← Chapters

အခန်း(၆၄၄) လူသားတစ်ယောက်ရဲ့ နံပါတ်တစ် ကိုယ်ကျင့်တရား

Vol. 46 Ch. 644

အခန်း(၆၄၄) လူသားတစ်ယောက်ရဲ့ နံပါတ်တစ် ကိုယ်ကျင့်တရား

Vol. 46 Ch. 644

အခန်း(၆၄၄) လူသားတစ်ယောက်ရဲ့ နံပါတ်တစ် ကိုယ်ကျင့်တရား

လင်းချင်းဟယ်က ၁၉၈၇ ခုနှစ်သို့ ပြန်တွေးကြည့်လိုက်သည်။ ကျိုးချင်းပိုင်နဲ့ မိမိလေးတို့နဲ့ ခရီးတစ်ခုသွားခဲ့သည်။ တစ်ရက်သာ နေခဲ့သော်လည်း သူတို့ မွေးရပ်မြေကို ပြန်ရပါသေးသည်။

ဒုတိယအစ်ကိုက တကယ်ပဲ အရွယ်ရင့်လာခဲ့ပါသည်။ အရွယ်ရင့်သည်ဟုပင် ခေါ်လို့မရလောက်ပါ။ ဒီလိုဖြစ်လာရသည့်အကြောင်းအရင်းမှာ အလုပ်အလွန်လုပ်ကာ ပင်ပန်းလွန်းသဖြင့် ဖြစ်ပါသည်။ ရွာဘက်မှာလည်း ဒီလိုအဖြစ်များ၏။ ဒုတိယအစ်ကိုလည်း ခြွင်းချက်မဟုတ်ခဲ့ပါ။

သူက ကျိုးချင်းပိုင်ထက် ၂ နှစ်သာ ကြီးသည်။ သို့သော်လည်း ပုံစံကတော့ ၁၀ နှစ်လောက် ခြားနားနေသည့်ပုံပင်။

အကြီးဆုံးအစ်ကိုကတောင် ဒုတိယအစ်ကိုထက် ပိုငယ်နေသည့်ပုံပေါက်ပါသည်။ အဘယ့်ကြောင့်ဆိုသော်လွန်ခဲ့သည့် နှစ်များအတွင် ကလေးများက အရွယ်ရောက်လာကာ အားလုံး ပျော်ရွှင်ခဲ့ကြရပါသည်။ သူ့ကိုထောက်ပံ့ပေးဖို့ အငယ်ဆုံးသားတစ်ယောက် ကျန်ခဲ့၏။ သူ့သမီးကလည်း တစ်ခါတစ်လေ ပိုက်ဆံပြန်ပို့ပေးပါသည်။ တကယ်ပဲ ပေါ့ပါးသည်။ သူ့ဘဝက သက်တောင့်သက်သာရှိပြိး စိတ်ပြိုကွဲစရာ ကိစ္စများစွာလည်းမရှိပါ။

ဒုတိယမိသားစုလို မဟုတ်ပေ။ ကိုယ်ဝန်ပျက်ကြခြင်း သို့မဟုတ် သမီးက သိက္ခာမရှိသည့်လုပ်ရပ်များ လုပ်ခြင်း စသည်ဖြင့် တစ်ခုပြီးတစ်ခု  မပြီးဆုံးနိုင်တော့ပေ။

ထို့အပြင် ပိုက်ဆံလည်း များများစားစား မရှိပါ။ သူတို့မိသားစုက တကယ်ပဲ ဆင်းရဲပါသည်။ အစားအသောက်များကလည်း မကောင်းပေ။

လင်းချင်းဟယ် အကြီးဆုံးမရီးကို ဖုန်းဆက်တော့ အိမ်မှာ ဒုတိယအစ်ကိုကို ထမင်းခေါ်ကျွေးတုန်းက သူ့ပုံ့စံကြောင့် သနားမိသွားသည်ဟု အကြီးဆုံးမရီးက ပြောပြပါသည်။ သူ့ပုံစံက မစားရတာ အတော်ကြာနေသည့်ပုံပင်။

