အခန်း(၆၅၇) ဧည့်သည်များ ရောက်ရှိလာခြင်း
Vol. 47 Ch. 657
အခန်း(၆၅၇) ဧည့်သည်များ ရောက်ရှိလာခြင်း
လင်းချင်းဟယ်ပြောတာကို ကြားပြီးနောက် သားငယ်နဲ့ ကန်းကျစ်တို့ လောကကြီးအပေါ် အမြင်များ ပြောင်းလဲသွားသလို ခံစားလိုက်ရပါသည်။
ဒါက သူတို့၏ လောကအမြင်ကို စိန်ခေါ်နေခြင်းပင်။
"ကန်းကျစ် မင်းလည်း မိန်းမယူရင် သတိထားဖို့လိုတယ်" ကျိုးကွေ့လိုင်က ကန်းကျစ်ကို ပခုံးပုတ်ပေးလိုက်ပြီး အလွန် စိတ်ပူစွာ ပြောလိုက်ပါသည်။
ကန်းကျစ်က မှုန်ကုပ်ကုပ်ဖြင့် ခေါင်းငြိမ့်လိုက်၏။
ကျန်းမေ့လျန်လို မိန်းမမျိုးနဲ့သာ လက်ထပ်မိပါက အဖက်ဆယ်မရအောင် ကံဆိုးပါလိမ့်မည်။ ဒီလို မိန်းမမျိုးကို လက်ထပ်တာ မိသားစုအတွက် ကပ်ဆိုက်ခြင်းသာဖြစ်၏။
"အဲ့တော့ ရှုရှန့်ချမ်းက အခု သူ့ကိုယ်သူ ပြောင်းလဲချင်နေပြီပေါ့။” ကျိုးကွေ့လိုင်က မေးလိုက်သည်။
"သူ့ကို အခွင့်အရေးပေးလိုက်ပါ"လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
ဒီကိစ္စကို ဆက်မပြောကြတော့ပေ။ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ အိပ်ယာဝင်ဖို့ပြင်ကြသည်။
မိမိလေးကတော့ ညစာစားပြီးတာနဲ့ အိပ်ပျော်သွားပါသည်။ ကစားရတာ ပင်ပန်းသွားလေပြီ။
အခုချိန်ထိ မိမိလေးက သူမ မိဘများနဲ့ အတူအိပ်ဆဲဖြစ်သည်။ သို့သော်လည်း သူမကိုယ်ပိုင် ကလေး ကုတင်လေး ရှိ၏။ အခန်းတစ်ခန်းတည်းမှာဖြစ်သည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောလိုက်သည်။ "အခွင့်အရေးက တစ်ခါပဲရမှာ။ ဒီတစ်ခါကိုလည်း သူတန်ဖိုးမထားလို့ကတော့ နောက်ကို အဓိပ္ပာယ်မရှိတာတွေနဲ့ ပြန်မလာနဲ့တော့။”
"အင်း" ကျိုးချင်းပိုင်ကလည်း ခေါင်းငြိမ့်လိုက်သည်။
အစကတော့ သူလည်းဝင်မပါချင်ပါ။ သို့သော်လည်း သူ့တူ ထောင်ထဲက ပြန်ထွက်လာပြီး အများကြီး ပြောင်းလဲသွားတာကို မြင်ပြီးနောက် သူ့ကို နောက်ထပ် အခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။
နောက်တစ်နေ့ မနက်စောစော ကျိုးချင်းပိုင်က ရှုရှန့်ချမ်းကိုခေါ်ပြီး ဖက်ထုပ်ဆိုင်သို့ သွားခဲ့ပါသည်။ သူတို့ ပစ္စည်းများစွာ သွားဝယ်ရမည်။
