← Chapters

အခန်း(၆၇၃) သားကြီးနဲ့ မေ့ကျားတို့ ပြန်လာခြင်း

Vol. 48 Ch. 673

အခန်း(၆၇၃) သားကြီးနဲ့ မေ့ကျားတို့ ပြန်လာခြင်း

Vol. 48 Ch. 673

အခန်း(၆၇၃) သားကြီးနဲ့ မေ့ကျားတို့ ပြန်လာခြင်း

ပျော်ပွဲရွှင်ပွဲများတွင် လူတွေတက်ကြွတာ ပုံမှန်ပဲဖြစ်သည်။ ဒီဇင်ဘာလထဲသို့ ဝင်ရောက်လာပြီး ရာသီဥတုကလည်း အလွန်အေးမြနေပါသည်။ လင်းချင်းဟယ်က အိမ်တွင်း အိမ်ပြင်ကို သန့်ရှင်းရေးလုပ်ဖို့ လူတစ်ယောက် ငှားရမ်းခဲ့ပါသည်။

ထို့အပြင် အခမ်းအနား မီးပုံးများကိုလည်း ချိတ်ဆွဲထားသည်။

သူမ၏ စီမံမှုအောက်တွင် အိမ်ခြံဝန်းကြီး တစ်ခုလုံးက ပွဲတော်ကြီးတစ်ခုလို အရှိန်အဝါမျိုး ထုတ်လွှင့်နေပြီ ဖြစ်ပါသည်။

သားကြီးနဲ့ ဝိန်မေ့ကျားတို့က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြန်လာခဲ့ကြသည်။ သူတို့ အိမ်ပြန်ရောက်တာနဲ့ ဒီလိုမြင်ကွင်းကို မြင်လိုက်ကြရပါသည်။

သားငယ်က ပြုံးကာ ပြောလိုက်၏၊။ "မင်းနဲ့ အကြီးဆုံးမရီးတို့အတွက် အမေကိုယ်တိုင် ပြင်ဆင်ထားတာ။ မင်းတို့ မင်္ဂလာအခန်းကောပဲ။”

ဝိန်မေ့ကျားက အိမ်ကို မပြန်သေးပါ။ သူတို့ အိမ်ခြံဝန်းကြီးဆီသို့ အတူတူလာခဲ့ကြပြီး သားငယ်က သူတို့ မင်္ဂလာအခန်းကို လိုက်ပြပါသည်။

"ဒေါ်လေးလင်းကို ဒုက္ခပေးမိပြီထင်တယ်" ဝိန်မေ့ကျားက ပြုံးလိုက်၏။

"အမေက မရီးတို့ သဘောကျရင် ရပြီလို့ ပြောတယ်။ ဘာမှ ဒုက္ခမဖြစ်ပါဘူး" ကျိုးကွေ့လိုင်က ရွှင်မြူးစွာ ပြောလိုက်ပါသည်။

ကျိုးခိုင်ကလည်း သူ့အမေ ပြင်ဆင်ထားပေးသည့် မင်္ဂလာအခန်းကို အလွန် စိတ်ကျေနပ်မှု ရှိပါသည်။ သို့သော်လည်း လင်းချင်းဟယ်က လောလောဆယ် အိမ်မှာမရှိသေးပါ။ သူမနဲ့ အမေဝိန်တို့ ရေပူစမ်းသွားဖို့ ချိန်းထားပါသည်။

အခုရက်ပိုင်းထဲ ရေပူစမ်းစိမ်ခြင်းက သူမတို့ နှစ်ယောက်အတွက် ပုံမှန်လို ဖြစ်လာသည်။ သူမတို့နှစ်ယောက်ပဲ မဟုတ်ဘဲ ကျိုးအာ့နီနဲ့ ကျိုးရှောင်မိန်တို့လည်း ပါပါသည်။

လင်းချင်းဟယ် အိမ်ပြန်လာတော့ သားကြီးနဲ့ အကြီးဆုံးချွေးမတို့ ရောက်နေတာကို မြင်သဖြင့် အပျော်လွန်သွားပါသည်။

