← Chapters

အခန်း(၆၇၀) သမီးတစ်ယောက် မွေးဖွားခြင်း

Vol. 48 Ch. 670

အခန်း(၆၇၀) သမီးတစ်ယောက် မွေးဖွားခြင်း

Vol. 48 Ch. 670

အခန်း(၆၇၀) သမီးတစ်ယောက် မွေးဖွားခြင်း

ကျိုးခိုင်က ဖုန်းချလိုက်ပြီး ဝိန်မေ့ကျားကို သွားတွေ့သည်။

သူနဲ့ ဝိန်မေ့ကျားတို့က အခုဆို တကယ်ပဲ ခင်ပွန်းလောင်းနဲ့ ဇနီးလောင်း ဖြစ်နေပါပြီ။ သူတို့ စေ့စပ်ထားပြီးတာ ကြာပြီ ဖြစ်သည်။ လက်ထပ်စာချုပ်ကို ထုတ်ပြီးတာလည်း ကြာလှပြီ။ သို့သော်လည်း ယောက်ဖ နှစ်ယောက်က တစ်ယောက်ပြီး တစ်ယောက် လက်ထပ်နေ၍သာ ဖြစ်သည်။ မဟုတ်ပါက သူတို့လည်း လက်ထပ်ပြီးတာ ကြာပါပြီ။

သို့သော်လည်း သူတို့နှစ်ယောက် တူတူမနေကြသေးပေ။

ကျိုးခိုင်က သူ့မိန်းမနဲ့ ဖက်အိပ်ချင်နေပါပြီ။ ဝိန်မေ့ကျားက သူ့ထံသို့ မကြာခဏ စွပ်ပြုတ် ယူလာပေးသည်။

ကျိုးခိုင်မှာ ဇနီးလောင်းရှိတာကို သိတာတောင် လက်မလျှော့သည့် အမျိုးသမီးစစ်သားတချို့ ရှိနေတာကို လူတိုင်းသိပါသည်။ ကံကောင်းစွာဖြင့် ကျိုးခိုင်၏ နှလုံးသားကတော့ တစ်ခါမှ မပြောင်းလဲဖူးပါ။

ဒီကိစ္စက တစ်ဘဝလုံးစာဆိုတာကို သူ သေချာသိပါသည်။ တခြားသူတွေ ဝင်ဖျက်ဆီးဖို့ အခွင့်အရေး မရှိပါ။

သို့သော်လည်း ဝိန်မေ့ကျားကတော့ လက်ထပ်ဖို့ အနည်းငယ် အသည်းအသန် ဖြစ်နေပါပြီ။

သူမ ထုတ်တော့ မပြောချင်ပါ။ သို့သော်လည်း ရင်ထဲမှာတော့ ကျိုးခိုင်ကို မြန်မြန်လက်ထပ်ပြီး ညားခါစ လင်မယားတွေ မြန်မြန် ဖြစ်လာချင်မိသည်။ ဇနီးလောင်းနဲ့ ခင်ပွန်းလောင်း မဖြစ်ချင်တော့ပါ။

ကျိုးခိုင်ရောက်လာတော့ ဝိန်မေ့ကျားလည်း အလုပ်ပြီးခါစ ဖြစ်ပါသည်။ ဝိန်မေ့ကျားက အခုဆို သူနာပြုခေါင်းဆောင်အဖြစ် ရာထူးတိုးခံခဲ့ရပြီဖြစ်သည်။ အငယ်ဆုံး သူနာပြုခေါင်းဆောင် ဖြစ်သော်လည်း ဘယ်သူကမှ သူမ အစွမ်းအစကို သံသယမဖြစ်ပါ။

"ဒီကိုလာဖို့ အားတယ်ပေါ့" ဝိန်မေ့ကျားက သူလာနေတာကိုမြင်ပြီးပြောလိုက်ပါသည်။

"ကို့အလုပ်ပြီးပြီလေ" ကျိုးခိုင်က ပြောလိုက်၏။ "စောစောပြန်ကြမလားလို့ ဘယ်လိုသဘောရလဲ။”

