← Chapters

အခန်း(၆၅၆) အလုပ်တောင်းခံခြင်း

Vol. 47 Ch. 656

အခန်း(၆၅၆) အလုပ်တောင်းခံခြင်း

Vol. 47 Ch. 656

အခန်း(၆၅၆) အလုပ်တောင်းခံခြင်း

သူတို့နှစ်ယောက် မွေးရပ်မြေပြန်ပြီး ကွာရှင်းတာထက်စာရင် ရှုရှန့်မိန်နှင့် ကျောက်ကျွင်းတို့၏ ကွာရှင်းမှုက ပိုလွယ်ကူပါသည်။

မကွာရှင်းခင်ကတည်းက ရှုရှန့်မိန် သေချာ ပြင်ဆင်ထားပြီးသား ဖြစ်၏။

ကလေးက ကျောက်မိသားစုအပိုင် ဖြစ်သည်။ သူမ ကလေးကို မလိုချင်ပါ။ ကျောက်မိသားစုကိုသာ ပျိုးထောင်ဖို့ ပေးလိုက်မည်။ သူမက စားကျက်သစ်တစ်ခုကို ရှာတွေ့ခဲ့ပါသည်။

ကျောက်ကျွင်းနဲ့ ကွာရှင်းပြီးသည့် နေ့မှာပင် မိသားစုနောက်ခံက ကျောက်မိသားစုထက် မနိမ့်ကျသည့် ကောင်လေးတစ်ယောက်နဲ့ လက်ထပ်စာချုပ်ချုပ်ဆိုခဲ့သည်။

သူတို့ ကျောက်ကျွင်း၏ ရှေ့တည့်တည့်မှာပင် လက်ထပ်ခဲ့ကြသည်။

ကျောက်ကျွင်း အလွန်အမင်း ဒေါသထွက်သွားပါသည်။ သို့သော်လည်း သူ ဘာတတ်နိုင်ဦးမည်နည်း။ ယခု သူတို့အိမ်ထောင်ရေး ကွဲကွာသွားပြီဖြစ်သဖြင့် ရှုရှန့်မိန်က သူနဲ့ ဘာမှ မဆိုင်တော့ပါ။

"ငါဖောက်ပြန်တာဟုတ်တယ်။ နင်လည်း အတူတူနဲ့ အနူနူပဲ။ မနေ့ညက ကျောက်မိသားစု နင့်ကို ပေးထားတဲ့ ပိုက်ဆံတွေ ပြန်ပေးရမယ်" သို့သော်လည်း ကျောက်ကျွင်းက ပထုတ်ဖို့ လွယ်ကူသူ မဟုတ်ပါ။ ရှုရှန့်မိန်ကို ချက်ချင်း တားလိုက်ပါသည်။

ဒီနေ့ သူတို့ကွာရှင်းသည်။ မနေ့ညက ရှုရှန့်မိန်က ကျောက်မိသားစုထံမှ ယွမ် ၃၀,၀၀၀ အတိ တောင်းခဲ့ပါသည်။

ရှုရှန့်မိန် တောင်းထားတဲ့ ပိုက်ဆံတွေကို ပြန်ပေးနိုင်ပါ့မလား။ ဟာသလို ဖြစ်နေပါသည်။

"ရှင် အပြင်မှာ အမြဲဖောက်ပြန်နေတာတောင် ကျွန်မ ရှင့်ကို ဘာမှမပြောခဲ့ဘူး။ ကျွန်မ နေရခက်ရင်တောင် အမြဲတမ်း သည်းခံခဲ့တယ်။ ကျွန်မ ရှင်တို့ကျောက်မိသားစုကို လက်ထပ်မိလို့ ကျွန်မပေးဆပ်ရတဲ့ တန်ဖိုးဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့် ကျောက်ကျွင်း၊ ကျွန်မမောင်နဲ့ ကျွန်မတို့ ရှင့်ကို ဘာမဟုတ်တာ လုပ်မိလို့လဲ။ အဲ့ကောင်မ ကျန်းမေ့လျန်နဲ့ ဖောက်ပြန်အောင် ဘာများ လုပ်မိလို့လဲ။ ရှင်က ကျွန်မကို မရွံဘူးထင်ပေမယ့် ကျွန်မက ရှင်တို့ကို ရွံတယ်။” ရှုရှန့်မိန်က လှောင်ပြောင်လိုက်ပါသည်။