ဖက်ထုပ်ဆိုင်ဖွင့်တာက လွယ်ကူသော တာဝန် မဟုတ်ပါ။ လုပ်စရာတွေ အများကြီး ရှိသည်။
ရှုရှန့်ချမ်းကလည်း အလွန် ချိတုံချိတုံ နိုင်လှ၏။ သူက ဒီလိုအလုပ်မျိုး တစ်ခါမှ မလုပ်ဖူးပါ။ ကျေးရွာမှ ဖြစ်သော်လည်း ဒါတွေ ဘယ်လိုလုပ်ရမှန်း မသိပေ။
ထို့ကြောင့် သူ့ဦးလေး ကျိုးချင်းပိုင်က သင်ပေးဖို့ လိုအပ်ပါသည်။
ကံကောင်းစွာဖြင့် ကျိုးချင်းပိုင်က စိတ်ရှည်သည်။ သူ သင်ယူလိုစိတ်ရှိပါက သင်ပေးရတာ စိတ်မညစ်ပါ။
ဖက်ထုပ်ဆိုင်တွင် တစ်နေကုန် အလုပ်ရှုပ်ပြီးနောက် အိမ်ခြံဝန်းကြီးကို မပြန်တော့ဘဲ ဖက်ထုပ်ဆိုင်မှာသာ ညအိပ်နေခဲ့ပါသည်။
လင်းချင်းဟယ်က ရှုရှန့်ချမ်းကိစ္စကို ထပ်မမေးတော့ပေ။ ကန်းကျစ်က သူ့ဦးလေးကို မေးလိုက်၏။
"ဘာမှကို မလုပ်တတ်ဘူး။ သူ တာဝန်ယူနိုင်ဖို့ နည်းနည်းကြာလိမ့်မယ်" ကျိုးချင်းပိုင်က ပြောလိုက်သည်။
ကန်းကျစ်က ရယ်လိုက်ပြီး ပြောလိုက်၏။ "အကြီးဆုံးဒေါ်လေးက သူ့ကိုတော်တော် အလိုလိုက်ထားတာကိုး။ သူ့ကို ဘာမှ မလုပ်ခိုင်းဘူး။ အဲ့တာကြောင့် မလုပ်တတ်တာပေါ့။”
လင်းချင်းဟယ်က စကားလမ်းကြောင်းကို သူ့လမ်းဘေးဆိုင်လုပ်ငန်းသို့ ပြောင်းလဲလိုက်သည်။ ကန်းကျစ်က ပြန်ပြောလိုက်၏။ "ဒီနှစ် လမ်းဘေးဆိုင်ဖွင့်တဲ့လူတွေ တော်တော်များတယ်။ နောက်ဆို ရောင်းကောင်းတော့မှာ မဟုတ်ဘူးထင်တယ်။”
သူ အဝတ်အစားများ ရောင်းနေတာကြာပြီဖြစ်ပြီး အထည်လုပ်ငန်းအကြောင်းကို အလွန်ရှင်းလင်းစွာ နားလည်ပါသည်။ ဒီနှစ် စီးပွားရေးက အရင်နှစ်ထက် တကယ်ပဲ ပိုကောင်းပြီး အကျိုးအမြတ်လည်း ပိုများသည်။ သို့သော် တစ်ချိန်တည်းမှာ လမ်းဘေးဆိုင်များ လာဖွင့်သည့်လူတွေလည်း ပေါများလာပါသည်။
သူ့အထည်များကို သူ့ဒုတိယဝမ်းကွဲအစ်မ၏ ခင်ပွန်းက ထောက်ပံ့ပေးထား၏။ အားလုံးက ထိပ်တန်း အရည်အသွေးများ ရှိကြသည်။ အရည်အသွေးကော စတိုင်ကော ကောင်းမွန်၏။ ထို့ကြောင့် ပိုရောင်းကောင်းပါသည်။
သို့သော်လည်း အနာဂတ်မှာတော့ ဒီလိုဆက်လုပ်ဖို့ ခက်ခဲလိမ့်မည်ဟု ခံစားမိပါသည်။
လင်းချင်းဟယ်က ပြောလိုက်၏။ "အခု ဝင်ငွေကောင်းတဲ့ ကာလကို အခွင့်ကောင်းယူပြီး ပိုက်ဆံများများ ပိုရှာထားလိုက်ပေါ့။”
