားပြီးသား လက်ဆောင်များဖြစ်သော ငါးကြီးဆီ၊ ပင်လယ်မျှော့နဲ့ ပင်လယ်ခရုတို့ကို ပုံးများဖြင့် ထုတ်ပိုးကာ ပေးလိုက်ပါသည်။ တကယ်ပဲ ရက်ရောသည့် လက်ဆောင်များ ဖြစ်သည်။
အိမ်သို့ အပြန်လမ်းတွင် အမေဟဲ၏ မျက်နှာပေါ်၌ ကျေနပ်သော အပြုံးတစ်ခု ပေါ်လွင်နေပါသည်။
အကြီးဆုံးယောက်မဟဲက ရွှင်ပျစွာ ပြောလိုက်သည်။ "အမေ အခုစိတ်ပူဖို့မလိုတော့ဘူးပေါ့။ သမီးလည်း အနာဂတ်မှာ ဒီလိုဆွေမျိုးရချင်တယ်။”
အဖေဖြစ်သူကိုတော့ သူတို့မတွေ့ရသေးပေ။ သို့သော်လည်း မိသားစု၏ ပုံစံကို သိနိုင်ဖို့ဆို မိသားစုထဲက အိမ်ထောင်ရှင်မ ဘယ်လိုပုံစံရှိသလဲဆိုတာကို ကြည့်ရင် မြင်နိုင်ပါပြီ။
အိမ်ထောင်ရှင်မက မိသားစု၏ ဖုန်းရွှေဖြစ်သည်။ ဖုန်းရွှေကောင်းလျှင် မိသားစုကောင်းမည်ဟု အဓိပ္ပာယ်ရသည်။
အမေဟဲက သူမသမီးကို ပျော်ရွှင်စွာကြည့်လိုက်ရင်း ပြောလိုက်ပါသည်။ "နောက်ဆုံးတော့ ဒီတစ်ခေါက်တော့ နင်အမြင်ကောင်းသားပဲ။”
ဒီလိုမိသားစု ပတ်ဝန်းကျင်မျိုးနဲ့ဆို ဘာမှ စိတ်ပူဖို့ မလိုတော့ပါ။
ဟဲမြန်မြန်က ပြုံးလိုက်ပါသည်။ "ဒေါ်လေးလင်းက လက်ဆောင်တွေ အများကြီး ပေးလိုက်တယ်နော် အမေ။”
"အကြီးဆုံးချွေးမ အတူတူ ခွဲယူကြရအောင်။ ယောက္ခမလောင်းက သူ့ကိုယ်သူ ဂရုစိုက်တယ်ထင်တယ်။ ကျိုးရွှမ်ရဲ့ အမေလို့တောင် နည်းနည်းမှ မထင်ရဘူး။ သူ့ကို စစမြင်တုန်းက သူ့အစ်မကြီးလို့ထင်နေတာ။" အမေဟဲက ပြောလိုက်ပါသည်။
အကြီးဆုံးယောက်မကလည်း ရွှင်ပျစွာ ခေါင်းငြိမ့်လိုက်ပါသည်။ သူမ ဝန်ခံရမည်။ သူမလည်း ပထမဆုံး ဒီလိုပဲ ထင်မိတာ ဖြစ်ပါသည်။ သူမပုံစံက ငယ်လွန်းကာ ခန္ဓာကိုယ်ကလည်း ပုံစံကျနနေဆဲ ဖြစ်သည်။ အရှိန်အဝါကလည်း ကောင်းလှ၏။
"ကျိုးရွှမ်ကိုမြင်တော့ သူ့မိသားစုက သေချာပေါက် ပုံမှန်မဟုတ်လောက်ဘူးလို့ ထင်ပါတယ်။ သာမန်လူတွေက ဒီလို အရမ်းကြီးလည်း မကျိုးနွံအရမ်းကြီးလည်း သည်းခံတဲ့ စိတ်ဓာတ်မျိုးနဲ့ လူမျိုးကို မပျိုးထောင်နိုင်ဘူး။” အကြီးဆုံးယောက်မဟဲက ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမ ဆွေမျိုးလောင်းများ၏ အိမ်ကို ရောက်ပြီးသောအခါ အမေဟဲ စိတ်ချသွားပါပြီ။
