← Chapters

အခန်း(၆၇၄) လက်ထပ်စာချုပ် အရင်ယူ

Vol. 49 Ch. 674

အခန်း(၆၇၄) လက်ထပ်စာချုပ် အရင်ယူ

Vol. 49 Ch. 674

အခန်း(၆၇၄) လက်ထပ်စာချုပ် အရင်ယူ

အိမ်မှာ ညစာတောင် ပြင်ထားပြီးကြပါပြီ။

ကန်းကျစ်က ဆိုင်ဖွင့်ပြီး ပြန်လာပြီဖြစ်သည်။ ဒီဇင်ဘာလလို ချမ်းအေးသည့် ရာသီဥတုမှာတောင် ကန်းကျစ်က လမ်းဘေးဆိုင်ထွက်ဖွင့်ဆဲဖြစ်၏။ သူက အခက်အခဲကို တောင့်ခံနိုင်သည့် ယောက်ျားတစ်ယောက်ဟု ဆိုရပါမည်။

"ဒီမီးဖိုက ကန်းစွန်းဥမီးဖုတ်တဲ့ဟာလား" ကျိုးခိုင်က ကန်းကျစ် အိမ်ပြန်ရောက်လာပြီး မီးဖို ပြင်နေတာကို မြင်သောအခါ အံ့သြသွားပါသည်။

ကန်းကျစ်က ပြုံးကာပြောလိုက်၏။ "အစ်ကိုကြီးခိုင်။ လုပ်ကြည့်မလား။”

ဒီနှစ်ဆောင်းရာသီတွင် သူ အထည်ရောင်းတာ ရပ်လိုက်ပါသည်။ ထို့အစား ကန်စွန်းဥမီးဖုတ်နဲ့ ဘန်းမုန့်များ ရောင်းနေပါသည်။

ဘန်းမုန့်များက သူ့ဦးလေးနဲ့ ဒေါ်လေးတို့ ဆီက ယူရောင်းခြင်း ဖြစ်သည်။ ကန်စွန်းဥမီးဖုတ်တွေကိုတော့ သူ့ဖာသာသူ စီစဥ်ထားခြင်း ဖြစ်၏။ လမ်းဘေးဆိုင်ကို တစ်ရက်လောက်ဖွင့်ပြီးနောက် အမြတ်ငွေကို မှတ်တောင် မမှတ်နိုင်တော့ပါ။ ရောင်းအားက အတော်လေး ကောင်းလှပါသည်။

ရုံးဝန်ထမ်းများကတောင် သူ့လောက် မရနိုင်လောက်ပေ။

ကျိုးခိုင်က သူ့ရဲ့ ကန်စွန်းဥမီးဖုတ် အကျန်တစ်လုံးကို မြည်းကြည့်လိုက်သည်။ အရသာ အတော်လေး ကောင်းသည်။ "မင်းဆိုင်ဝယ်လိုက်ပြီလို့ ကျိုးကွေ့လိုင်ပြောတယ်။”

ကန်းကျစ်က ရယ်ကျဲကျဲလုပ်လိုက်သည်။  "ဒီတိုင်း ဆိုင်အသေးလေးပါ။”

ယခု ငှားထားသဖြင့် လတိုင်း ဆိုင်ငှားခ ရပါသည်။

"ဟူကျစ်တို့ကော ဘယ်လိုနေလဲ" ကျိုးခိုင်က မေးလိုက်၏။

"ကျွန်တော့်အစ်ကိုကြီးက အဆင်ပြေတယ်။ သူ အထည်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လေ။ သေချာပေါက် ကျွန်တော့်ထက် ပိုရမှာပါ။” ကန်းကျစ်က ပြန်ဖြေလိုက်၏။

"မင်းလည်း ဘာလို့ ကိုယ့်ဆိုင်ကိုယ်မဖွင့်တာတုန်း" ကျိုးခိုင်က ဝိန်မေ့ကျား အခွံနွှာထားပေးသည့် လိမ္မော်သီးကို ယူကာစားရင်း မေးလိုက်ပါသည်။

