← Chapters

အခန်း(၆၆၃) ပြန်လည်မွေးဖွားခြင်း

Vol. 48 Ch. 663

အခန်း(၆၆၃) ပြန်လည်မွေးဖွားခြင်း

Vol. 48 Ch. 663

အခန်း(၆၆၃) ပြန်လည်မွေးဖွားခြင်း

ကျိုးလျို့နီက တကယ်ပဲ ရထားပေါ်မှာဖြစ်သည်။ နေရာတစ်ခုတွင် လှဲလျောင်းနေ၏။

သူမ ဘယ်လို ပြန်ရောက်လာသလဲမသိပ။ အရင်ဘဝတုန်းက သူမ အိမ်ထောင်ကွဲခဲ့သည်။ ထို့နောက် တောင်ပိုင်းသို့သွားခဲ့ပြီး တိုးတက်လာခဲ့သည်။ သူမက နိုက်ကလပ်တွင် အတော်လေး နာမည်ကြီးသူ ဖြစ်၏။

နောက်တော့ သူဌေးတစ်ယောက်နဲ့ ကံကောင်းကာ ဆုံခဲ့ပြီး ထိုသူဌေး၏ မယားငယ်ဖြစ်လာခဲ့သည်။ ထိုဆက်ဆံရေးကြောင့်ပဲ သူမကိုယ်ပိုင် နိုက်ကလပ်တစ်ခု ဖွင့်နိုင်ခဲ့ပါသည်။

သို့သော်လည်း ထိုလူက လုံးဝ ယုတ်မာသူ ဖြစ်သည်။ သူမ၏ အစကတည်းက မရိုးသားသည့် နိုက်ကလပ်ကို အသုံးချပြီး မူးယစ်ဆေးဝါးဝါးများ ရောင်းချခဲ့သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် သူမ၏ နိုက်ကလပ်က ရှေးခေတ်က အပျော်မယ်အိမ်များနဲ့ တော်တော်လေး တူပါသည်။ ထိုရပ်ကွက်က လူအတော်များများ၏ တိုင်ကြားခြင်းကိုလည်း ခံရသည်။ သို့သော် အဆက်အသွယ်ကောင်းသဖြင့် တခြားသူတွေ တိုင်ကြားလည်း အသုံးမဝင်ဖြစ်ခဲ့ရပါသည်။

သို့သော်လည်း မူးယစ်ဆေးဝါးများကြောင့် လုံးဝ ခြားနားသွားသည်။ အထူးသဖြင့် အပြစ်နှစ်ခုလုံး ပေါင်းလိုက်သည့်အခါ နောက်ပြန်လှည့်စရာ မရှိတော့ပေ။

သူမ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျသွားတာကို မှတ်မိ၏။ သူမ အမိန့်ချမှတ်ခံလိုက်ရသည့်အခါ စိတ်မခိုင်တော့ဘဲ သတိလစ်သွားခဲ့ပါသည်။

ထင်မထားစွာဖြင့် သူမ ပြန်လည်မွေးဖွားလာခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ပြန်လည်မွေးဖွားလာ၏။ နိုင်ငံပြန်လည် ပြုပြင်ပြောင်းလဲခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့၏ နွေဦးလေပြည်များ တိုက်ခတ်ဆဲ ကာလဖြစ်သည်။

သို့သော်လည်း သူမ အံ့သြမိတာ ဒါ မဟုတ်ပါ။ သူမ တကယ်အံ့သြသွားရတာက စတုတ္ထမိသားစုမှာ တကယ်ပဲ နတ်ပြည်ရောက်နေကြသောကြောင့်ဖြစ်သည်။

