← Chapters

အခန်း(၆၇၁) ယွမ်ယွမ်

Vol. 48 Ch. 671

အခန်း(၆၇၁) ယွမ်ယွမ်

Vol. 48 Ch. 671

အခန်း(၆၇၁) ယွမ်ယွမ်

မိမိလေးမှာလည်း အစ်မကြီးဖြစ်ချင်သည့် အိပ်မက် ရှိပါသည်။

သူမ မျိုးဆက်ငယ်တာကို မကြည့်ပါနဲ့။ ကျိုးအာ့နီရဲ့ အမြွှာနှစ်ယောက်ပဲဖြစ်ဖြစ်၊ ကျိုးစန်းနီရဲ့ ဖန်ဖန်လေးပဲဖြစ်ဖြစ် အားလုံး သူမထက် အသက်ကြီးသည်။

ယခု ကျိုးစစ်နီက သမီးလေးတစ်ယောက် မွေးလိုက်သဖြင့် သူမ ဆန္ဒတွေ ပြည့်ဝသွားပါပြီ။ သူမ စတုတ္ထဝမ်းကွဲအစ်မကြီး၏ သမီးလေးဖြစ်ကာ သူတို့မိသားစုအရင်း မဟုတ်တာကို သိသဖြင့် အိမ်ပြန်လာပြီး ညီမလေးတစ်ယောက်မွေးပေးဖို့ အမေကို ပူဆာနေခြင်းဖြစ်ပါသည်။

လင်းချင်းဟယ်က သူမကို နှင်လွှတ်လိုက်သည်။ သူမ လိုချင်တာကို ပူဆာနိုင်၏။ သို့သော် ကလေးတွေကတော့ အတော့်ကို ဒုက္ခများပါသည်။ အထူးသဖြင့် တွားသွားနိုင်သော အရွယ်ရောက်လာလျှင် ဖြစ်သည်။ ကျိုးချင်းပိုင်က ဝန်ထုပ်အားလုံးကို မထမ်းခဲ့ပါက သူမတစ်ယောက်တည်း နိုင်မှာ မဟုတ်ပေ။

ကျိုးကွေ့လိုင်က သူ့ညီမလေးကို ခေါ်သွားပြီး တီဗီကြည့်ဖို့ ချော့ပြောလိုက်ပါသည်။

လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို မျက်စောင်းရွယ်လိုက်ပါသည်။ သူ့သမီးကို ဒီကိစ္စပြောလိုက်တာ သူမှန်း လင်းချင်းဟယ် သိသည်။ ကျိုးချင်းပိုင်က ရယ်မောလိုက်သည်။ ထို့နောက် သူမ လက်ကို ကိုင်ကာ ဒီနှစ်မှ အသစ်ထွက်သည့် 'အနောက်ဘက်သို့ ခရီးနှင်ခြင်း'ကို သွားကြည့်လိုက်ကြပါသည်။

ပထမ ၂၅ ပိုင်းစလုံးကို ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်၏။ နောက်တော့ ဇာတ်လမ်းအဆက် ထွက်ရှိလာသည်။ အပိုင်း ၁၆ ပါသည့် ဇာတ်လမ်းအဆက်အား ၁၉၉၀ ခုနှစ်တွင် ရိုက်ကူးပြီးစီးခဲ့ပါသည်။ ကြည့်လို့တော့ မရသေးပေ။

သို့သော်လည်း ထို ၂၅ ပိုင်းမှာ အားလုံး၏ လှပသော ကလေးဘဝ အိပ်မက် ဖြစ်ခဲ့ပါသည်။

လင်းချင်းဟယ်တောင် စိတ်ဝင်စားမိသွားသည်။ ဒီနေ့ ထုတ်လွှင့်ပြသမှုက ထျန်ကျူးမှာ ကျောက်စိမ်းယုန်များ စုဆောင်းခြင်း ဖြစ်၏။

