← Chapters

အခန်း(၆၄၀) ဝယ်တဲ့အခါ အရှုံးလည်းမရှိသလို အလိမ်လည်းခံရမှာမဟုတ်ဘူး

Vol. 46 Ch. 640

အခန်း(၆၄၀) ဝယ်တဲ့အခါ အရှုံးလည်းမရှိသလို အလိမ်လည်းခံရမှာမဟုတ်ဘူး

Vol. 46 Ch. 640

အခန်း(၆၄၀) ဝယ်တဲ့အခါ အရှုံးလည်းမရှိသလို အလိမ်လည်းခံရမှာမဟုတ်ဘူး

"ရှင်ကျွန်မကို မပြောဘူးပေါ့။" ဟဲမြန်မြန်က မကျေနပ်စွာပြောလိုက်ပါသည်။

ဒီနေ့ သူမ၏ ယောက္ခမလောင်း ပြောတာကိုကြားလိုက်ရသောအခါ သူမရင်ထဲလန့်သွားမိ၏။ အခြေချဖို့ ငွေ ၁၀၀,၀၀၀ တောင်။ သူမတို့ မိသားစုအတွက်တောင် အလွန်များပြားသော ငွေပမာဏဟု သတ်မှတ်နိုင်ပါသည်။

တကယ့် ရွှေ့ကွက်ကြီးပင်။

ကျိုးရွှမ်က ပြောလိုက်သည်။ "အခုသိသွားပြီ မဟုတ်ဘူးလား။"

ဟဲမြန်မြန်က သူ့ကိုဘာပြောရမှန်း မသိတော့ပါ။ သူမကို ဘယ်လို အံ့သြစရာတွေပေးနိုင်ဦးမလဲ မသိတော့ပေ။

သူမ ပြောလိုက်သည်။ "ရှင်အလေးမထားပုံကြောင့် နောက်ကို အိမ်မှာ ကျွန်မပဲ ပိုက်ဆံကိုင်မယ်။”

"ကောင်းပြီ" ကျိုးရွှမ်က ခေါင်းငြိမ့်လိုက်ပါသည်။ ငွေကို စီမံဖို့လည်း သူစိတ်မဝင်စားပေ။ သူမ ဒီလိုစိတ်ကူးရှိတာပိုကောင်းပါသည်။

ဟဲမိသားစုက ကားတစ်စီး ပေးမည့်သတင်းမှာ ကျိုးရွှမ်မှတဆင့် ကျိုးမိသားစုအိမ်သို့ ရောက်လာခဲ့လေသည်။

လင်းချင်းဟယ်က ပြုံးလိုက်ပြီး ကျိုးချင်းပိုင်ဘက်သို့လှည့်ကာ မေးလိုက်သည်။ "ရှင်ဘာပြောချင်သေးလဲ။”

"ဘာပြောစရာရှိသေးလို့လဲ။ ငါတို့အတွက်မှ မဟုတ်တာ" ကျိုးချင်းပိုင်က သူ့သမီးလေးကိုချီရင်း လက်ဖက်ရည်ဆိုင်သို့ သွားဖို့ပြင်နေကာ ပြန်ဖြေလိုက်ပါသည်။

လင်းချင်းဟယ်က ပြောလိုက်ပါသည်။ "ရှင်အပြင်ထွက်ဦးမလို့လား။ နေ့လည်စာစားချိန်တောင် ရောက်တော့မယ်။”

"၁နာရီလောက်လိုသေးတယ်လေ။ ခဏနေ ပြန်လာမှာပါ။" ကျိုးချင်းပိုင်က နာရီကိုကြည့်ကာ ဖြေလိုက်ပါသည်။

အဓိကအကြောင်းအရင်းကတော့ သူ့သမီးလေးကို အပြင်မှာ လမ်းလျှောက်ဖို့ ခေါ်သွားမည်ဟု ကတိပေးထားသောကြောင့်ပင်။ ထို့ကြောင့် နေ့လည်စာစားဖို့အချိန်ရောက်နေတာတောင် သူ အပြင်ထွက်ပြီး လမ်းပတ်လျှောက်ပါသေးသည်။

