အခန်း(၆၅၄) ကျိုးမိသားစုရဲ့မျက်နှာ
Vol. 47 Ch. 654
အခန်း(၆၅၄) ကျိုးမိသားစုရဲ့မျက်နှာ
သူတို့ ဒါတွေကို မဝယ်နိုင်တာ မဟုတ်ပါ။ သို့သော် စျေးကြီးသည်။ ထို့အပြင် ကုန်ခြောက်ဆိုင်၏ စီးပွားရေးကိုလည်း အားပေးရာကျ၏။ ထို့ကြောင့် သူတို့က ကုန်ခြောက်ဆိုင်မှာ ထပ်သွားဝယ်ပါက အကျိုးအမြတ်ရနိုင်ပါသည်။
ထိုဖောက်သည်ကြီးများက တခြားလူများ၏ ဆိုင်များကို မသွားသလောက် ရှားပါသည်။
"သူက အလားအလာကောင်းတယ်။ သေချာသင်ပေးလိုက်ပါ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
သားငယ်က ထောက်ခံကာ လီအိုက်ကော်တို့ဘက်ကို စကားလမ်းကြောင်းလွှဲလိုက်ပါသည်။ "တတိယယောက်ဖ ဆိုင်ဖွင့်ချင်နေတယ်ထင်တယ်။”
"နင့်အစ်မစန်းနီကို ငါမေးထားတယ်။ သူတို့ အခု ပိုက်ဆံ သိပ်မရှိသေးတော့ အလျင်မလိုပါဘူးးတဲ့။” လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
စန်းနီနဲ့ လီအိုက်ကော်တို့ကို ဆိုင်ဖွင့်ဖို့ ချေးထားသည့် ပိုက်ဆံ ဒီနှစ်အကုန်ပြန်ဆပ်ပြီးပါပြီ။ ယခု လင်မယားနှစ်ယောက်က အရင်းအနှီးများ စုဆောင်းနေကြပြီဖြစ်သည်။ သူတို့ နောက်နှစ်လောက်ဆို ကိုယ်ပိုင်ဆိုင်ဖွင့်လိမ့်မည်ဟု ခန့်မှန်းထားပါသည်။
လူတွေက အဆင့်မြင့်တက်လာလေ့ရှိသည်။ ၎င်းတို့တွင် ကိုယ့်ကိုယ်ကို အားပေးတတ်သော စိတ်ဓာတ်နဲ့ လမ်းမှန်ကို ရွေးလိုက်ပါက လင်းချင်းဟယ် တားမြစ်မှာ မဟုတ်ပါ။
သို့သော်လည်း ကုန်ခြောက်ဆိုင်ကို စောင့်ပေးဖို့ လူရှာဖို့က ပြဿနာရှိပါသည်။
ထိုဆိုင် စီးပွားရေးက ကောင်းမွန်ပြီး ကျယ်လည်းကျယ်ပြန့်သည်။ သူတို့ အတွင်းလူ မဟုတ်ပါက စိတ်မချရနိုင်ပေ။
နောက်တစ်နေ့ ဝိန်ကော်တုန်းက ကျိုးစစ်နီကို ခေါ်လာသည်။
ကျိုးစစ်နီ၏ ဗိုက်က မသေးတော့ပါ။ လင်းချင်းဟယ်က သူမကိုပြောလိုက်သည်။ "နင့်ဗိုက်က ဒီလောက်တောင် ဖြစ်နေပြီ။ ဘာလို့ လာနေသေးတာလဲ။”
