← Chapters

အခန်း(၆၅၈) ရှက်သွေးဖြာခြင်း

Vol. 47 Ch. 658

အခန်း(၆၅၈) ရှက်သွေးဖြာခြင်း

Vol. 47 Ch. 658

အခန်း(၆၅၈) ရှက်သွေးဖြာခြင်း

ကျိုးဝူနီက ကျန်းဟန်နဲ့ ကျန်းကမ်းတို့ဘက်ကို လှည့်ကာ ပြုံးကာဖြင့် နှုတ်ဆက်လိုက်ပါသည်။ "မင်္ဂလာပါ ကျွန်မနာမည်က ကျိုးဟုန်မင်ပါ။ ကျိုးကွေ့လိုင်ရဲ့ ငါးယောက်မြောက် ဝမ်းကွဲအစ်မပါ။”

လင်းရွှယ်ကလည်း ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ပါသည်။

ကျန်းဟန်နဲ့ ကျန်းကမ်းတို့က နှုတ်ဆက်လိုက်ကြသည်။

လင်းချင်းဟယ်က တူမနှစ်ယောက်အတွက် စွပ်ပြုတ်ခပ်ပေးရင်း ပြောလုိက်သည်။ "ဒီစွပ်ပြုတ်က အာဟာရဖြစ်တယ်။ နှစ်ယောက်စလုံး များများသောာက်ကြ။”

"ဟုတ်ကဲ့ပါ" ကျိုးဝူနီနဲ့ လင်းရွှယ်တို့ လက်ခံလိုက်ပါသည်။

ကျိုးချင်းပိုင်က မြန်မြန်စားနေ၏။ မိမိလေးက ပြောလိုက်သည်။ "ဖေဖေ စွပ်ပြုတ် မသောက်ရသေးဘူး။”

"သောက်ပြီးပါပြီ" ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။

"ဒါဆို စောစောပြန်လာခဲ့ ဖေဖေ" မိမိလေးက ပြောလိုက်၏။

ကျိုးချင်းပိုင်က ပြုံးလိုက်ပါသည်။ "ဒါဆိုလည်း အိပ်ယာစောစောမဝင်နဲ့ပေါ့။ ဖေဖေ ပြန်လာတဲ့အထိ စောင့်လေ။” ထမင်းဗူးတစ်ဗူးဖြင့် ဖက်ထုပ်ဆိုင်သို့သွားလိုက်ပါသည်။

ရှုရှန့်ချမ်းက အိမ်ထမင်းအိမ်ဟင်းကိုသာ စားတတ်သဖြင့် ဒေါ်လေးကျောင်းကို ထမင်းဗူးတစ်ဗူး ထုပ်ခိုင်းထားပါသည်။

ဦးလေးတစ်ယောက်အဖြစ် သူ့တူသူ ဂရုစိုက်တာကို လင်းချင်းဟယ် သိပါသည်။ ထို့ကြောင့် သူမ ဝင်မပါတော့ပါ။ ကလေးများနဲ့ ညစာ ဆက်စားနေလိုက်ပါသည်။

"အာ့ရွှယ် ဒီကိုသာ မလာရင် လမ်းမှာတစ်ယောက်နဲ့ တစ်ယောက်တွေ့ရင်တောင် နင့်ကိုမှတ်မိမှာ မဟုတ်လောက်ဘူး" ကျိုးကွေ့လိုင်က သူ့ဝမ်းကွဲညီမကို ပြောလိုက်ပါသည်။

လင်းရွှယ်က ရယ်မောလိုက်သည်။ "တတိယအစ်ကိုက လာမှ မလည်တာ။”

"ငါဘယ်လိုလုပ် လာလည်လို့ရမှာလဲ။ ငါအလုပ်အရမ်းများနေတာ။ အားလပ်ချိန်တောင် မရှိဘူး။” ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။ ဝိုင်နီတစ်ပုလင်း ထယူလိုက်ပြီး သူတို့ သောက်ဖို့ ဖွင့်ပေးလိုက်ပါသည်။

