← Chapters

အဝိုင်းခံရခြင်း

Vol. 87 Ch. 1206

အဝိုင်းခံရခြင်း

Vol. 87 Ch. 1206

ထန်းဟန် အမူအယာမှာ ပြောင်းလဲသွားလေ၏။ သူ့စိတ်ထဲမှ အားရဝမ်းသာဖြစ်မှုသည်လည်း တည်ငြိမ်သွားလေပြီ။

သူက မိုးမြေ မီးပြင်းဖိုကို အသည်းအသန် လိုက်ရှာနေခဲ့သည်။ အကယ်၍ သူ ပထမဆုံး မြင်လိုက်သည့်အရာမှာ အချိန်စက်ဝန်းပြား မဟုတ်ဘဲ မီးပြင်းဖို ဖြစ်နေပါက မိုဝူကျိဆီ အရူးအမူး ဝင်သွားမည် ဖြစ်၏။ သူ့မိုးမြေ မီးပြင်းဖိုကို ပြန်လုဖို့ ကြိုးစားရုံမှအပ တခြားအကြောင်းအရင်း မရှိချေ။

သို့သော် ယခုတွင်  သူ့ မိုးမြေ မီးပြင်းဖို  မိုဝူကျိဆီ ရောက်နေသည့် ကိစ္စကို လုံးဝ လုံးဝ မတွေးထားမိခဲ့ပေ။ ဤသည်မှာ ထန်းဟန်အား ခန္ဓာကိုယ်တစ်လျှောက် လျှပ်စီးဖြတ်ပြေးသွားသလို ခံစားလိုက်ရစေသည်။ သူ့နှလုံးသားက နက်ရှိုင်းလှသော စိတ်ဆန္ဒများနှင့် ပြည့်နှက်နေသော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် နေရုံမှတပါး ရွေးချယ်စရာ မရှိပေ။

သူက မိုဝူကျိသည် အချိန်စက်ဝန်းပြားကို အဘယ်ကြောင့် ထုတ်ထားမှန်း မသိသော်လည်း မိုဝူကျိသည် အချိန်စက်ဝန်းပြား ဆုံးရှုံးလိုက်ရမည်ကို မကြောက်ကြောင်း သိသာလှသည်။ ထို့အပြင် မိုဝူကျိက သူသည် ထန်းဟန် ဖြစ်ကြောင်းနှင့် သူ့ရည်ရွယ်ချက်ကိုလည်း သိထားလျက်နှင့်ပင်  မိုဝူကျိက  မိုးမြေ မီးပြင်းဖိုကို ထုတ်ယူရဲသေးသည်။ ဤသည်မှာ မိုဝူကျိက သူ့ကို မကြောက်ကြောင်း ရှင်းရှင်းလင်းလင်း ပြောနေခြင်းသာ ဖြစ်၏။

ထန်းဟန်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူ့တာအိုလှိုင်းများက စွမ်းအားစက်ကွင်းနှင့်အတူ ဆက်တိုက်  ပြန့်နှံ့သွားလေ၏။ မည်သို့ပင် ဖြစ်စေကာမူ သူက သူ့ရှေ့ရှိ လူအား လုံးဝ ထွက်သွားခွင့် မပေးနိုင်ပေ။

မိုးမြေ မီးပြင်းဖို မရှိဘဲ သူ့အခြေခံအုတ်မြစ်  ရှိလာမည် မဟုတ်ပေ။

သူ့လက်ရှိ စွမ်းဆောင်ရည်က ပြန်ကောင်းလာဖို့ အလှမ်းကွာလွန်းနေသေး၏။ မဟုတ်လျှင် သူက သူ့ကိုယ်သူ အတင်းတည်ငြိမ်အောင် အဘယ်ကြောင့် ထိန်းနေရမည်နည်း။

သူက စွမ်းအားကို လှုံ့ဆော်ထားလိုက်သည်။ မိုဝူကျိသာ လှုပ်ရှားလိုက်သည်နှင့် အားအပြည့်သုံး၍ တိုက်ခိုက်မည်။ သူက လိန်ဟုန်ကျီလိုမျိုး ပုံမှန်မဟုတ်သည့်သူများက နေရာအနှံ့ ပေါများနေလိမ့်မည်ဟု မထင်ချေ။ သို့သော်လည်း သူက မိုဝူကျိသည် လိန်ဟုန်ကျီလောက် အားကောင်းကြောင်း မယုံသော်လည်း တစ်ဖက်လူကို အထင်တော့ မသေးပေ။

