အခန်း(၆၅၅) ကွာရှင်းခြင်း
Vol. 47 Ch. 655
အခန်း(၆၅၅) ကွာရှင်းခြင်း
ဝမ်ယွမ်နဲ့ ကျိုးအာ့နီတို့ဆီတွင် ဖုန်းတပ်ဆင်ပြီးကတည်းက သူတို့မြေးကြီး ကျိုးခိုင် အားလပ်သည့်အခါ ဖုန်းဆက်လေ့ ရှိပါသည်။
သူတို့က အမေကျိုးကို ဖုန်းပြောဖို့ လာခေါ်လေ့ ရှိသည်။ အမေကျိုးကလည်း ဝမ်းသာပါသည်။
ဖုန်းကိုင်ပြီးနောက် သူမမြေးကြီးနဲ့ စကားပြောလိုက်ပါသည်။ "အဘွား နင့်အတွက် ကြက်တွေ အများကြီး မွေးထားတယ်။ မင်္ဂလာပွဲကျင်းပဖို့ ပြန်လာတဲ့အခါကျရင် စျေးမှာ သွားဝယ်စရာ မလိုတော့ဘူး။ အဘွားတို့ဆီက ပေးလို့ ရတယ်။”
"အဘွားရယ် အဘိုးရယ် ခေါင်းကိုင်အဘိုးတို့ပဲ စားကြပါ။ ကျွန်တော်တို့ မင်္ဂလာဧည့်ခံပွဲအတွက် အထူးတလည်ကြီး ချန်ထားဖို့ မလိုပါဘူးဗျာ။” ကျိုးခိုင်က ပြောလိုက်ပါသည်။
"ဘယ်ဟုတ်မလဲ ချန်ထားပေးရမှာပေါ့။ မဟုတ်ရင် အဘွားက ဘာလို့ ဒီလောက် အများကြီး မွေးထားမှာလဲ။ နင့်မိဘတွေက တစ်လကို ယွမ် ၂၀၀ တောင် ထောက်ပံ့ပေးထားတာ။ အိမ်တော်ထိန်းအတွက်လည်း နင့်အမေပဲ ရှင်းပေးတာပဲ။ ဒီအိမ်မှာ အဘွားတို့သုံးယောက်တည်း နေကြတာ။ နေစရိတ်စားစရိတ်တွေ အများကြီး ကျန်တယ်။ အဘွားတို့ စားချင်တာ စားလို့ရတယ်။” အမေကျိုးက ပြောလိုက်သည်။
အမေကျိုးက ဒီနေထိုင်မှုဘဝကို ဘာမှအပြစ်ဆိုစရာမရှိဘူးဟု တကယ်ပဲခံစားမိပါသည်။ သူတို့ ငယ်ငယ်တုန်းကဆို ဒီလိုဘဝမျိုး စိတ်တောင်ကူးရဲပါ့မလား။
ထို့ကြောင့် အမေကျိုးက သူမခန္ဓာကိုယ်ကို အထူးဂရုစိုက်ပြီး ကပ်စေးမနဲတော့ပါ။ နှစ်တိုင်း ဆေးရုံမှာ ဆေးသွားစစ်ရမည်။ သူမကလည်း သဘောတူပါသည်။
ဖုန်းထဲက ကျိုးခိုင်မှာ ကြားရတာ ဝမ်းသာပြီး ပြုံးလိုက်ပါသည်။ "ဟုတ်ပါပြီ။ ဒါဆိုလည်း ကျွန်တော်တို့အတွက် ချန်ထားပေါ့။ မင်္ဂလာဆောင်တဲ့အချိန်ကျရင် မင်္ဂလာဧည့်ခံပွဲမှာ သုံးကြမယ်။”
ထို့နောက် သူ့အဘိုးနဲ့ ခေါင်းကိုင်အဘိုးတို့ ကျန်းမာရေးကိုမေးခဲ့သည်။ ပြဿနာကြီးကြီးမားမား မရှိကြပါ။ စကားအတော်ကြာပြောပြီးနောက် ဖုန်းချလိုက်ပါသည်။
