← Chapters

အခန်း(၆၆၅) ဘာမှမထူးခြားဘူး

Vol. 48 Ch. 665

အခန်း(၆၆၅) ဘာမှမထူးခြားဘူး

Vol. 48 Ch. 665

အခန်း(၆၆၅) ဘာမှမထူးခြားဘူး

"ဒီကို တစ်ယောက်တည်း ပြေးလာတော့ နင့်အကြီးဆုံးဒေါ်လေး၊ နင့်အဖေနဲ့ တခြားသူတွေ လန့်ကုန်ပြီ။ ပြီးတော့လည်း အဖျားကြီးနေတဲ့ဟာကို။ နင့်ကို ဒီမှာ ဆေးစစ်ပေးလိုက်မယ်။ မနက်ဖြန်ကျရင် နင့်ဦးလေးကို လိုက်ပို့ခိုင်းလိုက်မယ်။ နင်နေပြန်ကောင်းတဲ့အထိ ဒီမှာနေလို့ရတယ်။ ပြီးရင်တော့ အိမ်ပြန်ရမယ်။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ယခု ကျိုးလျို့နီ တကယ်ပဲ ဇဝေဇဝါဖြစ်နေပါပြီ။

သူမ၏ စတုတ္ထဒေါ်လေးသာ ခြားနားနေပါက သူမနဲ့ သူမ၏ အကြီးဆုံးဒေါ်လေး ပြောတာကို နားလည်လောက်သည်။

သူမက တခြားယောက်ျားနဲ့ လိုက်ပြေးသည်။ ကျိုးခိုင်တို့ ညီအစ်ကိုတစ်ယောက်မှလည်း အဆုံးသတ်မလှပေ။ ယခု ထိုအကြောင်းတွေ ကြားပြီးတာတောင် ဒီလိုပုံစံမျိုး ဖြစ်နေဆဲ ဖြစ်၏။ ဘာလို့ သူမ အတည်မယူတာလဲ။ သူမ အဓိပ္ပာယ်မရှိတာတွေ ပြောနေသည်ဟုသာ သဘောထားနေသည့်ပုံပင်။

သို့သော်လည်း ဒီဘဝက အရင်ဘဝနဲ့ ခြားနားလွန်းပါသည်။ ထို့ကြောင့် ကျိုးလျို့နီက အကြောင်းပြချက် မရှိဘဲ မဖြစ်နိုင်ဘူးဟု ယုံကြည်ထားသည်။ ထို့ကြောင့် သူမ ဒီမှာနေပြီး စောင့်ကြည့်ရမည်။

ထို့ကြောင့် သူမ ပြောလိုက်သည်။ "စတုတ္ထဒေါ်လေး သမီး ဒီမှာ နေချင်တယ်။”

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" လင်းချင်းဟယ်က ထိုစကားလုံးများကိုကြားသောအခါ ဒေါသထွက်သော မျက်လုံးများဖြင့် သူမကို ကြည့်လိုက်ပါသည်။

ကျိုးလျို့နီက ဒီအကြည့်များကို ရင်းနှီးပြီးသား ဖြစ်ပါသည်။ ဒါက သူမ စတုတ္ထဒေါ်လေး၏ သူများကို အထင်သေးတတ်သော အကြည့် ဖြစ်သည်။ လုံးဝ အတူတူပင်။

သူမ ရင်ထဲမှာ ငေါက်ငမ်းလိုက်မိပါသည်။ ရှင်ကရော ဘာတွေ ကောင်းနေလို့လဲ။

အရင်ဘဝတုန်းက သူမ တခြားတစ်ယောက််နဲ့ လိုက်ပြေးသွားပြီးနောက် ကစားခံရပြီး စွန့်ပစ်ခံခဲ့ရတာပဲ မဟုတ်လား။ အဆုံးသတ်မလှဘူးဟု ပြောကြသည်။ သို့သော်လည်း အပြင်ပိုင်းမှာတော့ သူမ ပြောလိုက်၏။ "စတုတ္ထဒေါ်လေး သမီးကို နေခွင့်ပေးမှဖြစ်မယ်။ သမီးသာ ရွာပြန်သွားရင် လမ်းဆုံးပဲ။ အဲ့လူတွေရဲ့ ပါးစပ်တွေက သမီးကို အလွတ်ပေးမှာ မဟုတ်ဘူး။”