"ဘယ်လောက်စောလဲ" ဝိန်မေ့ကျားက မေးလိုက်၏။

အစကတော့ သူတို့ ရက် ၂၀ ဝန်းကျင်လောက်မှာ ပြန်ဖို့ စီစဥ်ထားသည်။ ထို့နောက် ၂၅ ရက်နေ့တွင် လက်ထပ်ကြမည်။ အနည်းငယ်တော့ လောရမည်။ သို့သော်လည်း မတတ်နိုင်ပါ။ ဘာပဲဖြစ်ဖြစ် နှစ်သစ်ကူးဖြစ်ပြီး သူတို့အားလုံး အလုပ်များကြသောကြောင့် ဖြစ်ပါသည်။

"၁၅ ရက်နေ့ ပြန်ကြမယ်" ကျိုးခိုင်က ပြန်ပြောလိုက်ပါသည်။

ဝိန်မေ့ကျားလည်း ဒီလိုပဲ တွေးမိပါသည်။ တိကျသည့် စီစဥ်မှုအပေါ်မှာပဲ မူတည်သဖြင့် ပြောလိုက်၏။ "ကျွန်မတို့ စောင့်ကြည့်ရမှာပေါ့။ ဖြစ်နိုင်ရင် ကျွန်မ ကြိုးစားပေးမယ်။”

ထိုအခါမှ ကျိုးခိုင် ကျေနပ်သွားသည်။ ထို့နောက် ကျိုးဝူနီ၏ မင်္ဂလာကိစ္စအကြောင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။ သူတို့တွေ့ဆုံပြီး လက်ထပ်ဖို့ တစ်လသာ ကြာမြင့်ခဲ့ပါသည်။ ဝိန်မေ့ကျားက သူ့အားကျမှုကို မြင်နိုင်သဖြင့် သူမမျက်လုံးထဲမှာ ရွှင်လန်းမှု အရိပ်အယောင် ပေါ်လာပါသည်။ "ကျွန်မတို့ လက်ထပ်ပြီးရင် ဘယ်မှာ နေကြမလဲ။”

"အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းပါတဲ့ အိမ်တစ်လုံး ကိုနေရာချထားပေးခံရမယ်လေ။ စစ်ကြည့်ပြီးပြီ။ မင်းအားရင် လိုက်ပြပေးမယ်" ကျိုးခိုင်က ပြောလိုက်၏။

ဝိန်မေ့ကျား အခု အားပါသည်။ ကျန်တာကို တခြားသူနာပြုများကို လွှဲခဲ့ပေးလို့ရသဖြင့် ကျိုးခိုင်နဲ့ အတူတူ လိုက်သွားလိုက်၏။

အိမ်ခန်းမှာ အိပ်ခန်းနှစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါသည်။ အရမ်းကြီးတော့ မကျယ်ပေ။ စတုရန်းမီတာ ဆယ်ဂဏန်းသာရှိ၏။ လင်မယားနှစ်ယောက်တည်း သို့မဟုတ် မိသားစု သုံးယောက်လောက် နေထိုင်ဖို့တော့ လုံလောက်ပါသည်။

သူတို့နှစ်ယောက် အခန်းထဲမှာ ဘာတွေလုပ်ကြသလဲတော့ မသိပါ။ ထွက်လာတော့ ဝိန်မေ့ကျား နှုတ်ခမ်းများ အနည်းငယ် နီရဲနေသည်။

ကျိုးခိုင်ကတော့ အောင်မြင်မှု သရဖူ ဆောင်းထားရသလိုပင်။ သူ့ဇနီးလောင်းနဲ့ အတူတူ လှေကားအောက် လက်တွဲကာ ပြန်ဆင်းလာခဲ့ပါသည်။