သူတို့ အိမ်ပြန်ရောက်သောအခါ ၁၂ နာရီကျော်နေလေပြီ။ အဖေဟဲက အိမ်မှာ ရှိနေပါသည်။ မျက်မှန်တပ်ကာ သတင်းစာဖတ်ရင်း နေ့လည်စာ စားဖို့ သူတို့ပြန်အလာကို စောင့်နေသည်။
ဒီနေ့ အလုပ်များနေသဖြင့် သူ လိုက်မသွားခဲ့ပေ။ သို့သော်လည်း သူ့မိန်းမနဲ့ အကြီးဆုံးချွေးမတို့ ဘာကြောင့် သွားတာလဲ ဆိုတာကိုတော့ သိပါသည်။
သူတို့ ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုလျက် လက်ထဲမှာလည်း ပစ္စည်းများသယ်ပြီး ပြန်လာတာကို မြင်သောအခါ အဖေဟဲ နားလည်သွားပါသည်။
သူ ဘာမှ မပြောတော့ပါ။ အိမ်တော်ထိန်းကိုသာ အစားအစာများ တည်ခင်းခိုင်းလိုက်ပါသည်။
ထို့နောက် တစ်မိသားစုလုံး နေ့လည်စာ စားကြ၏။ သူတို့အခန်းထဲ ဝင်နားကြတာနဲ့ အဖေဟဲက မေးလိုက်ပါသည်။
"ရှင် ဒီနေ့ အဲ့ကိုလိုက်မလာလို့နော်။ ဟိုဘက်က ယောက္ခမကို ဘာမှအပြစ်ဆိုစရာ မရှိဘူး။ သူက သိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ် စကားပြောတယ်။ ပြီးတော့ အရမ်းလည်း ငယ်တဲ့ပုံစံပေါက်တယ်။ အိမ်ခြံဝန်းကြီးကလည်း ကျွန်မတို့နီးနီးကျယ်တယ်။ ဒါပေမယ့် တည်ဆောက်ပုံနဲ့ အခင်းအကျင်းတွေက ကျွန်မတို့ထက်တောင် ပိုကောင်းသေးတယ်။" အမေဟဲက ပြောလိုက်ပါသည်။
အဖေဟဲက ဒီသားမက်လောင်းကို သဘောကျပါသည်။ တကယ်တော့ သူ့မိသားစုက အဆိုးကြီးမဟုတ်သရွေ့ သူ့သမီးလက်ထပ်တာကို တားမှာမဟုတ်ပါ။ ထို့အပြင် နောက်ပိုင်း သူတို့မိသားစုကလည်း ဖွံ့ဖြိုးတိုးတက်လာဦးမည်ဖြစ်သဖြင့် သူ့မိသားစုကို ဘာမှစိတ်ပူဖို့ မလိုအပ်ပေ။
သို့သော်လည်း အခု သူ့မိန်းမ၏ တုန့်ပြန်မှုကို ကြည့်ခြင်းအားဖြင့် သားမက်လောင်း၏ မိသားစုကို ကျေနပ်မှုရှိတာ သိသာပါသည်။
"သားသုံးယောက်စလုံးကလည်း အရမ်းတော်ကြတယ်။ တစ်ချက်လောက် ကြည့်လိုက်တာနဲ့ ပညာအရည်အချင်းပြည့်ဝတဲ့ မိသားစုမှန်း သိတယ်။ ယောက္ခမကြီးက စေ့စပ်ဖို့တောင် ပြောနေပြီ။" အမေဟဲက ပြောလိုက်သည်။
လင်းချင်းဟယ် ပြောပြခဲ့သည့် လက်ဖွဲ့ပစ္စည်းအားလုံးကို ပြန်ပြောလိုက်သည်။ အခြေချဖို့ ပိုက်ဆံလည်း ပါသေး၏။
