← Chapters

အခန်း(၆၅၁) အိမ်ထောင်ဖက် ရှာဖွေခြင်း

Vol. 47 Ch. 651

အခန်း(၆၅၁) အိမ်ထောင်ဖက် ရှာဖွေခြင်း

Vol. 47 Ch. 651

အခန်း(၆၅၁) အိမ်ထောင်ဖက် ရှာဖွေခြင်း

လင်းချင်းဟယ်ဖုန်းဆက်လိုက်သောအခါ တတိိယယောက်မလည်း အလုပ်ပြီးခါစဖြစ်နေ၏။

ဒုတိယမိသားစုကလွဲပြီး ငယ်ငယ်ကတည်းက သူတို့သမီးယောက်မသုံးယောက်ဟာ မည်သည့်ပဋိပက္ခမှ မဖြစ်ခဲ့ဖူးပါ။ သူတို့ အတူတူ ကြီးပြင်းလာကြပြီး ဆက်ဆံရေးကလည်း အခု အတော်လေး ကောင်းမွန်နေပါပြီ။

"ကျွန်မဖုန်းနံပါတ်ကို သိနေတာတောင် အကြီးဆုံးအစ်ကိုကနေတဆင့် အကြီးဆုံးမရီးကနေ ကျွန်မကို ပြောခိုင်းလိုက်တယ်လား။ ကျွန်မကို ဒီတိုင်း တိုက်ရိုက်ခေါ်လည်း ရတယ်မဟုတ်ဘူးလား" လင်းချင်းဟယ်က ရွှင်မြူးစွာ ပြောလိုက်ပါသည်။

"နင်အိမ်မှာ မရှိမှာ စိုးရိမ်လို့ပါ။ ငါ့ကို ဖုန်းဆက်လို့ရတယ်။ ငါကတော့ အိမ်မှာ အမြဲရှိတယ်။” တတိယမရီးလည်း ပျော်ရွှင်စွာ ပြန်ပြောလိုက်ပါသည်။

"ဒီကိုဖုန်းဆက်ရင် အိမ်မှာ အမြဲတမ်း တစ်ယောက်ယောက်တော့ ရှိပါတယ်။ အိမ်မှာ ကူဖို့ လူနှစ်ယောက် ခန့်ထားတယ်လေ။ ကျွန်မ အိမ်မှာ မရှိရင်တောင် သူတို့က အသိပြန်ပေးမှာပါ။” လင်းချင်းဟယ်က ပြောလိုက်၏။

"ဒါဆိုလည်း နောက်တစ်ခေါက် တိုက်ရိုက်ပဲ ခေါ်တော့မယ်။” တတိယမရီးက ပြန်ပြောလိုက်၏။

"စီးပွားရေး အခုတလော ဘယ်လိုလဲ။” လင်းချင်းဟယ်က မေးလိုက်သည်။

"အတော်လေး အဆင်ပြေပါတယ်။ နင့်မောင်တို့ဘက်နဲ့တော့ ယှဥ်လို့မရဘူးပေါ့။” တတိယမရီးက ပြန်ပြောလိုက်ပါသ်။

"ကျွန်မ မောင်လေးကို မဆက်သွယ်တာ ကြာပြီ။ ဘာဖြစ်လို့လဲ။” လင်းချင်းဟယ်က ပြောလိုက်သည်။

"သိပ်မကြာသေးခင်ကမှ သူနောက်တစ်ဆိုင်ဖွင့်ထားတယ်။ သူက တစ်ဆိုင်ဖွင့် သူ့မိန်းမက တစ်ဆိုင်ဖွင့်တယ်။ သူတို့ငွေရှာတဲ့နှုန်းက ငါတို့ယှဥ်နိုင်တာမျိုး မဟုတ်ဘူး။” တတိယမရီးက ပြောလိုက်ပါသည်။

လင်းချင်းဟယ်က အံ့သြသွားပါသည်။ "ဘယ်တုန်းက ဖြစ်သွားတာတုန်း။” သူမမောင် နောက်တစ်ဆိုင် ဖွင့်လိုက်တာ သူမတောင် မသိပါ။

"အရင်လကပေါ့။ သူတို့ဖွင့်ပြီးမှ ငါလည်း သိရတာ။ နင့်မောင်ဝယ်ထားတဲ့ ထရပ်ကားက လုံလောက်တယ်။ ဆိုင်ကယ်ကို မသုံးတော့ဘူး။ ဒီလိုထရပ်ကားကြီးနဲ့ဆိုတော့ သူတို့နှစ်ဆိုင် ဖွင့်နိုင်တာပေါ့။” တတိယမရီးက ပြန်ဖြေလိုက်ပါသည်။

