← Chapters

အခန်း(၆၄၈) လက်ဖက်ရည်

Vol. 47 Ch. 648

အခန်း(၆၄၈) လက်ဖက်ရည်

Vol. 47 Ch. 648

အခန်း(၆၄၈) လက်ဖက်ရည်

အရင်တစ်ခေါက်က ဆိုင်ဝယ်ပြီးပြီဖြစ်သဖြင့် ကန်းကျစ် အစွမ်းကုန် အလုပ်ကြိုးစားနေပါသည်။

ဟူကျစ်က ဆိုင်တစ်ဆိုင််ဖွင့်ထားပြီဖြစ်ပြီး ကန်းကျစ်က လမ်းဘေးဆိုင်ဖွင့်ထားဆဲဖြစ်သည်။  ဆိုင်ကို ပြန်လည်ပြုပြင်ပြီးနောက် ဆိုင်ကို တစ်လ ၁၀ ယွမ်ဖြင့် ငှားရမ်းခဲ့သည်။ ဆိုင်ငှားက ဖက်ထုပ်များ ရောင်းချ၏။

ယခု ကန်းကျစ်က ပိုက်ဆံရှာဖို့ အလုပ်ကြိုးစားနေပြီဖြစ်သဖြင့် ကော်မာရှယ်အိမ်တစ်လုံးဝယ်ဖို့ ပိုက်ဆံစုနေပါသည်။ လမ်းဘေးဆိုင်ဖွင့်ဖို့နဲ့ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ကတော့ သိပ်ပြီး အရေးမကြီးပါ။ အခု လမ်းဘေးဆိုင်ကလည်း အဆင်ပြေနေပါသည်။

ကိုယ်လက်မျက်နှာ သန့်စင်ပြီးသောအခါ သူ နေ့လည်စာစားဖို့ လာခဲ့သည်။ ကန်းကျစ်က စားသောက်ရင်း ပြောလိုက်၏။ "မနှစ်ကထက် ဒီနှစ် စီးပွားရေးလုပ်ရတာ ပိုကောင်းလာသလိုပဲ။”

နေ့တိုင်း နေရာပေါင်းစုံမှာ လမ်းဘေးဆိုင်ဖွင့်သဖြင့် လူများစွာနဲ့ သူကြုံတွေ့ရပါသည်။ သူ့ဦးနှောက်ကလည်း အများကြီး ပိုထက်မြက်လာ၏။ ထို့အပြင် သူက နဂိုကတည်းက မတုံးအပါ။ ထို့ကြောင့် ဒါကို မြင်နိုင်ပါသည်။

"အခု လစာတွေ ဘယ်လောက်တောင် မြင့်တက်လာလဲကြည့်ပါဦး" သားငယ်က ကြက်သားတစ်တုံးကို ယူရင်း ပြောလိုက်ပါသည်။

ကျိုးကွေ့လိုင်လည်း ဒီနှစ် စီးပွားရေးက ပိုကောင်းသည်ဟု ထင်မိပါသည်။ ဥပမာအားဖြင့် သူ့မိသားစု၏ ဒီနှစ် စီးပွားရေးကို ကြည့်နိုင်သညည်။ နွေဦးရာသီအစတွင် ဖွံ့ဖြိုးတိုးတက်သည့် လက္ခဏာများ စတင်ပြလာခဲ့သည်။

အရင်တုန်းက လစဥ်ဝင်ငွေမှာ ၁၅၀,၀၀၀ လောက်ဖြစ်သည်။ သို့သော်လည်း မနေ့ကတင် အရင်လက သူ့မိသားစုစီးပွားရေး အခြေအနေစာရင်းကို စစ်ဆေးခဲ့သည်။ သူ့မိဘများကလည်း သူ့ကို ဖုံးကွယ်မထားတော့ပါ။ သူတို့ တစ်လကို ၁၈၀,၀၀၀ လောက် ရနိုင်နေပါပြီ။ ဒါ ဘယ်လို ဝင်ငွေအဆင့်မျိုးလဲ။

