အခန်း (၆၄၁) - ပြုစုပျိုးထောင်ရန် ရည်ရွယ်ချက်
Vol. 46 Ch. 641
အခန်း (၆၄၁) - ပြုစုပျိုးထောင်ရန် ရည်ရွယ်ချက်
ကန်းကျစ်၏ ဆိုင်ငယ်လေးက တကယ့်ကို ဆိုးပါသည်။ တစ်လမ်းကျော်က စီးပွားရေးဆိုင်ရာလမ်းကြော ဖြစ်သည်။ အဓိကအကြောင်းအရာကတော့ ဆိုင်က နည်းနည်းသေးပြီး ဈေးနှုန်းက မသက်သာလှသောကြောင့် ဖြစ်သည်။ မဟုတ်ပါက သူ တုံ့ဆိုင်းနေမှာ မဟုတ်ပေ။
၎င်းအတွက် ကန်းကျစ်၏ အပ်နှံငွေရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်းနီးပါးကို အသုံးပြုခဲ့ရသည်။ အိမ်ရာစီမံခန့်ခွဲရေးဗျူရိုမှတစ်ဆင့် လွှဲပြောင်းပြီး သူ့ကိုယ်ပိုင်ဆိုင်ငယ်လေးကို ရယူထားလိုက်သည်။
၎င်းက အနည်းငယ် ဈေးကြီးလွန်းနေသော်လည်း ကန်းကျစ်သည် သူ့လက်ထဲက အိမ်ပိုင်ဆိုင်မှု စာချုပ်ကို ကြည့်ပြီး သူ့မျက်နှာပေါ်က အလွန်အမင်း ပျော်ရွှင်နေသည့်ပုံရိပ်ကို ဖုံးကွယ်ထားလို့ မရနိုင်ခဲ့ပေ။
သူသည် မြို့သားတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သူတို့၏အိမ်ထောင်စုစာရင်းကို ပြောင်းရွေ့ရန် ပိုက်ဆံသုံးပြီးသား ဖြစ်သည်။ သူ အလိုချင်ဆုံးအရာက ဒီမှာ အိမ်တစ်လုံးနှင့် ဆိုင်ကို ဝယ်ပြီးနောက် သူ့၏ တတိယအစ်ကိုကဲ့သို့ ဇနီးသည်တစ်ယောက်ကို လက်ထပ်ယူရန် ဖြစ်သည်။
အရင်က သူသည် ထိုအကြောင်းကို အိပ်မက်တောင် မမက်ရဲခဲ့ချေ။ ဒါပေမယ့် အခုတော့ သူသည် မြို့တော်၏ အိမ်ထောင်စုစာရင်းတွင် ပါဝင်သော မြို့တော်၏နိုင်ငံသားတစ်ယောက် ဖြစ်နေပြီ ဖြစ်သဖြင့် ထိုအကြောင်းကို သူ စဉ်းစားနိုင်ပြီ ဖြစ်သည်။
သူ ပထမဆုံး ဝယ်ချင်ခဲ့တာက အိမ်တစ်လုံး ဖြစ်သည်။ သူ့အမေဘက်က အဒေါ်က ပြောဖူးသည်။ အခုလောလောဆယ်တော့ မရှိသေးပေ။ ရှိခဲ့လျှင်လည်း သူ့အလှည့် မဟုတ်သေးပေ။ အလျင်မလိုပေ။
အခု သူ ဒီဆိုင်ကို ဝယ်ပြီးသွားပြီဖြစ်၍ ဒီမှာ ပိုင်ဆိုင်မှု ရှိသွားသည့် ခံစားချက်ကို သူ ရလိုက်သည်။
ညဘက် အိမ်ပြန်ရောက်သွားသောအခါ လင်းချင်းဟယ်သည် ဒီတူလေး၏မျက်နှာပေါ်က ရယ်မောပျော်ရွှင်နေသည့် အပြုံးကို မြင်ပြီး ပြုံးကာ "အရမ်းပျော်နေတာပေါ့။"
"အရမ်းပျော်တယ်။" ကန်းကျစ်က ပျော်ရွှင်စွာ ပြန်ဖြေခဲ့သည်။
သူ အရင် ဒီကိုရောက်တုန်းက ဒီအကြောင်းအရာတွေကို ဘယ်လိုတွေးနိုင်မည်နည်း။ သူက ဒီမှာ ပိုက်ဆံနည်းနည်း ရှာပြီး ထိမ်းမြားလက်ထပ်ရန်အတွက် စုဆောင်းဖို့ ငွေများကို အိမ်ပြန်ပို့လိုက်သည်။
ကျန်တာတော့ မစဉ်းစားရဲတော့ပေ။ အခု ဒီမှာ သူ ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်လိုက်ရသဖြင့် သူ ဘယ်လိုလုပ် မပျော်ရွှင်ဘဲ နေမည်နည်း။
