← Chapters

အခန်း(၆၄၃) ကြွယ်ဝတဲ့ဘဝမှာ နေထိုင်ခြင်း

Vol. 46 Ch. 643

အခန်း(၆၄၃) ကြွယ်ဝတဲ့ဘဝမှာ နေထိုင်ခြင်း

Vol. 46 Ch. 643

အခန်း(၆၄၃) ကြွယ်ဝတဲ့ဘဝမှာ နေထိုင်ခြင်း

ဒီလိုလျှောက်ကြည့်ပြီးနောက် အဘိုးကျန်းနဲ့ အဘွားကျန်းတို့ ချီးကျူးမဆုံးဖြစ်နေကြပါသည်။

ရွှယ်မိန့်လီက အသံတိုးတိုးလေးဖြင့် မေးလိုက်ပါသည်။ "ဒီလောက်အဆင့်မြင့်တဲ့ ခြံဝန်းကြီးဆို ပိုက်ဆံအများကြီးကုန်မှာပဲနော်"

လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။ သူမ အတိအကျမပြောဘဲ ခေါင်းသာငြိမ့်ပြလိုက်ပါသည်။

၁၉၈၈ ခုနှစ်မှာတောင် ယွမ် ၅၀၀,၀၀၀ မရှိလျှင် ဒီလို ဝင်ပေါက် ၂ ခုပါ အိမ်ခြံဝန်းကြီးမျိုးကို မဝယ်နိုင်ပါ။

သာမန်အလုံးများက ယွမ် ၃၀၀,၀၀၀ ကုန်ကျသည်။ ဒီလိုမျိုး တည်နေရာကောင်းပြီး ကျယ်ဝန်းသည့် အိမ်ခြံဝန်းကြီးမျိုးဆို ပြောဖို့တောင်မလိုတော့ပါ။ ဘယ်သူမှ ဝယ်နိုင်မှာ မဟုတ်ပေ။

အနည်းဆုံးတော့ နှစ်ပေါင်းများစွာအထိ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ အိမ်အပိုများစွာ ဝယ်နေတာတောင် ဝင်ပေါက် ၁ ပေါက်ပါ အိမ်ခြံဝန်းကြီးကောင်းကောင်းတစ်လုံးကိုမရှာနိုင်ခဲ့ပါ။ ၎င်းတို့က ဥယျာဥ်ပါသည့် အိမ်ကောင်းများဖြစ်သည်။

ဒီလို အိမ်ခြံဝန်းကြီးမျိုးက တွေ့ရခဲပါသည်။

အဘွားကျန်းက ရွှင်ပျစွာ ပြောလိုက်ပါသည်။ "အဲ့တာကြောင့်လည်း ရှောင်ကမ်းက အိမ်ပြန်မလာချင်တာကိုး။ ဒီဧရာမ ခြံဝန်းကြီးထဲမှာ နေတာကိုး။ ငါသာဆိုလည်း ပြန်ချင်မှာ မဟုတ်ဘူး။"

"မိန့်လီက အဖေကျန်းနဲ့ ရှောင်းယွီတို့ကို စောင့်ရှောက်ရသေးတယ်လေ။ သူ့ကို ကြာကြာခေါ်မထားရဲပါဘူး။ မဟုတ်ရင် အဖေကျန်းက သူ့သမီးနဲ့အတူ ချီတက်လာပါဦးမယ်။ ဒါပေမယ့် အဘိုးကျန်းနဲ့ အဘွားကျန်းတို့နေချင်ရင်တော့ ရပါတယ်။ ဒီမှာ ကြာကြာနေ။ အိမ်ပြန်မယ့်အချိန်နောက်ဆုတ်လိုက်လည်း ဘာမှမဖြစ်ပါဘူး" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

လမ်းလျှောက်ပြီးနောက် သူတို့ မနက်စာ ဝင်စားလိုက်ကြပါသည်။ ဝက်နံရိုးများ၊ ကြာစေ့ ဆန်ပြုတ်များ၊ ပေါက်စီများ၊ ပဲနို့၊ အီကြာကွေး စသည်တို့ တည်ခင်းထားသည်။  ကြိုက်တာ ယူစားနိုင်ပါသည်။