"ဘာလို့ တစ်ရက်စောပြီး ပြန်လာကြတာလဲ။ နင်တို့ မနက်ဖြန်မှ ပြန်လာကြမယ်ထင်နေတာ။ နင့်အမေနဲ့ အခုလေးတင်တွေ့လာတာ" လင်းချင်းဟယ်က ဝိန်မေ့ကျားကို ပြောလိုက်ပါသည်။

"သမီး ခဏနေရင် ပြန်တော့မှာပါ" ဝိန်မေ့ကျားက ပြုံးကာ ပြောလိုက်ပါသည်။

"ဒေါ်လေးလင်း သမီးတို့ အခန်းကို ကြည့်ပြီးပါပြီ။”

"သဘောကျရဲ့လား" လင်းချင်းဟယ်က ရယ်ကာ မေးလိုက်သည်။

လင်မယားနှစ်ယောက်အတွက် မင်္ဂလာအခန်းကို သေသေချာချာ ပြင်ဆင်ထားသည်။ အတော့်လေးကို ကျက်သရေရှိပြီး လှပပါသည်။ အရမ်း လွန်ကဲသည့် ပုံစံမျိုး မဖြစ်ပါ။

ဝိန်မေ့ကျားလည်း သဘောကျပါသည်။ ကျိုးခိုင်က ပြောလိုက်၏။ "အမေ ဘာလို့ အခုထိ အရမ်းနုနေသေးတာလဲ။ အဖေ့ရုပ်ဆို အမေ့ရဲ့ အဖေလို့တောင် ထင်ရတယ်။”

"အမေ့ကို ချီးကျူးတာ ချီးကျူးပါ။ အဖေ့ကို မကောင်းပြောစရာ မလိုပါဘူး။ အဖေ့ပုံစံကလည်း အရမ်းနုပါတယ်" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"ဖေဖေက ငယ်ပါတယ်။ ဖေဖေက အသက်မကြီးပါဘူး" မိမိလေးကလည်း သူမအဖေကို ကာကွယ်ပေးလိုက်ပါသည်။

ထိုအခါမှ ကျိုးချင်းပိုင်က သူ့သားကြီးကို အမှုန့်မကြိတ်တော့ခြင်း ဖြစ်သည်။ ကျိုးခိုင်က သူ့ညီမလေးကို ချီဖို့ ပြင်လိုက်စဥ် ကျိုးချင်းပိုင်က ချီခွင့်မပေးဘဲ သူပဲ ချီလိုက်ပါသည်။ "ချီချင်ရင် မင်းဖာသာ မွေးပါလား။”

"အဖေ ဂုဏ်ယူမနေစမ်းပါနဲ့။ နောက်နှစ်ကျရင် ကျွန်တော်မွေးပြမယ် ကြည့်နေ" ကျိုးခိုင်က ပြောလိုက်၏။

ဝိန်မေ့ကျားမျက်နှာ အနည်းငယ်နီသွားပြီး သူ့ကို မျက်စောင်းထိုးလိုက်ပါသည်။ ကျိုးခိုင်က ပြောလိုက်၏။ "ကျွန်တော်တို့ဘက်က အသင့်ဖြစ်နေပြီ။ ကွန်တော်တို့ ကလေးယူလို့ရပြီ။ စောစောမွေးလေ စောစောလက်ဆေးရလေလေပဲ။”

ဝိန်မေ့ကျားက သူ့ကို ဆွဲဆိတ်လိုက်ပါသည်။ ဒါတွေကို သူမနဲ့ သီးသန့်ပြောလို့ရသော်လည်း သူ အခု ဒီလိုပြောလိုက်တော့ သူမ ဘာပြောရမှန်း မသိတော့ပါ။

လင်းချင်းဟယ်က သူတို့ကြားထဲ ဝင်ဖျန်ဖြေပေးလိုက်ပါသည်။ "နင်တို့နှစ်ယောက် ရေချိုးအိမ် သွားမှာလား။ အိမ်မှာပဲ ချိုးကြမလား။”