မယုံနိုင်စရာကောင်းလှပါသည်။

အရင်ဘဝတုန်းက သူမ သေချာမှတ်မိသေးသည်။ ထိုမိန်းမ လင်းချင်းဟယ်က အရာရှိတစ်ဦး၏ မိန်းမဖြစ်ဖို့ အမြဲတမ်း စိတ်ကူးယဥ်ခဲ့၏။ သူမ၏ စတုတ္ထဦးလေးက ဒဏ်ရာကြောင့် ပင်စင်ယူသွားရသဖြင့် သူမက မကျေနပ်သည့် ဇနီးသည် ဖြစ်လာကာ မိသားစုကို မြေလှန်ပစ်ခဲ့သည်။ တစ်ရက်မှ ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရပါ။

မကြာခဏ ရွာသူရွာသားများ၏ ဝေဖန်ပြောဆိုခြင်းကို ခံရသည်။ ထိုကိစ္စများကို အရင်ဘဝတုန်းက သူမ မျက်မြင်မြင်တွေ့ခဲ့ဖူးကာ ရှင်းရှင်းလင်းလင်းကို မှတ်မိနေသေးပါသည်။

အထူးသဖြင့် ချန်းရှန်ဟု အမည်ရသည့် ပညာတတ်လူငယ်တစ်ဦးဖြင့် လင်းချင်းဟယ်က လိုက်ပြေးသွားခဲ့သည်။ သူမ၏ ယောက်ျားနဲ့ ကလေးများကို စွန့်ပစ်ခဲ့၏။

နောက်တော့ သူမ၏ စတုတ္ထဦးလေး ဘာဖြစ်သွားသလဲကိုတော့ မသိပါ။ သို့သော်လည်း ကျိုးခိုင်တို့ညီအစ်ကိုတွေကတော့ လူမိုက်တွေ ဖြစ်လာတာတော့ သေချာပါသည်။

သူမ ၁၉၉၀ အစောပိုင်း တောင်ပိုင်းသို့ သွားပြီး တိုးတက်မလာခင်တုန်းက သူတို့ရဲ့ နာမည်အလွန်ကြီးကာ တခြားအဖွဲ့များနဲ့ မကြာခဏ ပြဿနာ တက်တတ်သည်။

သူမ၏ စတုတ္ထဦးလေးက သူတို့ကို တုတ်ဖြင့် မကြာခဏ ရိုက်ရ၏...။

ထိုအချိန်တုန်းက ထိုကိစ္စများကို သူမမျက်စိဖြင့် တပ်အပ်မြင်ခဲ့ရပါသည်။ သို့သော်လည်း အခု ဒီခေတ်ကို ပြန်ရောက်လာသောအခါ စတုတ္ထမိသားစုက အလွန်ကြွယ်ဝနေပါသည်။

ထိုမိန်းမက အရင်လို သူများတွေကို အထင်သေးတတ်သော်လည်း ချန်းရှန်နှင့် လိုက်မပြေးခဲ့ပါ။ ဒါတင်မကသေးဘဲ တိုးတိုးတိတ်တိတ် ပညာသင်ကာ ဝင်ခွင့်စာမေးပွဲ၏ အခြေအနေကို အခွင့်ကောင်းယူပြီး ကောင်းမွန်သည့် ရလဒ်များရခဲ့သည်။ ကျိုးခိုင်တို့ ညီအစ်ကိုတွေကတောင် ပညာတတ်တွေ ဖြစ်လာတယ်တဲ့လား။

ကျိုးလျို့နီ တွေးကြည့်လိုက်၏။ သူမ စတုတ္ထဒေါ်လေးကော သူမလိုပဲ အနာဂတ်ကနေ ပြန်မွေးဖွားလာခဲ့တာလား။

မဟုတ်ပါက ဘာကြောင့် ဒီလောက်တောင် ပြောင်းလဲသွားမည်နည်း။ အထူးသဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရန် သူမ တစ်ယောက်တည်း လျှို့ဝှက် လေ့လာခဲ့သည်။ ဒီလိုနဲ့ သူမ မြင့်တက်သွားခဲ့၏။