ဟဲမိသားစု၏ ခန်းဝင်ပစ္စည်း ကားအကြောင်းကို လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ အပြင်မှာ မဖွခဲ့ပေ။

ဟဲမိသားစု၏ အခြေအနေများက တကယ်ပဲ ကောင်းမွန်ပါသည်။ ထို့အပြင် သားလတ်နဲ့ ဟဲမြန်မြန်တို့ကလည်း ကားလိုအပ်နေသည်။ ဒီကို ပိတ်ရက် လာလည်သည့်အခါ ကားရှိလျှင် ပိုအဆင်ပြေပါသည်။

သားကြီးနဲ့ မေ့ကျားတို့ကတော့ ကား မလိုအပ်ကြပေ။ စခန်းမှာ အားလုံး ရှိပါသည်။ သူတို့ ပတ်ဝန်းကျင်ကောင်တီမြို့များသို့ သွားရင်တောင် အထူးကားများ ရှိသည်။ ထို့ကြောင့် မလိုအပ်ပါ။

ထို့အပြင် ဝိန်မိသားစု၏ အခြေအနေက တော်တော်လေး ကောင်းသော်လည်း ဟဲမိသားစုနဲ့တော့ သွားယှဥ်လို့မရပါ။ ဒီလို အရာမျိုးက ဘာမှမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ခန်းဝင်ပစ္စည်းက သူတို့လူကြီးများနဲ့ ဘာမှ မဆိုင်ပါ။

အထူးတလည် လျှောက်ကြေညာဖို့ မလိုအပ်ပေ။

ကျိုးချင်းပိုင်က မိမိလေးကို ခေါ်ပြီး လမ်းလျှောက်ထွက်သွားသည်။ ပြန်လာသောအခါ ကျန်းကမ်းကိုပါ ခေါ်လာ၏။

"ဒီနေ့ ပိတ်တယ်လား။ ဒေါ်လေးက ဒီနေ့ ကြက်စွပ်ပြုတ် ချက်ထားတာ။ ပြီးရင် သောက်သွားဦး။" လင်းချင်းဟယ်က သူမ ခေါင်းကိုင်သား ပါလာတာကို မြင်သောအခါ ရွှင်ပျစွာဖြင့် ပြောလိုက်ပါသည်။

ကျန်းကမ်းက ပြုံးလိုက်၏။ "ခေါင်းကိုင်အမေ သား ဒီကို စာလုပ်ဖို့လာတော့ ကြက်သားတွေ အများကြီး စားခဲ့ပါတယ်။"

"နင်မလာရင်တောင် ငါတို့ ပုံမှန်အတိုင်း စားမှာပဲလေ။ နင့်အတွက် ချက်ထားတာမှ မဟုတ်တာ။ နည်းနည်း ဝေမျှပေးတာ။" လင်းချင်းဟယ်က ပြုံးကာ ပြန်ပြောလိုက်ပါငသည်။ "တနင်္ဂနွေနေ့ ပြန်မှာလား။”

"တနင်္လာနေ့မှ ပြန်မယ်။ ဒီမှာရက်နည်းနည်းလောက် နေဦးမယ်။ အေးချမ်းပြီး နေလို့ကောင်းတယ်။" ကျန်းကမ်းက ပြန်ဖြေလိုက်ပါသည်။

သူ့ခေါင်းကိုင်အမေနဲ့ ခေါင်းကိုင်အဖေတို့က ဒီလောက်ကြီးသည့် အိမ်ခြံဝန်းကြီးတစ်ခုကို ဝယ်ခဲ့သည်။ ဒီမှာနေကတည်းက ဘယ်လောက်နေလို့ ကောင်းသလဲ သူ မပြောနိုင်တော့ပါ။

"ဒီနှစ် နင် နည်းနည်း အရပ်ရှည်လာတယ်။ မနက်ဖြန်ကျရင် ငါ အထည်ဆိုင်သွားပြီး အဝတ်အစား အသစ် ၂ စုံလောက် သွားယူပေးမယ်။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"အခုဟာတွေလည်း ဝတ်လို့ရပါသေးတယ်။ နောက်မှ ယူတော့မယ်။" ကျန်းကမ်းက ပြောလိုက်ပါသည်။