ဝင်ငွေအများစုက လက်ဖက်ရည်ဆိုင်များကြောင့် ဖြစ်သော်လည်း တခြားဆိုင်များကလည်း စီးပွားရေး တိုးတက်လာသော လက္ခဏာကို ပြသနေပါသည်။ ရုပ်ရှင်ရုံနားက ဖျော်ရည်ဆိုင်ကဲ့သို့ဖြစ်သည်။

ယခု တစ်ရက်တစ်ခေါက် ပစ္စည်းပြန်ဖြည့်နေရပါပြီ။ စီးပွားရေး အဆင်ပြေလာကြောင်း သက်သေ ဖြစ်၏။

"ကြိုးစား အခု ခက်ခဲပေမယ့် နောက်ပိုင်းကျရင် အသာစံရမှာပါ" လင်းချင်းဟယ်က သူ့ကို ပြောလိုက်သည်။

"အသာစံဖို့က စောလွန်းပါသေးတယ်။ ကျွန်တော်မိန်းမတောင် မရသေးဘူး" ကန်းကျစ်က ရယ်မောလိုက်၏။

လင်းချင်းဟယ်က နားလည်သွားပြီး ရွှင်ပျစွာဖြင့် ပြောလိုက်၏။ "ဒေါ်လေးကို ရှာခိုင်းချင်ရင် ရတယ်နော်။ ဒါပေမယ့် ဒေါ်လေးရှာရင် အချိန်ယူရမယ်။”

"ရပါတယ်။ အခုလည်း ကျွန်တော့်မှာ ဘာမှမရှိသေးဘူး။ သူနေစရာအိမ်တောင်ရှိမှာ မဟုတ်ဘူး" ကန်းကျစ်က ခေါင်းခါလိုက်သည်။

"ဘာကို နေစရာအိမ် မရှိတာလဲ။ ဒီအိမ်က အကျယ်ကြီး မဟုတ်ဘူးလား။ အိမ်တစ်လုံးဝယ်ပြီးမှ ပြောင်းလည်း နောက်မကျပါဘူး" လင်းချင်းဟယ်က ပြောလိုက်သည်။

ဟူကျစ်နဲ့ ကန်းကျစ်တို့ ညီအစ်ကိုနှစ်ယောက်ကို လင်းချင်းဟယ်က အားပေးချီးမြှောက်သည်။ သူမအိမ်က အကျယ်ကြီးဖြစ်ပြီး အခန်းများစွာလည်း ရှိပါသည်။ သူတို့ ယာယီ လာနေဖို့က ကိစ္စမရှိပါ။

"ဟီးဟီး ကျွန်တော်ကောင်မလေး ရှာတွေ့တဲ့အချိန်ထိ စောင့်ပါဦး" ကန်းကျစ်က ပြုံးလိုက်၏။

လင်းချင်းဟယ်က ဒီကိစ္စအကြောင်း ဆက်မပြောတော့ပါ။ သို့သော်လည်း ကန်းကျစ်အတွက်တော့ သူမ စောင့်ကြည့်ပေးထားပါသည်။ ဘာပဲဖြစ်ဖြစ် ကန်းကျစ်လည်း မငယ်တော့ပေ။ မိန်းမယူသင့်သည့် အရွယ်ရောက်နေပါပြီ။

ထို့အပြင် မြို့တော် အိမ်ထောင်စုစာရင်းလည်း ရပြီးသား ဖြစ်သည်။ သူတို့ ထုတ်ပြစရာ တစ်ခုခု ရှိထားသဖြင့် ဒီမှာပဲ လက်ထပ်သင့်သည်။ သူ့တူကလည်း မဆိုးလှပါ။ ထို့ကြောင့် သူ့ကို စိတ်မကောင်းဖြစ်စေမည် မဟုတ်ပေ။ ဟူကျစ်နဲ့ ချန်းရှန်ရှန်တို့ကို ကြည့်ပါဦး။ သူတို့လည်း အခု ပျော်ပျော်ရွှင်ရွှင် နေနေကြတာပဲ မဟုတ်လား။