"အိမ်မှာ ချိုးရတာ အေးလား" ကျိုးခိုင်က ပြောလိုက်သည်။

"ရေပူပေးစက်တော့ ရှိတယ်။ မအေးပါဘူး" လင်းချင်းဟယ်က ပြန်ဖြေလို်ကသည်။

အိမ်က ရေချိုးခန်းက အထူးတလည် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ရေချိုးသည့်အခါ မအေးနိုင်ပါ။ ကျိုးခိုင်က မြင်သော်လည်း သိပ်ပြီး စိတ်ဝင်စားမှု မရှိပါ။ သူက ရေချိုးအိမ် အကြီးကြီးတွေကိုသာ အသားကျနေပါသည်။ စစ်တပ်ထဲမှာဖြစ်ဖြစ် ဘယ်မှာဖြစ်ဖြစ် ရေချိုးအိမ်ကြီးတွေနဲ့သာ ချိုးတတ်ပါသည်။ တစ်ယောက်ယောက် ကျောတိုက်ပေးသည့်အခါ ဘယ်လောက်တောင် ဇိမ်ရှိသလဲ မပြောပြတတ်ပေ။

သို့သော်လည်း ဝိန်မေ့ကျားက အပြင်မှာ ထွက်မချိုးချင်သဖြင့် အိမ်ထဲမှာပဲ ရေချိုးလိုက်ပါသည်။

ကျိုးခိုင်က သားငယ်ကိုခေါ်လိုက်သည်။ ညီအစ်ကိုနှစ်ယောက် ရေချိုးအိမ်မှာ ရေအတူတူ သွားချိုးကြပါသည်။

ကျိုးခိုင်က သူ့ညီမှတဆင့် မိသားစုအခြေအနေကို မေးပါသည်။

ကျိုးကွေ့လိုင်က ပြန်ပြောလိုက်၏။ "ဘာမှတော့ မထူးပါဘူး။ အစ်မကြီးဝူနီ လက်ထပ်သွားတာပဲရှိတယ်။ သူက ရှောင်ကမ်းရဲ့ ဝမ်းကွဲအစ်ကိုနဲ့ လက်ထပ်သွားတာ။ အစ်မစစ်နီလည်း သမီးလေး မွေးတယ်။”

"သမီးလေးလား သြော်..." ကျိုးခိုင်၏ မျက်လုံးထဲတွင် ဆန္ဒများ ပေါ်လွင်လာ၏။ အနာဂတ်ကျရင် သမီးလေးတစ်ယောက် လိုချင်သည်ဟု ဝိန်မေ့ကျားကို သူ ပြောဖူးပါသည်။

ဝိန်မေ့ကျားက သားဆိုရင်ကော ဘယ်လိုလုပ်မလဲဟု ပြန်မေးသည်။ ကျိုးခိုင် ဘာလုပ်နိုင်ဦးမည်နည်း။ သားဆိုရင်လည်း မွေးရမည်ဖြစ်သည်။ သို့သော်လည်း သမီးလိုတော့ သေချာပေါက် ဆက်ဆံမှာ မဟုတ်ပေ။ ကိုယ့်ဒူး ကိုယ်ချွန်ရမည်။

"ရှုရှန့်ချမ်းနဲ့ ရှုရှန့်မိန်တို့လည်း ကွာရှင်းကုန်ကြပြီ" ကျိုးကွေ့လိုင်က သတိရသွားပြီး ပြောပြလိုက်ပါသည်။

ကျိုးခိုင်က ထပ်မေးကြည့်၏။ ကျိုးကွေ့လိုင်က ဖြစ်ရပ်ကို ပြန်ပြောပြလိုက်ပါသည်။ ကျိုးခိုင်က ပြောလိုက်၏။ "ကျန်းမေ့လျန်နဲ့ ကျောက်ကျွင့်တို့က အစကတည်းက ကောင်းတဲ့ဟာတွေမှ မဟုတ်တာ။ သူတို့နှစ်ယောက်စလုံးက အတင်းဖြစ်နေတာကိုး။ သူတို့နဲ့ တန်တာ သူတို့ရတာပဲလေ။”

"အခု ရှုရှန့်ချမ်းက အဖေ့ရဲ့ ဖက်ထုပ်ဆိုင်မှာ ကူညီပေးနေတယ်။ ဖက်ထုပ်ဆိုင်ကို သူကြည့်ပေးနေတာလေ" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"အဖေက အဲ့လိုဆုံးဖြတ်တာလား" ကျိုးခိုင်ကအံ့သြတကြီးမေးလိုက်ပါသည်။