"ဆိုင်ကအကြီးကြီးမှ မဟုတ်တာ။ အဲ့မှာ အထည်ရောင်းဖို့ မသင့်တော်ဘူး။ ကျွန်တော့်အတွက်တော့ ကျန်တာ ဘာမှ မလုပ်တတ်တော့လည်း ငှားလိုက်ရတာပေါ့။ လောလောဆယ် လမ်းဘေးဆိုင်လေးပဲ ဖွင့်ထားတာ အဆင်ပြေပါတယ်" ကန်းကျစ်က ပြောလိုက်သည်။

"အေးလွန်းတယ်လေ" ကျိုးခိုင်က ဆိုသည်။

"နွေးနွေးထွေးထွေးဝတ်ရင် အဆင်ပြေပါတယ်" ကန်းကျစ်က ပြုံးလိုက်၏။

"ငွေရှာရတာ မလွယ်ဘူး" သားငယ်က ပြောလိုက်သည်။

"ဟုတ်တယ်။ အထူးသဖြင့် ငါတို့လိုလူမျိုးတွေအတွက်ပေါ့။ အခြေခိုင်တဲ့လုပ်ငန်းဆိုတာ မရှိသေးဘူး။ မကြိုးစားရင် ငတ်လိမ့်မယ်" ကန်းကျစ်က ပြောလိုက်ပါသည်။

"မင်းဒီလရတာက ငါ့ထောက်ပံ့ကြေး ၁ နှစ်စာလောက် ရှိတယ်။ ဆင်းရဲချင်ယောင် မဆောင်စမ်းပါနဲ့ကွာ" ကျိုးခိုင်က လက်ရမ်းလိုက်ပါသည်။

သူ့ထောက်ပံ့ကြေးက မနည်းပါ။ လက်ရှိ ရာထူးဖြင့် ယွမ် ၄၀၀ ရသည်။ ဒါက ထိပ်တန်း လစာအဆင့်ဟု သတ်မှတ်လို့ရပါသည်။

"အစ်ကိုကြီးခိုင် ဘာတွေပြောနေတာလဲ။ ကျွန်တော်က တကယ်ဆင်းရဲပါတယ်။ ကျွန်တော့်ကို ချမ်းသာတယ်လို့ မထင်ပါနဲ့" ကန်းကျစ်က ပြောလိုက်၏။

"မသိဘူးကွာ။ အတိုချုံးပြောရရင် မင်းက ငါ့ကို စာအိတ်နီ အကြီးကြီး ပေးရမှာပဲ" ကျိုးခိုင်က စာအိတ်နီကို တောင်းဆိုလိုက်သည်။

ဝိန်မေ့ကျားက ဟင်းလျာများကို စားပွဲပေါ် တည်ခင်းဖို့ ကူညီပေးနေရင် ရွှင်ပျစွာ ပြောလိုက်ပါသည်။ "ဘာလို့ အဲ့လိုလုပ်နေတာလဲ။ စားသောက်ဖို့ အချိန်ရောက်ပြီ။”

ထို့နောက် လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ကို ညစာစားဖို့ ခေါ်လိုက်ပါသည်။

"အကြီးဆုံးမရီး ဦးလေးနဲ့ ဒေါ်လေးလို့ ဘာလို့ခေါ်နေသေးတာလဲ။ အဖေနဲ့ အမေလို့ ခေါ်တော့လေ" ကျိုးကွေ့လိုင်က ပြောလိုက်၏။

"ဘာတွေ အလောကြီးနေတာလဲ။ ငါထွက်ပြေးမှာလည်း မဟုတ်ဘဲနဲ့" ဝိန်မေ့ကျားက သူ့ကို မျက်စောင်းရွယ်လိုက်ပါသည်။

ကျိုးခိုင်က ကျိုးရွှမ်အကြောင်းမေးလိုက်ပါသည်။ "အလတ်ကောင် အခုအလုပ်များနေလို့လား။”

"များတာပေါ့။ ငါကြားသလောက်တော့ နောက်နှစ်အထိပါ အလုပ်များမယ်တဲ့။ သူခရီးထွက်ရမယ်ထင်တယ်" လင်းချင်းဟယ်က ပြောလိုက်သည်။