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ မကြာမီ သားငယ်နဲ့ ကန်းကျစ်တို့ ပြန်လာကြပါသည်။ သားငယ်က ပြောလိုက်၏။

"အဖေ ဖက်ထုပ်ဆိုင်ဖွင့်ဦးမှာလား။ အခု တော်တော်ရေသာခိုနေတယ်နော်။”

ကျိုးချင်းပိုင်က ဂရုမစိုက်စွာ ပြောလိုက်သည်။ "မင်းအချိန်ရရင် သွားဖွင့်လိုက်" ဒီနေ့ သမီးလေးက တစ်ရက်နားသဖြင့် သမီးဖြစ်သူနဲ့ လျှောက်ကစားဖို့ ဦးစားပေးရမည်။

"ကျန်းကမ်း ဘာလို့ ဒီနေ့ အစောကြီး ပြန်လာတာလဲ။ နေ့လည်ခင်း အတန်း ၂ခု ရှိသေးတယ်မလား။” ကျိုးကွေ့လိုင်က မေးလိုက်ပါသည်။

"မနက်က အတန်းတစ်ခုနဲ့ လဲလိုက်တာ။ နောက်တစ်တန်းက နေ့လည်ခင်းမှာ။ အကြောင်းအရာက အရေးမကြီးပါဘူး။ မသွားလည်း ရတယ်။" ကျန်းကမ်းက ပြုံးလိုက်ပါသည်။

"အဖေက အခုအရမ်းအပျင်းထူနေပြီ။ ဒါဆို ဖက်ထုပ်ဆိုင်ကို ဒီနေ့နေ့လည် ငါနဲ့လိုက်ကူပေးကွာ။" ကျိုးကွေ့လိုင်က အကူအညီစခေါ်ပါသည်။

"ဟုတ်ကဲ့" ကျန်းကမ်းက သဘောတူသည်။

"နင့်ညီကို အထည်ဆိုင်ခေါ်သွားပြီး အဝတ်အစားအသစ်နှစ်စုံ ရွေးပေးလိုက်ဦး။" လင်းချင်းဟယ်က ညွှန်ကြားလိုက်ပါသည်။

ကျိုးကွေ့လိုင်က မှတ်ထားလိုက်၏။ သူတို့ နေ့လည်စာစားနေစဥ် ကျိုးကွေ့လိုင်က ရှန်ဟိုင်းမြို့တော်အကြောင်းကို ပြောသည်။ ရက်အနည်းငယ်အတွင်း သွားကြည့်ရပါဦးမည်။

မူလအစီအစဥ်က တစ်လတစ်ခါသွားဖို့ ဖြစ်သော်လည်း တစ်ဖက်က အခုမှ စတင်လည်ပတ်ခါစဖြစ်သဖြင့် ကျိုးကွေ့လိုင် မကြာခဏ သွားကြည့်ဖို့ စီစဥ်ထားပါသည်။

လင်းချင်းဟယ်က ပြောလိုက်သည်။ "အုန်းသီးမှုန့် ၂ ဗူးလောက် အဘိုးကျန့်ဆီ ယူသွားလိုက်ဦး။"

"အမေ အရင်တစ်ခေါက်က အုန်းသီးမှုန့်တွေ ဘယ်လောက်တောင် ဝယ်လာတာလဲ။ သားတို့ စားလို့တောင် မကုန်တော့သလိုပဲ။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"အဲ့ဘက်မှာ ရင်းနှီးတဲ့လူတစ်ယောက် ရှိတယ်လေ။ ငါလိုချင်ရင် စာပို့ပြီး မှာလိုက်လို့ရတယ်။” လင်းချင်းဟယ်က ရှင်းပြလိုက်ပါသည်။

သူမလည်း အလွန်ကြိုက်နှစ်သက်သဖြင့် အများကြီးဝယ်ကာ နေရာကွက်ထဲ ထည့်ထားလိုက်ပါသည်။

"ဟုတ်ကဲ့ပါ။ ၂ ဗူး ယူသွားလိုက်ပါ့မဘ်။ ဒါနဲ့ အရင်တစ်ခေါက် အစ်မြန်မြန်လာတုန်းက တစ်ဗူး မပေးလိုက်ဘူးနော်။" ကျိုးကွေ့လိုင်က သတိပေးလိုက်သည်။