"အမေက သဘောတူလို့လေ" ကျိုးကွေ့လိုင်က ပြောပြလိုက်ပါသည်။ ရှုရှန့်ချမ်း ထောင်ထဲက ထွက်လာပြီးနောက် အများကြီး ပြောင်းလဲသွားကြောင်းကိုလည်း သူ့အစ်ကိုအား ပြောပြလိုက်ပါသည်။ အများကြီး ပိုမို တည်ငြိမ်လာသည်။

သို့သော်လည်း သူ့ကို လက်တွေ့ကျသည့်လူဟု သတ်မှတ်နိုင်ပါသည်။ အနည်းဆုံးတော့ ဖက်ထုပ်ဆိုင်ကို သွားတာကြာပြီ ဖြစ်သော်လည်း ပြဿနာ မရှာသေးပါ။ ဆိုင်ကို အချိန်မှန် ဖွင့်၊ ပိတ်သည်။ ကြည့်ရတာ သူ ရင့်ကျက်လာပြီး အရင်တုန်းကလို ဒေါသထွက် မလွယ်တော့သည့်ပုံပင်။

ကျိုးခိုင်က ဘာမှမပြောတော့ပါ။ ရှုရှန့်ချမ်းကလည်း သူ့ဝမ်းကွဲ ဖြစ်သည်။ ဟူကျစ်နဲ့ ကန်းကျစ်တို့နဲ့ အတူတူပင်။ သူ့စိတ်ကိုပြောင်းပြီး ကောင်းကောင်းမွန်မွန် နေထိုင်ပါက ဘာမှ ပြောဖို့ မလိုပေ။ သူတို့ သွေးက စကားပြောပါသည်။ သူတို့က ရန်သူကြီးတွေ မဟုတ်ပါ။ သူ့အတွက် အကောင်းဆုံးကို မမျှော်လင့်ဘဲ နေပါ့မလား။

ညီအစ်ကိုနှစ်ယောက်သား ရေချိုးပြီး လန်းလန်းဆန်းဆန်း ပြန်လာကြပါသည်။ ဝိန်မေ့ကျားက လင်းချင်းဟယ်နဲ့ အိမ်မှာ စကားပြောနေပါသည်။ ကျိုးခိုင်က သူ့အဘိုးအဘွားနဲ့ ခေါင်းကိုင်အဘိုးတို့အိမ်သို့ ကားမောင်းသွားလိုက်သည်။

သူ ရောက်လာတာနဲ့ လူကြီးသုံးယောက်၏ နွေးထွေးစွာ ကြိုဆိုမှုကို ခံလိုက်ရပါသည်။

"နင်ပြန်လာတော့မှာလို့ အဘွားပြောနေတာ။ မနေ့က နင့်အစ်မ အာ့နီကို နင့်အမေကို မေးခိုင်းလိုက်သေးတယ်။ နင့်အမေက မနက်ဖြန်လို့ပြောတာ" အမေကျိုးက မြေးကြီး၏ လက်ကိုကိုင်ရင်း ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

"မေ့ကျားနဲ့ ကျွန်တော်တို့ တစ်ရက် စောပြန်လာတာလေ။ အဲ့တာကြောင့် မြို့တော်ကို စောစောရောက်တာ" ကျိုးခိုင်ကလည်း ရွှင်ပျစွာ ပြန်ပြောရင်း သူ့အဘိုးအဘွားများနဲ့ ခေါင်းကိုင်အဘိုးတို့၏ ကျန်းမာရေးကို တစ်ယောက်ချင်း လိုက်မေးလိုက်ပါသည်။

တကယ်တော့ အဖေကျိုးနဲ့ အမေကျိုးတို့ ကျန်းမာရေးက ကောင်းမွန်ပါသည်။ လွန်ခဲ့သည့် နှစ်ပိုင်းအတွင်း သူတို့ အများကြီး ဂရုစိုက်ခံရသည်။ အိမ်တော်ထိန်းကလည်း တခြားသူတွေကို ပြုစုတာ အလွန်တော်ပါသည်။ အဘိုးဝမ်၏ ကျန်းမာရေးကတော့ သိပ်မကောင်းလှပါ။