"အဲဒါကို ပြင်ဆင်မွမ်းမံဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ဦး။ မင်းကိုယ်တိုင် မလုပ်ချင်ရင်တောင် ငှားလိုက်လို့ရတယ်။ ကိစ္စဝိစ္စတွေ ငြိမ်သက်သွားတဲ့အထိ စောင့်မနေနဲ့။" လင်းချင်းဟယ်က ပြောသည်။
"ဟုတ်… ပြင်ဆင်မွမ်းမံဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို မနက်ဖြန် ကျွန်တော် သွားဝယ်လိုက်မယ်။" ဒီအရာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ သူ သိသည်။ ဆိုင်ကြမ်းခင်းက နှစ်ဆယ် သို့မဟုတ် သုံးဆယ် စတုရန်းမီတာသာ ရှိသည်။ ထိုအရာအားလုံးကို သူကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းနိုင်သည်။
"ဟူကျစ်က အဲ့ကိုလာပြီး မင်းကို ကူညီပေးလိမ့်မယ်။" လင်းချင်းဟယ်က ပြောသည်။
"ကောင်းပြီ… ဒါဆို စားပြီးတာနဲ့ ကျွန်တော် တတိယအစ်ကိုဆီ သွားလိုက်မယ်။" ကန်းကျစ်က ခေါင်းညိတ်လိုက်သည်။
ဟူကျစ်နှင့် ကန်းကျစ်တို့ ညီအစ်ကိုနှစ်ဦး၌ အလားအလာရှိသော အနာဂါတ်တစ်ခု ရှိမည်ဆိုတာ ပြောနေစရာပင် မလိုပေ။ မှားယွင်းသော လမ်းကြောင်းကို မလျှောက်လှမ်းသရွေ့ အနာဂါတ်မှာ ဆိုးဆိုးရွားရွား ဖြစ်လာနိုင်ချေ မရှိပေ။
ကျိုးကွေ့လိုင်သည် အားလပ်ချိန်တစ်ချို့ ရလာပြီးနောက်တွင် ရှန်ဟိုင်းမြို့သို့ တစ်ဖန်ပြန်သွားခဲ့သည်။
ကျန်းဟန်သည် စီမံခန့်ခွဲရာ၌ အတော်လေး အရည်အချင်းရှိသူ ဖြစ်သည်။ အခုအချိန်တွင် ဆိုင်တော်တော်များများသည် ကောင်းကောင်းမွန်မွန် လည်ပတ်နေပြီဖြစ်သည်။
ကျိုးကွေ့လိုင်သည် စာရင်းစာအုပ်ကို ကြည့်ရှုစစ်ဆေးပြီးနောက် ပြောလိုက်သည်။ "ယာဉ်မောင်းလိုင်စင် ဖြေဖို့ အချိန်တစ်ခု ရှာလိုက်ပါ… နောက်ပိုင်း လက်ဖက်ခြောက်တွေကို တင်ပို့တဲ့အခါ ရထားဘူတာမှာ အစ်ကိုကိုယ်တိုင် သွားယူရမှာ။ နောက်တစ်ခေါက် ကျွန်တော် လာတဲ့အခါ အစ်ကို့မှာ ယာဉ်မောင်းလိုင်စင် ရှိနေမယ်လို့ မျှော်လင့်တယ်။"
ကျန်းဟန်က သဘောတူသည်။
ကျန်တာကတော့ ကျိုးကွေ့လိုင်သည် တစ်ခြားဝန်ထမ်းများကို စစ်ဆေးခဲ့သည်။ တစ်ချို့ကို သူ မြို့တော်သို့ ပြန်သွားပြီးနောက်ပိုင်းမှ ခန့်ထားခြင်း ဖြစ်သည်။ ကျိုးကွေ့လိုင်သည် သူတို့၏ သင်ယူမှုကို စစ်ဆေးရမည်။
ထိုအထဲမှာ နှစ်ယောက်ကို သူ စိတ်ကျေနပ်မှု မရှိခဲ့ပေ။ "မင်းတို့နှစ်ယောက်ရဲ့ လေ့ကျင့်ရေးကာလကို နောက်တစ်ပတ် ထပ်တိုးမယ်။ တစ်ပတ်အပြီးမှာ မင်းတို့ လုပ်နိုင်ခဲ့ရင် ဆက်နေလို့ရမယ်။ မဟုတ်ရင်တော့ အနီးနားမှာ အလုပ်တစ်ခု ရှာနိုင်တယ်။"