မိုဝူကျိက နှာခေါင်းရှုံ့လိုက်၏။ သူ့အမြင်၌  လက်ရှိ ထန်းဟန်သည် ပုရွက်ဆိတ်မျှသာ ဖြစ်၏။ အကယ်၍ ထန်းဟန်သာ ဝိဇ္ဇာ ဖြစ်နေသေးလျှင် ထည့်တွက်မိဦးမည် ဖြစ်သော်လည်း တစ်ဖက်လူ ထန်းဟန်တွင် နတ်ဘုရားအရိုက်အရာ မရှိတော့သလို ဝိဇ္ဇာတစ်ပါးလည်း မဟုတ်တော့ဘဲ သူ့ကံကြမ္မာ ထိပ်သီး ရတနာကိုပင် ပျောက်ဆုံးထားသေး၏။ ထို့ကြောင့် ထန်းဟန်က ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။

မိုဝူကျိက ထန်းဟန်သည် သူ့စွမ်းအားစက်ကွင်းကို အင်အားတိုးထားကြောင်း သိ၏။ သို့သော်လည်း သူက ထန်းဟန်အား မတားဆီးပေ။ သူက ဝိဇ္ဇာတပိုင်း အဆင့် ၁၂ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဝိဇ္ဇာအဆင့် ရောက်ဖို့ရာ ခြေတစ်လှမ်းမျှသာ လိုအပ်တော့ပေသည်။ သူက သူ့လက်ရှိ စွမ်းရည် မည်မျှ တိုးတက်လာကြောင်း သိချင်မိသည်။

မိုဝူကျိက မလှုပ်ရှားသေးသည်ကို မြင်ပြီး ထန်းဟန်က သဘာဝစွမ်းအားကို ဆက်လက် အသုံးပြုကာ စွမ်းအားစက်ကွင်းကို အားမြင့်လိုက်သည်။ မိုဝူကျိသာ လှုပ်ရှားသရွေ့ သူ့တိုက်ကွက်ကို တန်းထုတ်သုံးဖို့ အသင့်ပြင်ထားသည်။

ထန်းဟန်က မိုဝူကျိ လှုပ်ရှားဖို့ စောင့်ဆိုင်းနေသော်လည်း မိုဝူကျိက တစ်လက်မပင် မလှုပ်ရှားသေးပေ။ ထို့အစား မိုဝူကျိ၏ မျက်နှာက ပြောင်းလဲသွားလေ၏။ သူက နတ်ဝိညာဉ်သွေးကြောများနှင့် အချိန်စက်ဝန်းပြားကို သိမ်းကာ လှုပ်ရှားလိုက်တော့သည်။

ထွက်ပြေးချင်တာလား ….

ထန်းဟန်က အားအပြည့် တိုက်ခိုက်ဖို့ တုံ့ဆိုင်းမနေပေ။ သူက မိုဝူကျိသည် လှည့်ကွက်တချို့ သုံးမည်မှန်း သိထား၏။ မဟုတ်လျှင် မိုဝူကျိက ဤအခိုက်အတန့်၌ ထွက်ပြေးဖို့ ရွေးချယ်မည် မဟုတ်ချေ။

ထိုစဉ် သူ့လျို့ဝှက်တိုက်ကွက်သည် ထွက်ပေါ်လာပြီး  စွမ်းအားစက်ကွင်းသည်လည်း အားအပြည့် ဖြစ်သွားသည်။ အကယ်၍ မိုဝူကျိ ထွက်ပြေးဖို့ မကြိုးစားလျှင် ခုခံနိုင်ဦးမည် ဖြစ်၏။ သူက ထွက်ပြေးခဲ့သည့်အတွက် ကိုယ့်သေတွင်းကို တူးသလို ဖြစ်သွားချေသည်။

“ ဝုန်း ” ထန်းဟန်ဆီမှ ပြင်းထန်လှသော သဘာဝစွမ်းအားလှိုင်းကြီး ပစ်လွှတ်လိုက်သည်။ လှိုင်းလုံးများက တစ်ခုပြီး တစ်ခု ဖြစ်တည်လာသည်။ ထိုမီးတောက်လှိုင်းလုံးများက ထွက်ပြေးရာ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားရုံသာမက ဤအာကာပြင်တစ်ခုလုံးတွင် ထိုမီးတောက်များဖြင့် ပြည့်နှက်နေလေ၏။

ဤနေရာရှိ စည်းမျည်းများသည် အားကောင်းပြီး ကြမ်းတမ်းသော်လည်း ထန်းဟန်၏ မီးတောက်ကြောင် အက်သံများ စတင် ထွက်ပေါ်လာသည်။ စည်းမျည်းများမှာ မီးတောက်များကြောင့် သိသိသာသာ အားလျော့သွားကာ လက်တစ်ဖက်နှင့်ပင် စုတ်ဖြဲပစ်နိုင်လောက်သည့်အထိ ဖြစ်လာသည်။