အမေကျိုး ကျေနပ်သွားပါသည်။ ကျိုးအာ့နီက ပြောလိုက်၏။ "အဘွား ဒီဆန်ကိတ်မုန့်လေးတွေ အခုပဲ ဝယ်လာတာ။ စားဖို့ ပြန်ယူသွားဦးလေ။”
အမေကျိုးက သူ့မြေးမကို အားမနာပါ။ သူမ ချက်ချင်းလည်း မပြန်ပေ။ သူမ ပြန်သွားပါက ဘာမှလုပ်စရာမရှိပါ။ ထို့ကြောင့် မြေးမဖြစ်သူနဲ့ စကားထိုင်ပြောလိုက်ပါသသည်။
အမေကျိုးက ပြောလိုက်၏။ "လောင်တ လက်ထပ်ပြီး ကလေးရလာတဲ့အခါကျရင် အဲ့ဒီဘက်က ဝေးလွန်းတော့ ငါတို့ကူညီချင်ရင်တောင် ကူညီပေးလို့မရလောက်ဘူးနော်။”
"ဘာတွေ စိုးရိမ်စရာလိုလို့လဲ။ လောင်တာ့ မိန်းမကို အဲ့ဘက်မှာ အကူငှားခိုင်းလိုက်ရုံပဲပေါ့။ သူတို့လင်မယားနှစ်ယောက် လစာက တော်တော်မြင့်ပြီး တတ်နိုင်ပါတယ်" ကျိုးအာ့နီက ပြန်ပြောလိုက်ပါသည်။
အခု သူမတို့အိမ်မှာလည်း ကူညီပေးဖို့ အိမ်တော်ထိန်းတစ်ယောက် ငှားထားပါသည်။ ကလေးများ အရွယ်ရောက်လာရုံနဲ့ ပိုလွယ်ကူမသွားပါ။ အိမ်တော်ထိန်းတစ်ယောက် အကူအညီ မရှိဘဲ အိမ်မှာ ခေါင်းတစ်ပတ်လည်လောက်အောင် အလုပ်များပြီး ကျန်တာ ဘာမှလုပ်နိုင်တော့မှာ မဟုတ်ပေ။
"တစ်ယောက်ငှားတာ မဆိုးပါဘူး။ ဒါပေမယ့် သူတို့ဆန္ဒရှိမယ်ဆိုရင် နည်းနည်းအရွယ်ရောက်တဲ့အထိ ပျိုးထောင်ပြီး ဒီဘက်မှာပဲ လာထားရင်ကောင်းမယ်။ အဲ့လိုဆို အဆင်ပြေမလားမသိဘူးနော်။” အမေကျိုးက အကြံပေးလိုက်ပါသည်။
ဒီလိုသာဆို သူမ၏ မြစ်ကို တွေ့ဖို့ လွယ်ကူပါလိမ့်မည်။
ကျိုးအာ့နီ "...” သူမ၏ စတုတ္ထဒေါ်လေးကတော့ ဒီဒုက္ခအိုးကို သယ်ချင်မှာ မဟုတ်လောက်ဘူးဟု ထင်မိပါသည်။
သူမ စတုတ္ထဒေါ်လေး အကြောက်ဆုံးက ကလေးထိန်းရတာ ဖြစ်သည်။ ရှောင်းမိမိလေးကို သူမ ထိန်းတာရှားသည်။ သူမ၏ ဦးလေးကသာ ထိန်းရတာ များပါသည်။
အမေကျိုး၏ ဆန္ဒက လက်ဖက်ရည်ဆိုင်သို့ သွားသည့်ခါ လင်းချင်းဟယ်ကို ကျိုးအာ့နီ ပြောပြပေးဖို့ ဖြစ်သည်။
လင်းချင်းဟယ် ကြားသောအခါ သူမ၏ တုန့်ပြန်မှုကလည်း ထိုနည်းလည်းကောင်း ဖြစ်၏။ "..."
