← Chapters

အခန်း(၆၄၆) မှီခိုမှု

Vol. 47 Ch. 646

အခန်း(၆၄၆) မှီခိုမှု

Vol. 47 Ch. 646

အခန်း(၆၄၆) မှီခိုမှု

ရှုမောင်နှမနှစ်ယောက် ဘာတွေစီစဥ်နေကြသလဲမသိဘဲ ကျိုးမိသားစုဘက်မှာတော့ အားလုံး တည်ငြိမ်နေပါသည်။ တစ်ခုတည်းသော ပြဿနာက ကျိုးချင်းပိုင် သူ့မိန်းမကို လွမ်းဆွတ်နေခြင်းသာ။ သူမ ခရီးသွားသည့် ပထမနေ့ကတည်းက နေသားမကျခဲ့ပေ။

သူမကို တစ်ရက်လုံးလုံး မမြင်ရသဖြင့် ဘယ်လိုလုပ် အသားကျနိုင်မည်နည်း။

အရင်တုန်းက သူတို့ခွဲတာ မရှိသလောက်ရှားသည်။ ထို့ကြောင့်လည်း ကျိုးချင်းပိုင်က သူ့မိန်းမကို လွမ်းနေခြင်းဖြစ်ပါသည်။ သို့သော်လည်း ထုတ်မပြောခဲ့ပါ။

သူထုတ်မပြောသော်လည်း မိမိလေးက ပြောပါသည်။ "ဖေဖေ မေမေဘယ်တော့ ပြန်လာမှာလဲ။”

သူမအမေကို မမြင်တာ တော်တော်ကြာပါပြီ။

"မကြာတော့ပါဘူး။" ကျိုးချင်းပိုင်က သမီးလေးကို နှစ်သိမ့်ပေးဖို့သာ တတ်နိုင်ပါသည်။

သို့သော်လည်း သူ့သမီးလေးကချော့ဖို့မလွယ်ပါ။ ညအိပ်ယာမဝင်ခင်မှာလည်း နောက်တစ်ခေါက် ထပ်မေးပါသေးသည်။ ကျိုးချင်းပိုင်က သူမကို ချော့သိပ်ရသည်။

"မေမေ သမီးကို မလိုချင်တော့တာတော့ မဟုတ်ပါဘူးနော်။ သမီးတို့စာသင်ခန်းထဲမှာ ကောင်မလေးတစ်ယောက် ရှိတယ်။ သူ့မေမေက သူ့ကိုမလိုချင်တော့ဘူး။ သူက အရမ်းသနားဖို့ကောင်းတာ။ ဘယ်သူမှ သူ့ကိုခေါင်းဖြီးပေးမှာ မဟုတ်ဘူး။" သူ့သမီးလေးက သနားဖို့ကောင်းစွာ ပြောလိုက်ပါသည်။

အမေမရှိရင် ဂေါ်ဖီထုတ်လေးတစ်ထုတ်လို ဖြစ်လာတော့မှာလား။

"သမီးအမေက ခရီးထွက်နေတာပါ။ သူက အပြင်မှာ ပိုက်ဆံရှာနေတာလေ။ သူပြန်လာရင် အရသာရှိတဲ့ မုန့်တွေ အများကြီး ဝယ်လာလိမ့်မယ်။ သမီးကို မလိုချင်လို့ မဟုတ်ပါဘူး။” ကျိုးချင်းပိုင် ရယ်ရခက် ငိုရခက် ဖြစ်သွားပါသည်။

မိမိလေးက သူမအဖေကိုကြည့်လိုက်ပါသည်။ "မေမေက ဖေဖေနဲ့မိမိလေးကို စောင့်ရှောက်ဖို့ ပိုက်ဆံသွားရှာတာလား။"