သူ လိန်ဟုန်ကျီနှင့် တိုက်ခိုက်စဉ်တုန်းက ထန်းဟန်သည် ထိုမီးတောက်ကို ထုတ်မသုံးခဲ့ပေ။ မူလအကြောင်းအရင်းမှာ မိုးမြေ မီးပြင်းဖိုသည် လိန်ဟုန်ကျီတွင် မရှိကြောင်း ခပ်ရေး‌ရေး ခံစားမိနေ၍ ဖြစ်သည်။ နောက်ထပ် တစ်ချက်မှာ တခြားသော ဝိဇ္ဇာများက သူ့အသိစိတ်မီးတောက်ကို အာရုံခံသွားနိုင်၍ ဖြစ်သည်။

ဤကျယ်ပြောလှသည့် စကြဝဠာကြီးအတွင်း ဝိဇ္ဇာတချို့သာ သူ့အသိစိတ်မီးတောက်အကြောင်း သိပေသည်။ ထိုသို့သော မီးတောက်မျိုးက ဝိဇ္ဇာမီးတောက်နှင့် ညီမျှပေသည်။ သူ့တိုက်ကွက်မှ တာအိုစည်းမျည်းနှင့်အတူ  အသက်သွင်းလိုက်ပါက  တစ်ဖက်လူ၏ စွမ်းအားစက်ကွင်းနှင့် ဤနေရာရှိ အာကာပြင်တစ်ခုလုံးကို လောင်ကျွမ်းပစ်စေလိမ့်မည်။

“ ဝုန်း ” ထိုမီးတောက်အောက်တွင် မိုဝူကျိ၏ စွမ်းအားစက်ကွင်းက ဗလာနတ္ထိအဖြစ် လောင်ကျွမ်းခံလိုက်ရသည်။ ထို့နောက် သူ့ဆံပင်နှင့် အဝတ်အစားများပင် မီးတောက်ထဲ ပါသွားလေ၏။

သူ့အရည်ပြားပင် ထိုမီးတောက်ကြောင့် ကွာကျသွားကာ အရိုးများပင် ပေါ်လာသည်။

သူ့အသိစိတ်မီးတောက်နှင့် ရင်ဆိုင်ရသည့်အခါ မိုဝူကျိက ခုခံနိုင်ပုံ မပေါ်ပေ။ ခဏအတွင်း သူက ဒဏ်ရာအပြင်းအထန် ရသွားလေသည်။

သို့သော်လည်း ထန်းဟန်က မပျော်ရွှင်နေပေ။ သူက မိုဝူကျိသည် သူ့အသိစိတ်မီးတောက်ထဲမှ ထွက်သွားကြောင်း တွေ့လိုက်ရ၍ ဖြစ်သည်။

ဤသည်မှာ သူ့အသိစိတ်မီးတောက်ထဲမှ လူတစ်ယောက် ရုပ်ခန္ဓာကိုယ် မဆုံးရှုံးဘဲ ထွက်သွားနိုင်သည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

သူ့အသိစိတ်မီးတောက်သည် မိုးမြေ မီးပြင်းဖိုအတွင်း နှစ်များစွာ သန့်စင်ပြီးနောက် ဖြစ်တည်လာခြင်း ဖြစ်၏။ ဝိဇ္ဇာအားလုံးအနက် သူ့မီးတောက်ကို ဒုတိယနေရာ ဟု ပြောလျှင် မည်သူကမှ ပထမနေရာကို ယူရဲမည် မဟုတ်ပေ။ သူ့အင်အားက သိသိသာသာ လျော့ဆင်းသွားကာ တာအိုလှိုင်းတွန့်များက အပြည့်အဝ ပြန်မကောင်းသေးသော်လည်း ဝိဇ္ဇာများပင် သူ့အသိစိတ်မီးတောက်မှ ထွက်ပြေးနိုင်မည် မဟုတ်ပေ။

ထန်းဟန်က ထပ်မတွေးတော့ဘဲ မိုဝူကျိနောက် အသည်းအသန် လိုက်လိုက်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူက မိုဝူကျိအား လွှတ်မပေးပေ။

မိုဝူကျိက ထန်းဟန်အား အာရုံမစိုက်ပေ။ ယခု သူက ထန်းဟန်၏ မီးတောက်နှင့် ကြုံတွေ့ရသည့်အခါ အမှန်တကယ် အံ့အားသင့်မိ၏။