"အစ်မအာ့နီနဲ့ ဖုန်းပြောတုန်းက ဒုတိယခဲအိုနဲ့ နင် ဝိုင်အရောင်းဆိုင် ဖွင့်ထားတယ်ဆို။ စီးပွားရေး ဘယ်လိုနေလဲ" ကျိုးဝူနီက ရွှင်ပျစွာ ပြောလိုက်ပါသည်။

"သာမန်လောက်ပါပဲ။ အရမ်းကြီး မကောင်းဘူး။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။

တကယ်တော့ မဆိုးလှပါ။ ဘာပဲဖြစ်ဖြစ် အခုမှ စဖွင့်ထားရုံရှိသေးသည်။ ဒီလို လုပ်ငန်းမျိုးက အခြေငြိမ်ဖို့ အချိန်ယူရသည်။ လောလို့မရပါ။ အရှုံးမပေါ်သရွေ့ အမြတ်ရပါလိမ့်မည်။

တစ်ယောက်ကို ခွက်တစ်ဝက်စီ ငှဲ့ပေးလိုက်သည်။ လင်းချင်းဟယ်တောင် နည်းနည်း သောက်လိုက်ပါသည်။

သူတို့စားသောက်ပြီးကြသောအခါ ဧည့်ခန်းထဲသို့ လာခဲ့ပြီး လက်ဖက်ရည်သောက်ကာ တီဗီကြည့်ရင်း စကားပြောကြ၏။

လင်းချင်းဟယ်က ဒီရက်ပိုင်းထဲ မြို့တော်မှာ ဘာတွေသင်ယူပြီးပြီလဲဟု ကျန်းဟန်ကို မေးလိုက်ပါသည်။

ပြောစရာမလိုအောင် ကျန်းဟန်အများကြီး သင်ယူခဲ့ရပါသည်။ စောင့်ကြည့်ရင်း လေ့လာ၏။ ထိုအခါမှ ရှန်ဟိုင်းမြို့တော်က လက်ဖက်ရည်ဆိုင်ကိုလည်း ကောင်းကောင်းစီမံရမည်ဟု သဘောပေါက်သွားပါသည်။

ရှန်ဟိုင်းမြို့တော်က လက်ဖက်ရည်ဆိုင်သာ အခြေအနေ မကောင်းပါက ဒေဝါလီခံသွားရမည်။ ဒီဘက်မှာလည်း သက်ရောက်မှုရှိမှာ မဟုတ်ပေ။

သို့သော်လည်း ရှန်ဟိုင်းမြို့တော်က လုပ်ငန်းက သူ့အတွတ် စမှတ်ဖြစ်ပြီး အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည်။ ဒီလစာအပေါ်မှီခိုပြီး မြို့တော်မှာ မိန်းမယူရမှာ ဖြစ်ပါသည်။

လင်းချင်းဟယ်က ပြောလိုက်၏။ "နင့်ကိုနင် အရမ်းကြီး ဖိအားပေးစရာ မလိုပါဘူး။ ဘယ်အရာမဆို အချိန်ယူရတယ်။”

သူမ ဒီလိုပြောလိုက်သော်လည်း ကျန်းဟန်၏ ပုံစံကို သူမ ကျေနပ်မှု ရှိပါသည်။ သူမ ကျိုးဝူနီဘက်လှည့်လိုက်ပြီး ကောင်တီမြို့က စာသင်ကြားရေး အခြေအနေကို မေးလိုက်ပါသည်။

"လစာက ဘယ်လောက်ရလဲ။” လင်းချင်းဟယ်က မေးလိုက်သည်။

ကျိုးဝူနီက အနည်းငယ်ရှက်ရွံ့စွာ ဖြေလိုက်ပါသည်။ "ထောက်ပံ့ကြေးတွေပါ ပေါင်းလိုက်ရင် ယွမ် ၁၁၀လောက် ရပါတယ်။”