၁၀ နာရီကျော်သောအခါ သူတို့မိသားစု အိပ်ယာဝင်ခဲ့ပါသည်။

နောက်တစ်နေ့ လင်းချင်းဟယ်က ဒေါ်လေးကျောင်းချက်ထားသည့် စွပ်ပြုတ်ကို ယူပြီး ကျိုးစစ်နီဆီ သွားလည်ခဲ့ပါသည်။ သူမ ကျိုးစစ်နီအား သူတို့ငှားထားသည့် အိမ်ထိန်းအခြေအနေကို မေးလိုက်၏။

ဒီကလေးထိန်းက အလွန် နာမည်ကောင်းရထားသူဖြစ်သည်။ သူမကို ဒေါ်လေးကျောင်း မိတ်ဆက်ပေးထားခြင်း ဖြစ်၏။ ဝိန်ကော်တုန်း အစက ခေါ်ဖို့ စီစဥ်ထားသည့် တစ်ယောက်ထက် အများကြီး ပိုတော်ပါသည်။

သူမ အားလုံးကို တာဝန်ယူထား၏။ ကလေးထိန်းခြင်း၊ စျေးဝယ်ခြင်း၊ ချက်ပြုတ်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း စသဖြင့် ဖြစ်ပါသည်။

ကျိုးစစ်နီက ဘာမှ စိတ်ပူစရာ မလိုပေ။ ဘာပဲဖြစ်ဖြစ် ဝိန်ကော်တုန်းက အလုပ်သွားရပြီး အမေဝိန်ကလည်း ဆိုင်ဖွင့်ထားရသည်။ သူမ မိန်းကလေးငယ်တစ်ယောက်ကို ငှားခဲ့ပါသည်။ သူမသာ မသွားပါက အလုပ်ရှုပ်မှာ မဟုတ်ပေ။

သို့သော်လည်း ကျိုးစစ်နီ၏ မွေးဖွားပြီးကာလ အာဟာရပြည့်ဝဖို့အတွက်  အားလုံးကို ရှင်းပေးခဲ့သည်။ ထို့အပြင် ကျိုးစစ်နီကို ယွမ် ၅၀၀ ဆုချခဲ့ပါသည်။

ထိုအကြောင်းကြားသောအခါ လင်းချင်းဟယ်က ပြုံးလိုက်၏။ "နင့်အမေ နင့်ကိုပေးတာ လက်ခံလိုက်ပါ။ ကော်လျန်ရဲ့ မိန်းမလည်း မွေးတုန်းက ဒီလောက်ရတယ်လို့ ကြားတယ်။”

အစ်ကိုကြီး ဝိန်ကော်တုန်းက ဝိန်ကော်လျန်ထက် စောစောလက်ထပ်ခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျသွားရခြင်းက ကျိုးစစ်နီ ကျောင်းတက်နေရသဖြင့် ကလေးမလိုချင်သေးသောကြောင့် ဖြစ်ပါသည်။

ဝိန်ကော်လျန်က သားလေးတစ်ယောက် မွေးသည်။ အမေဝိန်ကလည်း အာဟာရဖြည့်စွက်စာများ ဝယ်ပေးပြီး ယွမ် ၅၀၀ ဆုချပါသည်။ အဖေဝိန်ကို စခန်းသို့ သွားပို့ခိုင်းကာ အခြေအနေလည်း သွားကြည့်ခိုင်းခဲ့၏။

သူမ အချိန်မအားပေ။ သွားဖို့ပြန်ဖို့က ရက်ပေါင်းများစွာ ကြာသဖြင့် ဆိုင်ကို ဘယ်လိုလုပ် ထားခဲ့နိုင်မှာလဲ။

လင်းချင်းဟယ်က ခေတ္တထိုင်နေလိုက်ပြီး ကျိုးစစ်နီနဲ့စကားပြောသည်။ ပြီးမှ အမေဝိန်ဆီသို့ သွားခဲ့ပါသည်။

အမေဝိန်က လောလောဆယ် ငှားထားသည့် ကောင်မလေး အဝတ်အစားများ သိမ်းဆည်းနေတာကို စောင့်ကြည့်နေပါသည်။

လင်းချင်းဟယ် လာတာကို မြင်သောအခါ သူမ ဝမ်းသာသွား၏။ အလုပ်ကို ကောင်မလေးအား လွှဲပေးလိုက်ပြီး လင်းချင်းဟယ်ကို လာထိုင်ဖို့ အမြန်ခေါ်လိုက်သည်။