တစ်ဖက်လူကို အထင်မသေးသင့်မှာ အမှန် ဖြစ်၏။ သူက ထန်းဟန်ကို အထင်သေးမိသောကြောင့် ရုပ်ခန္ဓာ ပျောက်ဆုံးလုမတတ် ဖြစ်ခဲ့ရသည်။ သူ့မြေကျုံ့ပညာရပ်က အားကောင်းလွန်းနေပြီး ဝိဇ္ဇာရုပ်ခန္ဓာ နောက်ပိုင်းအဆင့် ရောက်နေ၍သာ ကံကောင်းသွားပေသည်။ ထို့ကြောင့်သာ အသိစိတ်မီးတောက်မှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်၏။

မိုဝူကျိက ထန်းဟန်အား တစစီ လုပ်ပစ်ချင်မိသည်။ သို့သော် ထိုစဉ် သူက မရပ်တန့်ရဲသေးပေ။ သူက ဆေးလုံးများစွာ သောက်သုံးထားသော်လည်း သူ့လူသားကျင့်စဉ်သည် ဆက်တိုက် ပြောင်းပြန် လှည့်ပတ်နေပြီး သူ့အသက်ဓာတ်လမ်းကြောင်းသည်  အသက်ဓာတ် ဆက်တိုက် ထောက်ပံ့ပေးနေသော်လည်း မိုဝူကျိက သူ့ချီသွေးကြောများနှင့် အသက်သွေးအတွင်း မီးတောက်ကို ခံစားမိနေဆဲ ဖြစ်သည်။ သူ့အတွင်းပိုင်းအား တစစီ စုတ်ဖြဲနေသကဲ့သို့ ဖြစ်၏။

ထန်းဟန်က မိုဝူကျိနောက် ဆယ်ရှိုက်စာလောက် လိုက်လာပြီးနောက် အဝေးတစ်နေရာကို တအံ့တဩ ကြည့်လိုက်သည်။

နောက်ဆုံးတွင် မိုဝူကျိက ထွက်သွားဖို့ အလျှင်လိုနေကြောင်း နားလည်သဘောပေါက်သွားတော့သည်။ မိုဝူကျိက သူ့ကို ကြောက်၍ မဟုတ်သလို လှည့်ကွက်သုံးချင်၍လည်း မဟုတ်ပေ။ ထို့အစား ခရမ်းရောင် တာအိုစည်းမျည်း ပေါ်လာ၍ ဖြစ်၏။

ဝိဇ္ဇာဟောင်းတစ်ယောက်အနေနှင့် ထန်းဟန်က တစ်ချက်ကြည့်ရုံဖြင့် ခရမ်းရောင်တာအိုစည်းမျည်းသည် စကြဝဠာ တာအိုစည်းမျည်းမှန်း တန်းသိလိုက်သည်။

သို့သော်လည်း သူက လုံးဝ မပျော်ရွှင်မိပေ။ တကယ်တော့ သူက စိတ်ထဲတွင် လေးလံနေမိသည်။ သူက ခရမ်းရောင် တာအိုစည်းမျည်းကို အာရုံမခံမိခင် မိုဝူကျိက အရင်ဦးစွာ အာရုံခံမိသွားသည်မှာ သိသာလှသည်။ မိုဝူကျိ၏ အဆင့်က သူ့အပေါ် ရောက်နေမှန်း သေချာမြင်သာ၏။

ဤသည်က မိုဝူကျိက သူ့အသိစိတ်မီးတောက်ကို မည်သို့ တောင့်ခံရဲကြောင်းလည်း ပြသနေသည်။

ထန်းဟန်၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ မိုဝူကျိက ခရမ်းရောင် တာအိုစည်းမျည်းကြောင့် ထန်းဟန်၏ တိုက်ခိုက်မှုကို ခံယူခဲ့ခြင်း ဖြစ်၏။ ဤသည်မှာ စကြဝဠာ တာအိုစည်းမျည်း ဖြစ်၏။ အကယ်၍ သူသာ ထန်းဟန်ကို ဖယ်ရှားနိုင်သည့်အထိ စောင့်နေလျှင် နောက်ကျလွန်းသွားလိမ့်မည်။ သူက ဤတာအိုစည်းမျည်းနောက် လူများ ပါလာသည့်အကြောင်းကို ခံစားမိကြောင်း ထည့်ပြောစရာ မလိုသေးပေ။ အကယ်၍ မည်သူမှ မရှိလျှင်ပင် မိုဝူကျိက သူ  စကြဝဠာတာအိုစည်းမျည်းကို ဖမ်းဆုပ်နိုင်လိမ့်မည်ဟု မပြောရဲပေ။