"ဟဲမိသားစုကို ပြီးကျရင် ဖုန်းဆက်လိုက်ဦး" ကျိုးချင်းပိုင်က ပြောလိုက်သည်။ သားကြီး အိမ်ပြန်ရောက်နေပြီး လက်ထပ်တော့မည်။ သားလတ်က သေချာပေါက် ပြန်လာပါလိမ့်မည်။

လင်းချင်းဟယ်က သဘောတူလိုက်၏။

သူတို့မိသားစု အတူတူ စကားပြောရင်း အတူတူ စားသောက်ခဲ့ကြပါသည်။ အလွန်စည်ကားလှ၏။

ညစာစားပြီးမှ ကျိုးခိုင်က ဝိန်မေ့ကျားကို ပြန်လိုက်ပို့ပေးလိုက်ပါသည်။ ကျိုးကွေ့လိုင်က စနောက်လိုက်၏။ "အစ်ကိုကြီး ဒီနေ့ည ပြန်မလာဘဲ အဲ့မှာပဲနေလိုက်ပါတော့လား။”

"ဟုတ်ပြီ ဒါဆို မနက်ဖြန် မနက်စောစောမှ ပြန်လာခဲ့မယ်" ကျိုးခိုင်က သူ့မိဘများကို ပြောလိုက်ပါသည်။

သူ ဝိန်မေ့ကျားကို ပြန်လိုက်ပို့လိုက်သည်။ ကျိုးကွေ့လိုင်က ရယ်ကာ ပြောလိုက်၏။ "ကျွန်တော့်အစ်ကိုကြီးက တော်တော်လောနေတာပဲ။ အမြန် လက်ထပ်ချင်နေပြီ။”

လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့၏ မျက်လုံးများကလည်း ပျော်မြူးနေပါသည်။

သူတို့ သားကြီး လက်ထပ်ဖို့ ဘယ်လောာက်တောင် စောင့်ခဲ့ရသလဲ။ အသက် ၂၁ နှစ်မှာ စေ့စပ်ခဲ့ပြီး အသက် ၂၂ နှစ်ရောက်သောအခါ လက်ထပ်ဖို့ စီစဥ်ခဲ့သည်။

သို့သော်လည်း အသက် ၂၂ တွင် ဝိန်ကော်တုန်းက လက်ထပ်သွား၏။ ၂၃ နှစ်မှာလည်း ဝိန်ကော်လျန့်က လက်ထပ်သည်။ သူတို့မင်္ဂလာပွဲက ဒီနှစ်အထိ နှောင့်နှေးခဲ့ရ၏။ သူတို့ ဒီနှစ်သာ လက်မထပ်ပါက အသက် ၂၆  နှစ်ရောက်သည့်အထိ စောင့်ရပါမည်။

အဘယ့်ကြောင့်ဆိုသော် အသက်၂၅ နှစ်တွင် သူ့မွေးနှစ်ဖြစ်သောကြောင့် လက်ထပ်လို့ မရပါ။

သို့သော်လည်း ကိစ္စကောင်းများဆိုတာ အားထုတ်ကြိုးပမ်းရသည်။ အခု အသက် ၂၄ နှစ်မှာ လက်ထပ်ရတာ အတော်လေး ကောင်းမွန်ပါသည်။ စောလည်းမစော နောက်လည်းမကျပါ။

ကျိုးခိုင်က ထိုနေ့ည သူ့ယောက္ခမများအိမ်မှာ နေခဲ့ပါသည်။ ယောက္ခမတို့အိမ်မှာ အခန်းလွတ်များ ရှိသည်။ ဝိန်ကော်တုန်းလည်း အိမ်ပြောင်းသွားပါပြီ။

အမေဝိန်က သူမ၏ သားမက်ကို အလွန်သဘောကျပါသည်။ သူမ သဘောကျသည့် သားမက်မှာ ရက်ပိုင်းအတွင်း သူမကို 'အမေ' ခေါ်ဝေါ်ပုံ ပြောင်းတော့မည်။