"စတုတ္ထဒေါ်လေးက အစိုးရိမ်လွန်နေတာပါ။။ ဘာမှမဖြစ်ပါဘူး သမီးက အဲ့လောက် မပျော့ပါဘူး။” ကျိုးဝူနီက စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ပြောလိုက်၏။ "ကိုယ့်ကိုယ်ကို အရမ်းသန်မာချင်ယောင်ဆောင်မနေနဲ့။ သတိထားသင့်တဲ့အခါ သတိထားရမယ် နားလည်လား။”
သူမလည်း ဗိုက်ကြီးဖူးပါသည်။ ဗိုက်အရွယ်သေးတုန်းက ကိစ္စမရှိသော်လည်း ဗိုက်အရွယ်ကြီးမားလာပါက ဂရုမစိုက်ဘဲနေလို့ မဖြစ်တော့ပါ။ ပိုပြီး သတိထားရသည်။
"အခု ဝန်ထမ်းအိမ်ရာကို ပြောင်းနေကြပြီဆိုတော့ အဲ့မှာ နေရတာ အသားကျနေပြီလား"လင်းချင်းဟယ်က မေးလိုက်သည်။
ကျိုးစစ်နီက ပြုံးလိုက်သည်။ "အရမ်းကျယ်ပါတယ်။ ပြီးတော့ ဂတ်စ်မီးဖိုကလည်း သုံးရတာ အရမ်းအဆင်ပြေတယ်။”
ဒီခေတ် ဂတ်စ်မီးဖိုများ ပေါ်နေပါပြီ။ သို့သော်စျေးတော့မပေါပါ။ သုံးရတာတော့ တကယ်လွယ်ကူသည်။ လင်ချင်းးဟယ်လည်း သူမအိမ်မှာ သုံးပါသည်။ အရင်တုန်းက မီးသွေးမီးဖိုများကိုသာ အသုံးပြုသည်။
"နင့်အမေကို ရက်ပိုင်းလောက်က ဖုန်းပြောခဲ့သေးတယ်။ နင့်အမေက နင်မွေးတဲ့အချိန်ကျရင် လာခဲ့ရမလားတဲ့။ အဲ့ကျရင် နင့်ကိုကူညီပေးဖို့ အတွေ့အကြုံရှိတဲ့ အိမ်ကူတစ်ယောက်ကို ငှားပေးမယ်လို့ ငါပြောထားတယ်။ သူ စိတ်ပူစရာမလိုဘူးလို့ ပြောလိုက်တယ်။” လင်းချင်းဟယ်က ပြောလိုက်၏။
"ကျွန်တော်တစ်ယောက်နဲ့ ဆက်သွယ်ပြီးပြီ။ သူမွေးတာနဲ့ လာကူညီပေးလိမ့်မယ်။” ဝိန်ကော်တုန်းက ပြောလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် သူက နွားအိုမြက်နုကြိုက် မဟုတ်ပါလား။ ယခင်တုန်းက သူ့အိမ်ထောင်ရေးအတွက် သူ့အမေက မကြာခဏ စိုးရိမ်ပူပန်ရသည်။ အခု အိမ်ထောင်ကျကာ ကလေးတောင် မွေးတော့မည်။ သူ့စိတ်ဓာတ်ကလည်း ပြောင်းလဲလာခဲ့ပါသည်။
သို့သော်လည်း လင်းချင်းဟယ်က သူ့ကို အားရကျေနပ်မှု ရှိပါသည်။
သူ့အလုပ်က အခြေငြိမ်၏။ ရာထူးမြင့်ကာ လူနေမှုအဆင့်အတန်းလည်း မြင့်မားသည်။ သူ့ကို ဘယ်သူက အထင်မကြီးဘဲနေမလဲ။ အထူးသဖြင့် သူ ရာထူးတိုးခံရပြီး အကျိုးခံစားခွင့် အိမ်တစ်လုံးကို ရလိုက်ချိန်တွင် ဖြစ်သည်။ အရေးအကြီးဆုံးကတော့ မိသားစုအပေါ် တာဝန်ကျေပွန်မှု ဖြစ်၏။