ကျိုးကွေ့လိုင်က မျက်နှာသစ်ပြီးကာ သူ့ညီမလေးကိုခေါ်ပြီး မနက်စာ လာစားပါသည်။

စားသောက်ပြီးနောက် အားလုံး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြပါသည်။  လင်းချင်းဟယ်က သားငယ်ကို ရွှယ်မိန့်လီနဲ့ အဘိုးအဘွားနှစ်ယောက်တို့အား ကားဖြင့် လိုက်ပြရန်အမိန့်ပေးလိုက်ပါသည်။ အိမ်က ဘာသာပြန်ပရောဂျက် စာတမ်းများကို လင်းချင်းဟယ် ပြန်စီရီလိုက်သည်။ ထိုစာတမ်းများကို သူမနဲ့အတူ ယူမသွားချင်ပါ။ သူမ လဝက်လောက်သွားရမည်ဖြစ်သဖြင့် နောက်မကျခင် စာမူများကို ပေးလိုက်တာ ပိုကောင်းပါသည်။

ဧည့်သည်များကို ဧည့်ခံဖို့ကိုတော့ သားငယ်တာဝန်ထားလိုက်လို့ရပါသည်။

တစ်မနက်တွင် သားငယ်က ရွှယ်မိန့်လီနဲ့ အဘိုးအဘွားနှစ်ယောက်တို့ကို ခေါ်ပြီး လျှောက်ပြပါသည်။

ရွှယ်မိန့်လီက မြို့တော်ကို တစ်ခါမှ မရောက်ဖူးပါ။ အဘိုးကျန်းနဲ့ အဘွားကျန်းတို့ကတော့ လွန်ခဲ့သည့် ၂ လက လာခဲ့ဖူးပါသည်။ သို့သော်လည်း မြို့တော်၏ လွန်ခဲ့သည့် ၂ နှစ်အကြာက ဖွံ့ဖြိုးတိုးတက်မှုများက ရက်တိုင်း ရက်တိုင်း ပြောင်းလဲနေခဲ့သည်။

လျှောက်လာပြီး ပြန်လာသောအခါ ရွှယ်မိန့်လီက လင်းချင်းဟယ်ကို သွားတွေ့ခဲ့ပါသည်။ အဘိုးကျန်းနဲ့ အဘွားကျန်းတို့ကတော့ အဖေကျိုးနဲ့ အမေကျိုးတို့အိမ်သို့ သွားလည်ပါသည်။

လူကြီးသူမများက ပြောစရာစကားများစွာ ရှိကြပါသည်။

အမေကျိုးက သူတို့ရောက်လာတာကိုမြင်သောအခါ ပျော်သွားပါသည်။ "အရင်တစ်ခေါက် ရှင်တို့တွေလာတုန်းက ရက်နည်းနည်းပဲနေခဲ့ကြတယ်နော်။ စတုတ္ထချွေးမ အဲ့ဘက်မှာရှိနေလို့ မတားခဲ့တာ။ ဒီတစ်ခေါက်တော့ ကြာကြာနေကြရမယ်နော်။ အိမ်ခြံဝန်းကြီးက အကျယ်ကြီးပဲ။ အားလုံးနေလို့ဆံ့ပါတယ်။”

"အစ်မကြီးကတော့ လွန်ခဲ့တဲ့ ၂ နှစ်တုန်းကထက် ပိုနုလာသလိုပဲ။ ဒီလို သက်လုံစွမ်းအင်မျိုးကို အားကျလိုက်တာနော်။” အဘွားကျန်းက ရွှင်မြူးစွာ ပြောလိုက်ပါသည်။

အမေကျိုးလည်း အခုဆို ပိုပိုပြီးငယ်ရွယ်လာသည်ဟု ခံစားမိပါသည်။ အဘယ့်ကြောင့်ဆိုသော် မနက်တိုင်း သူမ ပန်းခြံကိုသွားပြီး ယပ်တောင်တစ်ချောင်းဖြင့် ကကာ ပေကျင်းအော်ပရာကို သင်ယူနေပါသည်။ ထို့ကြောင့် ဒီလိုဖြစ်လာခဲ့ခြင်းဖြစ်ပါသည်။ သူမ ပိုပြီး နေထိုင်လေလေ ပိုပြီးငယ်ရွယ်လာလေလေဖြစ်သည်။