ကျောက်ကျွင်း၏ မျက်နှာက မှောင်မိုက်နေပါပြီ။ "အဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေ ငါ့ကိုလာမပြောနဲ့။ ဟွမ်မိသားစုက ကောင်စုတ်လေးနဲ့ ငါ့ကို နွားဇာတ်မခင်းနဲ့။”

"ဟွမ်ပင်နဲ့ ကျွန်မတို့က ရိုးရိုးသားသားပဲ။ ဒီနှစ်မှ လက်ထပ်ခဲ့ကြတာ။ ကျွန်မ ရှင့်ကို အရင်က မဖောက်ပြန်ခဲ့ဖူးဘူး။” ရှုရှန့်မိန်က တည်ငြိမ်စွာ ပြောလိုက်ပါသည်။ "ကျောက်မိသားစု ကျွန်မကိုပေးထားတဲ့ ပိုက်ဆံကလည်း ကျွန်မကို ကျောက်မိသားစု တင်ထားတဲ့ အကြွေးပဲ။ ကျောက်မိသားစု ပေးသင့်တာပေါ့။”

ထိုသို့ပြောပြီးနောက် သူမဘေးက ဟွမ်ပင်ဟု ခေါ်သည့် ယောက်ျားကိုခေါ်ပြီး ထွက်သွားခဲ့ပါသည်။

ကျောက်ကျွင်း ဒေါသငယ်ထိပ်ရောက်နေပါပြီ။

ကျန်းမေ့လျန်နဲ့ ရှုရှန့်ချမ်းတို့ မွေးရပ်မြေမှ ပြန်လာသည့်အခါကျမှ သူတို့မောင်နှမနှစ်ယောက် ဖောက်ပြန်နေသည့်အကြောင်း သိထားတာကို ကျန်းမေ့လျန်ပြောပြလို့ သိလိုက်ရပါသည်။ ဖြစ်ချင်တော့ ရှုရှန့်ချမ်း ထောင်က ထွက်ထွက်ချင်း သိလိုက်ရခြင်း ဖြစ်သည်။

သူတို့မောင်နှမနှစ်ယောက်က ထုတ်မပြောရုံသာရှိသည်။ ယခု ရှုရှန့်မိန်က နောက်ထပ်စားကျက်ကို ရှာတွေ့သွားခဲ့ပြီ။ ဟွမ်မိသားစု၏ စည်းစိမ်ကလည်း ကျောက်မိသားစုထက် မနိမ့်ကျပါ။ သူတို့က ကျောက်မိသားစု၏ ပြိုင်ဘက် ဖြစ်ပါသည်။

သို့သော်လည်း မိသားစု နှစ်ခုက ရပ်ကွက်တစ်ခုထဲတွင် နေထိုင်သဖြင့် အတော်လေး ပွဲကြည့်ကောင်းပါတော့မည်။

ကျောက်ကျွင်းက ဒေါသထွက်နေသည်။ ကျန်းမေ့လျန်၏ စိတ်ကတော့ ပြောင်းလဲသွား၏။

အခု ရှုရှန့်မိန်နဲ့ ကျောက်ကျွင်းတို့ ကွာရှင်းလိုက်ကြပြီဆိုတော့ သူမ အခွင့်အရေးရလာပြီဆိုတဲ့ သဘောလား။

ရှုရှန့်ချမ်း မြို့တော်ကို ပြန်လာခါမှ ရှုရှန့်မိန်နှင့် ရှုရှန့်ချမ်းတို့၏ ကွာရှင်းပြတ်စဲမှုများအကြောင်းကို ကျိုးမိသားစု သိလိုက်ရပါသည်။