တတိယမောင်လေးလင်းက ထရပ်ကားတစ်စီး ဝယ်ခဲ့ပါသည်။ စက်ဘီးအစုတ်ကလေးမှ အစပြုခဲ့ပြီး နောက်တော့ ဆိုင်ကယ်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် မြို့တက်ကာ ထရပ်ကားတစ်စီးကို ဝယ်နိုင်ခဲ့သည်။

တတိယမောင်လေးလင်း စုထားသမျှ အကုန်တော့ ပြောင်သွားပါသည်။ သို့သော်လည်း တတိယမောင်လေးလင်းက ဝယ်ရဲခဲ့သည်။

လင်းချင်းဟယ်က ဒါတွေကို မသိပါ။ သူမ စိတ်တော့ ကျေနပ်သွားပါသည်။ အရင်တုန်းက သူမမောင်ကို ဘယ်လို အစွမ်းအစရှိအောင်လုပ်ရမလဲ အမြဲတမ်း အသိပေးနေခဲ့ရသည်။ အခုတော့ သူမဘာမှပြောဖို့ မလိုတော့ပေ။ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ သူသိနေပါပြီ။

"ဒါဆို ရှင်နဲ့ ကျွန်မတတိယအစ်ကိုတို့ကော ဘယ်လိုလဲ။ ဒီကဏ္ဍအတွက် ရှင်တို့ကော အစီအစဥ်ရှိကြလား။” လင်းချင်းဟယ်က မေးလိုက်ပါသည်။

ဒီခေတ်က စီးပွားရေးအတွက် စန်းပွင့်သော ကာလ ဖြစ်ပါသည်။ အတော်လေးကို ဝင်ငွေကြမ်းကြသည်။ တချို့ လုပ်ငန်းကောင်းများ တစ်လကို ထောင်ချီဝင်ငွေရဖို့ မခက်ပါ။ နောက်ပိုင်းတွင် ငွေကြေး ဖောင်းပွလာမှုကြောင့် လစဥ်ဝင်ငွေ ၁၀,၀၀၀ ဖြင့် လူများစွာ ရှိလာပါလိမ့်မည်။

ဒီတစ်ခေါက် သူမမောင်လေး ခြေလှမ်းမှန်သည်ဟု လင်းချင်းဟယ် ခံစားမိပါသည်။

"ငါတို့မှာ ဘယ်ကပိုက််ဆံရှိမှာလဲ။ နင့်တတိယမောင်ကို မေးကြည့်ပြီးပြီ။ အဲ့ထရပ်ကားက ယွမ် ၁၀,၀၀၀ကျော်တယ်တဲ့။” တတိယောက်မက ပြန်ပြောလိုက်ပါသည်။

သူမ မိသားစုက မွေးရပ်မြေပြန်ပြီး အိမ်တစ်လုံးဆောက်ခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့် ၂နှစ်အတွင်း ဝင်ငွေအများကြီး ရှာနိုင်ခဲ့သည်။ ဒီဖုန်းကို ဆင်ဖို့ ဘယ်လောက်ကုန်လိုက်သလဲ။ ထို့အပြင် ယခင်တိုက်ခန်းက သိပ်မကြီးဘဲ ကလေးတွေကလည်း ကြီးလာပြီဖြစ်သဖြင့် တိုက်ခန်းကို ရောင်းလိုက်ပြီး ဥယျာဥ်ပါသည့် အိမ်အသေးစားတစ်လုံးနဲ့ လဲလိုက်ပါသည်။ ထို့အပြင် စျေးကလည်း တက်လာပါပြီ။ အရင်စျေးများလို မဟုတ်တော့ပါ။

အိမ်ကငွေက အောက်ဆုံးထိ မရောက်သေးသော်လည်း သူတို့ ထရပ်ကားဝယ်ဖို့ မလုံလောက်သေးပါ။

"အခု ဝူနီအဖေ ဆိုင်ကယ်မောင်းတာလည်း မပင်ပန်းပါဘူး။ လောလောဆယ် ဒီအတိုင်းပဲ ဆက်နေပြီး နောက်ပိုင်းကျမှ စောင့်ကြည့်တာပေါ့။” တတိယမရီးက ပြောလိုက်ပါသည်။

သူမ ဒီလိုပြောလိုက်သော်လည်း တတိယမောင်လေးလင်းကို အားမကျဘူးဟု မပြောနိုင်ပါ။ ဆိုင်တွေရဲ့ ဝင်ငွေက အခုဘယ်လောက် ကောင်းလိုက်သလဲ။ ယခု ထရပ်ကားကြီးတစ်စီး ရှိနေပါပြီ။ ကုန်ပစ္စည်းတွေ ဘယ်လောက်တောင် သယ်နိုင်လိုက်သလဲ။

ဆိုင်နှစ်ဆိုင် ဖွင့်ထားပြီဖြစ်သဖြင့် စီးပွားရေးက သေချာပေါက် ဆိုးရွားမှာ မဟုတ်တော့ပါ။