ထိုအကြောင်းပြချက်ကြောင့်ပဲ အရင်ဘဝတုန်းကလည်း ရွာမှာ ဆက်မနေနိုင်တော့ခြင်း ဖြစ်ပါသည်။ ထို့အပြင် သူမကိုယ်တိုင်ကလည်း ရွာထဲမှာ မနေလိုပါ။ ထို့ကြောင့် တောင်ပိုင်းသို့ သွားခဲ့ပါသည်။

သူမက တောင်ပိုင်းနဲ့ အလွန်ကျွမ်းဝင်သည်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဥ်များကို နားလည်ထားသည်။ သို့သော်လည်း တောင်ပိုင်းကို သိပ်ပြီး မသွားခဲ့ပါ။ ထိုနေရာက သူမ၏ ဝမ်းနည်းစရာနေရာကြီး ဖြစ်သည်။

ထိုအချိန် သူမ ရောက်ခါစတုန်းက သိပ်ပြီး မအပ်စပ်ခဲ့ပါ။ လူတွေနဲ့ ရောနှောဖို့ မလွယ်ကူပါ။ သူမ ခွန်အားတွေ အကုန်သုံးပြီးမှ နာမည်ကျော်ကြားသည့် မိန်းမတစ်ယောက် ဖြစ်လာခဲ့သည်။

သို့သော်လည်း နောက်ပိုင်း ထိုလူယုတ်မာများနဲ့ ရှုပ်ထွေးခဲ့၏။

ဒီဘဝမှာတော့ မတူသည့်လမ်းကို လျှောက်လှမ်းချင်ပါသည်။ ကျန်တာ မပြောနဲ့ဦး။ သူမ၏ စတုတ္ထဦးလေးက အလွန်အောင်မြင်နေသဖြင့် သူမ ရေသာခိုပြီး အဆင့်မြင့်တက်လာနိုင်ပါသည်။

ဒီမြို့တော်ကြီးမှာ မြေကွက်တစ်ကွက် ဘာညာ ဝယ်လိုက်နိုင်ပါက နောက်ပိုင်းမျိုးဆက်များတွင် သူမ ကြွယ်ဝလိမ့်မည်။

"နင်စောစောက အဲ့လိုသိရင် အရင်တုန်းက မဟုတ်တာတွေ ဘာလို့ လုပ်လဲ။ နင်စိုက်ပျိုးတာ နင်ပြန်ရိတ်သိမ်းရတာပဲ။ ဘယ်လောက်ပဲခါးခါး နင် ပြန်စားရတော့မယ်။ နင်ဒီကိုလာရင်တောင် ဘာာမှမလုပ်နိုင်ဘူး" လင်းချင်းဟယ်က ယဥ်ယဥ်ကျေးကျေး ငြင်းပယ်လိုက်ပါသည်။

ကျိုးလျို့နီ ဒေါသထွက်သွားသည်။ သူမ အရင်ဘဝတုန်းက အစွမ်းအစရှိသူ ဖြစ်သည်။ သူမ လက်အောက်က ဘယ်မိန်းကလေးက သူမကို ချေပရဲမှာလဲ။ သို့သော်လည်း သူမ၏ စတုတ္ထဒေါ်လေးကတော့ ဆက်တိုက် အထင်သေးနေခဲ့သည်။ ထို့ကြောင့် သူမစကားဖြင့် တိုက်ခိုက်ကြည့်လိုက်၏။

"စတုတ္ထဒေါ်လေး သမီးခန္ဓာကိုယ် လွယ်လွယ်နဲ့ ပြန်သက်သာမယ်မထင်ဘူး။ မဖြစ်တာတွေကိုပဲ အိပ်မက်မက်နေတာ။ အကြီးဆုံးဒေါ်လေး ပြောပြတာတွေကို အိပ်မက်မက်တာလေ။ သမီးအရမ်း လန့်သွားတာ။”