မြို့တော်ဘက်တွင်။

အမေဝိန်က အဖေဝိန်နဲ့တူတူ ပြက္ခဒိန်ကို လှန်ကြည့်နေပါသည်။ သူမ သမီးကဖုန်းဆက်၏။ သူတို့ စောစောပြန်လာလောက်သည်။ ဒါဆို မင်္ဂလာဆောင်နေ့ ၂၅ ရက်နေ့ကို ပြောင်းလဲရပါလိမ့်မည်။

နေ့ကောင်းနေ့မြတ်ဖြစ်သော ၂၁ ရက်နေ့လည်းရှိသည်။

ကျိုးစစ်နီက ဘေးမှာ ပန်းသီးစားရင်း ထိုင်ကြည့်နေ၏။

သူမနဲ့ ဝိန်ကော်တုန်းတို့က ဝိန်ကော်တုန်း အကျိုးခံစားခွင့်ရရှိသော အိမ်ရာမှာ နေထိုင်ကြသည်။ သို့သော်လည်း နေ့ဘက်မှာ အထည်ဆိုင်ကို လာတတ်ပြီး ကူညီပေးပါသည်။ သူမ ပျင်းရမှာ မဟုတ်ပေ။

အခု စက်တင်ဘာလသို့ ရောက်ခါနီးပြီဖြစ်ပြီး သူမ ဗိုက်ကလည်း ၈ လရှိနေပြီ ဖြစ်သည်။ တွက်ကြည့်ပါက မွေးရက်မှာ ၁လလောက်သာ လိုတော့သည်။

ကျိုးစစ်နီက အစားလည်း အရမ်းကြီးနေပါသည်။ ဝမလာသော်လည်း သူမဗိုက်ကတော့ မသေးပေ။

အမေဝိန်ကပါ အံ့သြနေပြီး အမြွှာလေးဟု ထင်သွားသည်။ သို့သော် ဆေးစစ်ကြည့်သောအခါ တစ်ယောက်တည်းဖြစ်မှန်း သိလိုက်ရပါသည်။ ထို့အပြင် သမီးလေးလည်း ဖြစ်၏။

ဝိန်မိသားစုတွင် ခွဲခြားသည့် စိတ်ဓာတ်မျိုး မရှိပါ။ အခု ကလေးတစ်ယောက်ပဲ မွေးရင်တောင် ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အရေးမကြီးပေ။

အဖေဝိန်နဲ့ အမေဝိန်တို့ကလည်း သေချာ ဂရုစိုက်ထားကြသည်။ ဝိန်ကော်တုန်းက သမီးလေးတစ်ယောက် လိုချင်ခဲ့တာ ဖြစ်သဖြင့် ကျိုးစစ်နီက ဒီကိုယ်ဝန်ကို စိတ်အေးသွားပါပြီ။

"အမေ ညီမလေး လက်ထပ်တော့မှာမလာား။ ကော်တုန်းနဲ့ သမီးဘာပေးရမလဲ" ကျိုးစစ်နီက မေးလိုက်ပါသည်။

"နင်တို့ဖာသာ စဥ်းစားကြပေါ့။ စဥ်းစားပေးဖို့က အဓိကလေ" အမေဝိန်က ပြောလိုက်ပါသည်။

ကျိုးစစ်နီက ညဘက်မှာ ဝိန်ကော်တုန်းနဲ့ အိမ်ပြန်ဖို့ စောင့်လိုက်သည်။ ထို့နောက် သူ့ကို မေးကြည့်လိုက်၏။ ဝိန်ကော်တုန်းက ခဏလောက် စဥ်းစားပြီး ပြောလိုက်ပါသည်။ "လက်ဖွဲ့ငွေ ယွမ်၁၀၀လောက် ပေးမလား။”