သို့သော်လည်း လူကြီးရောဂါများသာ ဖြစ်သည်။ ဆောင်းရာသီမှာတော့ ဒီလိုပဲဖြစ်ပါသည်။ လင်းချင်းဟယ်က နေ့တိုင်းလိုလို သားငယ်ကို သစ်သီးများ ပို့ခိုင်း၏။ သစ်သီးများ စားပါက ရေဓာတ်ပြည့်ဝပြီး အပူလွန်ကဲလွယ်မှာ မဟုတ်ပါ။

"မနေ့က နင့်စတုတ္ထဒေါ်လေး ဖုန်းဆက်တယ်။ သူတို့ ဒီနေ့ ထွက်လာပြီး ဒီမှာ တစ်ရက်လောက် နေမယ်တဲ့။ နောက်တစ်နေ့က နင်နဲ့ မေ့ကျားတို့ မင်္ဂလာပွဲနေ့ပေါ့" အမေကျိုးက ပြောလိုက်ပါသည်။

"ဘယ်နှယောက်လောက် လာကြမှာလဲ" ကျိုးခိုင် မသိရသေးပါ။

အမေကျိုးကလည်း စကားများပါသည်။ သူမ လက်ချောင်းများထောင်ကာ တွက်ပြလိုက်သည်။ "နင့်အကြီးဆုံးဦးလေးတို့ မိသားစုအကုန် လာကြမယ်။ နင့်ဒုတိယဦးလေးတို့ မိသားစုမှာတော့ ရှားရှားနဲ့ သူ့မိန်းမပဲ။ နင့်အဖေဘက်က ဒုတိယဒေါ်လေးရယ်၊ တတိယဒေါ်လေးရယ် နင့်အမေဘက်က ဦးလေးရယ် လာကြမယ်။”

ဒီတစ်ခေါက် လူတွေအများကြီးပါသဖြင့် အတော်လေး စည်ကားပါလိမ့်မည်။ အမေကျိုးက ပျော်ရွှင်နေ၏။ သူကိုမဆိုဦးနဲ့ အဖေကျိုးနဲ့ အဘိုးဝမ်တို့လည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။

"နင်လက်ထပ်ပြီးတာနဲ့ ကလေးစောစောယူ။ နင့်အမေ နင့်အရွယ်တုန်းကဆို နင်တို့ညီအစ်ကိုတွေကိုတောင် မွေးပြီးသွားပြီ" အမေကျိုးက ပြောလိုက်ပါသည်။

"ဟုတ်တယ်။ လက်ထပ်ပြီးရင် ကလေးယူဖို့ အချိန်တန်ပြီ" ကျိုးခိုင်က ခေါင်းငြိမ့်လိုက်ပါသည်။

အမေကျိုးက အလွန်ကျေနပ်သွားပါသည်။ သူမမြေးကို နောက်ဖေးသို့ ခေါ်သွားပြီး သူမ မွေးထားသော ကြက်များကို ပြလိုက်ပါသည်။ ကြက်ခြံတစ်ခု ဆောက်ထားသဖြင့် ကြက်တွေအားလုံး ကြက်ခြံထဲမှာ ပုန်းအောင်းနေကြသည်။ သူမ ပြောလိုက်၏။

"နင်မင်္ဂလာဆောင်တဲ့အခါ ဒီကြက်တွေကိုပဲ တည်ခင်းပေးလိုက်။ ဘာမှ နှမြောစရာမလိုဘူး။ မနေ့ကတောင် နည်းနည်း ဖမ်းလိုက်သေးတယ်။ မိသားစုတိုင်းကို စားဖို့ ပေးလိုက်တယ်လေ။”

ကျိုးခိုင်က အားလုံးကို စိတ်ရှည်စွာ နားထောင်ပေးနေပါသည်။ သူ့အဘွား၏ ပြောစကားများကို နားထောင်လိုက်၏။ တစ်နာရီလောက်နေပြီးနောက် သူအိမ်ပြန်လာခဲ့ပါသည်။

All Chapters