အဘိုးကျန်းက အဖေကျိုးနဲ့  စစ်တုရင်ကစားဝိုင်းသွားထောင်သည်။ အဘိုးဝမ်ကလည်း ဘေးကကြည့်နေခဲ့ပါသည်။ သူအိမ်ခြံဝန်းကြီးမှာ သွားမစားခဲ့ပါ။ ထို့အစား ဒီမှာပဲ စားခဲ့ပါသည်။

အိိမ်ခြံဝန်းကြီးတွင် ရွှယ်မိန့်လီက ရယ်မောနေ၏။ "လူတွေတော်တော်များတာပဲနော်။ အရမ်းစည်ကားတာပဲ။ ကျွန်မတို့နဲ့မတူဘူး။ ရှောင်ကမ်းရဲ့ အဘိုးအိမ်က အရမ်းဝေးတယ်လေ။ နှစ်သစ်ကူးဝန်းကျင်လောက်မှာပဲ သွားလည်လို့ရတယ်။ ပုံမှန်ဆို မဆက်သွယ်ကြဘူး။”

"တိုက်ခန်းမှာတုန်းက ပိုပြီး စည်ကားပါတယ်။ အဲ့တုန်းက ကောင်လေးတွေ ကောင်မလေးတွေ ရှိကြသေးတယ်။ အားလုံး လက်မထပ်ရသေးဘူး။ အခုတော့ အရင်တုန်းကထက်ပိုပြီး တိတ်ဆိတ်သွားသလိုပဲ။ တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်ပြုကုန်ကြပြီး ကိုယ့်ဘဝနဲ့ကိုယ်နေကုန်ကြပြီလေ။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"ဒီလိုပဲဖြစ်သင့်တာပေါ့။ အတောင်စုံရင် အသိုက်က ထွက်ကြမှာပဲလေ။ အကောင်းဆုံးနဲ့ စိတ်ပူစရာမလိုဆုံး နည်းလမ်းကတော့ အိမ်ခွဲနေဖို့ပါပဲ။” ရွှယ်မိန့်လီက ပြောလိုက်ပါသည်။

လင်းချင်းဟယ်က ပြုံးကာပြောလိုက်၏။ "ရှင်လည်း သေချာတွေးကြည့်ပြီးပြီပေါ့၊။ အရင်ကဆိုရင် ရှောင်ကမ်းကို ဒီလာခိုင်းဖို့တောင် အရမ်းတွန့်ဆုတ်နေတာ။”

ရွှယ်မိန့်လီက ရှက်ရွံ့စွာဖြင့် ပြောလိုက်ပါသည်။ "သူ ငယ်ငယ်လေးကတည်းက ကျွန်မဘေးမှာပဲ ရှိနေခဲ့တာကိုး။ သူ မြို့တော်ကိုသွားချင်တယ်ပြောတုန်းက အရမ်းဝေးလွန်းလို့ သူဘယ်လိုနေမလဲ မသိခဲ့ဘူးလေ။ စိတ်ပူရတာပေါ့။”

"ပုံမှန်ပါပဲ" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။

သူမလို လူမျိုးအတွက်ကတော့ သွားခွင့်ပေးပါသည်။ သားကြီး စစ်တက္ကသိုလ်ထဲပထမဆုံး ဝင်ခွင့်ရသွားတုန်းက သူ့ဖုန်းကိုပဲ သူမစောင့်နေခဲ့တာမဟုတ်လား။ သို့သော်လည်း သူ့အိိပ်မက်များနောက်လိုက်တာကိုတော့ မတားခဲ့ပါ။

"ဒါပေမယ့် အခုတော့ ကြည့်ပါဦး။ ဘာမှစိတ်ပူဖို့ မလိုတော့ဘူး။ ပြဿနာမရှာရင် ရပြီ" ရွှယ်မိန့်လီက ပြုံးလိုက်ပါသည်။

သူမသား ကောလိပ်တက်ပြီးကတည်းက အများကြီးရင့်ကျက်သွားပါ။ သူ့ခေါင်းကိုင်အစ်ကိုများနဲ့ နေထိုင်ပြီးနောက် တာဝန်သိစိတ်များ အများကြီးရလာသည်ဟု သူမယောက်ျားက ပြောပါသည်။ ပိုပြီး ယောက်ျားပီသလာသည်။