ထိုသို့ပြောပြီးနောက် သူမ လင်းချင်းဟယ်ကို သေချာစောင့်ကြည့်နေသည်။ လင်းချင်းဟယ်၏ မျက်နှာတွင် တစ်ခုခု ဖုံးကွယ်နေသလားဟု ထင်မြင်ယူဆရင်းဖြစ်၏။

သို့သော်လည်း လင်းချင်းဟယ်က လုံးဝ မတုန်လှုပ်ပါ။ သူမ ပြန်ဝင်စားတာဖြစ်ဖြစ် ပြန်မွေးဖွားတာဖြစ်ဖြစ် ကိုယ့်အားသာချက်ကို အသုံးချပြီး ကိုယ့်ကိစ္စကို လုပ်နိုင်သည်။ အလွယ်လမ်းလိုက်ပြီး ရေသာခိုချင်ရင်တော့ မေ့လိုက်ပါတော့။

"သားကြီးနဲ့ ညီအစ်ကိုတွေအကုန်လုံး အဆင်ပြေနေကြတယ်။ နင့်အိပ်မက်က ဘာမှ အဓိပ္ပာယ်မရှိဘူး။ မနက်ဖြန် နင့်ဦးလေးကို စိတ်ရောဂါဌာနဆီလိုက်ပို့ခိုင်းပြီး ရေထဲပြုတ်ကျလို့ နင့်ခေါင်းထိသွားလား စစ်ဆေးခိုင်းပေးမယ်။” လင်းချင်းဟယ်က အထင်သေးစွာဖြင့် ပြန်ပြောလိုက်ပါသည်။

ကျိုးလျို့နီ ပြန်လည်မွေးဖွားလာတာဖြစ်နိုင်သည်ဟု သူမ ပြောနိုင်သည်။ ပြန်ဝင်စားတာ မဖြစ်နိုင်ပါ။

ပြန်လည်မွေးဖွားတယ်ဆိုတာ လူကိုယ်တိုင် ပြန်လည်မွေးဖွားလာခြင်း ဖြစ်သည်။ စိတ်ဝိညာဥ်တစ်ခုတည်း မဟုတ်ပေ။ စိတ်ကတော့ အရင်ဘဝတုန်းက စိတ်အတိုင်းပဲ ပြန်ပါလာခြင်း ဖြစ်၏။ ကျိုးလျို့နီ အရင်ဘဝတုန်းက ဒီ့ထက်ပိုပြီး နေခဲ့ရလောက်သည်။

တချို့လူတွေ အလွန်ခေတ်မှီလာတတ်တယ်ဆိုတာ လိမ်ညာခြင်း မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် တစ်ဘဝလုံး အလကားသက်သက် နေခဲ့တာ မဟုတ်ပါ။

သို့သော်လည်း တချို့လူတွေကတော့ တစ်ဘဝလုံး အလကားနေခဲ့ကြသည်။

သူ့ရှေ့က ကျိုးလျို့နီလိုပင်။

သူမ ပြန်မွေးဖွားလာတာနဲ့ အရူးတစ်ယောက်လို အရင်ဘဝအကြောင်း လျှောက်ပြောလိုက်သည်။ ဒါ ကျားတစ်ကောင်ကို တုန်လှုပ်စေဖို့ တောင်တစ်တောင်လုံးကို လှုပ်ခါတာမျိုးနဲ့ မတူဘူးလား။

ဒီကိုရောက်လာတော့ကော သူမ ဘာမြင်နိုင်မှာလဲ။

ကျိုးလျို့နီ တကယ်ပဲ ဘာမှ မမြင်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် လင်းချင်းဟယ်က အရင်လိုပဲ သူမကို အထင်သေးဆဲဖြစ်ကာ "အိပ်မက်" ဟူသည့်အရာကိုလည်း မယုံကြည်ပေ။ သူမသာ တစ်ခုခု ပုံမှန် မဟုတ်ပါက သူမကို ဒီလောက် မောက်မောက်မာမာ ပြောမှာ မဟုတ်ပေ။

"စတုတ္ထဒေါ်လေး မနက်ဖြန် သွားစစ်ပါ့မယ်။ ဒါပေမယ့် ဒီမှာတော့ ခဏလောက် နေဦးမယ်" ကျိုးလျို့နီက ပြန်ပြောလိုက်ပါသည်။