သို့သော်လည်း တတိယမရီးက နောင်တမရပါ။ အိမ်မှာ ဖုန်းတစ်လုံးဆင်ထားသည်။ ဒါ့ကြောင့် သူတို့ဘယ်လောက် မျက်နှာရလိုက်သလဲ။ ပထမဆုံး စတင်ဆင်တုန်းက ဖုန်းကို ကိုင်ကြည့်တာနဲ့တင် စိတ်လှုပ်ရှားခဲ့မိပါသည်။

သူမ ရွာထဲမှာ ရှိနေခဲ့တုန်းက တစ်နေ့ကျ ဒီလိုသာယာတဲ့ဘဝမျိုးနဲ့ နေရလိမ့်မည်ဟု ထင်ခဲ့မိပါ့မလား။

အားလုံးက စတုတ္ထမိသားစု၏ ကျေးဇူးကြောင့်ဖြစ်သည်။ စတုတ္ထမိသားစုက အကောင်းဆုံး ကြိုးစားပြီး တတိယမိသားစုကို ကျေးရွာမှာ ဆက်မနေဘဲ ပြောင်းရွှေ့နိုင်အောင် ထောက်ပံ့ပေးခဲ့သည်။ အိမ်ပြောင်းလိုက်လို့ နောင်တမရခဲ့ပါ။

"အမေ ဘယ်သူနဲ့ စကားပြောနေတာလဲ။” ကျိုးဝူနီက အတန်းမှ ပြန်လာသောအခါ မေးလိုက်ပါသည်။

သူမနှင့် အကြီးဆုံးမရီး၏ သားကြီး ကျိုးယန်တို့က ကောင်တီမြို့ အထက်တန်းကျောင်းမှာ စာသင်ပေးပါသည်။ ဒီဘက်နဲ့ အလွန်နီး၏။ သူမ အိမ်နဲ့ နီးသဖြင့် အဆောင်နေဖို့လည်း မလိုအပ်ပါ။ ကျိုးယွမ်ကတော့ အဆောင်နေပါသည်။

"နင့်စတုတ္ထဒေါ်လေးလေ။ နင့်ဒေါ်လေးနဲ့ ဖုန်းပြောမလား။” တတိယမရီးက သူမ ပြန်လာတာကို မြင်သောအခါ အမြန်မေးလိုက်ပါသည်။

"ပြောမယ် ပြောမယ်။” ကျိုးဝူနီက သူမ၏ အိတ်ကိုချလိုက်ပြီး ဖုန်းလာကိုင်လိုက်ပါသည်။

သူမ စတုတ္ထဒေါ်လေးနဲ့ ဖုန်းပြောလိုက်သည်။ လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်၏။

"နင့်ကို ကောင်လေးတွေအများကြီးနဲ့ မိတ်ဆက်ပေးတယ်လို့ နင့်အမေ ပြောတယ်နော်။ နင်တစ်ယောက်မှ သဘောမကျဘူးလာား။”

"သမီး စိတ်မပါသေးလို့ပါ။ သမီးအမေကို ပြောထားတာကို နားမထောင်ဘူး။” ကျိုးဝူနီက စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။"ဘာကို နားမထောင်တာတုန်း။ နင်က စံနှုန်းတွေ အရမ်းမြင့်နေတာ သိသာတယ်။ အရင်တစ်ခေါက် ငါတွေ့တဲ့ ကောင်လေးက တော်တော်လေး ကောင်းတာကို နင်သဘောမကျဘူး။” တတိယမရီးက ပြောလိုက်ပါသည်။

"အဲ့တာ အခြေအနေကောင်းတာ မကောင်းတာနဲ့ပဲ ဆုံးဖြတ်လို့ရတဲ့ကိစ္စမှ မဟုတ်တာ။ အဓိကက ခံစားချက်လေ။” လင်းချင်းဟယ်က သူမဘက်က ကူပြောပေးလိုက်ပါသည်။

ကျိုးဝူနီက ချက်ချင်း ပြောလိုက်၏။ "အမေ စတုတ္ထဒေါ်လေးပြောတာကို နားထောင်ကြည့်။ သမီးတွေးတာလည်း ဒီလိုပဲ။”

"ချင်းဟယ် အဲ့ဘက်မှာ သင့်တော်တဲ့ ကောင်လေးတစ်ယောက်လောက် ရှိလား။ လက်မထပ်ရသေးတဲ့ ကောင်လေးလေ၊ ဝူနီနဲ့ မိတ်ဆက်ပေးပါလား။" တတိယမရီးက အကြံပေးလိုက်ပါသည်။