"င့ါဆီ မရောက်သေးလို့လေ။ နင့်အစ်ကိုလတ် နောက်တစ်ခေါက် နားတဲ့အချိန်ထိ စောင့်လိုက်ဦး။" လင်းချင်းဟယ်က ပြောလိုက်သည်။

စားသောက်ပြီးနောက် မိသားစု အတူတူ တီဗီကြည့်ကြသည်။ ကန်းကျစ်က ပြောလိုက်၏။ "အငယ်ဆုံးဒေါ်လေး။ ကျွန်တော့်အဒေါ်က ဆိုင်တစ်ဆိုင် ရှာပေးထားတယ်။ ကျွန်တော် နည်းနည်း လက်တွန့်နေလို့။”

"ဘယ်နေရာမှာလဲ။" လင်းချင်းဟယ်က မေးလိုက်ပါသည်။

"အရှေ့ပိုင်းမှာ" ကန်းကျစ်ကပြောလိုက်သည်။

"ကောင်းသားပဲ။" လင်းချင်းဟယ်က ဒါကိုကြားသောအခါ ပြောလိုက်ပါသည်။

"တည်နေရာက ကောင်းပါတယ်။ ဒါပေမယ့် ဆိုင်က နည်းနည်းသေးနေလို့။ ကျွန််တော်သွားကြည့်တော့ သိပ်အားမရဘူး။" ကန်းကျစ်က ပြန်ပြောလိုက်သည်။

"နင့်ဦးလေးလည်း ဒီနေ့အားတယ်။ သူ့ကိုခေါ်ပြီး လိုက်ပြလိုက်ချေ။" လင်းချင်းဟယ်က ပြောလိုက်သည်။

ကန်းကျစ်က သူ့ဦးလေးကိုပြုံးကာ ကြည့်လိုက်သည်။ "ဒါဆို အငယ်ဆုံးဦးလေး ကျွန်တော်နဲ့ လိုက်ခဲ့မှာလား။”

"နေ့လည် ၃ နာရီလောက် သွားမယ်။" ကျိုးချင်းပိုင်က ခေါင်းငြိမ့်ပြလိုက်သည်။

စားသောက်ပြီးနောက် သူ့သမီးလေးနဲ့ ခဏလောက် ကစားပြီး အနားယူဖို့ ပြင်လိုက်ပါသည်။

လင်းချင်းဟယ်လည်း ဝင်လာပြီး အနားလာယူပါသည်။ ထင်ထားသည့်အတိုင်းပင်။ ဒီကို အိမ်ပြောင်းလာပြီးနောက် တကယ်ပဲ ကျယ်ဝန်းလှ၏။ အရင်တုန်းက တိုက်ခန်းမှာ နေလို့ရသဖြင့် နေခဲ့သည်။ အိမ်ခြံဝန်းကြီးမှာ နေဖူးသွားပြီ ဖြစ်သဖြင့် သူမ တိုက်ခန်းမှာ ပြန်မနေနိုင်တော့ပေ။

"သားငယ် ရှန်ဟိုင်းမြို့တော်က ပြန်လာရင် သူနဲ့အတူ တောင်ပိုင်းကို ကျွန်မသွားရင်ကောင်းမလားလို့ စဥ်းစားနေတာ" လင်းချင်းဟယ်က ပြောလိုက်သည်။

"သူနဲ့ ချန်းမင်ကို သွားခိုင်းလိုက်ပါလား။” ကျိုးချင်းပိုင်က သူ့မိန်းမကို ငေးကြည့်ရင်း ပြောလိုက်ပါသည်။

"လုံကျင်းလက်ဖက်ရွက်တွေ ဘယ်လိုနေလဲ သွားကြည့်မလို့ပါ။ စိတ်ချရအောင် ကျွန်မကိုယ်တိုင် သွားကြည့်မှ ဖြစ်မယ်။” လင်းချင်းဟယ်ကတော့ စိတ်မပြောင်းပေ။