သူတို့မှာ ဆိုင်တစ်ဆိုင်နဲ့ အိမ်တစ်လုံး ရှိနေပါပြီ။ နောက်ပိုင်း ပိုက်ဆံရလာပါက သူတို့ ကော်မာရှယ်အိမ်တစ်လုံးဝယ်ပြီး ဒီတိုက်ခန်းကို ရောင်းပစ်နိုင်သည်။ လက်ရှိ သူတို့ ပတ်ဝန်းကျင်က သာမန်သာဖြစ်သည်။

သူတို့ ထိုအကြောင်းပြောပြီး နောက်တစ်နေ့ အိမ်တော်ထိန်း၏ သမီးက ရောက်လာခဲ့ပါသည်။ သူမ၏ နာမည်က အာ့တျယ်ဖြစ်၏။ ကန်းကျစ်နဲ့ အရွယ်တူတူလောက်ရှိသည်။

အာ့တျယ်က ဒီကို တစ်လတစ်ခါ လာပါသည်။ သူမအမေကို ခြံကူရှင်းပေးဖို့ လာခြင်း ဖြစ်၏။

လတိုင်း လတိုင်း လာကူညီပေးသည်။ လစဥ် အကြီးစား သန့်ရှင်းရေး လုပ်စရာရှိသဖြင့် ဖြစ်သည်။ သူမအမေက အလုပ်အလွန်များပြီး ခြံထဲမှာလည်း သူမတစ်ယောက်တည်းသာ ရှိသည်။

တစ်ယောက်တည်းဆို နည်းလွန်းပါသည်။ ထို့ကြောင့် ဒီနေ့ အာ့တျယ်ရောက်လာသောအခါ လင်းချင်းဟယ်က ပြုံးကာ မေးလိုက်ပါသည်။ "အာ့တျယ် အခု အလုပ်ရှိလား။”

"သခင်မကြီး” အာ့တျယ်က ရှက်ရွံ့စွာ ဂါဝရပြုလိုက်ပြီးနောက် ခေါင်းခါလိုက်ပါသည်။

သူမမှာ အလုပ် မရှိပါ။ အိမ်မှာပဲ ကူညီပေးရသည်။ သူမအမေက အိမ်ရှင်မိသားစု၏ အလုပ်ကို လက်ခံခဲ့သည်။ လစာနဲ့ အကျိုးခံစားခွင့်တွေကလည်း ကောင်းမွန်၏။ မိသားစု ဝန်ထုပ်ဝန်ပိုးလည်း လျော့ကျသွားသည်။ ထို့ကြောင့် သူမ အခမဲ့ လာရောက်ကူညီပေးတတ်ခြင်း ဖြစ်၏။

အိမ်တော်ထိန်းက အဆင့်မြင့် ဟိုတယ်ကြီးများတွင် အလုပ်လုပ်ဖူးသည်။ သို့သော် အခု ထိုဟိုတယ်ကြီးများက ဆက်ပြီး မလည်ပတ်နိုင်တော့သဖြင့် အိမ်တော်ထိန်းက စောစော အလုပ်ထွက်ခဲ့ရကာ အလုပ်မရှိတော့ပါ။ ပြောရမည်ဆိုလျှင် ဒီအလုပ်ကို လက်ခံလိုက်ခြင်းဖြင့် သူမ အများကြီး အဆင်ပြေသွားခဲ့ပါသည်။