ကျိုးစစ်နီ ဗိုက်ကြီးလာကတည်းက အချက်အပြုတ် စသင်သည်။ ကျိုးစစ်နီ သင်ပေးတာကို လိုက်နာပြီး အချိန်အတော်ကြာ အချက်အပြုတ် သင်ပြီးသောအခါ ခေါက်ဆွဲချက်တတ်သွားပါသည်။ အတော်လေး ခက်ခဲခဲ့၏။
ဒီသခင်လေးက အရင်တုန်းက ဘာမှ မလုပ်တတ်သူ ဖြစ်သည်။ ဒီနယ်ပယ်မှာ ကျွမ်းကျင်မှု မရှိသော်လည်း စိတ်နှစ်ပြီး ကြိုးစားပါသည်။
ကျိုးစစ်နီက ကုန်ခြောက်ဆိုင်အကြောင်းကို ပြောလိုက်သည်။ "စတုတ္ထဒေါ်လေး အစ်မစန်းနီနဲ့ တတိယခဲအိုတို့ ဆိုင်ဖွင့်ကြတော့မယ်လို့ ပြောတယ်နော်။ ကုန်ခြောက်ဆိုင်ကို ကြည့်ပေးမယ့်လူရှိလား။”
"မရှိသေးပါဘူး။” လင်းချင်းဟယ်က သူမကိုကြည့်လိုက်ပြီးမေးလိုက်သည်။ "နင်စိတ်ဝင်စားလို့လား။”
"ဟုတ်ကဲ့" ကျိုးစစ်နီ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။
ဝိန်ကော်တုန်းက မုဆိုးဖိုတစ်ယောက်လို မျက်နှာဖြစ်သွားပါသည်။ သူ့မိန်းမ ဘာကြောင့် အလုပ်မရှိရင် မနေနိုင်တာလဲ သူ နားမလည်နိုင်ပါ။ အိမ်မှာ ကလေးတွေကို တာဝန်ယူပေးနိုင်ရင် တော်ပြီ မဟုတ်ဘူးလား။ အလုပ်သွားဖို့သာ စိတ်အားထက်သန်နေပြီး ဘယ်လောက်တောင် ပင်ပန်းလိုက်သလဲ။
ထို့အပြင် သူမသာ အလုပ်သွားပါက ကလေးတွေကို ဘယ်လိုလုပ်ရမလဲ။
လင်းချင်းဟယ်လည်း ထိုနည်းလည်းကောင်း တွေးမိပါသည်။ "နင်ဆိုင်ကြည့်မယ်ဆိုရင် ကလေးတွေကို ဘယ်သူ ထိန်းမှာလဲ။”
"အစ်မ စန်းနီတို့က အဲ့လောက်မမြန်လောက်ပါဘူး။ အဲ့အချိန်ကျရင် ကလေးက ၁ နှစ်လောက်ရှိပြီး နို့ပြတ်လောက်ပြီ။ သမီးအမေတို့ဘက်က ထိန်းပေးမှာပေါ့။” ကျိုးစစ်နီက ပြောလိုက်သည်။
အမေဝိန်လည်း ဒီလိုကတိပေးခဲ့ပါသည်။ သူမသာ အလုပ်ထွက်လုပ်ချင်ပါက သူမအိမ်မှာ ကလေးတွေကို လာထားနိုင်သည်။ သူမ၏ အထည်ဆိုင်တွင် ကောင်မလေးနှစ်ယောက် ခန့်ထားသဖြင့် သူမကတော့ အားနေပါသည်။
"ချက်ပြုတ်စားသောက်ဖို့လည်း ပြဿနာရှိတယ်" ဝိန်ကော်တုန်းက ပြောလိုက်၏။