သူမ၏ လက်ဖက်ရည်ဆိုင်ကို ရေရှည်စီးပွားရေးအဖြစ် ရည်ရွယ်ထားခြင်း ဖြစ်၏။ အမြတ်ပဲရှာဖို့ မဟုတ်ဘဲ ဂုဏ်သတင်းလည်း မွှေးစေရမည်။

ဒီလုံကျင်းလက်ဖက်ရွက်များကို မနှစ်က စတင်မှာယူခဲ့သည်။ သူမကိုယ်တိုင် စစ်ဆေးရပါမည်။

ကျိုးချင်းပိုင်လည်း အတူတူ လိုက်ခဲ့ချင်နေ၏။ လင်းချင်းဟယ်က သူ့ကို အမိန့်ပေးလိုက်သည်။ "မလိုက်စမ်းပါနဲ့။ အိမ်မှာပဲနေ။ သားငယ်နဲ့ပဲ သွားလိုက်မယ်။”

တကယ်ပါ။ သူတို့က အသက်ကြီးကြီး လင်မယားတွေ ဖြစ်နေပါပြီ။ သူမ သွားတဲ့နေရာတိုင်း လိုက်လာဖို့ လိုသေးလို့လား။

ကျိုးချင်းပိုင်က ပြောလိုက်သည်။ "စောင့်ကြည့်ကြသေးတာပေါ့။”

လင်းချင်းဟယ်က ရွှင်ပျစွာဖွင့် ငေါက်လိုက်၏။ "နေ့လည်ကျရင် ဆိုင်ကို သေချာကြည့်ပေးလိုက်။ မသင့်တော်ရင် မဝယ်ခိုင်းနဲ့။ ကန်းကျစ်ကို တခြားဆိုင်ရှာခိုင်းလိုက်။”

"အင်း" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်ပါသည်။

နေ့လည်ခင်း ၃ နာရီတွင် ကန်းကျစ်နဲ့အတူ ဆိုင်ကိုသွားကြည့်ခဲ့ပါသည်။ အရှေ့ပိုင်းမြို့တော်မှာ တည်ရှိသော်လည်း ဆိုင်က ဆိုးရွားသည်။ တည်နေရာကတော့ အဆင်ပြေသည်။ အနည်းငယ် သေးငယ်နေခြင်းသာ ရှိသည်။

သူတို့ မုန့်ပဲသရေစာ ရောင်းချင်ပါက အဆင်ပြေနိုင်ပါသည်။ မြေလည်း အများကြီး မလိုပေ။ သို့သော် တခြားဆိုင်များ ဖွင့်ပြီး တခြားစီးပွားရေး လုပ်လိုပါက သေချာပေါက် မလုံလောက်ပါ။

"မင်းအပေါ်မှာပဲ မူတည်တယ်။ ဝယ်ရင်တော့ ရှုံးလည်း မရှုံးသလို အလိမ်ခံရမှာလည်း မဟုတ်ဘူး။” ကျိုးချင်းပိုင် သူ့တူဘက်ကိုလှည့်ပြီး ပြောလိုက်ပါသည်။

မြေတန်ဖိုးက ရွှေနဲ့ညီနေသဖြင့် ဝယ်ပြီး ထိန်းသိမ်းထားရင်တောင် နောက်ဆုံးရွေးချယ်ခွင့်က သူ့တူလက်ထဲမှာပဲ ရှိပါသည်။

"ဒါဆို ဝယ်ရမှာလား။" ကန်းကျစ်က ခေါင်းကုတ်ရင်း ပြောလိုက်ပါသည်။

"ဝယ်လိုက်” ကျိုးချင်းပိုင်က ခေါင်းငြိမ့်သည်။ "ဝယ်ပြီး ပြန်ပြင်ဆင်လိုက်။” မင်းဆိုင်မဖွင့်လည်း ငှားစားလို့ရတယ်။"

မြို့တော်က နောက်ပိုင်းအိမ်စျေးများကို သိထားသဖြင့် အရမ်းကြီး မဆိုးရွားသရွေ့ ဝယ်ဖို့ အကြံပေးလိုပါသည်။ ဝယ်သောအခါ ဆုံးရှုံးမှုလည်းမရှိ၊ အလိမ်လည်းခံရမှာ မဟုတ်ပါ။

All Chapters