သို့သော်လည်း ယုတ္တိ မရှိပါ။ သူမ၏ စတုတ္ထဒေါ်လေးက အမြဲတမ်း အရာရှိမိန်းမဖြစ်ချင်ခဲ့သူဖြစ်၏။ သူမ စတုတ္ထဦးလေး မဖြစ်နိုင်တော့တာကို မြင်ပြီးပါက ကောလိပ်ဝင်ခွင့် စာမေးပွဲကို အောင်ပြီးလျှင် ကွာရှင်းလို့ရနိုင်သည်။

ကောလိပ်မှာ ဘယ်လို တော်တဲ့ ယောက်ျားမျိုးတွေကို တွေ့နိုင်မှာလဲ။ ကောလိပ်ကျောင်းသားများနှင့် ဆုံနိုင်သည်။ သူတို့က ဘွဲ့ရပြီးနောက် အရာရှိလောင်းများ ဖြစ်လာကြလိမ့်မည်။

သို့သော် သူမ မကွာခဲ့ပေ။ မိသားစုတစ်စုလုံးကို မြို့တော်သို့ခေါ်သွားပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားခဲ့သည်။ သူတို့ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်သွားသည်ဟု ဆို၏။

သူမ၏ စတုတ္ထဦးလေးနဲ့ ကလေးများကို လင်းချင်းဟယ် လုံးဝ မချစ်ခဲ့ပါ။ ဒါဆို ဒီပြောင်းလဲမှုတွေက ဘာတွေလဲ။

အရင်ဘဝတုန်းက ကျိုးလျို့နီမှာ ပေါ့ပေါ့ပါးပါးသာ နေထိုင်ခဲ့သည်။ ဘာစာမှ မဖတ်ခဲ့ပေ။ သူမ ပြန်မွေးဖွားလာတာကြောင့် တခြားသူတွေရဲ့ ပြောင်းလဲမှုတွေကလည်း ပြန်မွေးဖွားမှုကြောင့်ပဲလို့ ထင်နေသည်။

တခြား အကြောင်းအရင်း မစဥ်းစားတတ်ပါ။

ထို့ကြောင့် သူမရင်ထဲတွင် သိလိုစိတ်ပြင်းပြနေပါသည်။ ထို့ကြောင့် သူမ မိသားစု ပိုက်ဆံကို ခိုးပြီး မြို့တော်သို့လာကာ ဘာတွေဖြစ်နေလဲလာကြည့်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။

မြို့တော်မှာတော့ အကြီးဆုံးမရီးကြောင့် အခြေအနေကို လင်းချင်းဟယ် သိသွားပါသည်။ ကျိုးလျို့နီက မူလ ကျိုးလျို့နီ မဟုတ်တော့သောကြောင့် သူမ ထိတ်လန့်သွားပါသည်။

သူမ ဝင်စားတာလား ပြန်လည်မွေးဖွားလာတာလားဆိုတာကလည်း လင်းချင်းဟယ်အတွက် အရေးသိပ်မကြီးပါ။ သူမ ရောက်လာပါက ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကိုသာ ဆုံးဖြတ်ဖို့ လိုအပ်ပါသည်။

ဘေးတွင် ကျိုးကွေ့လိုင်က ဘာတွေဖြစ်နေသလဲ သေသေချာချာ မကြားလိုက်ရပါ။ သူ့အမေ၏ မျက်နှာထားပြောင်းလဲသွားသောကြောင့် သူ ပြောလိုက်ပါသည်။ "အမေ ဘာဖြစ်လို့လဲ။”

"ဘာမှမဖြစ်ပါဘူး။ ကျိုးလျို့နီ ဖျားနေတယ်တဲ့။ အဖျားကြီးနေတာကို ဒီကိုလာနေတယ်တဲ့။ ဘာတွေဖြစ်နေလဲ မသိပါဘူး" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

သူမယောက်ျား ချင်းပိုင်ကတော့ သိပါသည်။ သူမယောက်ျားကလွဲပြီး ဘယ်သူ့ကိုမှ ဝန်မခံခဲ့ပါ။ ကျိုးလျို့နီက သူမနဲ့ ဆင်တူနေရင်တောင် သေချာပေါက် ဝန်ခံမှာ မဟုတ်ပေ။