"ဟုတ်တာပေါ့" ကျိုးချင်းပိုင်၏ နှလုံးသား နူးညံ့သွားပါသည်။

မိမိလေးက ဆက်မမေးတော့ပါ။ ထို့အစား ဒီလိုပြောလိုက်ပါသည်။ "ဒါဆို နောက်ကို နည်းနည်းပဲ စားတော့မယ်။ မေမေ ပင်ပန်းမှာစိုးလို့။”

မိမိလေး ခဏနေတော့ အိပ်ပျော်သွားပါသည်။ ကျိုးချင်းပိုင်က နိုးနေဆဲဖြစ်သည်။ သူ့သမီးလေးကို စောင်လေးနဲ့ ခြုံထားပေးလိုက်သည်။ ပန်ကာဖွင့်ထားပါက ညဘက် အအေးမိတတ်သည်။ ထို့နောက်မှ သူလည်း အိပ်စက်ရင်း သူ့မိန်းမအကြောင်း စဥ်းစားမိပါတော့သည်။

လင်းချင်းဟယ်ကတော့ သားအဖနှစ်ယောက်၏ စကားဝိုင်းကို မကြားနိုင်တော့ပါ။ ဒီတစ်ခေါက် သူမသားကို ကျန်းစုသို့ ခေါ်သွားလိုက်၏။

ကျန်းစုမှ ပိလော့ချွမ်က နာမည်အကြီးဆုံး လက်ဖက်ရည် ၁၀ မျိုးထဲက တစ်မျိုးဖြစ်သည်။ ဒီတစ်ခေါက် သူမ လာဝယ်ခြင်းဖြစ်၏။

ကျန်းစုတွင် လှပသောရှုခင်းများရှိ၏။ ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။ "အမေ ဒီက ရှုခင်းတွေ တော်တော်လှတယ်နော်။ အားရင် အဖေနဲ့ ဒီမှာလာလည်လို့ရတယ်။ ညီမလေးကောပဲ။”

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ ဒီက ရှုခင်းများက တကယ်ပဲလှပပါသည်။ ကျိုးချင်းပိုင်နဲ့ သူ့သမီးလေးကို သူမ အားလပ်ပါက ခေါ်လာဖို့ ကောင်းပါသည်။

ဒီမှာ လုပ်ငန်းသဘောတူ စာချုပ်ချုပ်ပြီးနောက် လင်းချင်းဟယ် သူမသားနဲ့အတူ မြို့တော်သို့ ပြန်လာခဲ့ပါတော့သည်။

ထို့နောက် အချိန်ကျသောအခါ ဒီက တစ်ယောက်ယောက်ကို ပစ္စည်းများ ပို့ခိုင်းလိုက်လို့ ရပါသည်။ ရထားဖြင့် လက်ဖက်ရွက်များကို ပြန်သယ်လာနိုင်သည်။

အချိန်က နဂိုသတ်မှတ်ထားသည့် လဝက်ထက် ရက်နည်းနည်းလောက် ပိုကြာခဲ့ပါသည်။

ထို့ကြောင့် လင်းချင်းဟယ် အိမ်ပြန်ရောက်လာသောအခါ မကျေမနပ်ဖြစ်နေသည့် သားအဖနှစ်ယောက်၏ အကြည့်များနဲ့ ရင်ဆိုင်ရပါသည်။

"မေမေ ပြန်မလာရင် မေမေ့မျက်နှာကို မေ့သွားတော့မှာ" မိမိလေးက သူမခြေထောက်ကို ပြေးဖက်ကာ ပြောလိုက်ပါသည်။

လင်းချင်းဟယ်က ရယ်မောရင်း သူမကိုချီဖို့ ပြင်လိုက်ပါသည်။ သို့သော်လည်း သူမ၏ အစ်ကိုငယ်က သူမကို ချီယူလိုက်သည်။ "အစ်ကိုငယ်လည်း ပြန်လာပြီလေ။ ဘာလို့ အစ်ကိုငယ်ကိုကျတော့ သတိရတယ်လို့ မပြောတာလဲ။”