"သားကြီးနဲ့ မေ့ကျားတို့ဘက်မှာ အိမ်တော်ထိန်းငှားဖို့ ငါပိုက်ဆံပေးပါ့မယ်။ ဘယ်လောက်စျေးကြီးကြီး ကိစ္စမရှိဘူး။” လင်းချင်းဟယ်က ပြောလိုက်၏။
ကလေးကို ဒီဘက်ပို့ပြီး ပျိုးထောင်ဖို့တော့ သူမ အားမပေးပါ။ ကလေးဆိုတာ မိဘများနဲ့အတူ ကြီးပြင်းလာတာသာ အကောင်းဆုံး ဖြစ်ပါသည်။
အမှန်ပင်။ ဒါတမင်သက်သက် ဆင်ခြေပေးခြင်းသာ ဖြစ်သည်။ အဓိကကတော့ သူမ ကလေးမထိန်းချင်သောကြောင့်သာ။ ကလေးထိန်းဖူးသူတိုင်း ဒါကို နားလည်နိုင်ကြသည်။ အမေများသာ နေ့တစ်ဝက်လောက် ကလေးမထိန်းရပါက သူတို့အတွက် နှစ်သစ်ကူးလိုပင်။ နှစ်ဝက်လောက် ရေမချိုးရဘဲ ရုတ်တရက် ရေချိုးလိုက်ရသလိုပင်။ ထိုခံစားချက်က အလွန်လန်းဆန်းပါသည်။
ကလေးတစ်ယောက်ကို ထိန်းဖို့ ဘယ်လောက် ခက်သလဲဆိုတာကို မြင်နိုင်ပါ၏။
ကျိုးအာ့နီက ရယ်မောလိုက်ပါသည်။
ထိုအချိန်တွင် အပြင်ဘက်၌ မြင်ဖူးသော ကားတစ်စီး လာရပ်ပြီး သားလတ်က ဟဲမြန်မြန်နဲ့ ထွက်လာပါသည်။
လင်းချင်းဟယ်က ပြောလိုက်၏။ "နင်တို့နှစ်ယောက် နေနိုင်တယ်နော်။ ပြန်မလာတာ ဘယ်လောက်တောင် ကြာပြီလဲ။”
"ကျွန်တော် အလုပ်များနေလို့ပါ။ ဒီနေ့ကျမှ အားတာလေ" ကျိုးရွှမ်က ပြန်ပြောလိုက်ပါသည်။
ဟဲမြန်မြန်က ပြောလိုက်၏။ "နောက်တစ်ခေါက် သူ့ကိုမစောင့်တော့ဘူး။ သမီးဖာသာသမီး ဒေါ်လေးဆီမှာ လက်ဖက်ရည် လာသောက်တော့မယ်။”
"ဒါဆို နင့်အမေနဲ့ ယောက်မတို့ကိုပါ ခေါ်ခဲ့နော်" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။
ကျိုူးရွှမ်က အခု နိုင်ငံရေးလမ်းကြောင်းကို လျှောက်လှမ်းနေပြီဖြစ်သည်။ သူ့ယောက္ခမလောင်းလိုပဲ ဖြစ်သည်။ အခု သူ့ယောက္ခမလောင်းက သူ့ကို လမ်းပြပေးနေပါသည်။
ထိုအကြောင်းပြောသောအခါ သားလတ်မှာ ဒီလမ်းလျှောက်ဖို့အတွက် ကံပါလာတာကို ဝန်ခံရမည်။ သင်ကြားစရာမလိုပါ။
နိုင်ငံရေးသမားဟောင်းဖြစ်သည့် အဖေဟဲက သူ့သားမက်လောင်းကို အလွန်အားရမှု ရှိပါသည်။ သူ့ကိုဆက်ခံသူအဖြစ်တောင် သတ်မှတ်ထားပြီးနေပြီဖြစ်သည်။ အခုက အစသာ ရှိသေး၏။ နောက်ပိုင်း ပို၍ပင် အလုပ်များလာနိုင်ပါသည်။
ဥပမာအားဖြင့် ခရီးများသွားရကာ အတွေ့အကြုံရယူခြင်း စသည်ဖြင့် လုပ်လာရနိုင်သည်။ ဒါက ကျိုးရွှမ် လျှောက်လှမ်းရမည့် အနာဂတ်ဖြစ်သည်။