လမ်းဘေးဆိုင်လုပ်ငန်းများက နောက်ပိုင်းတွင် ပိုပိုပြီး ခက်ခဲလာတာ အမှန်ပဲ ဖြစ်သည်။ သို့သော်လည်း ၁၉၉၀ တစ်လျှောက် လမ်းဘေးဆိုင်လုပ်ငန်းများက အရမ်းကြီးတော့ မဆိုးရွားသေးပါ။
ထို့အပြင် အခုချိန်ထိ တခြားလုပ်ငန်းများကို ပြောင်းလဲဖို့လည်း ကန်းကျစ်အတွက် ဘာမှ မရှိပါ။ လောလောဆယ်တော့ ဒီအတိုင်းပဲ ဆက်သွားနေရလိမ့်မည်။ လစဥ်ဝင်ငွေက ဆိုင်ခန်းတစ်ခု ဖွင့်ထားတာထက် ပိုမဆိုးပါ။
ကျိုးဝူနီနှင့် လင်းရွှယ်တို့က နောက်တစ်နေ့ ညနေခင်းတွင် ဖက်ထုပ်ဆိုင်သို့ ရောက်လာကြပါသည်။
ကျိုးဝူနီက ရှုရှန့်ချမ်းကို သိ၏။ သူ့ကိုမြင်လိုက်ရသောအခါ ထိတ်လန့်သွားပါသည်။
ကျိုးချင်းပိုင်လည်း ဖက်ထုပ်ဆိုင်မှာ ရှိနေ၏။ သူမတို့နှစ်ယောက်ရောက်လာတာကို မြင်ပြီး မေးလိုက်ပါသည်။ "ဗိုက်ဆာနေကြပြီလား။ ဖက်ထုပ် အရင်စားသွားကြမလား။”
ကျိုးဝူနီနဲ့ လင်းရွှယ်တို့က နှုတ်ဆက်ပြီး ဗိုက်မဆာသေးဘူးဟု ပြောလိုက်ကြပါသည်။ သူတို့ အိမ်ရောက်မှ အတူတူစားကြမည်။
ကျိုးချင်းပိုင်က အချိန်ကိုကြည့်လိုက်သည်။ ငါးနာရီသာ ရှိသေး၏။ ညစာစားချိန်တော့ နီးနေပါပြီ။ ထို့ကြောင့် ရှုရှန့်ချမ်းကို ပြောလိုက်သည်။ "မင်းဆိုင်ဆက်စောင့်နေလိုက်ဦး။”
"ဟုတ်ကဲ့ပါ။” ရှုရှန့်ချမ်းက ခေါင်းငြိမ့်လိုက်ပါသည်။ သူ့ဝမ်းကွဲအစ်မကို ခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်၏။ ထို့နောက် သူ့ဦးလေး၏ ခါးစည်းကို လွှဲယူလိုက်ပါသည်။
၂ ရက် ၃ ရက်လောက် လေ့ကျင့်ပြီးနောက် အနည်းဆုံးတော့ မကျွမ်းကျင်သေးသော်လည်း ဖက်ထုပ် ချက်တတ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် အရမ်းကြီးလည်း မခက်ခဲဘူးမဟုတ်လား။
ကျိုးချင်းပိုင်က ကျိုးဝူနီနှင့် လင်းရွှယ်တို့ကို အိမ်ခြံဝန်းကြီးဆီသို့ ခေါ်လာခဲ့သည်။ လင်းချင်းဟယ်က အိမ်မှာရှိနေ၏။ သူမတို့ ညစာပြင်ဆင်နေကြသည်။
သူတို့နှစ်ယောက်ကို မြင်သောာအခါ သူမပြုံးလိုက်၏။ "မနေ့ညက အိပ်ယာမဝင်ခင် နင်တို့အကြောင်းကို ပြောနေသေးတာ။ ဒီနေ့ရောက်လောက်မယ်လို့။”
"စတုတ္ထဒေါ်လေး မတွေ့တာတော်တော်ကြာပြီ။ ဘာလို့ အခုထိ နုပျိုနေသေးတာလဲ။” ကျိုးဝူနီက ရွှင်ပျစွာဖြင့် သူ့စတုတ္ထဒေါ်လေးကို ဖက်လိုက်ပါသည်။