"ဟုတ်ပြီ" ကျိုးစစ်နီက ခရမ်းချဥ်သီးတစ်လုံးစားရင်း ခေါင်းငြိမ့်လိုက်ပါသည်။

ဝိန်ကော်တုန်းက သူမ ဗိုက်ကို ပွတ်ပေးလိုက်၏။ ကျိုးစစ်နီက သူ့ကို မျက်စောင်းရွယ်ကာ ပြောလိုက်သည်။ "မထိနဲ့။ ရှင်ထိရင် ရှင့်သမီးက ကျွန်မကို ကန်တယ်။”

"ကို့သမီးက ကို့ကို ချစ်လို့နေမှာပေါ့" ဝိန်ကော်တုန်းက ရွှင်မြူးစွာ ပြောလိုက်သည်။

ကျိုးစစ်နီ စက်တင်ဘာလအကုန်တွင် မွေးဖွားခဲ့သည်။ အမျိုးသားနေ့ မတိုင်ခင်လေးမှာပဲဖြစ်သည်။

အမျိုးသားနေ့ ရောက်ဖို့ ၃ ရက်အလိုဖြစ်၏။ ဝဝတုတ်တုတ် အသားဖြူဖြူ သမီးလေးကို သူမ မွေးဖွားပေးခဲ့ပါသည်။ ကျင်း ၆၀ လောက်ရှိ၏။ မိမိလေးကို မွေးတုန်းကနဲ့ အတူတူပဲဖြစ်ပါသည်။

မျက်ခုံးလေးတွေကအစ လှပသော ကောင်မလေးတစ်ယောက် ဖြစ်ပါသည်။

မနက်ခင်း လင်းချင်းဟယ် သတင်းကြားလိုက်ရတော့ အကြီးဆုံးမရီးကို သတင်းကောင်းပြောဖို့ ဖုန်းဆက်ခဲ့ပါသည်။

အကြီးဆုံးမရီးက ပျော်ရွှင်သွားသော်လည်း စိတ်တော့ အနည်းငယ် စိတ်ပူမိပါသေးသည်။

မိသားစုဦးရေ ကန့်သတ်ခြင်းက အခု အတည်ဖြစ်နေပါပြီ။ ကျေးရွာများမှာတော့ ကလေး အလွန်အကျွံ မွေးဖွားဖို့ တခြားတစ်နေရာသို့ ရွှေ့ပြောင်းတတ်ကြသည်။ သို့သော်လည်း မြို့ရွာမှာတော့ ခြားနားပါသည်။

မြို့တော်က လူတွေအားလုံးမှာ အလုပ်အတည်တကျရှိကြသည်။ အထူးသဖြင့် နိုင်ငံတော်လစာကို စားနေရသော ဝိန်ကော်တုန်းလို လူမျိုး ဖြစ်၏။ သေချာပေါက် ကလေးကို အလွန်အကျွံ မွေးဖွားလို့ မရပါ။ မဟုတ်ပါက အလုပ်ပြုတ်သွားနိုင်သည်။

လင်းချင်းဟယ်က နားလည်ပြီး နှစ်သိမ့်ပေးလိုက်ပါသည်။ "စစ်နီရဲ့ ကိုယ်ဝန်အကြောင်းသိပြီးတာ ကြာပါပြီ။ ကျွန်မတို့ အရင်က ဆေးရုံမှာ ဆေးသွားစစ်ပြီး ဘီအယ်ထရာစောင်း ရိုက်ခဲ့တယ်။ ဆရာဝန်က သမီးလေးလို့ ပြောတယ်။"

ဒီခေတ်တုန်းက ဆေးရုံများမှာ ယောက်ျားလေး/ မိန်းကလေး ပြောပြလို့ မရသည့် အခြေအနေမျိုး မရှိသေးပေ။ ဆရာဝန်များက မြင်တာကိုသာ ပြောပါလိမ့်မည်။