ဒီလစာက သေချာပေါက် မများပါ။ သို့သော်လည်း နည်းလည်းမနည်းပါ။ အနည်းဆုံး သူမတို့မွေး ရပ်မြေမှာတော့ မိန်းကလေးတစ်ယောက် လစဥ် ဒီလိုဝင်ငွေရှိတာ အတော်လေး ကောင်းသည်ဟု သတ်မှတ်နိုင်ပါသည်။

"အစ်မကြီးမင် ဒီမှာ စာသင်ပါလား။ ဒီမှာ လစာ အများကြီး ပိုမြင့်ပြီး အကျိုးခံစားခွင့်တွေလည်း ပိုကောင်းတယ်။ နောက်ပိုင်းကျရင် ဒီမှာပဲနေပြီး အိမ်ထောင်ဖက်ရှာပေါ့။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ အဘွားနဲ့ ကျွန်တော်ပြောကြည့်တော့ အဘွားကလည်း ထောက်ခံတယ်။” ကျိုးကွေ့လိုင်က ရွှင်မြူးစွာ ပြောလိုက်ပါသည်။

ကျိုးဝူနီက သူ့ကို မျက်စောင်းရွယ်လိုက်ပါသည်။ "ဒီကလူတွေ ငါ့ကို အထင်သေးကြမှာ စိုးလို့ပါ။”

"ကောလိပ်ကျောင်းသူတစ်ယောက်လည်းဖြစ် အထက်တန်းဆရာမတစ်ယောက်လည်း ဖြစ်နေတာကို ဘယ်သူက အစ်မကို အထင်သေးရဲမှာလဲ။ ရာထူးမြင့်အဆင့်တွေနဲ့တောင် ထိုက်တန်တယ်။” ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

ကျိုးဝူနီက ရယ်မောလိုက်၏။ "ဘာကို ရာထူးမြင့်အဆင့်လဲ။ ငါတို့က သာမန်ပြည်သူပြည်သားတွေကို။ ရိုးရိုးလူတစ်ယောက်ရှာနိုင်ရင် တော်ပါပြီ။”

ကျန်းကမ်းက မိမိလေးကို လက်ထဲမှာ ဖက်ထားရင်း တီဗီကြည့်နေပါသည်။

ဘေးမှာ ကျန်းဟန်က သူတို့စကားပြောနေတာကိုကြားပြီး ဝူနီကို ကြည့်လိုက်ပါသည်။ ဒီကောင်မလေးက လက်တွေ့ဆန်သော စိတ်မျိုးရှိသည်ဟု တွေးလိုက်မိပါသည်။

ဒေါ်လေးကျောင်းက ပန်းသီးစိတ်များ ထည့်ထားသော ပန်းကန်တစ်ချပ် ယူလာပေးပါသည်။ လင်းချင်းဟယ်က သူတို့ကို စားခိုင်းလိုက်၏။ အလုပ်နဲ့ ပတ်သတ်ပြီး ကျိုးဝူနီ မြို့တက်လာပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ လင်းချင်းဟယ်ကလည်း သဘောတူပါသည်။

သူမ တစ်ယောက်တည်း မဟုတ်ပါ။ အရင်တုန်းက ကျိုးယန်ကိုလည်း ခေါ်ဖူးပါသည်။ သို့သော်လည်း ကျိုးယန်က အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့၏ အကြီးဆုံးသား ဖြစ်သည်။ သူနေတာ မနေတာ ဘာမှပြောဖို့မလိုပါ။ သို့သော်လည်း ကျိုးဝူနီက သမီးမိန်းကလေး ဖြစ်သည်။ နောက်ပိုင်း အိမ်ထောင်ကျလိမ့်မည်။ ထိုအခါ သူမ၏ မောင်လည်း အရွယ်ရောက်နေပါပြီ။ ထိုအချိန်ကျ သူမ မိဘများက သူမကို ကူညီပေးဖို့ လိုအပ်မှာ မဟုတ်တော့ပါ။