"နင့်အဖေကြောင့်သာ မဟုတ်ရင် ငါနင့်ကို မနေခိုင်းဘူး။" လင်းချင်းဟယ်က လှည့်ကွက်များကို အပြည့်အဝ အသုံးချနေပါသည်။ ထို့အပြင် ကျေးရွာက သူမဆွေမျိုးများကို ပိုပြီး အထင်သေးပြလေလေ ကျိုးလျို့နီ ပိုပြီး ဒေါသထွက်လာလေလေဖြစ်သည်။

သို့သော်လည်း ဘာတွေလွဲသွားတာလဲ သူမ မသိနိုင်သေးပါ။

အိမ်ကထွက်ပြေးသွားရမည့်လူက ထွက်မပြေးသွားဘဲ ညီအစ်ကိုတွေအားလုံးကလည်း အခုကြွယ်ဝနေကြသည်။

လင်းချင်းဟယ်၏ အပြုအမူကတော့ ပြောင်းလဲတာမျိုး မရှိပေ။ အထူးသဖြင့် အရင်ဘဝတုန်းကထက် ပို၍ ကောင်းကောင်းမွန်မွန် ဝတ်ဆင်ပြီး ပိုလှပနေသောကြောင့်ဖြစ်သည်။

ပြောစရာမလိုအောင် သူမက ဝတ်တတ်စားတတ်သူဖြစ်သည်။ အရင်ဘဝတုန်းက နေ့တိုင်းလိုလို ကျေးရွာမှာ အသားဖြူခရင်မ်များလိမ်းတတ်သူဖြစ်သည်။ ယခု ဒီဘဝ ချမ်းသာသဖြင့် ပိုပြီးတော့တောင် ဖြုန်းတီးနိုင်နေပါသည်။

ရင်ထဲမှာ မကောင်းပြောနေသော်လည်း အပြင်ပိုင်းမှာတော့ ဘာမှ မပြောရဲပေ။ သို့သော်လည်း သူမ၏ ဒေါသကတော့ မပြယ်နိုင်သေးပါ။

သူမကို ကျိုးဝူနီ၏ အဝတ်အစားတစ်စုံ ပေးလိုက်ပြီး ရေချိုးခိုင်းလိုက်ပါသည်။

ကျိုးချင်းပိုင်က နားမလည်နိုင်ဘဲ မေးလိုက်ပါသည်။ "မိန်းမ ဘာတွေဖြစ်နေကြတာလဲ။”

လင်းချင်းဟယ်က စိတ်ထဲမှာ အဖြေရှိနေပြီးသား ဖြစ်သော်လည်း ပြန်မေးလိုက်သည်။ "ဘာကို ဘာတွေဖြစ်နေရမှာလဲ။ ကျိုးလျို့နီကို ကျွန်မ ဆက်ဆံတဲ့ပုံစံကို မေးနေတာလား။”

ကျိုးချင်းပိုင် မပြောတော့ပေ။ လင်းချင်းဟယ်က ရယ်မောလိုက်ပါသည်။ "သူနဲ့ ရှုရှန့်မိန်တို့ဆိုတာ ဒီပုပ်ထဲက ဒီပဲတွေချည်းဆိုတာ ရှင်မှတ်မိဦးနော်။ သူတို့က တွယ်ကပ်လိုက်တာနဲ့ ခါထုတ်လို့ မရနိုင်တော့ဘူး။ ရှုရှန့်မိန်ကို ခက်ခက်ခဲခဲ ပထုတ်ထားရတာ အဲ့တာကြောင့် ကျိုးလျို့နီနဲ့ ထပ်ပြီး ဒုက္ခမပေးပါနဲ့။ ဒီကိစ္စကို ဆွေးနွေးစရာ မလိုဘူး။”

ကျိုးချင်းပိုင်က စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။ "လျို့နီရဲ့ စိတ်ဓာတ်မျိုးနဲ့ ကိုလည်း သူ့ကို ခေါ်မထားပါဘူး။”