"သူတို့ သိပြီးတာ ကြာပြီလား" ထိုစကားလုံးများကို ကြားခါမှ အကြီးဆုံးမရီး စိတ်အေးလက်အေး သက်ပြင်းချနိုင်ပါတော့သည်။

"ဟုတ်တယ်၊ စိတ်မပူပါနဲ့။ ဘာပြဿနာမှမရှိဘူး။ စစ်နီ မွေးဖွားပြီးခါစ ဂရုစိုက်ပေးဖို့ ဒေါ်လေး တစ်ယောက် ရှာထားပေးတယ်။” လင်းချင်းဟယ်က အာမခံ၏။

အကြီးဆုံးမရီးက စိတ်အေးသွားသည်။ လင်းချင်းဟယ် သူမနဲ့ စကားခဏလောက်ပြောပြီး ဖုန်းချလိုက်ပါသည်။

ကျိုးကွေ့လိုင်က ဘေးမှာ ထိုင်နေပြီး ပြုံးလိုက်ပါသည်။ "အကြီးဆုံးဒေါ်လေးက အစ်မစစ်နီ သမီးလေးမွေးလာတော့ ယောက်ဖက ပစ်ပယ်မှာကို စိုးရိမ်နေတာလား။"

"ဟုတ်တယ်။ အဲ့တာ စိတ်ပူနေတာလေ။" လင်းချင်းဟယ်က ပြောလိုက်သည်။

"အတွေးလွန်တာပါဗျာ။ စတုတ္ထယောက်ဖက သမီး လုံးဝချစ်တယ်လို့ ထင်တယ်။ သူရောက်လာတိုင်း ညီမလေးကို ဖက်ထားပြီး လွှတ်တောင် မလွှတ်ဘူး" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

ထိုသို့ပြောနေစဥ် ကျိုးချင်းပိုင်က မိမိလေးကို ချီပြီး အပြင်ဘက်က ပြန်လာပါသည်။

မိမိလေးက သူမ၏ ညီမလေးကို နေ့တိုင်း သွားတွေ့ချင်သည်။ အလွန်စိတ်အားထက်သန်နေပါသည်။ အဖေဖြစ်သည့် ကျိုးချင်းပိုင်ကလည်း သူမကို အလိုလိုက်ကာ နေ့တိုင်း လိုက်ပြပါသည်။

"မေမေ သမီးအတွက်ကော ညီမလေး မွေးမပေးချင်ဘူးလား။” ကောင်မလေးက အဖေ့လက်ထဲက ဆင်းလိုက်ပြီးနောက် သူမ အမေ၏ ခြေထောက်ကို ပြေးဖက်ပါသည်။

ကျိုးချင်းပိုင်က ရယ်မောလိုက်သည်။ အစ်ကိုငယ် ကျိုးကွေ့လိုင်ကလည်း ပို၍ပင် အူမြူးနေပါသေးသည်။

"အစ်ကိုငယ် ဘာတွေရယ်နေတာလဲ။ မဖြစ်နိုင်ဘူးလား။ အဲ့ဒီညီမလေးကို သမီးအရမ်းချစ်တာ။ သူကြီးလာရင် သူ့ဆံပင်ကို ချည်ပေးမယ်" အစ်မကြီးတာဝန်ရသွားသည့် မိမိလေးက ပြောလိုက်ပါသည်။

လင်းချင်းဟယ်၊ "..."

ဒီအခြေအနေကို မြင်ဖူးလိုက်တာ။

တတိယမရီး တတိယမြောက်ကလေးကို မွေးတုန်းကလည်း ကျိုးကွေ့လိုင် သူမခြေထောက်ကို ဖက်ကာ နောက်ထပ် ညီမလေး မွေးပေးဖို့ ပူဆာခဲ့၏။

အခုတော့ အငယ်ဆုံး သမီးလေး မိမိလေးပြောရမည့် အလှည့် ရောက်ပါပြီ။

All Chapters