ဘာတွေဖြစ်နေသလဲဆိုတာကိုတော့ သူမရောက်လာတာကို စောင့်ကြည့်ရပါလိမ့်မည်။

ကျိုးလျို့နီက ၃ ရက်ကြာမှ ရောက်လာခဲ့သည်။ သူမ ငယ်စဥ်တုန်းက ဒီကိုတစ်ခေါက် ရောက်ဖူး၏။ ထိုအချိန်တုန်းက ရဲတွေကို သွားပြောပြီး ပေကျင်းတက္ကသိုလ်သို့ ပို့ဆောင်ခြင်း ခံခဲ့ရပါသည်။ သို့သော်လည်း သူတို့ ပေကျင်းတက္ကသိုလ်မှာ မဟုတ်ကြတော့ပေ။ ထို့ကြောင့် သူမ၏ ငယ်ဘဝ မှတ်ဉာဏ်များကို ပြန်နှိုက်ထုတ်နေရသည်။

ဖက်ထုပ်ဆိုင်က ပေကျင်းတက္ကသိုလ်နဲ့ သိပ်မဝေးပါ။ နာရီဝက်လောက် လမ်းလျှောက်ရင် ရောက်ပါပြီ။

သို့သော်လည်း ယနေ့ခေတ် မြို့တော်က ၁၉၈၀ အစောပိုင်းများနှင့် ယှဥ်လို့ မရတော့ပါ။ အများကြီး ပြောင်းလဲသွားပါပြီ။

ထို့ကြောင့် သူမပတ်လည်ရိုက်နေခဲ့သည်။ တသူမ နေ့လည်ခင်း ရောက်လာခဲ့ပြီး သူမ ဦးတည်ရာသို့ လျှောက်နေစဥ် ညနေပါ စောင်းသွားခဲ့ပါသည်။

ရှုရှန့်ချမ်းက ဆိုင်မှာရှိနေ၏။ ကျိုးချင်းပိုင် မရှိပါ။ ယခု ရှုရှန့်ချမ်းတစ်ယောက်တည်း တာဝန်ယူနိုင်လုနီးပါး ဖြစ်နေပါပြီ။ လူတွေများကြီး ရှိရင်တောင် သူကိုင်တွယ်နိုင်ပါပြီ။ ဆိုင်မှာ ပန်းကန်ကူဆေးပေးဖို့ အဒေါ်တစ်ယောက်ကို ငှားထားသည်။

ထို့ကြောင့် အချိန်တန်တာနဲ့ ကျိုးချင်းပိုင်က သူ့သမီးလေးကို သွားကြိုပြီး အိမ်မှာ ညစာ စားဖို့ ပြန်သွားပါသည်။

ကျိုးလျို့နီက ရှုရှန့်ချမ်းကို သိသည်။ ရှုရှန့်ချမ်းက မွေးရပ်မြေပြန်လာပြီး လက်ထပ်ခဲ့ကာ သူမလည်း သူ့မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါသည်။ သူမ ရှုရှန့်ချမ်းကို မြင်လိုက်ရတော့ မီးပြတိုက်တစ်ခုကို တွေ့လိုက်ရသလိုပင်။

"အစ်ကိုကြီးချမ်း" ကျိုးလျို့နီက လှမ်းခေါ်လိုက်ပါသည်။

ရှုရှန့်ချမ်းက ကျိုးလျို့နီကို မြင်လိုက်သောအခါ ကြောင်သွားသည်။ အတော်ကြာမှ သူ့ညီမဝမ်းကွဲမှန်း မှတ်မိသွား၏။ သူပြောလိုက်သည်။ "နင် လျို့နီမလား။ ဘာလာလုပ်တာလဲ။”