"မိမိလေး သတိရပါတယ်။” မိမိလေးက အမြန်ပြောလိုက်ပါသည်။

ကျိုးကွေ့လိုင်ကပြုံးလိုက်၏။ "ကောင်းတာပေါ့ မဟုတ်ရင် အစ်ကိုငယ် အများကြီး ဝယ်လာတာတွေ အလကားဖြစ်ကုန်မယ်။”

ကျန်းနန်သို့ သွားရာလမ်းတွင် ချစ်စရာအရုပ်များစွာကို မြင်ခဲ့ပါသည်။ အားလုံး ကောင်းသည့်ပုံပေါ်သဖြင့် အကုန်လုံးကို ဝယ်ခဲ့ပါသည်။ ကျန်တာ ဘာမှ မပါပါ။ အိတ်က အရုပ်များဖြင့် ပြည့်နှက်နေ၏။

အရုပ်များကို ထုတ်လိုက်သောအခါ မိမိလေးက အပျော်လွန်သွားပါသည်။ "အစ်ကိုငယ်က မိမိလေးကို အချစ်ဆုံးပဲ။”

ထို့နောက် ပျော်ရွှင်စွာဖြင့် အရုပ်များကို သွားရှာဖွေပါတော့သည်။ အားလုံးကိုမြင်ပြီးနောက် လက်ဆောင်များကို ထုတ်လိုက်သည်။ လေရဟတ် အသေးစားလေးက ဖန်ဖန်အတွက် ဖြစ်၏။ မီးသင်္ဘောလေးက အမြွှာအစ်ကိုအတွက် ဖြစ်သည်။ သစ်သားအရုပ်မလေးက အမြွှာအစ်မအတွက် ဖြစ်သည်။ သူမ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်အတွက်လည်း တစ်ယောက်တစ်ခုစီ ပါ ပါသည်။

ကျိုးချင်းပိုင်၏ အကြည့်ကတော့ သူ့မိန်းမအပေါ်မှာပဲ ရှိနေပြီး မေးလိုက်ပါသည်။ "ဗိုက်ဆာပြီလား။”

"နည်းနည်း" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က အိမ်ထိန်းကို ခေါက်ဆွဲချက်ခိုင်းလိုက်ပါသည်။ ထို့နောက် ရေချိိုးဖို့ ရေနွေးကျိုလိုက်ပါသည်။

လင်းချင်းဟယ်က ဒီလိုပြုစုမှုကို သဘောကျပါသည်။ အိမ်က သစ်သားကန်ကြီးနဲ့ ရေချိုးလိုက်ကာ နောက်ဆုံးတော့ လန်းဆန်းသွားပါသည်။

"ငါးရက်တောင် နောက်ကျတယ်နော်။" ကျိုးချင်းပိုင်က သူမ လန်းဆန်းဗိုက်ပြည့်သွားခါမှ ပြောလိုက်ပါသည်။

လင်းချင်းဟယ်က ရှင်းပြလိုက်သည်။ "ကားလမ်းတွေက နောက်ပိုင်းမျိုးဆက်တွေလောက်မှ မကောင်းသေးတာ။ အဲ့မှာ မိုးလည်း ရွာသေးတယ်။” တကယ်တော့ သူမသားနဲ့ ခရီးသွားရတာ ရှားသဖြင့် နေရာတချို့ကို လိုက်ပို့ပေးနေခြင်း ဖြစ်ပါသည်။

လင်းချင်းဟယ်က သူ့ကိုလျစ်လျူရှုလိုက်ပါသည်။ သူမ၏ ကိုယ်ပိုင်အိပ်ယာလေးထဲမှာ အိပ်လိုက်သည်။ အိမ်က အိပ်ယာက ပိုပြီး သက်တောင့်သက်သာရှိလှပါသည်။ လင်းချင်းဟယ်တစ်ယောက် လှဲလျောင်းပြီးနောက် မလှုပ်ရှားချင်တော့ပါ။