သားလတ်က ကောင်မလေးဖြင့် ပြန်လာသဖြင့် လင်းချင်းဟယ်က စာရင်းစာအုပ်ကို ကျိုးအာ့နီဆီ ကမ်းပေးလိုက်ပြီး တာဝန်ပေးလိုက်ပါသည်။ ထိုစာရင်းကိုကြည့်ရင် ကျိုးအာ့နီ လျှာလိပ်သွားပါသည်။
သူမ ဝမ်ယွမ်ကို ပြောလိုက်၏။ "ဒီနှစ် စတုတ္ထဒေါ်လေးတို့ ဆိုင်အမြတ်က ၃၀ရာခိုင်နှုန်းလောက်တောင် တက်လာတယ်။ ဒီနှစ်အစကတည်းက ကျွန်မတို့ အထည်စက်ရုံတောင် ဒီလောက် တက်မလာဘူး။”
"ကိုတို့နောက်ပိုင်း ပုံစံပြောင်းရမယ်" ဝမ်ယွမ်က ပြောလိုက်သည်။
သူ စီစဥ်ထားပြီးသားဖြစ်သည်။ အခုချိန် ဒီတိုင်းလည်ပတ်နေတာ ပြဿနာ မရှိသေးပါ။ သို့သော်လည်း အခု အထည်စက်ရုံများ ပိုပိုများလာနေပါပြီ။ နိုင်ငံတော်တစ်ဝှမ်းလုံးမှာလည်း ထိုနည်းလည်းကောင်း ဖြစ်၏။ သေချာပေါက် အနာဂတ်မှာ ရှားပါးလုပ်ငန်း ဖြစ်တော့မှာ မဟုတ်ပေ။
ထို့ကြောင့် ခေတ်ဆန်သည့် လမ်းကို ရွေးဖို့ စတင်စီစဥ်လာသည်။ အချိန်တန်သောအခါ အလုပ်သမားများကို အလုပ်ထုတ်ဖို့ သေချာပေါက် လိုအပ်လာပါလိမ့်မည်။ လောလောဆယ်တော့ ပုံမှန်အတိုင်းပဲ လည်ပတ်စေဦးမည်ဖြစ်၏။
"စကားမစပ် ရှုရှန့်မိန်နဲ့ ရှုရှန့်ချမ်းတို့ ဒီကို အထည်လာမယူတာ ကြာပြီနော်၊ ဟုတ်တယ်မလား။” ကျိုးအာ့နီက သတိရသွားပြီး မေးလိုက်ပါသည်။
"စာရင်းစာအုပ်ပေါ်မှာ ပေါ်ရင် လာယူတယ်။ မပေါ်ရင် မယူဘူးပေါ့။” ဝမ်ယွမ်က ဘယ်လို ပတ်သတ်မှုရှိလို့လဲ။ သူ စိတ်ဝင်စားပါ့မလား။
ကျိုးအာ့နီလည်း သိပ်ပြီး ဂရုမစိုက်ပါ။ ရှုရှန့်မိန်တို့ တခြားအထည်စက်ရုံတွေမှာ အထည်သွားယူကြပြီဟု ယူဆလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ကစပြီး သူမတို့ဆီက စျေးနှုန်းများ တက်သွားပါသည်။ ထို့ကြောင့်လည်း ဖောက်သည်တချို့ ဆုံးရှုံးလိုက်ရ၏။
ရှုရှန့်ချမ်းက ကျန်းမေ့လျန်ကို မွေးရပ်မြေ ပြန်ခေါ်သွားတာကိုတော့ သူမ မသိခဲ့ပါ။
ကောင်တီမြို့၏ ပြည်သူ့ရေးရာဌာနသို့ ရှုရှန့်ချမ်း ခေါ်သွားသောအခါ ကျန်းမေ့လျန် ကြက်သေ သေသွားခဲ့ပါသည်။
"ကွာရှင်းပြီးရင် နင် ကျောက်ကျွင်းနဲ့ လုပ်ချင်တာလုပ် ငါမတားဘူး" ရှုရှန့်ချမ်းက သူမကို ခံစားချက်မဲ့စွာ စိုက်ကြည့်လိုက်ပါသည်။
ကျန်းမေ့လျန် ချောက်ချားသွား၏။ ရှုရှန့်ချမ်း ဒီအကြောင်းကို သိနေပါသည်။
"ချမ်းကျစ် ရှင်ထင်သလိုမဟုတ်..."