"အစ်မမင်က အရမ်းလှပြီး ဆရာမလည်းဖြစ်တယ်။ အဲ့လောက် အခြေအနေကောင်းတာ စိတ်ပူစရာ မလိုပါဘူး။ သူ့ကို လက်ထပ်ချင်တဲ့ လူတွေ အများကြီး ရှိမှာပါ။” ကျန်းကမ်းက တီဗီကြော်ငြာလာသောအခါ ခေါင်းလှည့်ကာ ပြောလိုက်ပါသည်။

"ဒါဆို နင်က သင့်တော်တဲ့လူသိလို့လား။ နင့်အစ်မကြီးမင်နဲ့ မိတ်ဆက်ပေးလိုက်လေ။” လင်းချင်းဟယ်က ပြောလိုက်သည်။

"အဝေးကြီးလို့ထင်ရပေမယ့် တကယ်တော့ နီးနီးလေးပါ။” ကျန်းကမ်းက သူ့ဝမ်းကွဲအစ်ကိုကို ကြည့်လိုက်သည်။ "ကျွန်တော့်ဝမ်းကွဲအစ်ကိုကလည်း တော်တော် တော်တာပဲလေ။ ကျွန်တော့် အကြီးဆုံးဒေါ်လေးက သူ့ကို တိုက်တွန်းနေတာ။ ဒါပေမယ့် သူက အခုထိ တစ်ကိုယ်တည်းသမားပဲ။ အကျင့်စရိုက်လည်း ကောင်းတယ်။ လစာကလည်း မနိမ့်ဘူး။ ရွေးချယ်မယ်ဆို ကောင်းတယ်နော်။”

ထိုအခါ အားလုံး ကြောင်စီစီဖြစ်သွားကြပါသည်။ ထို့နောက် အားလုံး ကျန်းဟန်နဲ့ ဝူနီတို့ကို ကြည့်လိုက်ကြသည်။

ကျိုးဝူနီနဲ့ ကျန်းဟန်တို့က ဒီနေ့ကျမှ ဒီနေရာမှာ တွေ့ဖူးကြတာ ဖြစ်သည်။ အစကတော့ ဒီကဏ္ဍနဲ့ ပတ်သတ်ပြီး ဘာစိတ်ကူးမှ မရှိခဲ့ကြပေ။ ကျိုးဝူနီ၏စကားလုံးများကိုကြားပြီး လက်တွေ့ဆန်သည့် မိန်းကလေးဟု ကျန်းဟန် တွေးမိရင်တောင် ဘာစိတ်ကူးမှ မရှိခဲ့ပါ။

ထိုအချိန်တွင် သူတို့နှစ်ယောက်စလုံး မျက်နှာများ နီသွားကြပါသည်။

"အရိပ်အကဲ နားမလည်တဲ့ ခွေးကောင်။ မင်းဝမ်းကွဲအစ်ကိုနဲ့ အစ်မကြီးမင်ကို လာစနေတာလား။ မင်း ကောင်းကောင်း မစားချင်တော့ဘူးလား"ကျိုးကွေ့လိုင်က အူမြူးစွာ ငေါက်လိုက်ပါသည်။

"ရှောင်ကမ်းက လျှောက်ပြောနေတာပါ။ ဝူနီ သူ့ကို စိတ်ထဲထားမနေနဲ့" လင်းချင်းဟယ်ကပဲ အခြေအနေကို အမြန်ဖြေလျော့ပေးလိုက်ပါသည်။

ဒီလိုနဲ့ ဒီကိစ္စ ပြီးဆုံးသွားခဲ့သည်။ သို့သော်လည်း ညဘက်အိပ်ယာဝင်ချိန်မှာတော့ လင်းချင်းဟယ်က ကျိုးချင်းပိုင်အား ထိုကိစ္စကို တိုးတိုးလေး ပြောခဲ့ပါသည်။

အမှန်တိုင်းပြောရလျှင် သူမ ကျန်းဟန်ကို အလွန်အကောင်းမြင်ပါသည်။ လက်ရှိ ငွေမရှိတာနဲ့ ဝေဖန်လို့မရပါ။ သူက အလားအလာရှိသူဖြစ်ပြီး အနာဂတ်မှာ ဆိုးရွားမည့်လူ မဟုတ်ပေ။