"သမီး ဒီတိုင်းလာကြည့်တာပါ။ နေ့လည်ခင်းတုန်းက ရောက်လာတာ။ ဒါပေမယ့် ဒီနေရာကို မေ့သွားလို့ လမ်းတွေလည်သွားတယ်။ အခု ဗိုက်ဆာလွန်းလို့ သေတော့မယ်" ကျိုးလျို့နီက ပြောလိုက်ပါသည်။

ရှုရှန့်ချမ်းက ပြောလိုက်သည်။ "ဒါဆို ထိုင်လေ။ ငါနင့်ကို ဖက်ထုပ်တစ်ပန်းကန် ပြင်ပေးမယ်။”

ကျိုးလျို့နီအတွက် သူဖက်ထုပ်တစ်ပန်းကန် ပြင်လိုက်ပါသည်။ သို့သော် သူမကို ဘာတွေဖြစ်နေတာလဲဆိုတာမေးမြန်းဖို့ အချိန်မရှိခဲ့ပါ။ လောလောဆယ် သူအလုပ်များနေသောကြောင့် ဖြစ်ပါသည်။

ဆိုင်ထဲမှာ စောင့်နေသည့် ကတ်စတမ်မာများစွာ ရှိသည်။ အပြင်ဘက်နှင့် စားပွဲတချို့မှာလည်း ကတ်စတမ်မာများ စောင့်နေ၏။

ရှုရှန့်ချမ်းက စနစ်တကျ အလုပ်လုပ်နေသည်။ ကျိုးလျို့နီက ပါးစပ်ကိုသုတ်လိုက်ပြီး သူ့ကို မေးခွန်းများ မေးမြန်းချင်နေပါသည်။ "စတုတ္ထဦးလေးလာတဲ့အထိ စောင့်လိုက်ဦး။ ငါမအားသေးလို့။”

"ဒါဆို သမီးကူညီပေးမယ်လေ" ကျိုးလျို့နီက ပြုံးလိုက်ပါသည်။

သူမ၏ ပျော်ရွှင်မှုနဲ့ စပ်စုချင်စိတ်များ ငြိမ်ကျသွားခဲ့ပါသည်။ သူမ အရမ်းကြီး ရိုင်းစိုင်းနေလို့ မဖြစ်ပါ။ အထူးသဖြင့် ယခု စတုတ္ထဦးလေးတို့ မိသားစုက အလွန်ချမ်းသာနေကြပြီဖြစ်သောကြောင့်ပင်။ သူတို့ကို ဘယ်လိုလုပ် စော်ကားနိုင်မည်နည်း။

အရင်ဘဝတုန်းက တောင်ပိုင်းမှာ အလွန်ဖွံ့ဖြိုးနေသည်။ မြို့တော်ဆိုရင်တော့ ပြောဖို့တောင် မလိုတော့ပါ။ သူမ တကယ်ပဲ ဒီမှာ နေထိုင်ချင်ပါသည်။ သူမ တောရွာဘက်ကို ပြန်မသွားချင်ပါ။

"အစ်ကိုကြီးချမ်း ကိုယ့်စီးပွားရေး ကိုယ်လုပ်နေတာမဟုတ်ဘူးလား။ ဘာလို့ စတုတ္ထဦးလေးတို့ ဆိုင်မှာ လာလုပ်နေတာလဲ" ကျိုးလျို့နီက မေးလိုက်ပါသည်။

"စတုတ္ထဦးလေးတို့ဘက်က အဆင်ပြေတယ်၊ အဲ့တာကြောင့် ငါလာခဲ့တာ။” ရှုရှန့်ချမ်းက ပြန်ပြောလိုက်ပါသည်။

ကျိုးလျို့နီက မေးလိုက်၏။ "စတုတ္ထဦးလေးက ဒီဖက်ထုပ်ဆိုင်ကို အစ်ကို့ကိုပေးထားတာလား ဒါမှမဟုတ် ကူညီဖို့ ငှားထားတာလား။”

All Chapters