သို့သော်လည်း ကျိုးချင်းပိုင်က သူမကိုအလွတ်မပေးပါ။ တံခါးကိုပိတ်လိုက်ပြီး မတွေ့ရတာကြာပြီ ဖြစ်သဖြင့် ခံစားချက်များကို ပြောပြရင်း အတူတူ အိပ်ပျော်သွားကြပါသည်။

မိမိလေးကိုတော့ သူမအဖေက အပြင်ထုတ်ထားပါသည်။

သားငယ်က အူမြူးစွာ ပြောလိုက်သည်။ "ဒီကိုလာ အစ်ကိုငယ်နဲ့ လာအိပ်။”

"မအိပ်ဘူး။ မေမေနဲ့ အိပ်ချင်လို့" မိမိလေးက ငြင်းသည်။

"အခုလေးတင် အစ်ကိုငယ်က ဂရုအစိုက်ဆုံးပဲဆို။ အခု အစ်ကိုငယ်နဲ့ မအိပ်ချင်ဘူးလို့ ပြောတယ်ပေါ့။ မိမိလေး အစ်ကိုငယ့်ကို အသည်းကွဲအောင် လုပ်နေတာလား" ကျိုးကွေ့လိုင်က နာကျင်နေသော မျက်နှာထားဖြင့် ပြောလိုက်ပါသည်။

မိမိလေးက တွန့်ဆုတ်သွားပါသည်။ သူမ၏ အစ်ကိုငယ်ကို ကြည့်ရင်း ပြောလိုက်ပါသည်။ "အင်းပါ ဒါပေမယ့် ဒီတစ်ခေါက်ပဲနော် မနက်ဖြန် မေမေနဲ့ပဲအိပ်မှာ။”

"အေးပါ" သားငယ်က ခေါင်းငြိမ့်လိုက်ပြီး သူ့ညီမလေးကို အခန်းထဲချီသွားလိုက်ပါသည်။ သူ့မိဘများကတော့ ညားခါစ လင်မယားတွေလို ကြည်နူးနေကြပါသည်။ သူတို့ ဒီအသက်အရွယ်တောင် ရောက်နေကြပြီ။ ဒီလို သံယောဇဥ်ကြီးများသည့် စုံတွဲမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပါ။

မိန်းမပြန်လာသည့် ကျိုးချင်းပိုင်ကတော့ အပျော်ကြီး ပျော်နေသဖြင့် သူစားသမျှက မွှေးပျံ့နေသည်။ လုပ်သမျှက အားအင်များဖြင့် ပြည့်ဝနေ၏။ အိမ်ထိန်းက လင်းချင်းဟယ်ကို ရွှင်မြူးစွာ ပြောလိုက်ပါသည်။ "သခင်မ တတိယသခင်လေးနဲ့ ခရီးထွက်သွားကတည်းက ဆရာက စိတ်လေနေတာ။ အခုပြန်လာတော့ အားအင်တွေ ပြည့်ဝနေတာပဲ။”

လင်းချင်းဟယ်က ချောင်းဟန့်လိုက်ပါသည်။ မနေ့ညက သူမ နားလည်ပြီးပါပြီ။ ပြောဖို့မလိုအောင် အလုပ်ဖြင့် သက်သေပြတတ်သူ ဖြစ်၏။ ဒီအဘိုးကြီိးက ဘာလို့ သူ မနားပဲ အရမ်းတွယ်ကပ်နေရတာလဲ။ သူမ အနည်းငယ် တာဝန်ရှိသလို ခံစားရစေပါသည်။

သို့သော်လည်း လင်းချင်းဟယ်၏ ရင်ထဲမှာတော့ ကျေနပ်နေပါသည်။

ကျိုးချင်းပိုင်က တကယ်တော့ တွယ်ကပ်နေတာ မဟုတ်ပါ။ ဥပမာအားဖြင့် ဒီနေ့ သူမ ပြန်ရောက်လာတော့ သူလုပ်သင့်တာကို လုပ်ခဲ့ပါသည်။ သူမနောက်ကို တစ်နေကုန် လိုက်ခဲ့တာ မဟုတ်ပါ။ သို့သော်လည်း စိတ်ပိုင်းဆိုင်ရာအရ ထောက်ပံ့ပေးနိုင်သူလည်းဖြစ်သည်။ သူမ ခရီးကပြန်လာပြီး စိတ်အခြေအနေက ခြားနားနေပါသည်။