ရှုရှန့်ချမ်းကိုယ်တိုင် ရောက်လာပြီး သူ့ဦးလေးနဲ့ ဒေါ်လေးတို့ကို ပြောပြခဲ့သည်။ ထို့အပြင် သူအလုပ်တစ်ခု လိုချင်နေပါသည်။

လင်းချင်းဟယ်က သူတို့မောင်နှမနှစ်ယောက်ကို သဘောမကျပါ။ ရှုရှန့်ချမ်းဟုခေါ်သည့် လူတစ်ယောက် ရောက်လာသည်ဟု အာ့တျယ်က ပြောသောအခါ သူမ အထဲတောင် မဝင်ခိုင်းချင်ပေ။ ကျိုးချင်းပိုင်ကိုသာ သွားတွေ့ခိုင်းလိုက်ချင်သည်။

နောက်ဆုံးတော့လည်း ဝင်ခွင့်ပေးလိုက်ပါသည်။

ဒီတစ်ခေါက် ရှုရှန့်ချမ်းကို တွေ့လိုက်ရသောအခါ ဒါ လမ်းမှန်ပြန်လျှောက်ချင်သည့် လက္ခဏာဖြစ်သည်ဟု လင်းချင်းဟယ် ခံစားလိုက်မိပါသည်။

အရင်တုန်းက ဆုံးမပေးဖို့ လိုအပ်နေပြီး လူ့ဘဝ၏ ထိုးနှက်ချက်များကို မကြုံတွေ့ဖူးသေးသူ တစ်ယောက်၏ ပုံစံမျိုး ဖြစ်သည်။ အခုတော့ သူ့ပုံစံက အများကြီး ရင့်ကျက်လာသည့်ပုံစံမျိုးပင်။

ဒီရက်ပိုင်းထဲ ဘာတွေဖြစ်ခဲ့သလဲ သူပြောပြီးနောက် လင်းချင်းဟယ် ဘာမှတောင် ဆက်မပြောချင်တော့ပါ။

သူ တကယ် ပြောင်းလဲသွားတာကို ကျိုးချင်းပိုင် မြင်သော်လည်း ဆူလိုက်ပါသေးသည်။ "မင်းက အရင်တုန်းက သူမှသူဖြစ်ပြီး လက်ထပ်လိုက်တာကိုး။ မင်း အခု သူ့ကို လက်ထပ်ချင်သေးလား။ မင်းအစ်မလည်း မင်းနဲ့ စိတ်ဓာတ် အတူတူပဲ။”

ရှုရှန့်မိန့်နဲ့ ရှုရှန့်ချမ်းတို့ စိတ်ဓာတ်က မတူဘူးဟု လင်းချင်းဟယ် ထင်မိပါသည်။ သူတို့ထဲက တစ်ယောက်၏ စိတ်ဓာတ်က ပိုဆိုးပါသည်။

ရှုရှန့်မိန်က နောက်ထပ် ယောက်ျားတစ်ယောက်ရှာပြီးမှ ကွာရှင်းလိုက်ခြင်း ဖြစ်၏။

ဘာမှပြောဖို့ မလိုတော့ပါ။ သူတို့ကွာရှင်းပြီးကြပြီပဲမဟုတ်လား။

"ဦးလေး။ ကျွန်တော် အခု ဘယ်မှ သွားစရာ မရှိတော့ဘူး။ ဦးလေးတို့ဘက်မှာ အလုပ်သမား လိုသေးလား" ရှုရှန့်ချမ်းက ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က သူ့မိန်းမဘက်ကို လှည့်လိုက်သည်။ လင်းချင်းဟယ်က ရှုရှန့်ချမ်းကို ကြည့်လိုက်၏။ "ကျိုးမိသားစုနာမည်အောက်က ဆိုင်တွေမှာတော့ လူမခေါ်သေးဘူး။ ပြီးတော့ ကျိုးမိသားစုလက်အောက်မှာ အလုပ်လုပ်တဲ့ လူတွေက ရိုင်းစိုင်းပြီး ခက်ခဲတဲ့ ကတ်စတမ်မာတွေနဲ့ ကြုံတွေ့ရရင်တောင် သည်းခံပြီး ယဥ်ယဥ်ကျေးကျေး ဆက်ဆံရမယ်ဆိုတဲ့ စည်းကမ်းကို လိုက်နာကြတယ် နင်လုပ်နိုင်လို့လား။”