ယခု သူက ခရမ်းရောင် တာအိုစည်းမျည်းဆီ ဦးတည်လိုက်ပြီး အတင်းကျပ် ဝင်ဖြတ်လိုက်သည်။

ဤသည်မှာ မိုဝူကျိအနေနှင့် စကြဝဠာတာအိုစည်းမျည်းကို ပထမဆုံးအကြိမ် သိမ်းဆည်းဖူးခြင်း မဟုတ်ပေ။ သူက အတွေ့အကြုံများပေ၏။ သူ့လူသားတာအို စည်းမျည်းများလည်း ထွက်ပေါ်လာသည်။ ဤစကြဝဠာ တာအိုစည်းမျည်းက အနည်းငယ် တန့်သွားသောကြောင့် လက်ကို မြန်မြန် လှုပ်ရှားကာ လူသားကမ္ဘာထဲ ကောက်သိမ်းထည့်လိုက်သည်။

မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းမချခင် ပုံရိပ်ငါးခု ရောက်ရှိလာကာ မိုဝူကျိအား ဝိုင်းထားလိုက်ကြသည်။ ထိုပုံရိပ်ငါးခုအပြင် အဝေးမှ ထန်းဟန်လည်း ပေါ်လာ၏။

“ မင်းပဲ ” လော့၏ အေးစက်စက် အကြည့်က မိုဝူကျိဆီ ရောက်ရှိလာသည်။ အင်မော်တယ်လောက၌ မိုဝူကျိသည် ကံကြမ္မာဓားနှင့်သာ တွေ့ဆုံခဲ့သော်လည်း လော့က မိုဝူကျိအား တန်းမှတ်မိလိုက်သည်။

လော့ရှုက မိုဝူကျိကို မြင်လိုက်သည့်အခါ သူ့မျက်ဝန်းများက လေးနက်လာသည်။ သူက မိုဝူကျိကို တစ်ခါမှ မမြင်ဖူးသော်လည်း မိုဝူကျိအား မှတ်မိလိုက်၏။ သူ့တာအိုစည်းမျည်းကိုလည်း သူ့ရှေ့ရှိ မိုဝူကျိ ဆွဲနှုတ်သွားခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူက မိုဝူကျိတွင် တာအိုစည်းမျည်း နှစ်ခု ရှိနေသည့်အကြောင်းကို ထုတ်မပြောပေ။ ထို့အစား သူက မိုဝူကျိ ထွက်ပြေးနိုင်သည့် လမ်းကြောင်းဘက်သို့ အသာရွေ့လိုက်သည်။

“ လော့ရှု၊ ချင်းယွမ်၊ ဖိုတိ၊ ထိုက်လွန် ….” ထန်းဟန်က လေအေးများ မှုတ်ကာ ခပ်လှမ်းလှမ်းသို့ နောက်ဆုတ်လိုက်သည်။

ဤလူများနှင့် သူ့ရန်ကြွေးမှာ သမုဒ္ဒရာကြီးလောက် နက်ရှိုင်းပေသည်။ ကံဆိုးစွာဖြင့် သူတို့ရှေ့တွင် သူက ပုရွက်ဆိတ်တစ်ကောင်မျှထက် မပိုပေ။ အကယ်၍ တခြားအချိန်ဆိုပါက အသက်ဓာတ်ကို လောင်ကျွမ်း၍ ထွက်ပြေးပြီးလောက်လေပြီ။ သို့သော် ယခုတွင် သူက ထိုသို့လုပ်ဖို့ရာ တုံ့ဆိုင်းနေမိ၏။ သူ့မိုးမြေ မီးပြင်းဖိုသည် မိုဝူကျိလက်အတွင်း ရှိနေသေးသည် မဟုတ်ပါလော။ အခု သူ ထွက်သွားလိုက်ပါက မီးပြင်းဖိုကို ထာဝရ ဆုံးရှုံးလိုက်ရပေမည်။

သူက မိုဝူကျိ၏ ပြိုင်ဖက် မဖြစ်နိုင်မှန်း သေချာသိထားသော်လည်း ထွက်သွားဖို့ရာ တုံ့ဆိုင်းနေမိသေးသည်။

လော့၏ စွမ်းအားစက်ကွင်းသည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ သူက မိုဝူကျိအား စိုက်ကြည့်ရင်း အခြားသူများကို ပြောလိုက်သည်  “ ဒီလူက အရမ်းအားကောင်းတယ်။ ငါတို့ တခြားကိစ္စ မပြောခင် အားလုံး ပူးပေါင်းပြီးတော့ ဒီလူကို အရင် ရှင်းပစ်ရအောင်  … ”

***

All Chapters