ထို့အပြင်အများကြီး ပိုတက်ကြွပြီး သက်ဝင်လာသည်။ ဒီဆွေမျိုးတော်စပ်မှုပြီးနောက် သူမ သား၏ စရိုက်ပုံသွင်းခြင်းက သူမမျှော်လင့်ထားတာထက် အများကြီး ပိုကောင်းနေပါသည်။

အရင်တုန်းက အနည်းငယ် ဆိုးသွမ်းပြီး လျော့တိလျော့ရဲနိုင်သည်။ လမ်းမှားရောက်သွားမှာကို အမြဲစိုးရိမ်နေခဲ့ရ၏။ အခုတော့ စိတ်ပူစရာမလိုတော့ပါ။

လင်းချင်းဟယ်က သူမကို အာမခံလိုက်ပါသည်။ ကလေးက အဆင်ပြေနေပါသည်။ သေချာပေါက် အနာဂတ်မှာ အလားအလာရှိလာမည်ဖြစ်သည်။

ကျန်းကမ်းက အများကြီး ရင့်ကျက်လာသည်။ဒါကို စိတ်ပူဖို့ မလိုအပ်ပါ။ အစက သူတို့မိသားစုက အခြေအနေကောင်းပါသည်။ ဒီမှာရှိနေပါက သူမတို့မိသာားစု၏ စရိုက်လက္ခဏာနဲ့ သွင်ပြင်တို့ ကူးစက်သွားခဲ့သည်။ ဘယ်လို လမ်းမှားရောက်နိုင်ပါဦးမည်နည်း။

နေ့လည်စာ စားပြီးသွာားသောအခါ လင်းချင်းဟယ်က သူမကိုပြောလိုက်ပါသည်။ "ညနေကျရင် ရေပူစမ်းစိမ်ဖို့ ခေါ်သွားပေးမယ်။ အရမ်းဇိမ်ရှိတယ်။"

"စျေးကြီးလွန်းပါတယ်။” ရွှယ်မိန့်လီက ရေပူစမ်း မစိမ်ဖူးသေးသောာ်လည်း စျေးပေါမှာမဟုတ်တာကို သိနေပါသည်။

"ကျွန်မ ညီမနဲ့ ဆွေမျိုးလောင်းတွေကိုလည်း ခေါ်သွားရမယ်။ ရှင်တစ်ယောက်တည်း မဟုတ်ပါဘူး။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ရွှယ်မိန့်လီက ပြုံးလိုက်၏။  "ရှောင်ကမ်းလည်း ဒီနှစ် နှစ်သစ်ကူးတုန်းက သွားဖူးတယ်လို့ကြားတယ်။ သူ့အစ်ကိုလတ်နဲ့ အစ်ကိုငယ်တို့နဲ့ အတူသွားတာတဲ့။  အရမ်းဇိမ်ရှိတာဆိုပဲ။”

"နောက်ကျရင် ရှင်သိမှာပေါ့။ အလှအပ ထိန်းသိမ်းရာလည်းကျတယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

ထို့နောက် စကားလမ်းကြောင်းက အလှအပ ရေးရာဘက်သို့ရောက်သွားပါသည်။ မိန်းကလေးများက ဒီအကြောင်းပြောဖို့ဆို စကားမကုန်နိုင်ပါ။ ရွှယ်မိန့်လီက လင်းချင်းဟယ်ထက် ၇ နှစ် ၈ နှစ်လောက် ပိုငယ်ပါသည်။ သူမ၏ အသားအရည်ကတော့ လင်းချင်းဟယ်လောက် မလှပါ။ ဒါက နေ့စဥ် ထိန်းသိမ်းမှုနဲ့ ထိန်းသိမ်းမှုမရှိတာ အကြား ကွာခြားချက် ဖြစ်ပါသည်။