စဥ်းစားကြည့်လိုက်ရုံနဲ့ အတွေးကတောင် လှပနေပါသည်။

"အမေက ကျန်တာ ဘာမှ မပေးနိုင်ဘူး။ အဲ့တာကြောင့် နင်တို့တစ်ယောက်စီအတွက် ရွှေလက်စွပ်တစ်ကွင်းစီ ပြင်ထားတယ်။” အမေဝိန်ကက ရွှေလက်စွပ်များကို ပြုံးကာ ထုတ်လိုက်ပါသည်။ ယောက်ျားလေးအတွက် တစ်ကွင်း မိန််းကလေးအတွက် တစ်ကွင်းဖြစ်သည်။

ထို့အပြင် သူမ၏ သမီးဖြစ်သူအတွက် ရွှေဆွဲကြိုး နှစ်ကုံးလည်း ရှိပါသည်။ တစ်ခုက ထူပြီး တစ်ခုက ပါးပါသည်။ သို့သော်လည်း အလေးချိန်က သိသာသည်။

"ပိုက်ဆံ တော်တော်ကုန်မှာပဲ။ ဒေါ်လေး မလုပ်လည်း ရရဲ့သားနဲ့။” ကျိုးခိုင်က ပြုံးလိုက်ပါသည်။

"အများကြီး မကုန်ပါဘူး။ ဒါပေမယ့် မင်္ဂလာလက်ဖွဲ့ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဒေါ်လေးမယူဘူး။ နင်တို့နှစ်ယောက်ပဲ သိမ်းထားကြ ဟုတ်ပြီလား" အမေဝိန်က သူတို့ကို ပြောလိုက်ပါသည်။

ဒါက ကျိုးခိုင်ရှေ့မှာ ထုတ်ပြသော ရွှေငွေရတနာများ ဖြစ်သည်။ သူ့သမီးကို အခန်းထဲခေါ်ပြီး ကိုယ်ပိုင်ပိုင်ဆိုင်မှုတချို့လည်း ပေးခဲ့ပါသေးသည်။

သူမသမီးကို ငွေစုစာအုပ်ထဲက ယွမ် ၅,၀၀၀ ကို သူမ သီးသန့်အသုံးပြုဖို့ ပေးခဲ့သည်။ ခန်းဝင်ငွေအဖြစ်လည်း သတ်မှတ်နိုင်သည်။

"အမေ ဒီလောက်အများကြီးပေးဖို့ မလိုဘူးလေ။ သမီးရဲ့ အစ်မတောင် ယွမ် ၂၀၀ ပဲ ရတာ" ဝိန်မေ့ကျားက ပြောလိုက်ပါသည်။

"ဘယ်လိုလုပ်ယှဥ်လို့ရမလဲ" အမေဝိန်က ပြန်ပြောလိုက်ပါသည်။ သူမမှာ အကြီးဆုံးသမီးတစ်ယောက် ရှိ၏။ အကြီးဆုံးကလေး ဖြစ်ပါသည်။ သူမ လက်ထပ်ခဲ့တာ ကြာပါပြီ။ "အဲ့တုန်းက ယွမ် ၂၀၀ ဆိုတာ အများကြီးလေ။ အခု စျေးတွေ တက်လာပြီ။ အမေတို့ မိသားစု အခြေအနေလည်း တိုးတက်လာပြီ။ နင်က အချိန်ကောင်းကို လာမှီတာပါ။”

ဝိန်မေ့ကျားက ပြုံးလိုက်သည်။ "သမီးတို့က ချမ်းသာဖို့ မင်္ဂလာဆောင်ကြမှာ။”

သူမနဲ့ ကျိုးခိုင်တို့ လစာများက မနိမ့်ပါ။ အမှန်ပင်။ သူမ၏ လစာက ကျိုးခိုင်လောက်တော့ မများပေ။ ကျိုးခိုင်က ယွမ် ၄၀၀ လောက် ရသည်။ တာဝန် ဘာညာ ရှိသောအခါ ဆုလာဘ်များ ရသည်။ အချိန်အတော်များများမှာ ယွမ် ၅၀၀ - ၆၀၀ လောက် ရပါသည်။

သူမ လစာက ယွမ် ၁၀၀ ကျော်လောက်သာ ဖြစ်သည်။ သူမတို့နှစ်ယောက်၏ ကုန်ကျစရိတ်များက အများကြီး မဟုတ်ပေ။ တစ်လကို ယွမ် ၅၀ - ၆၀ လောက်က အများဆုံး ဖြစ်၏။ ကျန်တာကို စုဆောင်းထားကြပါသည်။