လင်းချင်းဟယ်က သူမကို သူမ၏ အားသာချက် ၂ ချက်ကြောင့် ခန့်အပ်ခဲ့ခြင်း ဖြစ်၏။ တစ်ချက်က သူမ၏ အချက်အပြုတ်ကောင်းမွန်မှုကြောင့် ဖြစ်သည်။ နောက်တစ်ချက်ကတော့ သန့်ရှင်းသပ်ရပ်မှုကြောင့် ဖြစ်၏။ အမှန်ပင်။ စည်းမျဥ်းစည်းကမ်းများကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ စည်းကမ်းမရှိပါက ဘာမှ အောင်မြင်နိုင်ပေ။

လင်းချင်းဟယ်က အခုထိ အိမ်တော်ထိန်းကို အလွန်အားရသဘောကျပါသည်။

"အာ့တျယ်မှာ အလုပ်မရှိသေးဘူးဆိုတော့ ဒီမှာ အမေနဲ့အတူ အလုပ်လာလုပ်မလား" လင်းချင်းဟယ်က ရွှင်ပျစွာ အကြံပေးလိုက်ပါသည်။

"သခင်မကြီးမှာ လူလိုသေးလို့လား" အိမ်တော်ထိန်းက အပျော်လွန်သွားပြီး မနေနိုင်ဘဲ မေးလိုက်ပါသည်။

"ရှင်တစ်ယောက်တည်း ခြံထဲမှာ အလုပ်လုပ်ရတာ ပင်ပန်းမှာပေါ့။ အာ့တျယ် ကူညီပေးရင် မကောင်းဘူးလား။ လစာလည်း ရှင်နဲ့ အတူတူပဲ ရမယ်။ ဆန္ဒရှိရင် ဒီနေ့ အလုပ် စဆင်းလို့ ရပြီ။” လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။

"ကျွန်မ လုပ်ချင်ပါတယ်" အာ့တျယ်က အမြန်ပြန်ဖြေလိုက်သည်။ ထို့နောက် သူမ ရှက်သွား၏။ "ဒါပေမယ့် သခင်မကြီး။ သမီး... အဲ့လောက် လစာ အများကြီး မလိုပါဘူး။”

သူမ အမေ၏ လစာက အလွန်မြင့်သည်။ သို့သော်လည်း သူမ၏ အချက်အပြုတ်က သူမ အမေလောက် မကောင်းပါ။ ကျန်တာ အားလုံးလုပ်နိုင်သော်လည်း သူမအမေနဲ့တော့ မယှဥ်နိုင်သေးပါ။

"ဒီအိမ်မှာလုပ်ရင် လစာက ဒီလောက်ရမှာပဲ။ ဒါပေမယ့် အိမ်စည်းကမ်းလေးတွေတော့ ရှိတာပေါ့။ ဒေါ်လေးက တျယ်လေးကို ပြောပြပေးလိုက်ပါ။” လင်းချင်းဟယ်က ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ။” အိမ်တော်ထိန်းက ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။

"တျယ်လေးလည်း နေစရာစားစရာရမယ်" လင်းချင်းဟယ်က ပြောလိုက်၏။

ဒီလိုနဲ့ အိမ်မှာ အိမ်တော်ထိန်းလေး ရှောင်းတျယ်ပါ ရောက်လာခဲ့ပါသည်။ ရှောင်းတျယ်၏ ပုံစံက သာမန်သာဖြစ်သော်လည်း စရိုက်ပိုကောင်းသည်။ အလုပ်လုပ်တာလည်း လက်ကြောတင်း၏။ လမ်းတွင် စျေးသွားဝယ်ခြင်း အစရှိသော တာဝန်အားလုံးကို ဆောင်ရွက်ပါသည်။

ပိုအရေးကြီးတာက အဝတ်အစားများ ချုပ်ရာတွင်လည်း တော်သည်။ လင်းချင်းဟယ် အလုပ်ပေးသည့်အတွက် ကျေးဇူးတင်သည့် အနေဖြင့် မိမိလေးအတွက် အရုပ်တချို့ လုပ်ပေးသည်။ ဝါဂွမ်းဖြင့် ထိုးထားခြင်းဖြစ်ပြီး မိမိလေးက သဘောကျပါသည်။