"နင်ရှင်းပြဖို့မလိုဘူး။ ငါထောင်ထဲက လွတ်လာကတည်းက နင်တို့အကြောင်းကို သိပြီးသား။ ငါတို့ကွာရှင်းဖို့လာတာ။ ငါ့အစ်မနဲ့ ကျောက်ကျွင်းတို့လည်း အဲ့မှာ ကွာရှင်းပြီးကြပြီ။” ရှုရှန့်ချမ်းက ပြောလိုက်ပါသည်။
ဒီလိုနဲ့ ကျန်းမေလျန့် ဝင်သွားပြီး အနီရောင်စာအုပ်ကို ရှုရှန့်ချမ်း၏ အဝါရောင်စာအုပ်နဲ့ လဲလှယ်လိုက်ပါတော့သည်။
အဝါရောင်ကွာရှင်းစာချုပ်မှာ သူတို့နှစ်ယော်က ဆက်ဆံရေး ပြတ်စဲသွားပြီဟု ဆိုလိုသည်။ သူတို့ အနာဂတ်မှာ ကိုယ့်လမ်းကိုယ် လျှောက်ကြမည်ဖြစ်သည်။
ကျန်းမေ့လျန်က ကွာရှင်းပြီးသည့်အထိ စိတ်မပြေသေးပါ။ အံကြိတ်ရင်း ပြောလိုက်၏။ "ရှုရှန့်ချမ်း နင်တော်တော်တတ်နိုင်တာပဲ။”
ထို့ကြောင့်လည်း ဒီနောက်ပိုင်း သူ့ကို ထိတွေ့ခွင့်မပေးတော့ခြင်းဖြစ်၏။ သူမနှင့် ကျောက်ကျွင်းအကြောင်းကို သူသိနေသောကြောင့်ဖြစ်ပါသည်။
ရှုရှန့်ချမ်းက သူတို့အဝတ်အိတ်ထဲက ယွမ် ၃၀၀ ကို ထုတ်ယူလိုက်သည်။ ကျန်မိသားစု ပိုင်ဆိုင်မှုများကို ဘာမှမထိတော့ဘဲ ကျန်းမေ့လျန်ကိုသာ အားလုံး ပစ်ပေးလိုက်သည်။ "အခုချိန်ကစပြီး ငါတို့ ဘာမှ မပတ်သတ်တော့ဘူး။”
သူ့မွေးရပ်မြေကိုလည်း ပြန်မသွားတော့ပါ။ အခုချိန်မှ ပြန်သွားဖို့ ရှက်ဖို့ ကောင်းလွန်းပါသည်။ တခြားနေရာတွေသွားဖို့လည်း မကျွမ်းကျင်ပေ။ မြို့တော်ကိုပြန်ပြီး သူ့ကို လိုအပ်သည့် တစ်နေရာရာရှိမလား ဦးလေးကို မေးချင်ပါသည်။
ခေါင်းငုံ့ရင်း သူ့ဦးလေးတို့ဘက်ကိုပဲ အလုပ်လုပ်ဖို့ ပြန်သွားတာ အကောင်းဆုံးဖြစ်သည်။
ကျန်းမေ့လျန်က သူထွက်သွားတာကို ကြည့်နေ၏။ သူမ ဒေါသထွက်နေပါသည်။ သို့သော်လည်း ဒီနေရာနဲ့ သူမ မရင်းနှီးသဖြင့် သူ့နောက်မှ မြို့တော်သို့ အမြန်ပြန်လာခဲ့ပါသည်။