"ကိုတို့ သူနဲ့ သိပ်ပြီး မရင်းနှီးသေးဘူးလေ" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။

"အဲ့တာ ဘာခက်လို့လဲ။ မိန့်လီကို ဖုန်းဆက်ပြီး မေးကြည့်လိုက်တာပေါ့။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"လူငယ်တွေကိစ္စ သူတို့ဖာသာ သူတို့ လုပ်ပါစေ။ အခြေအနေတွေက ဒီလောက်ပဲရှိသေးတာကို" ကျိုးချင်းပိုင်က ပြောလိုက်သည်။

လင်းချင်းဟယ်လည်း ဆက်မပြောတော့ပါ။ သို့သော်လည်း ဒီလူငယ်နှစ်ယောက်ကို အောင်မြင်စွာဖြင့် တွဲပေးနိုင်လိမ့်မည်ဟု ခံစားမိပါသည်။ ဒါက အကြံဆိုး မဟုတ်ပေ။

သို့သော် ကျန်းဟန် အခု သူ့ဝမ်းကွဲညီကို ဆူပူနေတာတော့ သူမ မသိခဲ့ပေ။

"မင်း ဘာလို့ လူတွေအများကြီးရှေ့မှာ အဲ့လိုသွားပြောတာလဲ။”

"အစ်ကိုကြီးဟန်အတွက် အခွင့်အရေးယူပေးတာလေဗျာ။ အစ်မကြီးမင်က ဘယ်လောက်တော်လဲ ကြည့်ပါဦး။ အစ်ကိုကြီးထက် ပညာရေးလည်း မြင့်တယ်။ လှလည်းလှတယ်။ ကြည့်လိုက်ရုံနဲ့ အိမ်မှုကိစ္စ နိုင်နင်းမှန်းလည်း သိသာတယ်။ အလုပ်အကိုင်လည်း ရှိတယ်။ အဲ့လိုလူမျိုး ဘယ်မှာ သွားရှာမလဲ" ကျန်းကမ်းက ပြောလိုက်၏။

ကျန်းဟန် အနည်းငယ် ရှက်သွားပါသည်။ သူ ဘာမှမပြောတော့ပါ။ နှဖူးပေါ်လက်တင်ကာသာ စဥ်းစားနေလိုက်ပါသည်။

အစကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့မှာ ဘာစိတ်မှမရှိပါ။ သို့သော်လည်း အခု သူ့ဝမ်းကွဲညီပြောခါမှ ကျိုးဟုန်မင်သာ တကယ်ပဲ သူနဲ့လက်တွဲလိုပါက ကောင်းလိမ့်မည်ဟု ခံစားမိပါသည်။

သို့သော်လည်း အခု သူ့မှာ ဘာမှမရှိသေးပေ။ တဖက်လူက သူ့ကိုသဘောမကျလောက်ဘူးဟု ထင်မိသည်။

သူနဲ့ယှဥ်လိုက်လျှင် ကျိုးဝူနီကတော့ အများကြီး မစဥ်းစားပေ။ အစက ရှက်မိသော်လည်း ကျန်းကမ်း စနောက်နေတာဟုသာ ယူဆလိုက်ပါသည်။

သို့သော် နောက်တစ်နေ့ မနက်စောစောနိုးလာပြီး ကျန်းဟန်နဲ့ ဆုံသောအခါ ရှက်နေရဆဲဖြစ်၏။

"ဒေါ်လေးလင်းတို့အိမ်ကို အားလပ်ရက်မှာ အလည်လာခဲ့တာလား" ကျန်းဟန်က ပြောလိုက်ပါသည်။

"ဟုတ်တယ် ရှင်က ဒီကို လေ့ကျင့်ရေး လာဆင်းတာလား" ကျိုးဝူနီကခေါင်းငြိမ့်လိုက်ပါသည်။

All Chapters