"ပြဿနာမရှိပါဘူး။ ရှင့်စက်ဘီးနဲ့ ကျွန်မဆီလာခဲ့လေ။ ကျွန်မ ပြင်ထားလိုက်မယ်။ အဖေနဲ့ အမေတို့ကို ရှင်က လိုက်ပို့ပေးလိုက်ပေါ့။ အချိန်ပဲနည်းနည်းကြာတာပါ။” ကျိုးစစ်နီက သူ့ကို လှည့်ပြောလိုက်ပါသည်။
သူတို့ ဒီကိစ္စကို လေးလေးနက်နက် ဆက်ပြီး မဆွေးနွေးတော့ပေ။ လောလောဆယ် အကြမ်းဖျင်း ပြောခြင်းသာ ဖြစ်ပါသည်။ အနာဂတ် ကိစ္စများက မသေချာသေးပါ။
ဝိန်ကော်တုန်း ဒီနေ့ ရှားရှားပါးပါး ပိတ်ရက် ရသဖြင့် ဒီမှာ ထိုင်စကားပြောပြီးနောက် အဖေကျိုးနဲ့ အမေကျိုးတို့အိမ်သို့ သွားလည်ခဲ့ပါသည်။
အမေကျိုးက ကျိုးအာ့နီ၊ ကျိုးစန်းနီနဲ့ ကျိုးစစ်နီတို့ကို မြင်ရတာ စိတ်ချမ်းသာနေပါသည်။ သူတို့မြို့တော်ကို ရောက်လာခဲ့တာ ဘယ်လောက်တောင် မှန်လိုက်သလဲ။
"ဝူနီက ဒီရက်ပိုင်းအတွင်း လာမယ်လို့ လောင်စန်းပြောတာကြားတယ် ဟုတ်လား" အမေကျိုးက ပြောလိုက်၏။
"ဟုတ်တယ်။ စတုတ္ထဒေါ်လေးတို့ဆီက သမီးတို့ အခုပဲပြန်လာတာ။ သူ ပြောတာ ကြားတယ်။” ကျိုးစစ်နီက ခေါင်းငြိမ့်လိုက်၏။
"နင်အိမ်ထောင်ကျတာ ၃ နှစ်ရှိပြီး အခု ကလေးတောင် ရနေပြီ။ ဝူနီက နင့်နဲ့အသက်အရွယ် အတူတူပဲကို ရည်းစားတောင် မရသေးဘူး" အမေကျိုးက ပြောလိုက်ပါသည်။
"အခုထိ သမီးတို့မိသားစုမှာ ဝူနီက ပညာရေး အမြင့်မားဆုံး မြေးမပဲလေ။ သူ့ကို စိတ်ပူဖို့ လိုအပ်လို့လား။” ကျိုးစစ်နီက ပြောလိုက်ပါသည်။
"အဲ့ကောင်မလေးက အလားအလာရှိပါတယ်။ ဒါပေမယ့် သူအသက်ကြီးလာပြီလေ။ လက်တွဲဖော်ကောင်းကောင်း ရှာရမယ်။ ဒီတစ်ခါက နင့်စတုတ္ထဒေါ်လေး အကူအညီနဲ့ ရှာမှ ဖြစ်မယ်။ အဘွားက နင့်စတုတ္ထဒေါ်လေးရဲ့အမြင်ကိုပဲ ယုံကြည်တယ်။” အမေကျိုးက ပြောလိုက်ပါသည်။
သူမသမီး ကျိုးရှောင်းမိန်၏ အိမ်ထောင်ရေးကလည်း စတုတ္ထမိသားစု ထောက်ခံပေးခဲ့ခြင်း ဖြစ်သည်။ အာ့နီနဲ့ စစ်နီတို့လည်း ထိုနည်းလည်းကောင်း ဖြစ်၏။ သူမ ကောင်းသည်ဟု ပြောသရွေ့ သူတို့ ဘဝကောင်းကောင်း ရနိုင်ပါသည်။
ထို့ကြောင့် အမေကျိုးက သူမ၏ စတုတ္ထချွေးမကို အလွန်ယုံကြည်ပါသည်။