"အဲ့တာဆို အဆင်ပြေပါတယ်။” လင်းချင်းဟယ်က သူ့မျက်နှာကို ထိလိုက်ပါသည်။ သူ့ယောက်ျား ပိုပြီး အသက်ကြီးလာလေလေ ပိုပြီးဆွဲဆောင်မှုရှိလာလေလေဖြစ်သည်။ တစ်ခါတစ်လေ သူ့ကို ကြည့်လိုက်လျှင် သူမ ရင်ခုန်မိပါသည်။

အရင်ဘဝတုန်းက သူအဆုံးသတ်သွားသည့် ပုံစံကို ပြန်တွေးမိသောအခါ သူမ နေရခက်ပါသည်။

ကျိုးလျို့နီကတော့ လာရာလမ်းအတိုင်း ပြန်ရမည်။ ဒီကိုလာပြီး သရုပ်ဆောင်ဖို့ စိတ်မကူးပါနဲ့။

ကျိုးချင်းပိုင်က သူ့မိန်းမ၏ နွေးထွေးမှုကို ခံစားမိပါသည်။ မျက်လုံးထဲမှာ မိန်းမနဲ့ သမီးသာရှိသည့် သူဟာ သူ့တူမကို မေ့သွားခဲ့ပါသည်။

သို့သော်လည်း နောက်တစ်နေ့ သူမကို စိတ်ရောဂါဌာနသို့ လိုက်ပို့ပေးခဲ့ပါသေးသည်။

ကျိုးလျို့နီက ဒေါသကြီးနေ၏။ ဒါ သူမကို အရူးလို့ သတ်မှတ်လိုက်တာ မဟုတ်ဘူးလား။ လင်းချင်းဟယ်ကို စမ်းသပ်ချင်ခဲ့သော်လည်း သူမ တုန်လှုပ်နေပါပြီ။

ဆေးစစ်ပြီးနောက် သူမတွင် စိတ်ကျရောဂါတချို့ရှိပြီး ကောင်းကောင်းအနားယူဖို့ ညွှန်ကြားလိုက်ပါသည်။ ပြန်မလွှတ်ခင် ဆေးညွှန်းလည်း ရေးပေးလိုက်၏။

"စတုတ္ထဦးလေး ကျေးဇူးပြုပြီး သမီးကို နေခွင့်ပေးပါ။ သမီး အလုပ်ကြိုးစားပြီး ပြဿနာလည်း မရှာတော့ပါဘူး။” ကျိုးလျို့နီက တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က တဲ့တိုးပဲ ပြန်ဖြေလိုက်သည်။ "နင့်ဒေါ်လေးကို သွားပြော။”

ကျိုးလျို့နီက ရင်ထဲမှ ပြန်ပြောလိုက်သည်။ လင်းချင်းဟယ်ကို သွားမေးတာ ဘာထူးမှာလြ။ လင်းချင်းဟယ်က သူမကို အထင်သေးသည်။

စကားလမ်းကြောင်းကို အဘိုးအဘွားများဆီသို့လွှဲလိုက်၏။ သူမအဘိုးအဘွားများကို သွားပြောချင်သောကြောင့်ဖြစ်သည်။

"နင့်အဘိုးအဘွားတွေဆီကို မသွားနဲ့။ သူတို့ကို ဒေါသထွက်အောင် မလုပ်နဲ့။ ဒီမှာ ရက်နည်းနည်းနေပြီးရင် ပြန်လိုက်တော့။” ကျိုးချင်းပိုင်က လက်ရမ်းပြလိုက်ပါသည်။

ကျိုးလျို့နီကတော့ တစ်ချက်ပြီးတစ်ချက် ထိုးနှက်ခံနေရသည်။ သူမ အိမ်ထောင်ကွဲရုံပဲရှိတာကို သူတို့ အထင်သေးဖို့လိုလို့လား။

အားလုံးက ရှေးရိုးစွဲကြီးများ ဖြစ်သည်။ အနာဂတ်မှာဆို ကွာရှင်းသည့် နှုန်းများက ပိုပိုပြီး မြင့်တက်လာလိမ့်မည်။ ကွာရှင်းတာ ဘာရှက်ဖို့ လိုလို့လဲ။

All Chapters