လင်းချင်းဟယ်လည်း ဒုတိယအစ်ကိုအတွက် စိတ်မကောင်းဖြစ်မိပါသည်။ သူက လူဆိုး မဟုတ်ပါ။ သူ လက်ထပ်ယူထားသည့် သူ့မိန်းမကသာ မကောင်းခြင်း ဖြစ်သည်။

နေ့လည်နေ့ခင်းတွင် လင်းချင်းဟယ်က ရွှယ်မိန့်လီနဲ့အတူ ကားဖြင့်ထွက်လာခဲ့ပါသည်။ ကျိုးရှောင်းမိန်နဲ့ အမေဝိန်တို့ကိုပါသွားခေါ်လိုက်၏။ သူတို့ အမျိုးသမီး ၄ ယောက် ရေပူစမ်းသို့အတူတူလာခဲ့ကြပြီး အချင်းချင်း မိတ်ဆက်ပေးလိုက်ကြပါသည်။

သူတို့အားလုံးက တဲ့တိုးသမားများဖြစ်ကြ၏။ စကားအတူတူပြောခဲ့ကြပါသည်။

အထူးသဖြင့် ဒီရေပူစမ်းက အလွန်ဇိမ်ရှိလွန်းပါသည်။ ရွှယ်မိန့်လီ ရေပူစမ်းစိမ်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။ ရှန်ဟိုင်းမြို့တော်မှာကော ရှိပါ့မလားဟု သူမတွေးမိ၏။ သို့သော်လည်း ရှိရင်တောင် သူမ မရောက်ဖူးပါ။ ထို့ကြောင့် ဒီတစ်ခေါက်က အလွန်ပျော်ဖို့ကောင်းပါသည်။

နွားနို့များလည်း တည်ခင်းပေးသည်။ ဝန်ဆောင်မှုက ထိပ်တန်းအဆင့်ဖြစ်သည်။

ကျန်းကမ်းက ညနေဘက်တွင် ပြန်လာခဲ့ပါသည်။ သူပြန်ရောက်လာတာတောင် သူ့အမေက ခေါင်းကိုင်အမေနဲ့ ပြန်မလာသေးပါ။ သူ့အဘွားတော့ ရှိပါသည်။ သူ့အမေလည်း ပါပြီး ခေါင်းကိုင်အမေနဲ့အတူ ရေပူစမ်းသွားကြောင်း သိလိုက်ရပါသည်။ ကျန်းကမ်း ပြုံးလိုက်၏။

သူတို့ ပြန်ရောက်လာတော့ ရွှင်မြူးစွာဖြင့် ပြောလိုက်သည်။ "ခေါင်းကိုင်အမေ ကျွန်တော့်အမေကို ဒီလိုအပြင်လျှောက်လည်ဖို့ ခေါ်သွားနေတာ သူသာ ရှန်ဟိုင်းမြို့တော်ကို ပြန်သွားရင် နေတတ်မှာ မဟုတ်တော့ဘူး။”

"လာချင်တဲ့အချိန် လာခဲ့ပေါ့။ ဒီက ပို့ဆောင် ဆက်သွယ်ရေးတွေကလည်း အရမ်းအဆင်ပြေနေတာကို။ ဖုန်းကြိုဆက်လိုက် အချိန်ရရင် ကျွန်မ လာကြိုမယ်။" လင်းချင်းဟယ်က ရွှယ်မိန့်လီဘက်သို့ လှည့်လိုက်ပါသည်။

ရွှယ်မိန့်လီက ပျော်ရွှင်သွားပြီး ပြန်ပြောလိုက်ပါသည်။ "နောက်တစ်ခေါက် ကျွန်မ ယောက်ျား အားတဲ့အချိန်ကို သေချာ ကြည့်ထားရမယ်။ အားရင် သူ့ကိုပါ ခေါ်လာခဲ့မယ်။”

"သူဒီကိုရောက်ရင် ချင်းပိုင်နဲ့ လျှောက်လည်ခိုင်းလိုက်မယ်။" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။

ထို့နောက် ကျိုးကွေ့လိုင်ကို ပြောလိုက်သည်။ "နင့်အဘိုးအဘွားတွေနဲ့ အဘိုးကျန်း အဘွားကျန်းတို့ကို မနက်ဖြန် ခေါ်သွားလိုက်ဦး။”