တတိယမရီးက အနည်းငယ် အားကျနေပါသည်။ အာ့နီနှင့် စစ်နီတို့က မြို့တော်မှာ အိမ်ထောင်ကျသွားကြလေပြီ။ ယခု စန်းနီနှင့် သူမယောက်ျား လီအိုက်ကော်တို့ကလည်း မြို့တော်မှာ ရှိနေကြလေပြီ။ သူမ သမီးကိုလည်း မြို့တော်မှာ လက်ထပ်စေချင်ပါသည်။

သို့သော်လည်း သူမ သမီးက မွေးရပ်မြေမှာသာ နေချင်သည်ဟု ဆိုသဖြင့် သူမ အတင်းအကြပ် မခိုင်းစေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ စတင်ပြီး အောင်သွယ်လုပ်ပေးခဲ့၏။ သို့သော်လည်း သူမက တစ်ယောက်မှ မကြိုက်ပါ။ ထို့ကြောင့် အခု ဒီလိုပြောရခြင်း ဖြစ်၏။

"သင့်တော်တဲ့လူရှိလား မသိပါဘူး။ ကျွန်မ အာရုံသိပ်မစိုက်ထားဘူး။ ဝူနီက မြို့တော် မလာတာ ကြာပြီနော်။ နောက်လ နွေရာသီအားလပ်ရက်ရောက်ပြီ စတုတ္ထဒေါ်လေးတို့ အိမ်လာလည်မလား။ စတုတ္ထဒေါ်လေး ဒီနှစ် အိမ်ပြောင်းလိုက်ပြီ။ ဒေါ်လေးတို့ ခြံဝန်းကြီးထဲမှာပဲ နေလို့ရတယ်။” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။

"အင်း။ ဝူနီကို လာခိုင်းလိုက်။” တတိယမရီးက သူ့သမီးအစား ဖြေပေးလိုက်ပါသည်။

ကျိုးဝူနီကလည်း မငြင်းပါ။ သူမ မြို့တော်ကို မရောက်တာ ကြာပါပြီ။ အားလပ်ရက် သွားသင့်ပါသည်။

"စကားမစပ် ဝူနီ ငါ့တတိယမောင်လေးတို့အိမ်ကိုသွားပြီး အာ့ရွှယ်ကို လိုက်လာချင်လားလို့ မေးကြည့်ပါလား။ သူလာချင်ရင် နင်နဲ့ခေါ်လာခဲ့ ဟုတ်ပြီလား" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

အာ့ရွှယ်က တတိယမောင်လေးလင်း၏ အကြီးဆုံးသမီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက မြို့တော်သို့ လာလည်ချင်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း အချိန်မရှိခဲ့ပါ။

"ဟုတ်ကဲ့ပါ။ သမီး သူ့ကို ကြိုပြောထားပေးမယ်။ သူလိုက်ချင်ရင် သမီးခေါ်လာခဲ့မယ်။ ဒီဖုန်းနံပါတ်က ဒေါ်လေးတို့ အိမ်ဖုန်းနံပါတ်လား" ကျိုးဝူနီက မေးလိုက်ပါသ်ည။

"အင်း။ မလာခင် ဒီဖုန်းကိုသာ ဆက်လိုက်။ သားငယ်ကို လာကြိုခိုင်းလိုက်မယ်။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

အကြာကြီးစကားပြောပြီးနောက် ဖုန်းချလိုက်ကြသည်။ အစကတော့ လင်းချင်းဟယ် အိမ်မှာ တစ်ယောက်တည်း ဖြစ်၏။ အခု သားငယ် ပြန်ရောက်လာပါပြီ။

"ကျန်းဟန် နောက်လ လာလိမ့်မယ်။ အဲ့ကျရင် ကျွန်တော် သူ့ကို လေ့ကျင့်ပေးရမှာမို့လို့ အလုပ်များလိမ့်မယ်။” သားငယ်က ပြောလိုက်၏။

"ဘာကို အလုပ်များတာလဲ။ သူတို့ကို သွားကြိုရုံပဲကို။” လင်းချင်းဟယ်က ပြန်ချေပလိုက်ပါသည်။

သားငယ်က ဘာမှမပြောတော့ပါ။ လင်းချင်းဟယ်က ပြောလိုက်၏။ "နင့်တတိယဒေါ်လေးက ဝူနီအတွက် မြို့တော်မှာ အိမ်ထောင်ဖက် ရှာပေးချင်နေတယ်။ နင့်ဒုတိယအစ်ကိုရဲ့ အတန်းဖော်နဲ့ သူငယ်ချင်းတွေထဲမှာ တစ်ယောက်ယောက်ကို သိလား။”

ဝူနီသာ မြို့တော်မှာ အိမ်ထောင်ပြုနိုင်ပါက ကောင်းပါသည်။ ဒီမှာ တူမတွေ အလွန်များလာလိမ့်မည်။

All Chapters