အခြေချငွေကိစ္စနဲ့ ပတ်သတ်ပြီး ကျိုးမိသားစုက တကယ်ပဲ ချမ်းသာကာ ရက်ရောသည်ဟု အဖေကျိုး ခံစားမိပါသည်။
ထို့နောက် မေးခွန်းထုတ်လိုက်၏။ "သူ့မိသားစုက လက်ဖွဲ့တွေ အများကြီး ပေးထားတယ်။ ငါတို့မိသားစုကကော ခန်းဝင်ပစ္စည်း ဘာပေးရမလဲ။ ကျိုးမိသားစုက ဘာပြောလဲ။”
အဖေကျိုးက ကျိုးမိသားစု အခြေချငွေဆိုကာ ပေးသည့် အပိုငွေ ယွမ် ၁၀၀,၀၀၀က တကယ်တော့ လက်ဖွဲ့ငွေသဘောမျိုးပဲဆိုတာ နားလည်ပါသည်။
မိသားစုခွဲခွာဖို့ မဟုတ်ဘဲ ညားခါစလင်မယားများအတွက်ဖြစ်သောကြောင့်ပင်။
"သူ အဲ့တာတော့ မပြောဘူး။ ကျွန်မတို့ဖာသာ ဆုံးဖြတ်ခွင့်ပေးတာဖြစ်မယ်။ ကျွန်မအမြင်မှာတော့ သူက ဒါတွေစိတ်ဝင်စားတဲ့လူမဟုတ်ဘူးထင်တယ်။" အမေဟဲက ပြန်ဖြေလိုက်ပါသည်။
"သူတို့က ဂရုမစိုက်ဘူးဆိုပေမယ့် ငါတို့က သမီးရှင်ဆိုတော့ ဂရုမစိုက်သင့်ဘူးလား။" အဖေဟဲက ပြောလိုက်ပါသည်။
"ကျွန်မ သိပါတယ်။ ဘာမှမပေးဘူးလို့ ပြောတာမဟုတ်ဘူး။ သူတို့အခု ဘာလိုအပ်သလဲ မသိတာ။ မြန်မြန်ပြောတာတော့ ကျိုးရွှမ်က အိမ်တစ်လုံး ရှာနေပြီတဲ့။ အိမ်တစ်လုံးဝယ်ဖို့ ပိုက်ဆံရှိတယ်။ ကျွန်မတို့ကို မလိုအပ်ဘူး။ ကျန်တာက သမီးကို ရွှေငွေကျောက်မျက်ရတနာတွေ ပေးမှာပါ။ ဒါပေမယ့် မလုံလောက်သေးဘူး။" အမေဟဲက ပြန်ပြောလိုက်ပါသည်။
ယောက်ျားလေးဘက်က လက်ဖွဲ့ငွေက များပြားလွန်းပါသည်။ မိန်းကလေးဘက်က အခက်တွေ့နေလေပြီ။
ပိုနည်းလို့ရသော်လည်း အများကြီး ပိုများလို့ မဖြစ်ပါ။ မဟုတ်ပါက သူမတို့သမီးမျက်နှာ ဘယ်လိုထားရမလဲ။ ထို့အပြင် ခန်းဝင်ပစ္စည်းကို တစ်ဖက်မိသားစု သိမ်းယူမှာ မဟုတ်ပါ။ သူတို့သမီးနဲ့ သားမက်တို့အတွက်သာ ဖြစ်သည်။ ထို့ကြောင့် သူတို့ သေချာစဥ်းစားရမည်။
"မြန်မြန်ကို ဘာလိုချင်လဲ သွားမေးလိုက်ပါလား။" အဖေဟဲက သူမကိုကြည့်ပြီး အကြံပေးလိုက်ပါသည်။
"သမီးကို သူ ဘာခန်းဝင်ပစ္စည်းလိုချင်လဲလို့ ဘယ်လိုလုပ်မေးလို့ရမှာတုန်း။" အမေဟဲက သူ့ကို မျက်စပစ်လိုက်ပါသည်။ "ကျွန်မ မြင်သလောက်တော့ ခန်းဝင်ပစ္စည်းအနေနဲ့ ကားတစ်စီးပေးတာ ကောင်းမယ်ထင်တယ်။ ဒါဆို မြန်မြန်လည်း သူ့အစ်ကိုကြီးဆီက အမြဲ ငှားနေစရာ မလိုတော့ဘူး။ ပြီးတော့လည်း သူ့ယောက္ခမအိမ်ဆီ သွားဖို့ပြန်ဖို့ ပိုအဆင်ပြေတာပေါ့။”