"ဟုန်ရှားကို သွားတွေ့ပြီးပြီလား" အမေဝိန်က ပြုံးလိုက်သည်။

"အင်း။ ရှင်သူ့ကို မုန့်ဖိုး ယွမ် ၅၀၀ ပေးတယ်လို့ ပြောပါတယ်" လင်းချင်းဟယ်က ရွှင်ပျစွာဖြင့် ပြန်ပြောလိုက်ပါသည်။

အမေဝိန်က ပြောလိုက်သည်။ "ယောက်မ နှစ်ယောက်က အတူတူပဲ။ ဘာမှ မခြားနားဘူး။”

ထိုအချိန်တွင် အမျိုးသမီး ကတ်စတမ်မာ နှစ်ယောက်ဝင်လာသည်။ ငှားထားသည့် ကောင်မလေးက သူတို့ကို သွားကြိုဆိုပါသည်။ အမေဝိန်ကတော့ မသွားပေ။ လင်းချင်းဟယ်နဲ့သာ စကားထိုင်ပြောလိုက်ပါသည်။ "ဆွေမျိုးယောက္ခမကို သတင်းကောင်းပြောဖို့ ဖုန်းဆက်သေးလား။”

"ဖုန်းဆက်ပါတယ်။ သူ ဝမ်းသာနေတယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။ ဝိန်မိသားစုက သားတွေကို ပိုအလေးပေးသလား မပေးဘူးလားဟူ၍ အကြီးဆုံးမရီး စိတ်ပူနေတာကိုတော့ သူမ ထုတ်ပြောခဲ့ပါ။ သူမ ပြောလိုက်၏ ။ "သားကြီးနဲ့ မေ့ကျားတို့ ဒီနှစ်လက်မထပ်ဘူးဆို။ အာ့နီနဲ့ ဝမ်ယွမ်တို့ မွေးရပ်မြေကို အမြွှာလေးတွေနဲ့ ပြန်လောက်တယ်။ သူတို့ ဒီနှစ်တော့ သွားလို့ရတော့မယ် မထင်ဘူး။ နောက်နှစ်ကျရင် ကော်တုန်းနဲ့ စစ်နီတို့ အာ့နီနဲ့ ဝမ်ယွမ်တို့နဲ့ အတူတူသွားလို့ရတယ်။”

"ဒါဆို ဆွေမျိုး မိဘနှစ်ယောက်က ဒီနှစ်လာကြမှာလား" အမေဝိန်က မေးလိုက်ပါသည်။

"သူတို့ဘာလုပ်မလဲမသိသေးဘူး" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

"သူတို့လာနိုင်ရင် ကောင်းမှာပဲ။ ရှင့်မွေးရပ်မြေက ဖုန်းနံပါတ်ပေးပါလား။ ကျွန်မ စစ်နီတို့အမေကို ဖုန်းဆက်မယ်။ အလုပ်အားတဲ့ ရာသီရောက်တာနဲ့ နှစ်သစ်ကူး ဒီမှာ လာကုန်ဆုံးလို့ရတာပဲ။ နောက်နှစ် ဟုန်ရှားနဲ့ ကော်တုန်းတို့က နှစ်သစ်အတွက် သူတို့နဲ့ မွေးရပ်မြေကို ပြန်လိုက်သွားလို့ရတယ်။” အမေဝိန်က ပြောလိုက်ပါသည်။

လင်းချင်းဟယ်က သူမကို ဖုန်းနံပါတ်ပေးလိုက်သည်။ အမေဝိန်က ပြုံးရယ်လိုက်ပြီး ပြောလိုက်ပါသည်။ "ကျွန်မ နေ့ခင်းဘက်အားလို့ ခဏနေမှ ဖုန်းဆက်လိုက်မယ်။”