လင်းချင်းဟယ်က လက်ဖက်ရွက်ထုပ်နှစ်ထုပ်နဲ့ အဖေကျိုး၊ အမေကျိုးတို့ဆီသို့ လာခဲ့ပါသည်။

အဘိုးဝမ်လည်း ရှိနေပါသည်။ သူကော၊ အဖေကျိုးကော လက်ဖက်ရည် ကြိုက်ကြသည်။

သူတို့ အိမ်ပြောင်းပြီးပါပြီ။ အိမ်ခြံဝန်းကြီးဆီကို ပြောင်းလာပြီးနောက် အလွန်ကျယ်ဝန်းလှပါသည်။ လင်းချင်းဟယ်က အဖေကျိုး၊ အမေကျိုးနဲ့ အဘိုးဝမ်တို့အားလုံးကို ဒီမှာလာနေခိုင်းပါသည်။

သို့သော်လည်း လူကြီး ၃ ယောက်စလုံးက ငြင်းခဲ့၏။

တစ်ခုက သူတို့အိမ်က ကျယ်ပါသည်။ သူတို့အိမ်မှာ သူတို့နေခြင်းဖြင့် လူကြီးသုံးယောက်က အချင်းချင်း ဂရုစိုက်ပေးနိုင်သည်။ ထို့အပြင် ချက်ဖို့ပြုတ်ဖို့နဲ့ အိမ်မှုကိစ္စလုပ်ဖို့ပါ လူတစ်ယောက် ငှားထားပေးပါသည်။ သူတို့ အချိန်ပို အများကြီး ရှိကြပါသည်။

ပတ်ဝန်းကျင်မှာလည်း သွားစရာနေရာများစွာရှိသည်။ ပန်းခြံ၊ စူပါမားကတ် စသည်တို့ကဲ့သို့ဖြစ်သည်။ ၎င်းတို့က လူကြီးသူမများ စုဆုံရာနေရာများဖြစ်ကြသည်။ သူတို့အားလုံး ဒီရပ်ကွက်မှာပဲ နေကြသည်။ ကျိုးရှောင်းမိန်၊အာ့နီနဲ့ တခြားသူများလည်း ဒီနယ်မြေမှာပဲ နေကြ၏။ အလွန်စည်ကားပါသည်။ တစ်ခုခုသာဖြစ်လာပါက ချက်ချင်းဂရုစိုက်ပေးနိုင်သည်။

ကျိုးအာ့နီ၏ အိမ်တွင် ဖုန်းတစ်လုံး ဆင်ထား၏။ အခု သူတို့မွေးရပ်မြေကို ဖုန်းဆက်ဖို့ သူမအိမ်သို့ သွားနိုင်ပါသည်။

ထို့ကြောင့် အိမ်ခြံဝန်းကြီးသို့ သူတို့လာမနေခဲ့ကြပါ။ ဒီဘက်ကလည်း သက်တောင့်သက်သာရှိပါသည်။

"အခု ပြန်လာပြီဆိုတော့ ထပ်မသွားပါနဲ့တော့။ နင့်လက်အောက်ကလူတွေကိုပဲ သွားခိုင်းစမ်းပါ။ နင်သွားတော့ ချင်းပိုင်နဲ့ မိမိလေး ဘယ်လောက်တောင် အနေခက်လဲ မြင်နေရတယ်။” အမေကျိုးက သူမကို ပြောလိုက်ပါသည်။

"ဟုတ်ကဲ့ပါ။ နောက်တစ်ခေါက်ဆို သမီး တခြားတစ်ယောက်ကို လွှတ်လိုက်ပါ့မယ်။" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။

All Chapters