"ဟူး... သောင်းဂဏန်းလောက်တော့ ကုန်ပြီပေါ့။" အဖေဟဲတောင် နာကျင်သွားပါသည်။
"အဲ့ သောင်းဂဏန်းက ရှင့်သမီးနဲ့ သားမက်တို့ ကားမောင်းနိုင်ဖို့လေ။ ပြီးတော့လည်း ရှင့်သားမက်က နောက်ဆို ဒီမှာပဲ နေတော့မှာ။ ကျွန်မတို့သားအရင်းလိုပဲ။ အဲ့တော့ ဘာအရေးလဲ။ ဝယ်လိုက်စမ်းပါ။" အမေဟဲက လက်ရမ်းပြလိုက်ပြီး ပြောလိုက်ပါသည်။
ဒီနေ့ဆွေမျိုးလောင်းများနဲ့ တွေ့ခဲ့ရတာကို သူမ တကယ်စိတ်ကျေနပ်မှု ရှိပါသည်။ ထို့အပြင် သူတို့ဘက်က အလွန်ရက်ရောလွန်းသဖြင့် သူမတို့ဘက်ကလည်း ရက်ရောပေးရမည်။ ဒီလိုမှ နှစ်ဦးနှစ်ဖက် ကြည့်ကောင်းမည် မဟုတ်ပါလား။
အဖေဟဲလည်း မတတ်နိုင်တော့ပါ။ သို့သော်လည်း ခေါင်းတော့ ငြိမ့်လိုက်ပါသည်။ "ဟုတ်ပါပြီ။”
အဖေဟဲမှာ လေ့ကျင့်ပေးစရာ ဒီသားမက်ပဲ ရှိပါသည်။ သားကြီးက စီးပွားရေးလောကထဲ ဝင်သွားခဲ့သည်။ သားလတ်ကတော့ နိုင်ငံခြားမှာ ပညာသင်နေ၏။ သားမက်ကိုသာ ကောင်းကောင်းမွန်မွန် ပျိုးထောင်ပါက သားအရင်းတစ်ဝက်လို ဖြစ်လာပါလိမ့်မည်။
ထို့ကြောင့် အကြောင်းကိစ္စများက ကျိုးချင်းပိုင်၏ မူလအစီအစဥ်အတိုင်းပဲ ဖြစ်လာခဲ့ပါသည်။
ဟဲမိသားစုက ခန်းဝင်ပစ္စည်းအဖြစ် ခရီးသွားလို့ လွယ်အောင် အိမ်စီးကားတစ်စီး လက်ဖွဲ့ပေးမည်။ ဟဲမြန်မြန်က ဒါကိုသိလိုက်ရသောအခါ အပျော်လွန်သွားပါသည်။ သူမ ကျိုးရွှမ်ကို နှစ်ယောက်တည်းရှိချိန် ပြောလိုက်သည်။ "ကျွန်မအမေလည်း ဒေါ်လေးလင်းကြောင့် စိတ်တွေတက်ကြွသွားတာဖြစ်မယ်။ မဟုတ်ရင် ကျွန်မတို့ကို ကားတစ်စီးဝယ်ပေးဖို့ အရမ်းတွန့်တိုနေမှာ။”
"ခန်းဝင်ပစ္စည်းအဆင့်ထိပါ ရောက်နေကြပြီလား။" ကျိုးရွှမ်က ထိုအကြောင်းကို သိထားပြီးသားဖြစ်ကာ ရယ်မောရင်း ပြောလိုက်ပါသည်။
"ရှင်က သိပြီးသားလား။" ဟဲမြန်မြန်က သူ့ကိုအံ့သြတကြီးကြည့်လိုက်ပါသည်။
"အစ်ကိုကြီးနဲ့ အကြီးဆုံးယောက်မတို့ စောစော စေ့စပ်ခဲ့ကြတာလေ။ အဲ့တုန်းကလည်း ဒီလိုပဲ။ ကို့မိဘတွေက ကိုတို့ညီအစ်ကိုသုံးယောက်ကို ကြိုပြောထားပြီးသားပါ။" ကျိုးရွှမ်က ခေါင်းငြိမ့်လိုက်ပါသည်။