ခဏလောက် ထိုင်ပြီးနောက် လင်းချင်းဟယ် ပြန်သွားပါသည်။

ယခု အခြေအနေများက အရင်တုန်းကထက် အများကြီး ပိုကောင်းနေပါပြီ။ ကျိုးစစ်နီ၏ မွေးဖွားပြီးခါစ ကာလကလည်း သက်တောင့်သက်သာရှိလှပါသည်။

ဘာစိတ်ဖိစီးမှုမှ မရှိပေ။ ထို့အပြင် မွေးဖွားပြီခါစကာလကို ကျွမ်းကျွမ်းကျင်ကျင် ပြုစုပေးသော လူတွေပါ ရှိနေသဖြင့် ဘယ်လောက်တောင် သက်တောင့်သက်သာ ရှိသလဲ ပြောဖို့ မလိုအပ်တော့ပါ။

မွေးဖွားပြီး ရက် ၄၀ လောက် အနားယူပြီးနောက် ကျိုးစစ်နီ အပြင်ကို စထွက်လာပါသည်။ သူမ သမီးလေးကတော့ သူမ၏ ပြုစုမှုကြောင့် တကယ်ပဲ ဝဖြိုးလှပါသည်။

ဝိန်ကော်တုန်းက သူမကို ချစ်မြတ်နိုး၏။ နေ့တိုင်းအိမ်ပြန်လာတိုင်း ပထမဆုံး လုပ်တာက သူ့သမီးလေးကို ပွေ့ချီခြင်းသာ ဖြစ်သည်။

ကျိုးစစ်နီ၏ မွေးဖွားပြီးကာလ ပြီးဆုံးသွားသောအခါ နိုဝင်ဘာလတောင် ရောက်နေပြီ ဖြစ်သည်။ ရာသီဥတုက အနည်းငယ် အေးလာ၏။ သူမ မွေးဖွားပြီးကာလက အချိန်ကောင်း ဖြစ်ခဲ့ပါသည်။ အလွန် နေလို့ကောင်းသည်။

ဝိန်ကော်တုန်းက ရှားရှားပါးပါး တစ်ရက် နားသဖြင့် အိမ်မှာ ကလေးထိန်းခိုင်းထားလိုက်သည်။ ကျိုးစစ်နီက သူမ သမီးလေးကို နို့တိုက်ပြီးနောက် ထွက်လာခဲ့၏။ ထို့နောက် စက်ဘီးစီးကို ပေါ့ပေါ့ပါးပါးပဲ နင်းလာခဲ့ပါသည်။

အိမ်ခြံဝန်းကြီးဆီသို့ သူမ သွားလိုက်သည်။ အိမ်ထိန်း ဒေါ်လေးကျောင်းတို့သာ ရှိသည်။ သူမ စတုတ္ထဦးလေးကော ဒေါ်လေးကော အိမ်မှာ မရှိကြပေ။

ထို့ကြောင့် လက်ဖက်ရည်ဆိုင်ကို သွားလိုက်သည်။ လင်းချင်းဟယ်၊ ကျိုးအာ့နီနဲ့ တခြားသူများ ရှိနေကြပါသည်။

"နင်ဒီနေ့ အပြင်ထွက်လာနိုင်လောက်ပြီလို့ အခုပဲ ပြောနေတာ။ နင် ဒီလာတော့ ယွမ်ယွမ်က ဘယ်မှာလဲ" ကျိုးအာ့နီက ရွှင်ပျစွာ ပြောလိုက်ပါသည်။

"သူ့အဖေက ဒီနေ့ တစ်ရက်နားတယ်လေ။ အိမ်မှာ ထိန်းနေတယ်။ ငါက ၂ နာရီလောက် အပြင်ထွက်လာတာပါ။” ကျိုးစစ်နီက ရွှင်ပျစွာ ပြောလိုက်ပါသည်။

အိမ်မှာ အကျဥ်းကျနေတာ ၁ လလောက်ကြာပြီဖြစ်သဖြင့် အပြင်ထွက်လာရတာ လန်းဆန်းလှပါသည်။

လင်းချင်းဟယ်ကလည်း ပြောလိုက်သည်။ "ဒီလိုလျှောက်သွားတာ အကောင်းဆုံးပဲ။ အိမ်မှာပဲ အမြဲနေရင် ကျန်းမာနေရင်တောင် ဖျားစေနိုင်တယ်။”