ကျိုးချင်းပိုင်က နားထောာင်ရင်း ဆွံ့အသွားပါသည်။ ဘာတွေစိတ်ဝင်စားစရာ ရှိလို့လဲ။

"ရှင် သေချာ မထိန်းသိမ်းဘူးလား။ ပုံမှန်ဆို ကျွန်မ ဒါတွေလုပ်ခိုင်းရင် ရှင်မကြိုက်ဘူး။ အခု ရှင့်ရွယ်တူတွေထက် ရှင်ဘယ်လောက်တောင် ပိုငယ်နေသလဲ သိရဲ့လား။” လင်းချင်းဟယ်က သူ့မျက်နှာထားကိုမြင်သွားသောအခါ ပြောလိုက်ပါသည်။

"အဲ့တာ တကယ်ပဲနော်။ ကျွန်မသာ မသိရင် အစ်ကိုကျိုးကို အသက် ၃၀ လောက်ပဲရှိဦးမယ်ထင်တာ။ အသက် ၄၀လို့ကို မထင်ဘူး။” ရွှယ်မိန့်လီကလည်း ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်၏ ကိုယ်ခန္ဓာကိုလည်း သေချာ ထိန်းသိမ်းထားသည်။ အရင်တုန်းက ဝက်တစ်ကောင်လို ပုံစံမျိုး မဟုတ်တော့ပါ။ အခုတော့ ဝလည်းမဝ ပိန်လည်း မပိန်တော့ပေ။ နေ့တိုင်း ပြေးပြီး ဘတ်စ်ကတ်ဘောလည်း ကစားသည်။ နွေရာသီရောက်လာသောအခါ ရေကူးတာကိုပါ လေ့ကျင့်ခန်းအဖြစ် ထည့်သွင်းသွားပါမည်။

လင်းချင်းဟယ်က သူမ အသားအရေပြုပြင်ထိန်းသိမ်းသည့် မျက်နှာဖုံးများ ကပ်သောအခါ သူ့ကိုလည်း ကပ်ပေးပါသည်။ ကျိုးချင်းပိုင်က အချိန်တော်တော်များများမှာ ငြင်းခဲ့သည်။ မိန်းမဆန်လွန်းသည်ဟု ဆို၏။ သို့သော်လည်း သူ့မိန်းမ စိတ်ဆိုးမှာကို စိုးရိမ်သဖြင့် သူ့မျက်နှာပေါ်မှာ သခွားသီး ခဏခဏတင်ရပါသည်။

သို့သော်လည်း သူ့အသားအရည်က ဘယ်လိုမှန်း မသိပါ။ အခု ကြွယ်ဝသော ဘဝမျိုးနဲ့ နေထိုင်နေရသည်။ ပတ်ဝန်းကျင်က လူကို ပုံဖော်ပေးသည်။ ထို့ကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် ယောက်ျားတစ်ယောက်နဲ့ မတူလှပါ။ ဆန့်ကျင်ဘက်အနေဖြင့် ပိုပြီး တောင့်တောင့် ဖြောင့်ဖြောင့် ရှိနေပါသည်။

အခုချိန်ထိ လင်းချင်းဟယ်တစ်ယောက် သူညှို့ယူတာကို ခံနေရဆဲဖြစ်၏။

ကျိုးချင်းပိုင်၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ပြုံးသွားမိသည်။ သို့သော်လည်း ဘာမှမပြောတော့ပါ။

လင်းချင်းဟယ်က ရွှယ်မိန့်လီနဲ့ စကားဆက်ပြောပါသည်။ ဒီဘက်အိမ်က ပိုကောင်းပါသည်။ သူမ မွေးရပ်မြေကို ပြန်သွားသည့်အခါ သူမမောင်ကတောင် သူမယောက်ျားထက် ပိုအသက်ကြီးသည့်ပုံပေါ်ပါသည်။ မတတ်နိုင်ပေ။ အခု သူတို့ဘဝက အဆင်ပြေနေပြီဖြစ်သော်လည်း နေ့တိုင်း မိုးရွာထဲပစ္စည်းပို့နေရဆဲဖြစ်သည်။ မယှဥ်နိုင်ပါ။

သို့သော်လည်း ညီအစ်ကိုများအကြားထဲ အရွယ်အရင့်ဆုံးကိုပြောရမည်ဆိုလျှင်တော့ ဒုတိယအစ်ကိုဖြစ်ပါသည်။

All Chapters