"မလိုပါဘူး။ အရင်တစ်ခေါက်တုန်းက ငါတို့ သွားပြီးပါပြီ။" အဘိုးကျန်းက ပြောလိုက်ပါသည်။

"ဟုတ်တယ်။ အဲ့သွားရတာ အရမ်းစျေးကြီးတာပဲ။ တစ်ခါလောက် စိမ်ဖူးရင် ရပါပြီ။ ဒီကိုလာလည်တိုင်း သွားဖို့ မလိုဘူးလေ။ မနက်ဖြန် မဟာတံတိုင်းကြီးဆီကို သွားမလားလို့" အဘွားကျန်းက  ပြောလိုက်သည်။

"မနက်ဖြန် ကျွန်တော်လိုက်ပို့ပေးမယ်။ အမေလည်း သွားချင်နေတာ ကြာပြီမလား။ အားလုံး အတူတူသွားကြရအောင်" ကျန်းကမ်းက ရွှင်မြူးစွာပြောလိုက်ပါသည်။

"ကင်မရာယူသွားပြီး ဓာတ်ပုံများများ ရိုက်လာခဲ့။ ငါ ဖလင်ဆေးပြီးတာနဲ့ ပို့ပေးလိုက်မယ်။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

"ဟုတ်ကဲ့" ကျန်းကမ်းက ပြုံးလိုက်ပါသည်။

ဒီလိုနဲ့ အဘိုးကျန်း၊ အဘွားကျန်းနဲ့ ရွှယ်မိန့်လီတို့၏ ခရီးသွားလမ်းညွှန်က ကျန်းကမ်း ဖြစ်သွားပါသည်။ ကျန်းကမ်း စာသွားသင်သောအခါ သားငယ်ကို ကားမောင်းတာဝန်ပေးလိုက်သည်။

ရက်နည်းနည်းလောက်ထပ်နေပြီးနောက် ရွှယ်မိန့်လီ အိမ်ပြန်ခဲ့ရပါသည်။ အဘိုးကျန်းနဲ့ အဘွားကျန်းတို့လည်း ပြန်လိုက်ခဲ့သည်။ ကျိုးချင်းပိုင်နဲ့ လင်းချင်းဟယ်တို့က သူတို့ကို နေခဲ့ခိုင်းသော်လည်း သူတို့ မနေကြတော့ပါ။ ရက်နည်းနည်းလောက် နေခဲ့ရတာကိုပဲ ကျေနပ်ကြပါပြီ။

ရွှယ်မိန့်လီက ရှန်ဟိုင်းမြို့တော်က သူမအိမ်ကိုပြန်ရောက်လာပြီး အပျော်များ ပျောက်မသွားသေးပါ။

ခေါင်းဆောင်ကျန်းက ပြောလိုက်ပါသည။ "ဒီလောက်ပျော်နေတာကို ဘာလို့ ရက်နည်းနည်းလောက် ထပ်မနေတာလဲ။”

"ရှင်တို့သားအဖတွေကို စိတ်ပူနေရလို့ မဟုတ်ဘူးလား။ ရှင်သာ ကျွန်မနဲ့ လိုက်လာရင် စိတ်ပူစရာမလိုဘူး" ရွှယ်မိန့်လီက ပြန်ပြောလိုက်ပါသည်။

ခေါင်းဆောင်ကျန်းက ပြုံးလိုက်သည်။ "ကို့မှာ ဘယ်လိုလုပ် အချိန်ရှိမှာလဲ။” သူ့မိန်းမ၏ အမွမ်းတင်စကားများကို ကြားပြီးသော သူလည်း သွားကြည့်ချင်မိပါသည်။ သူ တစ်ခေါက်တော့ ရောက်ဖူးသည်။ လွန်ခဲ့သော ၁၀ နှစ်လောက်ကဖြစ်၏။ ထိုအချိန်ကစပြီး ပြန်မသွားဖြစ်တော့ပါ။