ကျိုးခိုင် သူမနဲ့ ဆက်ဆံရေးကို အတည်ပြုလိုက်ပြီးကတည်းက ပိုက်ဆံကို သူမကသာ ထိန်းချုပ်ထားပါသည်။ သူမတို့နှစ်ယောက် အနည်းငယ် စုဆောင်းမိနေပြီဖြစ်သည်။

အခုတော့ သူမ အမေက နောက်ထပ် ယွမ် ၅,၀၀၀ ထပ်ပေးသဖြင့် အတော်လေး များပြားပါသည်။

"ဟုတ်တယ်။ နင့်ယောက္ခမလည်း နင့်အတွက် တစ်ခုခုပြင်ထားမယ်ထင်တယ်။ တကယ့်အကြီးစားကြီးပဲနေမှာ" အမေဝိန်က ရွှင်ပျစွာ ပြောလိုက်ပါသည်။

လင်းချင်းဟယ်နဲ့ပတ်သတ်ပြီး အမေဝိန်မှာ ဘာမှ အပြစ်ဆိုစရာမရှိပါ။ သူမ အကြီးဆုံးသမီး၏ ယောက္ခမနဲ့လည်း သာမန်ဆက်ဆံရေး ရှိပါသည်။ သို့သော်လည်း သူမ အငယ်ဆုံးသမီး၏ ယောက္ခမဖြစ်သည့် လင်းချင်းဟယ်နဲ့တော့ ညီအစ်မတွေလိုပင်။

ဝိန်မေ့ကျားက ပြုံးလိုက်ပြီး ဘာမှ သိပ်စိတ်ထဲမထားခဲ့ပါ။

သို့သော်လည်း နောက်တစ်နေ့ မင်္ဂလာလက်ဖွဲ့များ ရောက်လာ၏။

ယွမ် ၁၁,၀၀၀ တောင် ဖြစ်သည်။ အလွန်များပြားခြင်းကို ကိုယ်စားပြုသောပမာဏ ဖြစ်သည်။ ထို့အပြင် ရွှေထည်သုံးခုနဲ့ ငွေထည်တစ်ခုလည်း ပါသေးသည်။

ကျိုးခိုင် ဒါတွေကိုပို့ပြီးသွားတော့ ဝိန်မေ့ကျားကို ခေါ်ပြီး လက်ထပ်စာချုပ် လက်မှတ်သွားထိုးကြသည်။ အဘယ့်ကြောင့်ဆိုသော် ဝန်ထမ်းများက မကြာခင် ခရီးသွားစရာရှိသေးသောကြောင့် ဖြစ်ပါသည်။

အရင်ဆုံး လက်ထပ်စာချုပ်ယူရမည်။ ထို့နောက်မှ တရားဝင်မင်္ဂလာပွဲ ကျင်းပမည် ဖြစ်သည်။

သူတို့ ဒီလက်ထပ်စာချုပ်ကို ယူလာပြီး လင်းချင်းဟယ်ကို ပြလိုက်သဖြင့် လင်းချင်းဟယ်က ကျိုးခိုင်ကို နောက်ထပ် ငွေစုစာအုပ်တစ်ခု ပေးခဲ့ပါသည်။ အထဲတွင် ၁၀၁,၀၀၀ ယွမ် ပါဝင်ငသည်။

ယွမ် ၁၀၀,၀၀၀ က တစ်အိုးတစ်အိမ် တည်ထောင်ဖို့ ငွေဖြစ်ပြီး ၁,၀၀၀ ယွမ်ကတော့ လင်မယားနှစ်ယောက်အတွက် ပရိဘောဂများ ဝယ်ယူဖို့ ဖြစ်ပါသည်။ ယွမ် ၁,၀၀၀ နဲ့ ပရိဘောဂများဝယ်ယူတာ မလုံလောက်ပါက သူတို့ကိုယ်ပိုင်ပိုက်ဆံကို အသုံးပြုနိုင်ပါသည်။

ဝိန်မေ့ကျား ထိုပိုက်ဆံကိုမြင်သောအခါ မှင်သက်သွားပါတော့သည်။

All Chapters