"နင့်စတုတ္ထဒေါ်လေးကို လာမနှစ်သိမ့်ပါနဲ့။ ဒေါ်လေးက ဒီအသက်အရွယ်ရောက်နေပြီ ဘာလို့ နုပျိုရဦးမှာလဲ။” လင်းချင်းဟယ်က မျက်နှာပေါ်တွင် အပြုံးကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်ပါသည်။
"အစ်မကြီးမင်က တတိယဒေါ်လေးကို နှစ်သိမ့်နေတာ မဟုတ်ဘူး။ တတိယဒေါ်လေး သမီးငယ်ငယ်တုန်းနဲ့ ဒေါ်လေးက တစ်ပုံစံတည်း ရှိတုန်းပဲ။ ဘာမှ မပြောင်းလဲသွားဘူး" လင်းရွှယ်ကလည်း ပြောလိုက်ပါသည်။
ဒါက ဟန်ဆောင်ချီးကျူးခြင်း မဟုတ်ပေ။ သူမ၏ တတိယဒေါ်လေးက တကယ်ပဲ နုပျိုနေဆဲ ဖြစ်ပါသည်။ သူမ၏ အမေက သူမတတိယဒေါ်လေးထက် ပိုငယ်၏။ သို့သော် အတူတူသာ ရပ်နေပါက သူမအမေက တတိယဒေါ်လေးထက် နည်းနည်းအသက်ကြီးသည်ဟု သေချာပေါက် ပြောကြပါလိမ့်မည်။
ကျိုးဝူနီ၏ နာမည်အရင်းက ကျိုးဟုန်မင်ဖြစ်သည်။ လင်းရွှယ်ခေါ်သည့် အစ်မကြီးမင်ဆိုတာလည်း သူမကို ဆိုလိုခြင်း ဖြစ်၏။
လင်းချင်းဟယ်က မြှောက်ပင့်ခံရတာ အလွန်ပျော်ရွှင်နေပါသည်။ သူမ အသက်အရွယ်မှာ သေချာပေါက် နားဝင်ချိုသော စကားများကို ကြားချင်သည်။ အထူးသဖြင့် သူမကို နုပျိုသည်ဟု ပြောသော စကားများ ဖြစ်သည်။
"နင်တို့ ဒီနေ့ရောက်မယ်လို့ ငါတို့ခန့်မှန်းထားတာ။ အဲ့တာကြောင့် အရသာရှိတဲ့အစားအစာတွေ အများကြီး ပြင်ဆင်ပေးထားတယ်" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။
"ဘာအရသာရှိတဲ့ ဟင်းလျာတွေလဲ" လင်းရွှယ်က တောက်ပနေသော မျက်လုံးမျာဖြင့် ပြောလိုက်ပါသည်။
သူမက ဘဲကင်ကြိုက်နှစ်သက်သည်။ မြို့တော်က ဘဲကင်မှာ အရသာအရှိဆုံး ဖြစ်သည်။ သူမ၏ တတိယဒေါ်လေး ပြန်လာလျှင် လက်ဆောင်အဖြစ် ဝယ်လာတတ်သည်။ သူမတို့မိသားစု စားလိုက်တိုင်း အရသာကို အမြဲအမှတ်ရနေ၏။
"နင် ဘဲကင်ကြိုက်တတ်တာ ဒေါ်လေးသိတယ်။ အဲ့တာကြောင့် ဝယ်ထားတယ်။” လင်းချင်းဟယ်က ရွှင်မြူးစွာ ပြောလိုက်ပါသည်။ "တခြားဟာတွေလည်း ရှိသေးတယ်။ ခဏနေ စားခါနီးကျရင် သိရပါလိမ့်မယ်။ ရေချိုးချင်ကြသေးလား။”
"ချိုးမယ်။ သမီးအရင်သွားချိုးလိုက်ဦးမယ်" ကျိုးဝူနီက အမြန်ပြန်ဖြေလိုက်ပါသည်။
သူမ တကယ်သည်းမခံနိုင်တော့ပါ။ သူမတို့ ဒီလို ပူပြင်းသည့်နေ့မှာမှ ရထားစီးလာရသဖြင့် ရေသာ မချိုးပါက သက်တောင့်သက်သာ မရှိတော့ပေ။