"ဒီနေ့ထွက်လာတော့ လုံးဝ လန်းဆန်းနေတာပဲ" ကျိုးစစ်နီက ပြုံးလိုက်ပါသည်။

"နင့်အမေကို ဖုန်းဆက်ပြီးပြီလား" လင်းချင်းဟယ်က မေးလိုက်၏။

"ကော်တုန်း ဆက်တယ်။ သမီးတော့ မဆက်ရသေးဘူး" ကျိုးစစ်နီက ပြောလိုက်သည်။

"အပြင်မှာ ဖုန်းဆက်လို့ရတဲ့နေရာရှိတယ်။ ဆက်လို့ရတယ်။ နင့်အမေ နင့်အကြောင်း တွေးနေလောက်တယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ကျိုးစစ်နီက ခေါင်းငြိမ့်လိုက်ပြီး ဖုန်းဆက်ဖို့ ထွက်လာပါသည်။ အကြီးဆုံးမရီးကျိုးက အိမ်မှာ ဘဲသားများ ခုတ်ထစ်နေပြီး အိုးထဲထည့်ချက်ဖို့ ပြင်နေစဥ် ရွာအုပ်ချုပ်ရေးမှူး၏ မြေးက ဖုန်းကိုင်ဖို့ သူမကို လာခေါ်သည်။ အလုပ်ကို ခဏရပ်လိုက်ပြီး ဖုန်းသွားကိုင်ခဲ့ပါသည်။

ဖုန်းဆက်တာ သူမ သမီးမှန်းသိလိုက်ရသောအခါ ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ "မီးတွင်းထဲက ထွက်လာပြီပေါ့"

"ထွက်ချင်တာ ကြာပြီ။ စတုတ္ထဒေါ်လေးက ရက် ၄၀ လောက်နေဦးလို့ ပြောလို့ ဒီနေ့မှ ထွက်လာတာပါ" ကျိုးစစ်နီက ရွှင်ပျစွာ ပြောလိုက်ပါသည်။

အကြီးဆုံးမရီးက အဓိကအရာများကို မေးလိုက်ပါသည်။ ကလေးက အများကြီး ငိုလား၊ ကော်တုန်းက ကလေးကို ချစ်လား မချစ်လား၊ ယောက္ခမ၏ သဘောထား စသည်တို့ဖြစ်သည်။

ကျိုးစစ်နီက ပြုံးကာ ဖြေလိုက်သည်။ "အမေ အဲ့တာတွေ စိတ်ပူမနေပါနဲ့။ သူတို့အားလုံး ယွမ်ယွမ်ကို ချစ်ကြတယ်။ ဒီဘက်က သမီးတို့လို မဟုတ်ပါဘူး။”

ကျေးရွာများ၊ အထူးသဖြင့် နေရာက ပိုဆင်းရဲလေလေ သားယောက်ျားလေးကို ပိုလိုချင်ကြလေလေ ဖြစ်သည်။ မိသားစုအတွက် လုပ်အားရစေရန် ဖြစ်သည်။ သမီးများက အလုပ် သိပ်မလုပ်နိုင်ကြပေ။ မွေးဖွားပြီးရင်လည်း အိမ်ထောင်ပြုပေးရသေးသည်။ ထို့ကြောင့် သားတစ်ယောက်သာ လိုချင်ခြင်း ဖြစ်ပါသည်။

မိသားစုဦးရေကန့်သတ်ခြင်း ပေါ်ပေါက်လာပြီးနောက် သားလိုချင်သည့် လူများစွာက သမီးများကို ပထုတ်ကြပါသည်။ ဒါတောင် လူသားဆန်သေးသည်။ ပိုလူသားမဆန်သည့် လူများက တဲ့တိုးပိုဆန်ပြီး ကလေးများကို စွန့်ပစ်ကြပါသည်။

ကျေးရွာဘက်တွေမှာ ဒီအကြောင်းတွေ ကြားရပါများသော အကြီးဆုံးမရီးက စိုးရိမ်နေပါသည်။

All Chapters