အဆိုပါ ဝန်ထမ်းနှစ်ယောက်မှလွဲ၍ တစ်ခြားသူတွေကို ဆိုင်အသစ်များသို့ ပို့ဆောင်ထားခဲ့သည့် ပထမအသုတ်က ဝန်ထမ်းအချို့နှင့် အစားထိုးလဲလှယ်ရန် ဆိုင်သုံးဆိုင်ဆီသို့ ခွဲဝေနေရာချပေးလိုက်သည်။
ယခုတစ်ကြိမ်တွင် ကျိုးကွေ့လိုင်သည် လက်ဖက်ရည်ဆိုင်သစ် နှစ်ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။ နှစ်ရက်အတွင်းတွင် မာချန်းမင်းသည် အလုပ်သမားသုံးဦးကို ခေါ်ဆောင်လာပြီး လက်ဖက်ခြောက်တစ်သုတ်ကို ယူလာခဲ့သည်။
နေ့လည်စာ စားချိန်၌ ကျိုးကွေ့လိုင်သည် သူ့မိဘများထံသို့ ဖုန်းခေါ်ခဲ့သည်။
"အမေ… ကျွန်တော် ဒီမှာ ကုန်တင်ကားတစ်စီး ဝယ်ချင်တယ်။ အဲဒါဆို လက်ဖက်ခြောက်တွေ သယ်ယူဖို့ ပိုအဆင်ပြေသွားလိမ့်မယ်။" ကျိုးကွေ့လိုင်က ဖုန်းထဲမှ လှမ်းပြောလိုက်သည်။
"အဲ့မှာ မင်း ပိုက်ဆံ ဘယ်လောက်ရှာပြီးပြီလဲ။" လင်းချင်းဟယ်က စိတ်အချဉ်ပေါက်စွာ ပြန်မေးလိုက်သည်။
ဒီလောက်သမိုင်းမှတ်တိုင်နည်းနည်းလေးနဲ့ ကုန်တင်ကားတစ်စီး ဝယ်ချင်နေတာလား။
"အမေ… ဒီက လက်ဖက်ရည်ယဉ်ကျေးမှုကို လျှော့မတွက်ပါနဲ့။ ကျွန်တော် ဆိုင်တွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ဇယားကို ကြည့်ပြီးပြီ။ အချိန်တိုနေသေးလို့ပါ။ သုံးလအတွင်းမှာ သိသိသာသာ တိုးတက်လာတာကို တွေ့ရတယ်။" ကျိုးကွေ့လိုင်က ပြောသည်။
ကုန်တင်ကားမပါဘဲ ကုန်ပစ္စည်းများကို သယ်ယူရသည်မှာ အမှန်တကယ့်ကို အဆင်မပြေလှပေ။
"မင်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲ။” လင်းချင်းဟယ်က မေးသည်။
"ကုန်တင်ကားတစ်စီးဝယ်ဖို့ လုံလောက်ပါတယ်။" ကျိုးကွေ့လိုင်က ပြန်ဖြေသည်။
လင်းချင်းဟယ်က သူ့ကို ဝယ်ခွင့်ပေးလိုက်သည်။ အဆုံးတော့ ကုန်တင်ကားမရှိလျှင် အမှန်တကယ့်ကို အဆင်မပြေချေ။ ထို့အပြင် သူတို့သည် ရှန်ဟိုင်းမြို့ဘက်ကိုလည်း ချဲ့ထွင်ကာ တိုးတက်လိုကြသည်။
ကျိုးကွေ့လိုင်သည် ဝမ်းသာသွားသည်။ သူသည် ကျန်းဟန်ကို ကုန်တင်ကားဝယ်ရန် ခေါ်သွားလိုက်သည်။ ယွမ် နှစ်သောင်းလောက် တန်ဖိုးရှိသော ကုန်တင်ကားတစ်စီးကို သူ့ကိုယ်ပိုင်နာမည်ဖြင့် ဝယ်ခဲ့သည်။
သူ့တွင် ယာဉ်မောင်းလိုင်စင်ကဲ့သို့ အရာအားလုံး အဆင်သင့်ရှိနေပြီး ကျန်းဟန်နှင့်အတူ ကားကို မောင်းယူသွားနိုင်သည်။
ကျန်းဟန်က သူ့ကို သေချာပေါက် သဘောကျလေးစားသည်။ ကားမောင်းခြင်းကို သင်ယူဖို့ သူ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး။ သူ့ထက် ငယ်ရွယ်ပုံရသည့် ဒီသူဌေးလေး မသိတာ ဘာမှမရှိဘူးဟု သူ မမျှော်လင့်ထားခဲ့ဘူး။