"စဥ်းစားကြည့်မှ ကော်တုန်း။ နင်တို့အလုပ်မှာ ရွယ်တူ ယောက်ျားလေးရှိလား။ ဝူနီက အရမ်းတော်တဲ့ ကောင်မလေးပါ။ အထက်တန်းပြ ဆရာမတစ်ယောက်လေ။ စိတ်ဓာတ်ကောင်းပြီး မိသားစုအပေါ် သိတတ်တယ်။ နင်အောင်သွယ်ပေးပါလား" အမေကျိုးက သူမ၏ မြေးသားမက်ကို ကြည့်ပြီး ပြောလိုက်ပါသည်။
ဒီလို ကြိုတင်စုံစမ်းခိုင်းထားတာ ပိုကောင်းသည်ဟု အမေကျိုး ထင်မိပါသည်။
"စတုတ္ထဒေါ်လေး မိတ်ဆက်ပေးမယ့်လူရှိလား အရင်ကြည့်ပါဦး။ မရှိမှ ကျွန်တော့်ဘက်မှာ ရှာကြည့်ပေးပါ့မယ်" ဝိန်ကော်တုန်းက ပြန်ပြောလိုက်ပါသည်။
အမေကျိုးက စိတ်အေးသွားပြီး ကျိုးစစ်နီဘက်ကို လှည့်လိုက်သည်။ "နင်တို့ညီအစ်မတွေ ဒီမှာပဲ အိမ်ထောင်ကျရင် အဘွားတော့ အပျော်လွန်မိမှာပဲ။ အဘိုးနဲ့အဘွားတို့ဆီ အချိန်ရရင် လာလည်လို့ရတယ်လေ။”
လင်မယားနှစ်ယောက်ပြန်သွားသောအခါ အမေကျိုးက နောက်ဖေးမှာ မွေးထားသည့် ကြက်ဥတစ်ခြင်း ပေးလိုက်ပါသည်။ ဒီနှစ်က သူမ မွေးထားသမျှထဲ အများဆုံး ဖြစ်၏။ ကြက်အကောင် ၃၀ ကျော် မွေးမြူထားပါသည်။
ဘာလို့ ကြက်တွေ အများကြီး မွေးတာလဲ။ အဘယ့်ကြောင့်ဆိုသော် ဒီနှစ် သူမ၏ အဖိုးတန် မြေးကြီး လက်ထပ်တော့မည်ဖြစ်သောကြောင့်ပင်။
အကြီးဆုံးမြေးအကြောင်းပြောသည့်အခါ အမေကျိုးရင်ထဲ ဘယ်လောက်တောင် ဂုဏ်ယူရမှန်း မဖော်ပြနိုင်ပါ။ သူက သူမတို့မိသားစု၏ အသက်သွေးကြောဖြစ်ကာ ကျိုးမိသားစု၏ မျက်နှာစာဖြစ်သည်ဟု ဆိုနိုင်၏။
သူ့အောက်က မြေးများကလည်း အားလုံးတော်ကြပြီး အလားအလာရှိပါသည်။ သို့သောာ်လည်း မြေးကြီး ကျိုးခိုင်၏ အဖေကျိုးနဲ့ အမေကျိုးတိုရင်ထဲက တည်နေရာကတော့ နှစ်ပေါင်းများစွာ ကြာသည့်တိုင် မတုန်လှုပ်သေးပါ။
သူမ သူ့ကိုသတိရနေစဥ် ကျိုးရှောင်မိန်၏ သမီး စုထျန်က ပြေးလာသည်။ "အဘွား ဒုတိယဝမ်းကွဲအစ်မက အကြီးဆုံးဝမ်းကွဲအစ်ကို ဖုန်းဆက်တယ်လို့ ပြောတယ်။ အဘွားကို ဖုန်းပြောဖို့ လာခေါ်ခိုင်းတယ်။”
"လာပြီ လာပြီ" အမေကျိုးက စိတ်လှုပ်ရှား ပျော်ရွှင်နေပါသည်။