"ကျွန်တော်အရင်က ရိုင်းပျခဲ့တာ မှန်ပါတယ်။ အခု ရန်မဖြစ်တော့ပါဘူး" ရှုရှန့်ချမ်းက ပြောလိုက်ပါသည်။

"နင်လုပ်နိုင်ရင် အဆင်ပြေပါတယ်။ ဘယ်နေရာမှာ လုပ်ရမှာလဲဆိုတာကိုတော့ နင့်ဦးလေးကို စီစဥ်ခိုင်းလိုက်။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

သူ့အရင်စိတ်ဓာတ်နဲ့ဆို ရှုရှန့်ချမ်းကို သေချာပေါက် သူမ ခေါ်မှာ မဟုတ်ပါ။ သို့သော်လည်း သူမလည်း အသက်ကြီးလာပါပြီ။ သူတို့လူငယ်များကိုမြင်သောအခါ သေလောက်သည့်အပြစ် မဟုတ်ပါက သူတို့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးချင်ပါသေးသည်။ ထောင်ထဲကထွက်လာပြီး သူ့ပြောင်းလဲသွားမှုကိုမြင်ကာ နောက်ဆုံးအခွင့်အရေးတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

"မင်း ဖက်ထုပ်ထုပ်တတ်လား၊ ဖက်ထုပ်ချက်တတ်လား။” ကျိုးချင်းပိုင်က ရှုရှန့်ချမ်းဘက်ကို လှည့်လိုက်ပါသည်။

"မလုပ်တတ်ပါဘူး။” ရှုရှန့်ချမ်း ဘယ်လိုလုပ် လုပ်တတ်မည်နည်း။ စားပဲ စားဖူးပါသည်။ "ဒါပေမယ့် ကျွန်တော်သင်လို့ရပါတယ်။”

"မင်း ဒီနေ့ ဒီမှာ အခြေချလိုက်တော့။ မနက်ဖြန် ငါနဲ့ ဆိုင်ကိုလိုက်ခဲ့။ ဒီနေ့ကစပြီး ဖက်ထုပ်ဆိုင်ကို မင်းစီမံရမယ်။ လစာပေးမယ်။” ကျိုးချင်းပိုင်က သူ့ကိုကြည့်ကာ ပြောလိုက်ပါသည်။

ရှုရှန့်ချမ်းက လက်ခံပါသည်။ သူ့မှာ အဝတ်အစားလဲဖို့သာ ပါလာသည်။ ခန္ဓာကိုယ်ကလည်း ညစ်ပတ်နေသဖြင့် ရေချိုးအိမ်သို့သွားပြီး ရေအရင်ချိုးလိုက်ပါသည်။

သူပြန်လာတော့ သားငယ်နဲ့ ပိတ်ရက်မှာ အလည်လာသော ကျန်းကမ်း၊ လေ့ကျင့်ရေး ဆင်းနေသော ကျန်းဟန်တို့ကို မြင်လိုက်ရပါသည်။

ကျိုးကွေ့လိုင် သူ့ကိုမြင်သောအခါ မေးလိုက်သည်။ "လာလည်တာလား။”

"မနက်ဖြန်ကစပြီး ဦးလေးနဲ့အတူ ဖက်ထုပ်ဆိုင်မှာ ဖက်ထုပ်ထုပ်ဖို့ သွားသင်တော့မှာလေ" ရှုရှန့်ချမ်းက ပြန်ပြောလိုက်ပါသည်။

ကျန်းဟန်နှင့် ကျန်းကမ်းတို့ ရှိနေသဖြင့် ကျိုးကွေ့လိုင် မေးခွန်းထပ်မမေးတောာ့ပါ။ သူ့ကိုပါ အထဲခေါ်လာလိုက်ပါသည်။ ကန်းကျစ်က ခဏနေတော့ ပြန်ရောက်လာ၏။ အခုရာသီဥတု ပိုပိုပူလာသဖြင့် ကန်းကျစ် ချွေးများ စိုရွှဲနေပါသည်။