"ကျွန်တော် ဒီကားကို အဘိုးကျန်းဘက်မှာ ထား,ထားခဲ့မယ်။ နောင်မှာ ကျွန်တော် ဒါမှမဟုတ် ဦးလေးချန်းမင်းက ပစ္စည်းတွေ ယူလာပြီး အဲဒါတွေကို သယ်ယူဖို့ ကားကို အစ်ကိုက မောင်းရလိမ့်မယ်။" ကျိုးကွေ့လိုင်က သူ့ကို ပြောသည်။
"မနက်ဖြန် လိုင်စင်ဖြေဖို့ လုပ်လိုက်ပါ့မယ်။" ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။
"အချိန်ကျလာရင် သတင်းပို့ပေးပါ။ ကုန်ကျစရိတ်ရဲ့တစ်ဝက်ကို ကျွန်တော် ပြန်ပေးမယ်။" ကျိုးကွေ့လိုင်က သူ့ကို ပျိုးထောင်ဖို့ ရည်ရွယ်ချက်ရှိသည်။
ကျန်းဟန်သည် သူ့ဒုတိယအဘိုးက သူ့ကို မိတ်ဆက်ပေးသည့်အလုပ်က မယုံနိုင်လောက်အောင် အံ့သြစရာကောင်းသည်ဟု ခံစားလိုက်ရသည်။
ကျိုးကွေ့လိုင်သည် ဤနေရာတွင် ရက်အနည်းငယ်ကြာနေခဲ့ပြီး အသစ်ထပ်ဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်နှစ်ဆိုင်မှာလည်း ပုံမှန်အတိုင်း လည်ပတ်နေကြောင်း တွေ့လိုက်ရသည်။ လုပ်ငန်းကြီးကြီးမားမား မရှိသည့်တိုင် သူကတော့ စိတ်မပူပေ။
မြို့တော်မှာ လက်ဖက်ရည်ဆိုင်များကို စဖွင့်ချိန်၌ စီးပွားရေးက သိပ်မကောင်းလှပေ။ အခု ဘယ်ဆိုင်ကများ ကောင်းကောင်း မလည်ပတ်နေသနည်း။ အထူးသဖြင့် ဒီနှစ်မှာတော့ စီးပွားရေးက မနှစ်ကထက် ပိုကောင်းလာခဲ့သည်။
ဒီဘက်၌လည်း လက်ဖက်ရည်ဆိုင်တွေ၏ နေရာတွေက ထိပ်တန်းနေရာများသာ ဖြစ်သည်။ ကျိုးကွေ့လိုင်က သိပ်စိတ်မပူပါဘူး။ အစောပိုင်းအဆင့်တွင် ရင်းနှီးမြုပ်နှံမှုသည် နောက်ပိုင်းအဆင့်တွင် ပြန်လည်ရရှိနိုင်သည်။
ကုန်တင်ကားကို အဘိုးကျန်းနှင့် အဘွားကျန်းတို့၏အိမ်ဘက်သို့ မောင်းသွားခဲ့သည်။
"အဘိုးကျန်း… အဘွားကျန်း… ကျွန်တော့်ကားကို အဘိုးတို့အိမ်ဝင်ပေါက်မှာ ထား,ထားခဲ့မယ်။ လိုအပ်လာရင် ကျန်းဟန်ကို မောင်းခွင့်ပေးလိုက်ပါ။" ကျိုးကွေ့လိုင်က ပြောသည်။
"ဒီမှာ ထားလိုက်တာ ကောင်းတယ်။ တစ်ယောက်ယောက်က လွဲမှားတဲ့အတွေးတွေ ရှိလာမှာကို စိတ်ပူနေစရာမလိုတော့ဘူး။" အဘိုးကျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
အခု ဒီနယ်မြေ၌ သူ့သားက ဒီနေရာနယ်မြေ၏ အကြီးအကဲဆိုတာ မသိတဲ့သူ မရှိဘူး။ လိုချင်တပ်မက်ဖို့ ဘယ်သူက သတ္တိရှိရဲမည်နည်း။
"နောက်ဆုံးတစ်ခေါက် ရှောင်ကမ်းပြန်လာတုန်းက တော်တော်လေး ထွားလာတာ တွေ့လိုက်ရတယ်။ သူသွားတဲ့ အပတ်တိုင်း သူ့ခေါင်းကိုင်အမေက သူ့ကို ကြက်စွပ်ပြုတ် ချက်ပေးမယ်လို့ ပြောတယ်။" အဘွားကျန်းက ပြောသည်။