ရာသီဥတုက ပူလွန်းပါသည်။ အခုချိန်ထိတောင် အပူချိန်က ကျဆင်းမသွားသေးပါ။ ရေအေးပုံးကြီး တစ်ပုံးထဲသို့ ရေနွေးတစ်ခွက်လောက် ထည့်လိုက်သည်။ ထို့နောက် ကျိုးဝူနီ ကိုယ်လက်သန့်စင်လိုက်ပါသည်။ တကယ်ပဲ လန်းဆန်းဖွယ် ဖြစ်သည်။
သူမ ရေချိုးပြီးနောက် လင်းရွှယ်က ဝင်သွားပါသည်။ ကျိုးဝူနီက ခြံထဲတွင် ခေါင်းသွားလျှော်သည်။ ထိုအချိန်တွင် ကျိုးကွေ့လိုင်က ကျန်းကမ်းနဲ့ ကျန်းဟန်တို့ဖြင့် ပြန်ရောက်လာပါသည်။
"သြော် အစ်မမင် ရောက်နေတာပဲ" ကျိုးဝူနီ ခေါင်းလျှော်နေတာကို မြင်သောအခါ ချက်ချင်း ပြုံးလိုက်၏။
"အာ့ရွှယ်လည်း ပါလာတယ်" ကျိုးဝူနီက ခေါင်းလှည့်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်ပါသည်။ သို့သော်လည်း တခြားသူတွေကို မြင်သောအခါ အမြန်ပြန်လှည့်လိုက်ပြိး သူမ လုပ်လက်စအလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။
ကျန်းဟန်လည်း ခေါင်းလျှော်နေသည့် ထိုကောင်မလေးကို မြင်သွားသည်။ သို့သော်လည်း ယဥ်ကျေးမှုအရ သူမကို သိပ်မကြည့်ခဲ့ပါ။
လင်းချင်းဟယ်က ကျိုးဝူနီကို ဆူလိုက်သည်။ "နောက်ကျနေပြီကို ဘာလို့ ခေါင်းလျှော်နေတာလဲ။ မနက်ဖြန်မှ လျှော်လို့ မရဘူးလား။”
"မနေနိင်လို့ပါ။ လျှော်ပြီး ဒီနေ့ည အခြောက်ခံထားလို့ရတာပဲ။”
သိပ်မကြာခင် သူမ ခေါင်းလျှော်ပြီးသွားပါသည်။ လင်းရွှယ်ကလည်း ခေါင်းလျှော်ဖို့ ပြင်နေသည်။ သို့သော်လည်း သူမ၏ တတိယဒေါ်လေးက တားလိုက်၏။ မနက်ဖြန်မနက်စောစောမှ လျှော်ဖို့ ပြောလိုက်ပါသည်။
ကန်းကျစ် သုံးဘီးဖြင့် ပြန်လာသောအခါ ကိုယ်လက်မျက်နှာ ဆေးကြောလိုက်ပြီး မိသားစုတစ်စုလုံး စတင်စားသောက်ပါသည်။
"စကားမစပ် အစ်မကြီးမင်ကို မိတ်ဆက်မပေးရသေးဘူး။ ဒါက ကျွန်တော့်ရဲ့ ခေါင်းကိုင်ညီလေး၊ ကျွန်တော့်မိဘတွေရဲ့ ခေါင်းကိုင်သား ကျန်းကမ်းတဲ့။ ဒါက သူ့ဝမ်းကွဲအစ်ကို ကျန်းဟန်။ သူလည်း ရှန်ဟိုင်းမြို့တော်ကပဲ။ လောလောဆယ် လက်ဖက်ရည်ဆိုင် လုပ်ငန်းအကြောင်း သင်ယူနေတာလေ" ညစာစားနေစဥ် ကျိုးကွေ့လိုင်က သူတို့ကို ကျိုးဝူနီနဲ့ မိတ်ဆက်ပေးလိုက်ပါသည်။