"စီစဥ်လိုက်လေ၊ ကျွန်မတို့ အဲ့ကျရင် အတူတူသွားလို့ရတယ်။ အဲ့ဘက်မှာ နေရာက တော်တော်ကျယ်ပြီး ဧည့်သည်အခန်းလည်း တော်တော်များတယ်။ ကျွန်မကိုယ်တိုင် ရောက်သွားမှ ဟိုကောင်စုတ်လေး ဘာလို့ ပြန်မလာချင်တာလဲ နားလည်သွားတယ်။ သူ့ခေါင်းကိုင်အမေတို့ မိသားစုအခြေအနေက ကောင်းလွန်းတာာကိုး" ရွှယ်မိန့်လီက ရွှင်မြူးစွာ ပြောလိုက်ပါသည်။

တကယ်တော့ အရင်တုန်းက သူတို့ တိုက်ခန်းမှာပဲ နေနေကြဆဲဖြစ်ပါသည်။ သူတို့သား အဲ့ဒီဘက်ကို မပြောင်းသွားခင်တုန်းက အားလပ်ရက်ခရီးထွက်နေသလို ခဏခဏ သွားလည်ပါသည်။

သူ့ခေါင်းကိုင်အမေတို့ အိမ်ကအခြေအနေကို သဘောကျလွန်းသောကြောင့်ဖြစ်သည်။ သူတို့မိသားစုက ပျော်တတ်ပြီး ပွင့်လင်းကြ၏။ လူများနေရင်တောင် သူသွားရတာကိုသဘောကျပါသည်။

"သူ ပြန်မလာချင်လည်း အဲ့မှာပဲ နေခိုင်းလိုက်။ သူ့ခေါင်းကိုင်အဖေက သူ့ကို အလိုလိုက်မှာပါ" ခေါင်းဆောင်ကျန်းက ပြန်ပြောလိုက်ပါသည်။

ရွှယ်မိန့်လီ အရင်ရက်များက ဘယ်နေရာတွေ သွားလည်ခဲ့ကြောင်း သူ့ကို စပြောခဲ့ပါသည်။ ခေါင်းဆောင်ကျန်းက သူမပြောတာကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးပါသည်။ အိမ်စာလုပ်နေသည့် ကျန်းယွီလေးပါ ကြားသွားသည်။

စကားအလယ်လောက်ရောက်သောအခါ သူမသည်းမခံနိုင်တော့ပါ။ နောက်တစ်ခေါက် အစ်ကိုငယ် ရောက်လာပါက သူမပါ မြို့တော်သို့ လိုက်သွားမည်ဟု ပြောသည်။

"နင့်အစ်ကိုတစ်ယောက်တည်းနဲ့တင် နင့်ဒေါ်လေးတို့အိမ်မှာ ဒုက္ခများနေပြီ။ နင်က လိုက်သွားချင်သေးတယ်။ ဒီမှာပဲနေ။ ဒါပေမယ့် နောက်တစ်ခေါက် ငါသွားဖြစ်ရင် နင့်ကိုခေါ်သွားမယ်" ရွှယ်မိန့်လီက ပြောလိုက်သည်။

ဒီလိုနဲ့ ကျန်းယွီလေး ကျေနပ်သွားပါသည်။

လင်းချင်းဟယ်တို့ဘက်တွင် အဘိုးကျန်းနဲ့ တခြားသူများ ပြန်သွားပြီး နောက်တစ်နေ့တွင် သားငယ်ကိုခေါ်ကာ တောင်ပိုင်းသို့ထွက်ခဲ့ပါသည်။

ဒီတစ်ခေါက် သူမတို့ လက်ဖက်ရွက်များ လာဝယ်ခြင်းဖြစ်သည်။ ရေရှည်လုပ်ငန်းပူးပေါင်းဆောင်ရွက်ဖို့လည်း စီစဥ်ထား၏။ ဒါကို သူမကိုယ်တိုင် ဆွေးနွေးရမည်။ သူမ၏ သားဖြစ်သူက မဆိုးသော်လည်း ငယ်သေးပါသည်။ သင်ယူစရာတွေ အများကြီး ရှိနေသေး၏။

ထို့ကြောင့် ကျိုးကွေ့လိုင်တစ်ယောက် သူ့အမေ၏ လျှာသွက်မှုနဲ့ အဓိက လက်ဖက် စိုက်ပျိုးရေးသမားကြီးများက သူမကို ဘယ်လို ယုံကြည်သွားကြောင်း မြင်လိုက်ရပါသည်။