"သူ့အတွက် သီးသန့်ချက်ပေးတာ မဟုတ်ပါဘူး။ သူ မလာရင်တောင် ကျွန်တော်တို့က အဲလိုစားကြတာပါ။ သူ လာရင် အားရပါးရလွေးရလိမ့်မယ်။" ကျိုးကွေ့လိုင်က ပြုံးကာ ပြောသည်။
အဘွားကျန်းက "မင်းက သူ့ကို ဂရုစိုက်ပေးနေတုန်းလေ။ ငါ မြင်သလောက်တော့ သူက ရှန်ဟိုင်းမြို့ကိုတောင် ပြန်မလာချင်တော့ပုံပဲ။ အဲမှာနေရတာ အရမ်းပျော်နေပြီ။ ပြောရရင် ငါက မြို့တော်မှာရှိတဲ့ အိမ်ခြံဝင်းဆီ မရောက်ဖူးသေးဘူး။ အဲကို သွားတဲ့အခါ မင်းအဘိုးကျန်းနဲ့ ငါ သွားကြည့်ဖို့ စီစဉ်ထားတယ်။"
"စီစဉ်ဖို့ လိုသေးလို့လား။ ကျွန်တော် ကားကို အန်တီရွှယ်ရဲ့အဆောက်အဦးဆီ မောင်းသွားပြီး အဲဒီမှာပဲ ထားခဲ့လိုက်မယ်။ ကျွန်တော် ပြန်တာနဲ့ ကျွန်တော်နဲ့အတူ လိုက်လာလို့ရတယ်။ ဘာမှစိတ်ပူနေစရာ မလိုဘူး။" ကျိုးကွေ့လိုင်က ပြောသည်။
အဘွားကျန်းသည် ထိုအကြံကို အကြံကောင်းတစ်ခုဟု ထင်မြင်ခံစားမိပြီး သူမ၏ခင်ပွန်းသည်ကို ကြည့်လိုက်သည်။
"မင်း အရင် ပြန်နှင့်လိုက်ပါ။ ငှားရမ်းခ ကောက်ရမှာက မနက်ဖြန်လေ။ ငှားရမ်းခ ကောက်ပြီးရင် မင်းအဘွားကျန်းနဲ့အတူ လိုက်လာမယ်။" အဘိုးကျန်းက ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူ့ကို မြေပိုင်ရှင်ဦးလေးအဖြစ် တာဝန်ပေးထားသည်။ လောလောဆယ် အကုန်လုံးကို ငှားရမ်းထားသည်။ လစဉ်လတိုင်း အိမ်လခကို အချိန်မီစုဆောင်းပြီး အကောင့်ထဲသို့ ပေးသွင်းရမည် ဖြစ်သည်။ အဲဒါက အရမ်းအဆင်ပြေပြီး ဒုက္ခလည်းမများပေ။ တစ်ခုခု လုပ်စရာရှိနေတာက ကောင်းသည်။
"ဒါဆို အချိန်စောပြီး ကောက်လိုက်ပါလား။ ဒီရက်ပိုင်း နည်းနည်း အလုပ်ရှုပ်နေလို့ဆိုတာ သူတို့ကို ပြောပြပြီး ဒီတစ်ခါ စောကောက်ပေမယ့် နောက်လတော့ ပုံမှန်အတိုင်းပဲ ဖြစ်မယ်လို့ ပြောလိုက်ပါ။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
"အဲဒါက သိပ်မကောင်းဘူး ထင်တယ်။" အဘိုးကျန်းက ပြန်ပြောသည်။
"ဒီတစ်ခါပါပဲ။ ပြီးတော့ ငှားရမ်းခက တခြားသူတွေထက် အများကြီး သက်သာတယ်။ ဘာလို့ သိပ်မကောင်းရမှာလဲ။" အဘွားကျန်းသည် ဒီအကြံအစည်က ကောင်းသည်ဟု ထင်သည်။
ထို့ကြောင့် အဘိုးကျန်းသည် အိမ်ငှားခများကို ကြိုတင် ကောက်ခံခဲ့သည်။ အားလုံးကို စုဆောင်းခဲ့သည်။ ညစာကို သူ ဒီမှာပဲ စားလိုက်သည်။ စားသောက်ပြီးနောက် ကျိုးကွေ့လိုင်သည် ကုန်တင်ကားကို ခေါင်းဆောင်ကျန်းနှင့် ရွှယ်မိန်လီတို့၏နေရာသို့ မောင်းနှင်သွားလိုက်သည်။