"ငါ့ကိုစောင့်ဦး။ ငါအရင်ရေသွားချိုးလိုက်ဦးမယ်" ကန်းကျစ်က ပြောလိုက်သည်။ ထို့နောက် အဝတ်အစားအသစ်များ ယူကာ အိမ်မှာ ရေအေးအေးချိုးဖို့ သွားခဲ့ပါသည်။ လန်းဆန်းသွားပြီးနောက် ပြန်ထွက်လာခဲ့၏။

"မင်း ဒီမှာ အမြဲနေတာလား" ရှုရှန့်ချမ်းက ကန်းကျစ်ကို မေးလိုက်ပါသည်။

ကန်းကျစ်က အသားမဲလာသည်။ ထိုစကားကို ကြားသောအခါ ခေါင်းငြိမ့်လိုက်ပါသည်။ "အေး”

ရှုရှန့်ချမ်း အားမကျဘူးဟု ပြောလျှင် လိမ်ရာကျပါမည်။ သို့သော်လည်း ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရနိုင်ပါ။ သူသာ အရင်ကတည်းက စိတ်အားထက်သန်မှု ရှိပါက ကန်းကျစ်ကိုတောင် အထင်မသေးသဖြင့် သူ့ကိုလည်း အထင်သေးမည် မဟုတ်ပါ။ သူတို့နှစ်ယောက်စလုံးက တူအရင်းများ ဖြစ်ကြသည်။

"မီးဖိုချောင်ထဲမှာ အာ့တျယ်တို့ကို သွားကူပြီး ဟင်းပန်းကန်တွေ ချပေးလိုက်။” လင်းချင်းဟယ်က ခေါ်လိုက်ပါသည်။

ကျန်းကမ်းနဲ့ ကန်းကျစ်တို့ ဟင်းပန်းကန်များကို ကူညီကာ သွားသယ်ပေးပါသည်။ ခဏကြာသောအခါ ဟင်းလျာအားလုံး စားပွဲပေါ်ရောက်လာပြီး အားလုံး အတူတူ စားသောက်ခဲ့ကြပါသည်။

တခြားလူငယ်များက စကားပြောပြီး ရယ်မောနေကြသော်လည်း ရှုရှန့်ချမ်းက အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေပါသည်။ သူ ဘယ်သူနဲ့မှ မရင်းနှီးပါ။ ထို့အပြင် ဒီနေ့ သူ ဘာလို့ လာခဲ့တာလဲ သူတို့ မသိကြဘူးလား။

မနက်ဖြန် ဆိုင်ဖွင့်ဖို့ စောစောထရမည်ဖြစ်သဖြင့် ရှုရှန့်ချမ်း အရင် အိပ်ယာဝင်လိုက်ပါသည်။ ကျန်းကမ်းနှင့် သူ့ဝမ်းကွဲတို့လည်း အိပ်သွားကြပါပြီ။

သားငယ်နှင့် ကန်းကျစ်တို့သာ ကျန်ခဲ့သည်။ နှစ်ယောက်စလုံးက လူကြီးများကို ကြည့်လိုက်ကြသည်။

"ရှုရှန့်ချမ်း ကွာရှင်းလိုက်ပြီ။ ဒီမှာ အလုပ်လာတောင်းတာ။ နင့်အဖေက သူ့ကို ဖက်ထုပ်ဆိုင်မှာ အစမ်းခန့်ထားကြည့်မလို့လေ။” လင်းချင်းဟယ်က အသေးစိတ် ရှင်းပြလိုက်သည်။

ကျိုးကွေ့လိုင်ကော ကန်းကျစ်ကော ကြောင်သွားကြပါသည်။ "ကွာရှင်းလိုက်ပြီဟုတ်လား။”

"သူပဲ မဟုတ်ဘူး။ သူ့အစ်မလည်း ကွာရှင်းလိုက်ပြီ။”

All Chapters