သူမက ပါးနပ်ပြီး လုပ်တတ်ကိုင်တတ်သော မိန်းကလေးဖြစ်ပါသည်။

ထို့အပြင် သူမအမေ ညွှန်ကြားထားတာကြောင့်လားမသိ၊ သားငယ်နဲ့ ကန်းကျစ်တို့ကို အနည်းငယ် ရှောင်ပါသည်။

လင်းချင်းဟယ်က ဘာမှ မပြောတော့ပါ။ သူမ နားလည်ပါသည်။ အချိန်ကြာလာမှ စရိုက်အမှန်ကို သိရလိမ့်မည်။

ဇွန်လတွင် လင်းချင်းဟယ် မှာထားသော လက်ဖက်ရွက်များ ရောက်လာပါသည်။

သားငယ်က မာချန်းမင်နဲ့ ဝန်ထမ်းနှစ်ယောက်ကို ပို့ပေးဖို့ မှာလိုက်ပါသည်။ လှည်း ၄ လှည်းအပြည့် လက်ဖက်ရွက်များ ရောက်လာသည်။ လက်ဖက်ရည်ဆိုင် နောက်တစ်ဆိုင်၏ ပစ္စည်းများကတော့ မရောက်သေးပါ။ ရက်နည်းနည်းလောက် ကြာပါဦးမည်။

လက်ဖက်ရွက်များစွာကို ဂိုထောင်ထဲ အသုတ်လိုက် ပို့ဆောင်ခဲ့သည်။

ဂိုထောင်ကို ကျိုးချင်းပိုင်က ပြန်လည် ပြုပြင်ထား၏။ အစတုန်းက ကြီးမားသည့် ဂိုထောင်ကြီးကို ဂိုထောင် ၂ ခုအဖြစ် ပြန်ခွဲလိုက်သည်။ ဂိုထောင် အသေးတစ်ခု အကြီးတစ်ခု ဖြစ်၏။

အကြီးတစ်ခုကို လက်ဖက်ရည်ဆိုင်ရာ ပစ္စည်းများ သိုလှောင်သည်။ အသေးတစ်ခုကို ပင်လယ်စာကုန်ခြောက်များ သိုလှောင်၏။

လင်းချင်းဟယ်က လာကြည့်ခဲ့ပါသည်။ အရည်အသွေးကို စစ်ဆေးကြည့်လိုက်သည်။ အရည်အသွေးက အလွန်ကောင်းမွန်၏။ သူမကို လိမ်ဖို့ ချွတ်ယွင်းသည့် ပစ္စည်းများ ထည့်မထားပါ။

ဘာပဲဖြစ်ဖြစ် ဒါက ရေရှည်အလုပ်ပူးတွဲဆောင်ရွက်မှုဖြစ်၏။ သူမ ပေးထားသည့် စျေးကလည်း အတော်လေး ကောင်းပါသည်။

လက်ဖက်ရည်လုပ်ငန်းက အတော်လေး အဆင်ပြေနေ၏။ လက်ဖက်ရွက်အသစ်များ ရောက်လာတာကို ကြားသောအခါ ဝမ်ယွမ်က ကားဖြင့် အထူးတလည် ရောက်ရှိလာခဲ့ပါသည်။

"စတုတ္ထဦးလေး။ လက်ဖက်ရွက်အသစ်တွေ ရောက်ပြီလို့ကြားတယ်" ဝမ်ယွမ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။

"အကုန်ရောက်ပြီ" ကျိုးချင်းပိုင်က လက်ဖက်ရည်သောက်နေသည်။ လက်ဖက်ရွက်များ ထည့်ထားသည့် ဗီရိုကို ညွှန်ပြရင်း ပြောလိုက်ပါသည်။

All Chapters