တကယ်တော့ ဒီခေတ်က လက်ဖက်ရည် စီးပွားရေးများက အတော်လေး ဆိုးရွားပါသည်။ တချို့က အလွန်စျေးကြီးသည်။ သို့သော်လည်း တော်တော်များများ ရောင်းမထွက်ပါ။

လင်းချင်းဟယ်က ပထမဆုံး လုပ်ငန်းရှင်များကို အခွင့်ထူးပေးခဲ့၏။ ထို့အပြင် လွန်ခဲ့သည့် ၂ နှစ်တာအတွင်း သူမ၏ ဖွံ့ဖြိုးတိုးတက်မှုကြောင့် လက်ဖက်ပင်များ စိုက်ပျိုးဖို့ စာချုပ်ချုပ်ဆိုသည့် စိုက်ပျိုးရေးသမားများစွာကို သင့်တင့်သော အကျိုးအမြတ်များ ပေးနိုင်ခဲ့ပါသည်။

ဒါက အလွန်ကြီးမားကျယ်ပြန့်သော အရောင်းလမ်းကြောင်းကြီး ဖြစ်သည်။ အဓိကအကြောင်းအရင်ကတော့ လင်းချင်းဟယ်၏ ဖြောင့်မတ်မှုကို မြင်သွားကြခြင်းကြောင့် ဖြစ်ပါသည်။ သူမကလည်း မြို့တော်မှ ကတ်စတမ်မာ အကြီးစားတစ်ယောက်ဖြစ်ပြိး ရောင်းချမှုများကလည်း တိုက်ရိုက် ဖြစ်သည်။ ပွဲစားလည်းမလိုဘဲ သူမကိုယ်တိုင် လာခဲ့ပါသည်။

ထို့ကြောင့် သူတို့ကို သူမ ပေးသော စျေးမှာ မနည်းပါ။ လက်ဖက်ပင် စိုက်ပျိုးရေးသမားများက ဖိနှိပ်မခံရပါ။ လင်းချင်းဟယ်က ပွဲစားများအတွက်လည်း လမ်းဖောက်ပေးခဲ့သည်။ လက်ဖက်ပင် စိုက်ပျိုးရေးသမားများကို လိုက်မေးကြည့်ဖို့၊ သူမပေးသည့်စျေးထက် ပိုမြင့်သည့် တစ်ယောက်ယောက်ကို တွေ့ပါက ရောင်းလိုက်ဖို့၊ အားနာဖို့ မလိုကြောင်း ပြောခဲ့ပါသည်။

လိုအပ်ချက်များရှိသဖြင့် သူမ ပြောရဲဆိုရဲခြင်းဖြစ်ပါသည်။ လက်ဖက်ရွက်၏ အရည်အသွေးက ကောင်းမွန်ရမည်။ သူမတို့ ဘက်က တင်းတင်းကြပ်ကြပ် စစ်ဆေးပါမည်။ အရည်အသွေး မကောင်းပါက ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ပါမည်။ စီးပွားရေးလုပ်ရာတွင် ကတိတည်ရသည်။ ဒါက လူသားတစ်ယောက်၏ နံပါတ်တစ် ကိုယ်ကျင့်တရားဖြစ်ကာ စီးပွားရေးလုပ်ရာမှာလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။

ကျိုးကွေ့လိုင်က သူ့အမေနောက်ကို လိုက်ရင်း သင်ယူခဲ့ရ၏။ လက်ဖက်ပင် စိုက်ပျိုးရေးသမားများနဲ့ သူ့အမေတို့ မိတ်ဆွေကောင်းများ ဖြစ်လာပြီး ကိစ္စမှန်သမျှကို ပြောဆိုနေတာတွေကို ကြည့်နေခဲ့ရပါသည်။ သူ လေးစားမိပါ၏။

နောက်တစ်ခေါက် သူစိတ်မကောင်းစွာ တွေးလိုက်မိပါသည်။ အရင်တုန်းက သူ့အဖေမှာသာ လစာကောင်းကောင်း မရှိခဲ့ပါက သူ့အမေကို လက်ထပ်နိုင်မှာ မဟုတ်ခဲ့ပါ။

All Chapters